♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 2, 2013

ငပိအတွေး

Filed under: ကြေးမုံသတင်းစာ (The Mirror Myanmar Newspaper) — အိမ့်ချမ်းမြေ့ @ 9:52 pm

ကြေးမုံသတင်းစာ အောက်တိုဘာ ၃ ရက်၊ ၂၀၁၃ မှ ကျမရဲ့ “ငပိအတွေး” ဆောင်းပါးပါရှင်။

fishpaste2.JPG

ငါးပိဆိုတာ မြန်မာတွေနဲ့က ကင်းကွာတယ်ဆိုတာ တော်တော်ရှားပါတယ်။ ချဉ်ပေါင်းဟင်းချက်လည်း ငါးပိပါတယ်၊ ဟင်းချိုချက်လည်း ငါးပိပါတယ်၊ ငါးပိသုပ်၊ ငါးပိထောင်း၊ ငါးပိချဉ်ငံစပ် စသည်တို့ကို နေ့စဉ်နဲ့အမျှ မရှောင်ရှားနိုင်ကြပါဘူး။ မြန်မာအိမ်တွေမှာ ငါးပိအိုးမရှိတဲ့အိမ်ဟာလည်း အလွန်ရှားပါတယ်။

ဦးဘအုပ်ခိုင် နှင့်တကွ စားသုံးသူကာကွယ်ရေး အသင်းအနေနဲ့ကတော့ Whistle Blower အနေနဲ့ တာဝန်ကျေစွာ ငါးပိကိစ္စကို Whistler blow လုပ်သွားခဲ့ပြီ။ ဧရာဝတီတိုင်း ရန်ကုန်တိုင်းစတဲ့ ငါးပိ နမူနာ (Sample) သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့တယ်၊ နမူနာ သုံးမျိုးထဲက တစ်မျိုးမှာ ယူရီးယားဓာတ်ကိုတွေ့တယ်လို့ FDA ဓာတ်ခွဲခန်းမှ ကောက်ချက်ဆွဲတယ်လို့ ဖတ်ရတယ်။

ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံးနဲ့စာရင် ယူတဲ့ နမူနာပမာဏ (sample size) ဟာ နည်းနေတယ်လို့ ယူဆမိပါတယ်။ နောက်တစ်ခုကတော့ ယူရီးယားဓာတ်ကို ငါးထဲမှာတွေ့တာနဲ့တင် ယူရီးယားမြေသြဇာသုံးတယ်လို့ ယူဆလို့ မရပြန်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ယူရီးယားဓာတ်ဟာ ငါးတွေထဲမှာသာမက၊ လူအပါအဝင် နို့တိုက်သတ္တဝါ၊ ကုန်းနေရေနေသတ္တဝါတွေရဲ့ ဆီးထဲမှာလည်း ရှိပြီးသားဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လုပ်သင့်တာကတော့ ထိုဒေသတွေမှာ သုံးတဲ့ Chemical Synthesis နည်းနဲ့ထုတ်ထားတဲ့ Inorganic မြေသြဇာတွေရဲ့ နမူနာတွေကို ယူရမှာဖြစ်ပါတယ်။ အဲဒီ Inorganic မြေသြဇာတွေကို ဓာတ်ခွဲ (analysis) လုပ်ပြီး impurities တွေကို အရင်ဆုံး ဆွဲထုတ်ရမှာဖြစ်ပါတယ်။ တွေ့ရှိလာရမယ့် impurities တွေဟာ Chemical Synthesis Process ရဲ့ by-product တွေဖြစ်တဲ့အတွက်၊ ထိုပတ်ဝန်းကျင်နဲ့ ထို ပတ်ဝန်းကျင်မှာ ကျင်လည်နေတဲ့ ငါးတွေရဲ့ကိုယ်ထဲမှာ ရှိနိုင်ချေ အလွန်နည်းပါမယ်။

Inorganic မြေသြဇာတွေထဲမှာ ပါတဲ့ Impurities တွေဟာ ဘာတွေဖြစ်နိုင်လည်း ဆိုရင် Cd, Co, Cu, Zn, Copper Sulphate, Iron Sulphate စတဲ့ အရာတွေဖြစ်ပါတယ်။

အဲသလို ဓာတ်မြေသြဇာကို ဓာတ်မခွဲချင်ဘူးဆိုလည်း၊ ထိုဓာတ်မြေသြဇာကို ထုတ်တဲ့ manufacturer တွေဆီက CFA (Certificate of Analysis) ကို တောင်းယူကြည့်ပြီး ဓာတ်မြေသြဇာထဲမှာ ပါဝင်တဲ့ impurities တွေကိုလည်း ရှာဖွေဖော်ထုတ်နိုင်ပါသေးတယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Impurities ကို သရုပ်ခွဲပြီး ရှာဖွေဖော်ထုတ်နိုင်ရင် အကောင်းဆုံးပါပဲ။

