♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 25, 2013

မြားနှစ်စင်းရဲ့သားကောင်များ

Filed under: ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း, စာစု — အိမ့်ချမ်းမြေ့ @ 10:33 pm

shwe.png

((အခုတစ်လော ဘာစာမှ သိပ်မရေးနိုင်လို့ရယ်.. အသစ်လာလာရှာသူတွေကို အားနာဦးဆိုသူများအတွက်ရယ်… ရွှေဒေါင်းတောင်မှ အက်ဆေးလေးကို ဆားချက်ခွင့်ပြုပါ… လို့.. :)) ))

♫ ♥●••·˙ …. ·••●♥♫♫ ♥●••·˙ …. ·••●♥♫♫ ♥●••·˙ …. ·••●♥♫

နှင်းမှုန်ကလေးတွေ တဖွဲဖွဲကျနေတဲ့ ညချမ်းတစ်ခု…။ တီဗွီဖန်သားပြင်ပေါ်မှာ အသံလွှင့်လှိုင်းတွေကို ဟိုပြောင်းဒီပြောင်း… ပြောင်းလို့ကြည့်နေတုန်း စကျင်ကျောက်နဲ့ထွင်းထားတဲ့ ရုပ်ထုလေးတစ်ခုကို ဖျတ်ကနဲလှမ်းမြင်လိုက်တယ်..။

“တဏှာနောက်ကိုလိုက်ရင် နောက်ဆုံးတော့ ဘာမှကို မရတတ်ဘူးဆိုတာ လူတွေ တရားရအောင်….”

ဇာတ်ကြောင်းပြောနေသူရဲ့ စကားသံကိုလည်း ကြားလိုက်မိတယ်။

အဲဒီအချိန်မှာ လက်ကခလုပ်နှိပ်တာမြန်တော့ အခြားအသံလွှင့်လှိုင်းကိုရောက်နေပြီ။ ဖျတ်ကနဲမြင်လိုက်ရပေမယ့် ရုပ်ထုလေးက ဆွဲဆောင်မှု အားကောင်းလွန်းလို့ရယ်၊ ဇာတ်ကြောင်းပြန်သူရဲ့စကားကို စိတ်ဝင်စားသွားလို့ရယ်… အဲဒီအသံလွှင့်လိုင်းကို ပြန်ရှာပေမယ့် မမှတ်မိတော့ဘူး။

ဘယ်လိုမှ ပြန်ရှာလို့ မရတော့ဘူး။

ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခု ဖြစ်လို့သွားတယ်..။

နောက်ရက်တော်တော်များများထိ အဲဒီရုပ်ထုလေးကိုပဲ မျက်စိထဲမှာ မြင်ယောင်နေမိတော့တယ်။

“တဖြည်းဖြည်းသူ့အနားရောက်တော့ရင် ♪ ♫ ♪ ♫♪ အမြင်သစ်အတွေးသစ်ခင်မင် ♪ ♫ ♪ သံသရာအငွေ့ထင်♪ ♫ အနီးအဝေး ရှုတိုင်းလှတဲ့ခင် ♪ ♫ ♪ ♫♪ ဆုတောင်းကောင်းတဲ့အပျိုစင် ဆိုစရာအပြစ်မမြင်♪ ♫ ♪ ♫♪” …

ဆိုတဲ့ မန္တလေးဦးဘသိန်း ရဲ့ “ပန်းပုသူဇာခင်” တေးလက်ရာလေးထဲကလို ဒီရုပ်ထုလေးနဲ့ပတ်သက်လို့ တအုံနွေးနွေး ခံစားနေရတယ်။

ရုပ်ထုလေးအကြောင်း လွှင့်နေတဲ့ အဲဒီအသံလွှင့်လိုင်းက ဥရောပခရီးသွားတွေအကြောင်း လွှင့်တာများတော့ ဂူဂဲလ်မှာ ဥရောပ၊ စကျင်ကျောက်ရုပ်ထု၊ ရုပ်ထု၊ ရုပ်ထုများ၊ စသဖြင့် အပြန်ပြန်အလှန်လှန်ရှာနေမိတယ်။

