♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 5, 2014

အောက်တိုဘာ

Filed under: အချစ်ဆုံး, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:58 pm

အောက်တိုဘာ……
နံနက်ခင်းမှာ ပြတင်းပေါက်က ၀င်လာတဲ့ နေရောင်ခြည် နွေးနွေးကို ..
လမ်းတွေပေါ်မှာ ကြွေကျနေတဲ့ နံနက်ခင်းရဲ့ ရော်ရွက်ဝါတွေကို……
ညိုရီမှိုင်းမှိုင်း ကောင်းကင်ကြီးကို…
အဲဒီကောင်းကင်ကြီးထဲ ထိုးထွက်နေတဲ့ ထင်းရူးပင်တွေကို….
ထင်းရူးပင်တွေကြားက ပျံသန်းသွားတဲ့ နံနက်ခင်း ဌက်ကလေးတွေကို…။

အောက်တိုဘာ……
ညက ကျခဲ့တဲ့ နှင်းငွေ့မှုန်တွေနဲ့ နေရောင်ထိတွေ့လို့ ပျံ့လွင့်လာတဲ့ ခြံစည်းရိုးက ရေခိုးငွေ့ တွေကို….
နှင်းငွေ့ လေးတွေ ကပ်နေတဲ့ ပန်းနှင်းဆီလေးတွေကို..
မြက်ခင်းစိမ်းလေးတွေကို..
သစ်ရွက်လေးတွေကို…
ပင့်ကူလေးကို………။

(ဆက်ဖတ်ရန်…)

October 25, 2013

ချစ်တယ်ဆိုတာထက် ပိုမပြောတတ်ပါကွယ်…

Filed under: my notes, tag game, အချစ်ဆုံး, စာစု — အိမ့်ချမ်းမြေ့ @ 8:04 am

ကလေးဘာလို့ လိုချင်သလဲဆိုတဲ့ အကြောင်းကို ပြန်စဉ်းစားမိတော့ မိဘတွေရဲ့ ကြင်နာချစ်ခြင်းကို ဝေမျှပေးမှုကနေ စရမယ်လို့ ထင်ပါတယ်။

ငယ်ငယ်က မိဘတွေက မိဘမဲ့ကလေးဂေဟာကို နှစ်စဉ်သွားရောက်လှူဒါန်းလေ့ရှိတယ်။ အဲဒီမှာ မိဘမဲ့ကလေးတွေကို စတင်မြင်ဖူးတော့တာပါပဲ။ ကလေးလေးတစ်ယောက်ဟာ ကုတင်တိုင်လေးကိုဖက်ပြီး တိုင်ကလေးနဲ့ သူ့ကိုသူ ပွတ်သပ်နေတယ်။ အဲဒီကလေးလေးဟာ ရှိလှမှ သုံးလေးနှစ်ပေါ့။ သူဘာလုပ်နေတာလဲဟင်လို့ ဖေဖေနဲ့ မေမေ့ကို မေးတော့ ဖေဖေနဲ့မေမေက ပြန်ဖြေတယ်။

‘သူ့ကို ချော့မြူမယ့် မိဘ မရှိလို့ ကိုယ့်ကိုကိုယ် ကုတင်တိုင်လေးနဲ့ပွတ်ပြီး ချော့မြူနေရတာ၊ သူ့ရဲ့ဝမ်းနည်းစိတ်၊ မကျေနပ်စိတ်၊ အားငယ်စိတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေသာအောင် လုပ်နေရတာ’

ရင်မှာ ဆို့နင့်သွားတယ်။ မိဘတွေရဲ့ အဖြေစကားသံနဲ့ ထိုကလေးရဲ့ ပုံစံကို ကနေ့အထိ နားထဲ၊ မျက်စိထဲက မထွက်တော့ဘူး။
နောက်တော့ အရွယ်ရောက်လာတဲ့အခါမှာ ညစ်ပတ်ပေတူးပြီး ကြောင်ချေးရုပ်နဲ့ အကျီ င်္စုတ်ပြဲ၊ တာတီဖိုး ကလေးလေးတွေဟာ၊ သန့်ရှင်းတောက်ပြောင်နေတဲ့ ကလေးတွေထက် ပိုပြီး ဆွဲဆောင်စေတော့တာပါပဲ။ ဘာကြောင့်ရယ်လို့တော့ မသိဘူး။ ညစ်ပတ်ပေရေပြီး ငပိစားလို့ ဝကစ်နေတဲ့ ကလေးလေးတွေကို ကောက်ချီပွေ့ယူ ဖက်ယမ်းပစ်ချင်တဲ့ စိတ်တွေက အမြဲဖြစ်ခဲ့တယ်။ တစ်ခါမှလည်း မရွံမိခဲ့ဘူး။