ထိုကဲ့သို့ ဓာတ်မြေသြဇာကို ဓာတ်ခွဲပြီး Impurities ရွေးချယ်ဖော်ထုတ်ပြီးတဲ့နောက်၊ ငါးပိရဲ့ နမူနာ တွေကို လုံလုံလောက်လောက် ယူရမှာဖြစ်တယ်။ လုံလောက်စွာယူထားတဲ့ ငါးပိနမူနာ တွေကို သေချာဓာတ်ခွဲပြီး ငပိထဲမှာ ခုနက ဓာတ်မြေသြဇာတွေထဲက Impurities တွေကို ရှာရမှာဖြစ်တယ်။

ဓာတ်မြေသြဇာ နဲ့ နမူနာယူထားတဲ့ ငါးပိတွေထဲက Impurities တွေကို ဓာတ်ခွဲဖို့ instruments တွေကို ရွေးရတော့မယ်။ ဥပမာ.. ICP၊ ICP-MS instrument၊ AA instrument၊ HPLC၊ GC၊ LC/MS instruments စသဖြင့် ရွေးရမှာဖြစ်တယ်။ ကိုယ်ရှာနေတဲ့ Impurities ပေါ်မှာ မူတည်ပြီး ဘယ် instrument ကိုယ်သုံးမလဲ၊ ဘယ် method ကို သုံးမလဲလို့ ချိန်ဆရတော့မယ်။ method က အဆင့်သင့်ရှိပြီးပြီလား၊ မရှိသေးရင် ပညာရှင် (Chemist) တွေ နဲ့ method development လုပ်ရပါမယ်။

ထိုကဲ့သို့ ဓာတ်မြေသြဇာ နဲ့ ငါးပိsample တွေကို ဓာတ်ခွဲဖို့ instruments များ၊ method များ၊ method development လုပ်မည့် ပညာရှင်များ မရှိဘူး ဆိုရင်တော့ မြန်မာပြည်နဲ့ အနီးဆုံး စင်္ကာပူကဲ့သို့ တိုင်းပြည်ကို sample တွေပို့ပြီး ဓာတ်ခွဲကြည့် နိုင်ပါတယ်။

အဲဒါကတော့ ပထမ နည်းပါ။

ဒုတိယ နည်းကတော့…..

ဓာတ်မြေသြဇာကိုယူပြီး ကိုယ့်ဟာကိုယ် ငပိထဲကို ထည့်ဖုတ်ပြီး “development batch” ဖန်တီးနိုင်ပါသေးတယ်။ အဲသလို ဓာတ်မြေသြဇာနဲ့ ဖုတ်ထားတဲ့ငါးပိ “development batch” ကိုယူပြီး ဓာတ်ပြန်ခွဲကြည့်ဖို့ပါပဲ။ အဲဒီအခါကျရင် ဓာတ်မြေသြဇာနဲ့ဖုတ်ထားတဲ့ငါးပိထဲမှ Impurities တွေနဲ့ အခြား elements တွေဟာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

အဲဒီအခါကျတော့မှ ထုတ်လုပ်ပြီးသား (ဈေးထဲက) ငါးပိ sample တွေကို ဓာတ်ခွဲကြည့်၊ ထွက်လာတဲ့ elements/impurities တွေကို ယှဉ်ထိုးကြည့်ပြီး အဖြေရှာရမယ့် နည်းလမ်းပါ။

အဲသလို ရလာတဲ့ အချက်အလက်ဒေတာတွေကို ယှဉ်ထိုး၊ statistical analysis လုပ်ပြီးနောက် ငါးပိကို စားသင့်၊ မစားသင့် ကောက်ချက်ဆွဲနိုင်မှာ ဖြစ်ပါတယ်။

အဲသလို ကောက်ချက်ဆွဲပြီးတော့ကော ငါးပိကိစ္စဟာ ဒီမှာတင် ရပ်ပြီလားဆိုတော့လည်း မရပ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ‘ငါးပိထဲမှာ ဓာတ်မြေသြဇာ မထည့်ရ’ ဆိုတဲ့ တိကျတဲ့စည်းမျဉ်းတစ်ခု (regulation) (မရှိသေးဘူးဆိုရင်) ရှိဖို့လိုပါတယ်။

“ငါးပိထဲမှာ ဓာတ်မြေသြဇာ ထည့်မဖုတ်ရ” ဆိုတဲ့ စည်းမျဉ်း မရှိခဲ့ဘူးဆိုပါက၊ ဓာတ်မြေသြဇာထည့်ဖုတ်တာနေဦးမှာဖြစ်သလို၊ သိသိနဲ့ ကျေနပ်စွာ စားသုံးသူများရှိနေနိုင်ပါသေးတယ်။