“စံနမူနာတင် စာတွေ့အလှဘုရင် ♪ ♫ ♪ ♫♪ ဥမ္မဒန္တီ ပပ၀တီနဲ့ပင် သူတို့ကိုလည်း မမြင်ဖူးလို့ ယှဉ်တုလိုဖြင့် မဆိုချင်♪ ♫ ♪ ♫♪ ကိုယ်ထင်ရာအမွှန်းတင် သူပဲအလှဘုရင် ♪ ♫ ♪ ♫♪ တရေးရေး စွဲစွဲလမ်းလမ်း ထင် ♪ ♫ ♪ ♫♪”

ကျွန်မမြင်လိုက်တဲ့ ရုပ်ထုလေးဟာ အလှဘုရင်မတစ်ဆူလို တုနှိုင်းမရလှပတာတင်မက၊ သူမရဲ့မျက်နှာသွင်ပြင်ဟာ တစ်စုံတစ်ရာကို အရမ်းကြောက်လန့်နေတဲ့ပုံဖြစ်နေတယ်။

အဲသလို ကျွန်မ စိတ်မှာ စွဲစွဲလမ်းလမ်းထင်စေတဲ့ ရုပ်ထုလေးကို ဒီနေ့ပြန်တွေ့လိုက်ရတယ်။ ပုံကလေး လှမ်းမြင်လိုက်ရတာနဲ့တင် စွဲလန်းသွားအောင် ထုဆစ်နိုင်သူ ပန်းပုဆရာကိုလည်း စိတ်ဝင်စားသွားမိတယ်။ ဒီလိုနဲ့ … ရုပ်ထုလေးနောက်ကိုလိုက်ရင်း ရုပ်ထုလေးနောက်က ဒဏ္ဍာရီဇာတ်လမ်းကိုလည်း ဖတ်ရှုလေ့လာလိုက်ရတယ်။ ဒီရုပ်ထုကို အပြင်မှာ မြင်ဖူးချင်သူတွေ အများကြီးရှိတယ်လို့လည်း ဆိုကြတယ်။ ရင်သပ်ရှုမောဖြစ်စေလွန်းအောင်လည်း ပန်းပုဆရာကြီးက ထုဆစ်ထားနိုင်လွန်းတယ်လို့လည်း ဆိုကြတယ်။

ရုပ်ထုနောက်က ဒဏ္ဍာရီဇာတ်လမ်းလေးကတော့ ဒီလိုပါရှင်…။

ဟိုးတစ်ခါက “အပိုလို” ဆိုတဲ့နေနတ်သားတစ်ပါးဟာ “မြားနတ်မောင်”လက်ထဲက မြားတွေကိုကြည့်ပြီး လှောင်ပြောင်သရော်လိုက်တယ်။ ကလေးဟာကလေးလိုနေ၊ မြားမကိုင်ရဘူးရယ်လို့ ဆိုတယ်။ မြားနတ်မောင်ဟာ စိတ်ခုသွားပြီး မြားနှစ်စင်းကိုထုတ်လိုက်တယ်။

တစ်စင်း ရွှေရောင်မြားဖြစ်ပြီး နောက်တစ်စင်းကတော့ ခဲသတ္တုမြားဖြစ်တယ်။ မြားနတ်မောင်ဟာ “အပိုလို”ရဲ့ အသည်းနှလုံးတည့်တည့်ကိုချိန်ပြီး ရွှေရောင်မြားနဲ့ ပစ်ခွင်းလိုက်တယ်။ ခဲသတ္တုမြားကိုတော့ ရေနတ်သားတစ်ပါးရဲ့ အလွန်လှပတဲ့ သမီးတော်တစ်ပါးဖြစ်တဲ့ “ဒက်ဖနီ” ရဲ့ရင်ဘတ်ထဲကို ပစ်ခွင်းလိုက်တယ်။

ရွှေရောင်မြားဟာ ဘယ်လိုမြားမျိုးလဲဆိုရင် အချစ်ကိုကိုးကွယ်တဲ့ မြားဖြစ်တယ်။ ခဲသတ္တုမြားကတော့ အမုန်းကျိန်စာသင့်မြားပေါ့။ ရွှေရောင်မြားပစ်ခွင်းခံရတဲ့ အပိုလိုဟာ ပထမဆုံးတွေ့လိုက်တဲ့ ရေနတ်သားရဲ့ သမီးတော်ဒက်ဖနီကို အရမ်းချစ်ခင်နှစ်သက်သွားခဲ့တယ်။

ဒက်ဖနီထိထားတဲ့မြားကတော့ အချစ်ကိုမုန်းတဲ့မြား၊ ယောင်္ကျားတွေရဲ့အချစ်ကို ရွံရှာတဲ့ ကျိန်စာသင့်မြားမို့ အက်ဖနီဟာ အချစ်ဆိုတာကို မကိုးကွယ်တတ်တဲ့ မိန်းမဖြစ်နေတာပေါ့။

တစ်ယောက်က အချစ်ကိုအရူးအမူးကိုးကွယ်စေတဲ့ ကျိန်စာသင့်မြား ထိထားတယ်၊ နောက်တစ်ယောက်ကတော့ အချစ်ကိုရွံရှာစက်စုပ်တဲ့ ကျိန်စာသင့်မြား ထိထားတယ်။ အဲဒီမှာ အပိုလိုဟာ ဒက်ဖနီကို အရူးအမူးချစ်တော့တာပဲ။ အပိုလိုဟာ ဒက်ဖနီရဲ့အချစ်ကို ဒူးထောက်တောင်းပန် ရယူဖို့ကြိုးစားပေမယ့်လည်း ဒက်ဖနီဟာ အပိုလိုကို လှည့်တောင်မကြည့်ချင်ပါဘူး။ အပိုလိုပြတဲ့ အချစ်တွေ၊ မေတ္တာတွေ၊ သစ္စာတွေ၊ အကြင်နာတွေဟာလည်း ဒက်ဖနီအတွက်ကတော့ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ၊ ပူလောင်စရာ၊ မွန်းကြပ်စရာဖြစ်စေတော့တာပါပဲ။

မိန်းမတစ်ယောက်ရဲ့အချစ်ကိုလိုချင်လာရင် လုပ်တတ်တဲ့ယောင်္ကျားတွေရဲ့ မာယာတွေဖြစ်တဲ့း၊ ကိုယ့်အစွမ်းအစကို ထုတ်ဖော်ပြခြင်း၊ တံစိုးလက်ဆောင်များ အတင်းကာရောပေးခြင်း၊ အလွန်အကျွံဂရုစိုက်ပြခြင်း၊ အမျိုးမျိုးအသနားခံခြင်းမှအစ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း စတဲ့မာယာလက်နက်တွေကို အပိုလိုဟာ ထုတ်သုံးလာခဲ့တယ်။

အပိုလိုဟာ အချစ်ကျွန်၊ တဏှာကျွန် ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။ နတ်သားဖြစ်တဲ့အတွက်လည်း ဒက်ဖနီသွားရာမှာ နေရာတကာပေါ်ပေါ်လာနေတာ၊ ဒက်ဖနီ့အချစ်ကိုရဖို့ အမျိုးမျိုးကြိုးစားလာတာဟာ ဒက်ဖနီတွက်ကတော့ စိတ်မွှန်းကြပ်စရာအဖြစ်၊ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် စိတ်ညစ်စရာအဖြစ်ကြီးပဲဖြစ်ပါတယ်။ ခေတ်ကာလစကားနဲ့ဆိုရင်တော့ harassment ဖြစ်နေတာပေါ့နော်…
အဲဒီမှာ မခံနိုင်တော့တဲ့ ဒက်ဖနီဟာ သူမဖခင်ကြီးကိုတိုင်တည်ဆုတောင်းတော့တယ်။