ချက်အရက်တွေထဲမှာ ရာဘာဖိနပ်သာမက၊ ပုလင်းကွဲများထည့်ချက်နေတာကို သိသော်လည်း၊ အဲသလိုထည့်ချက်မှ ပိုမူးစေတယ်၊ မြန်မြန်သေမှာလည်း သိတယ်၊ ဒါပေမယ့် ခပ်ပြင်းပြင်းအရက်ကိုမှ မူးအောင်သောက်ချင်တယ်၊ ဒါကြောင့် ပိုမူးစေတဲ့အရက်ကို ကျေနပ်မြိန်ရှက်စွာ ဝယ်သောက်တယ်၊ ဘာဖြစ်သလဲ ဆိုတဲ့ လူငယ်တွေ အများအပြားရှိနေသလိုပါပဲ။ “ထုတ်လုပ်သူ၊ ရောင်းသူ၊ ဝယ်ယူသုံးဆောင်သူ ကျေနပ်နေကြတာပဲ… အဲဒီတော့ ဘာဖြစ်သလဲ” ဆိုတဲ့ အခြေအနေတစ်ရပ် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ငါးပိထဲမှာ ဓာတ်မြေသြဇာ ထည့်မဖုတ်ရ ဆိုတဲ့ တိကျတဲ့စည်းမျဉ်းတစ်ခု (မရှိသေးဘူးဆိုပါက) သက်ဆိုင်ရာတာဝန်ရှိသူများက စည်းမျဉ်းချမှတ်ဖို့ သင့်ပါတယ်။ နောက်ပြီး ပြည်သူလူထုကျန်းမာရေးအတွက် Whistle blow လုပ်တဲ့ စားသုံးသူကာကွယ်ရေး အသင်းကဲ့သို့ အသင်းများကိုလည်း ဆက်လက်ပံ့ပိုးဖို့ လိုအပ်ပါတယ်။

အစားအသောက်ဟာ ကိုယ်ခန္ဓာ အဆစ်အပေါက်များသာမက၊ ဥာဏ်ရေ ဥာဏ်သွေးအတွက်လည်း အလွန်အရေးကြီးပါတယ်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတွေကြားမှာ မြန်မာတွေသွားလာလှုပ်ရှားနေရင် ဘယ်တစ်ယောက်က မြန်မာလဲ ဆိုတာကို လက်ညှိုးထိုးရွေးပြနိုင်နေသေးသမျှ ကိုယ့်စားသောက်နေတဲ့ အစားအသောက်ကို “ငါးပိလေးပါပဲ” လို့ ပေါ့ပေါ့တွေးလို့ မဖြစ်ပါဘူး။ ‘ဓာတ်မြေသြဇာလေး နည်းနည်းလေး ပါတာပါပဲ၊ ဆိုးဆေးလေးကလည်း မဆိုစလောက်လေးပါ’ စသဖြင့် ပေါ့ပေါ့လေးတွေးပြီး၊ မြိန်မြိန်ကလေး စားလို့ မဖြစ်ပါဘူး။ “အစားမတော်တစ်လုပ်” ဆိုတဲ့ စကားပုံကိုလည်း လျော့တွက်လို့ မဖြစ်ပါဘူး။

ဒါကြောင့် ‘အမျိုးသားရေးအတွက် ငါးပိတွေးတွေး’ ကာ ဒီစာကို ရေးရပါတယ်။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

4 Comments »

  1. ချက်နဲ့ လက်နဲ့ သေသေချာချာ ရေးထားတာပဲရယ်။ ကိုညီလင်းသစ်ရေးတုန်းကလည်း သိပ်သဘောကျမိခဲ့တာ။
    ဘိုင်သဝေး…
    အိုင်မ် ဆိုး ပရောက်အော့ဖ်ယူ တူ ရွိုက်အင် မြန်မာမယ်ရာ နယူးစ်ပေပါ။ ကွန်ဂရက်ကျူလေးရှင်း….

    ခင်မင်ခြင်းအားဖြင့်…
    ကိုဏီ

    Comment by ဏီလင်းညို — October 3, 2013 @ 12:21 am

  2. ကိုဏီ……..
    ဗဲရီးဟာဒ်တူရိဒ်
    ဟောင်းအဲဗား ကြိုးစားဖတ်ရတာကို သဘောကျနေတယ်။ (ခက်လွန်းလို့ မြန်မာလိုရိုက်သည်)
    နိုကစ်တိုင်မ်း တွေမှာလည်း အိုင်ဝန့်ယူတူ ကွန်တင်းနူးတူ ရိုက်တ် လိုက်ခ်သစ်ဇ်ဇ်…
    အမလေးနော်…
    ပိုစ်တစ်ပုဒ်ရေးရတာထက် မောပါလား.. :D

    Comment by မလေး — October 3, 2013 @ 1:49 am

  3. မလေးရေ…
    ကွန်ဂရက်ကျူလေးရှင်း…
    ဖတ်ပြီး ရေးဖို့ လိုအပ်သည့်ဆောင်းပါးတစ်ပုဒ်လို့ မြင်မိပါ၏..။

    Comment by မြသွေးနီ — October 4, 2013 @ 3:58 am

  4. အစ်မရေ.. လုံဒ၀လေးစားတယ်ဗျာ..

    Comment by Tommy — October 22, 2013 @ 4:55 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------