 

shwe2.png

Photo source ; ciee.typepad.com

“ကျွန်မ ကို ဒုက္ခပေးနေတဲ့ ဒီအလှတရားကိုဖျက်ဆီးပေးပါ၊ ဒါမှမဟုတ်လည်း ကျွန်မ ဘ၀ကိုဖျက်ဆီးနေတဲ့ ဒီကိုယ်ခန္ဒာကြီးကို ပြောင်းလဲပေးပါတော့၊ အပိုလိုရဲ့ စိတ်နှောက်ယှက်မှုကို မခံနိုင်တော့ပါဘူး” လို့ အော်ဟစ်ငိုယိုဆုတောင်းလိုက်တယ်။ သူမ ဆုတောင်းလို့ မဆုံးခင်မှာဘဲ သူမ ကိုယ်မှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာတော့တယ်။ ပထမတော့ ပါးလွှာတဲ့သစ်ခေါက်တွေက သူမကိုယ်ကို တဖြည်းဖြည်းပတ်ရစ်လာတယ်။ နောက်တော့ သူမရဲ့ဆံနွယ်တွေဟာ လှုပ်ရှားနေတဲ့ သစ်ရွက်တွေအဖြစ်ပြောင်းလဲသွားတယ်၊ သူမရဲ့ လက်မောင်းတွေကတော့ လေယူရာတိမ်းတဲ့ သစ်ကိုင်းတွေအဖြစ် ပြောင်းလဲလာတယ်၊ သူမရဲ့ လှုပ်ရှားလို့ရခဲ့တဲ့ခြေအစုံကတော့ မြေကြီးထဲကိုနစ်ဝင်သွားတော့တယ်။ သူမဟာ အပိုလိုဆီကနေ ထွက်ပြေးဖို့ မလိုတော့ဘူး။ သူမကိုယ်ဟာ သစ်ပင်အဖြစ်ကိုပြောင်းသွားပြီဖြစ်တယ်။ သူမရဲ့မျက်နှာဟာလည်း သစ်ရွက်တွေကြားမှာ နစ်မြုပ်ပျောက်ကွယ်သွားတော့သတဲ့။

ဒါတောင်မှ အပိုလိုဟာ လက်မလျော့သေးဘဲနဲ့ သစ်ပင်ကြီးကို စွဲလန်းတမ်းတနေခဲ့သတဲ့။ ဒါပေမယ့် အပိုလို အနားကပ်လာတာနဲ့ကို သစ်ကိုင်းတွေဟာ အပိုလိုနဲ့ဝေးတဲ့ဘက်ကို ယိမ်းလို့သွားတယ်။ အပိုလိုဟာ သစ်ပင်ကြီးနားမှာပဲ သူ့ဘဝကို ကုန်ဆုံးစေတယ်။ သစ်ပင်ကြီးရဲ့အရွက်တွေကို ဘုရင်တွေ၊ ဘုရင်မတွေရဲ့သရဖူနေရာမှာ အသုံးပြုပြီးသုံးတယ်။ အပိုလိုမှာရှိနေတဲ့ ထာဝရငယ်ရွယ်နုပျိုခြင်းတွေနဲ့ ခွန်အားသတ္တိတွေကိုလည်း သစ်ပင်ကြီးကို ပေးအပ်လိုက်တယ်။ ဒါကြောင့် ဒီသစ်ပင်ရဲ့အရွက်ဟာ ဘယ်တော့မှ မညှိုးနွမ်းတဲ့ သစ်ရွက်တွေဖြစ်လာခဲ့တယ်။ အဲဒီသစ်ရွက်ဟာ ခုချိန်မှာ မြေထဲပင်လယ်ဘက်က ကရဝေးရွက်အမျိုးဖြစ်တဲ့ ဘယ်တော့မှမညှိုးနွမ်းတဲ့ (bay) အရွက်တစ်ရွက်ပဲ ဖြစ်ပါတော့တယ်။

လူအများစုကတော့ အပိုလိုကို အသနားပိုကြတယ်။ ဒါပေမယ့် ရုပ်ထုကို မြင်ရကြတဲ့ လူအချို့ကတော့ အပိုလို့လက်ကလွတ်အောင် ကိုယ့်ဘ၀ကိုကိုယ် သစ်ပင်အဖြစ် ဘ၀ပြောင်းလိုက်ရတဲ့ ဒက်ဖနီ့ဘ၀ကို အသနားပိုကြတယ်လို့ ဆိုပါတယ်။

ဒက်ဖနီ့ဘက်ကကြည့်ရင်တော့ အပိုလိုလက်ကလွတ်အောင် ဘဝပြောင်းပြီး သစ်ပင်ဘဝနဲ့ နေရတာတောင်မှ အပိုလိုက အနားကမခွာပါဘူး။ ဒါဟာလည်း ကျိန်စာတစ်မျိုးပါပဲ။

ဒီရုပ်ထုကို ထုဆစ်သူကတော့ ဂရိတွေယဉ်ကျေးမှုလျှမ်းလျှမ်းတောက်နေတဲ့ အချိန်တုန်းက ထိပ်ထိပ်ကြဲပန်းပုပညာရှင်ဖြစ်သူ၊ အသက် ၂၃ နှစ်သာရှိသေးတဲ့ အီတာလျှံပန်းပုပညာရှင် ဆိုသူပဲဖြစ်ပါတယ်။ ဒီရုပ်ထုဟာ ၁၆၂၂ ခုနှစ်မှာ စတင်ထုလုပ်ခံရပြီး ၁၆၂၅ မှာ ပြီးဆုံးခဲ့ပါတယ်။

ဒီပန်းပုရဲ့အမည်ဟာ “Apollo and Daphne” ပါ။ ဒီရုပ်ထုကို ဘာနီနီတစ်ဦးတည်း ထုတာမဟုတ်ဘူးလို့တော့ဆိုပါတယ်။ ဘာနီနီရဲ့လက်ထောက်တွေ အကူတွေကလည်း ဝိုင်းထုကြတာလို့ ဆိုတယ်။ အထူးသဖြင့် ပင်စည်၊ သစ်ကိုင်း၊ လေယူရာလွင့်နေတဲ့ ဒက်ဖနီ့ဆံနွယ်တွေကနေ သစ်ရွက်တွေဖြစ်လာတာတွေ ဟာ ဘာနီနီရဲ့တပည့်ဖြစ်တဲ့ ဂူလီယာနို ဖနီလီ (Giuliano Finelli) ဆိုတဲ့ ပန်းပုပညာရှင်လူငယ်လေးက ထုဆစ်ခဲ့တာဖြစ်တယ်။

နေနတ်သားအပိုလိုနဲ့ ဒက်ဖနီရဲ့အဖြစ်ဟာ ဗြဟ္မစရိယ နဲ့ ကာမတဏှာတို့ စစ်တိုက်တာကို သဏ္ဌာန်ဆောင်တယ်လို့ ဆိုကြပါတယ်။ ဒက်ဖနီဟာ ဗြဟ္မစရိယကို အမြဲတမ်းကျင့်သွားချင်လို့ သူမရဲ့လှပတဲ့ဘ၀ဖြစ်စဉ်ကို ပူဇော်သကာပြုခဲ့တယ်လို့လည်း ဆိုကြပါတယ်ရှင်။

ဘာနီနီဟာ ကာမတဏှာကို ကြောက်ရွံ့စွာခံစားနေရတဲ့ ဒက်ဖနီရဲ့မျက်နှာသွင်ပြင်ကို ပေါ်လွင်အောင်ထုဆစ်နိုင်ခဲ့ရုံမက၊ အခြားသော သလင်းကျောက်၊ နာမယ်ကြီး စကျင်ကျောက်ရုပ်ထုတွေကို ရင်သပ်ရှုမောဖြစ်အောင် ထုဆစ်နိုင်ခဲ့တယ်လို့ဆိုကြတယ်။ ဒါကြောင့် ဘာနီနီဟာ အသက်၂၃နှစ်အရွယ်မှာ သူရဲကောင်းဘွဲ့ကို ရခဲ့ပါတယ်။

♫♥●••·˙ “ဘဝရဲ့မတည်မြဲတဲ့ ပျော်ရွှင်မှုနောက်ကို ပြေးလိုက်သူတွေဟာ နောက်ဆုံးတော့ လက်ထဲမှာ သစ်ရွက်တွေနဲ့ ခါးနေတဲ့ အသီးတွေပဲ ကျန်ခဲ့တယ်” ·••●♥♫

ရုပ်ထုရဲ့အောက်က စာတန်းလေးက ဆိုပါတယ်။

shwe3.png

Photo source ; ancientromerefocused.org

ချစ်ခင်လျှက်..
အိမ့်ချမ်းမြေ့
ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း
အောက်တိုဘာလ ၂၀၁၂

အော်ရီဂျင်နယ်လင့်ခ်


6 Comments »

  1. အေးလေ.. အဲလိုလေးရေးဦးမှပေါ့။ အိပ်သေးဘူးလား။ ကျေးဇူးပါကွယ်။

    Comment by ထိပ်ထား — March 26, 2013 @ 12:38 am

  2. အမှတ်မထင်ပျော်ရွှင်မှုအတွက်နောက်ပြောင်ခြင်းဟာ
    ပြန်မရနိုင်တော့တဲ့ ခြားနားမှုအဖြစ်အပိုလိုတစ်ယောက်အဆုံးသတ်သွားခဲ့တယ်။
    ရုပ်ထုအောက်ကစာတန်းလေးမှတ်သားစရာပါ မလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — March 26, 2013 @ 4:22 am

  3. “ဘဝရဲ့မတည်မြဲတဲ့ ပျော်ရွှင်မှုနောက်ကို ပြေးလိုက်သူတွေဟာ နောက်ဆုံးတော့ လက်ထဲမှာ သစ်ရွက်တွေနဲ့ ခါးနေတဲ့ အသီးတွေပဲ ကျန်ခဲ့တယ်”

    Comment by ရွှေအိမ်စည် — March 26, 2013 @ 5:08 am

  4. ဂရိဒဏ္ဍာရီပုံပြင်တွေကို အရမ်းစိတ်ဝင်စားတယ် မလေး။ နားထောင်လို့လည်းကောင်းတယ်။ ခုပုံပြင်ကလေးဆို ဇွန် မကြားဖူးသေးဘူး မရဲ့။ ပြန်ပြီးဆားချက်ပေးတဲ့မလေးကို ကျေးဇူးစ်။ :-*

    မလေးကို သတိရနေတာ။ ခုတလေ ဇွန်သိပ်နေမကောင်းလို့ ခုမှဝင်ဖတ်ဖြစ်တယ်။

    Comment by ဇွန်မိုးစက် — March 30, 2013 @ 8:07 am

  5. မသိဖူးသေးတာတွေဖတ်သိခွင့်ရလို့  ကျေးဇူး မလေးရေ ။

    Comment by mg moe khin — April 11, 2013 @ 3:31 pm

  6. ကျိန်စာ ဆို တာ တစ်ကယ်ကို ရှိတာပဲလားနော်။ အရမ်းကြောက်ဖို့ ကောင်းတယ်။ အပိုလို ကိုလည်းသနားတယ်။ ဒက်ဖနီ့ ကိုလည်းသနားတယ်။ ဒက်ဖနီ့ ရဲ့ကျိန်စာ ကို ပြယ်အောင်လုပ်လို့ ရရင် သိပ်ကောင်းမှာပဲ။

    Comment byွှThwin — April 17, 2013 @ 1:54 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------