နောက် ဒီထက် အရွယ်ရောက်လာတော့ အိပ်ရာထဲမှာ အရုပ်တွေအများကြီးနဲ့ အိပ်လာတယ်။ ဒါဟာ မိခင်စိတ်ကို ပြတာလို့ ဆိုရမလား။ ခွေး၊ ကြောင်၊ ကြက်၊ ဝက်ဝံ၊ နွားရုပ်ကအစ အိပ်ရာတစ်ခုလုံး ပွယထနေခဲ့တယ်။ သူတို့ကို နေရင်းထိုင်ရင်း အရုပ်တွေကို ဂရုစိုက်ချင်နေခဲ့တာ… ရူးသွပ်ခြင်းတစ်ခုပေါ့။
နောက်… ဒီထက်ကြီးလာတော့ သားသမီးတွေ အများကြီးလိုချင်တဲ့စိတ်က ဘာရယ်မဟုတ်ဘူး အလိုလိုဖြစ်လာတယ်။ သမီးမိန်းကလေး ရ ယောက် လိုချင်တယ်။ ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ ထမီရှည်ရှည်ဝတ်တတ်ရုံမက၊ အသားညိုချောတွေ ဖြစ်စေချင်တယ်။ ဒါတင်မက ထမင်းဟင်းချက်တော်ပြီး၊ ဂီတတူရိယာမျိုးစုံကို တီးမှုတ်တတ်တဲ့ သမီးတွေချည်းပဲ ရ ယောက် လိုချင်ခဲ့တယ်။ အရူးအမူးကို လိုချင်တာ။ အဲဒီသမီးတွေ အားလုံးကိုလည်း အိမ်ထောင်မပြုစေချင်တဲ့ အတ္တစိတ်ကလည်း ကြီးစိုးနေခဲ့သေးတယ်။ သမီးတွေဝိုင်းပြီး အသက်ကြီးတဲ့အထိ နေသွားချင်တဲ့ စိတ်။ သမီးတွေ အများကြီးဝိုင်းပြီး နေတဲ့အတွက် ရရှိလာမယ့် နွေးထွေးမှု၊ အဲဒါတွေကြောင့် ကလေး လိုချင်ခဲ့တယ်။

(ဆက်ဖတ်ရန်…)

October 4, 2008

အောက်တိုဘာ လေးရက်

Filed under: အချစ်ဆုံး, ခွန်းဆက် — မလေး @ 4:35 pm

ဒီနေ့.. မိုးတွေရွာနေတယ်…


31.jpg

အ၀ါကြိုက်တတ်သူ.. အတွက်..

အ၀ါရောင် နှင်းဆီတွေ အများကြီးပဲပေါ့….

91.jpg

(ဆက်ဖတ်ရန်…)

January 17, 2008

လိပ်ပြာတောင်ပံခတ်သံ

Filed under: အချစ်ဆုံး, စာစု — မလေး @ 4:34 am

ဟေမာနေ၀င်းရဲ့ သီချင်းထဲကလိုပေါ့..
အချစ်များနဲ့ အားလုံးကို ကြိုတင်နှုတ်ဆက်ထားခြင်းပါ..။

မေမေကပြောတယ်…
“သမီးကိုမက်တဲ့ အိပ်မက်တွေ မကောင်းဘူး ဘုရားရှိခိုးဦး”တဲ့…
ညီမလေးကပြောတယ်…
“အိပ်မက်တွေ မကောင်းဘူး.. စိတ်ပူတယ်” တဲ့…
သူကပြောတယ်…
“ညက အိပ်မက်ထဲမှာ မင်းသိပ်လှနေတယ်.. နောက်ပြီး ပန်းလေးတစ်ပွင့်ကိုင်လို့ ကိုယ့်ဆီလျောက်လာနေတယ်.. အသွားအလာဂရုစိုက်နော်……” တဲ့…
ကိုယ်လဲမက်တယ်..
တောနက်ကြီးထဲက ပင့်ကူအိမ်တွေကို လက်နဲ့ထိလိုက်တိုင်း ထိလိုက်တိုင်း ဖြူ နီ ညို ပြာ စိမ်း ၀ါ ရောင်စုံလိပ်ပြာတွေ လွင့်ကနဲ…… လွင့်ကနဲ
ကိုယ် လိပ်ပြာတွေကို လွှတ်နေတာ.. အနှောင်အဖွဲ့ က ဝေးအောင်.. တဲ့

(ဆက်ဖတ်ရန်…)

January 12, 2008

ရွှေမှုန်ခင်းတဲ့ သက်တန့်တစ်စင်း

Filed under: အချစ်ဆုံး, ကဗျာ (Poems) — မလေး @ 10:29 pm

 

မြက်ခင်းစိမ်းတွေပေါ်မှာ

မိုးရေစက်လေးတွေ ခိုတွယ်နေတယ်။

လေအယိမ်းမှာတော့…

တိမ်းနွဲ့တဲ့ သစ်ရွက်ကြွေတွေကို

ငှက်ပျို ငှက်ကျားလေးတွေက

ခုန်ဆွခုန်ဆွနဲ့ လိုက်ဖမ်းဆုပ်ဖို့ ကြိုးစားကြလို့

ရှဉ့်လေးတွေက မဟားတရားရယ်မောလိုက်ကြတယ်..။

 

(ဆက်ဖတ်ရန်…)

November 13, 2007

လွမ်းတယ်

Filed under: အချစ်ဆုံး, ကဗျာ (Poems) — မလေး @ 1:39 am

လွမ်းတယ်……….
ဆီမီးလေးတွေ လှုပ်ခတ်သွားတဲ့အခါ
ထင်းရှုးကိုင်းတွေ ကြွေကျသွားတဲ့အခါ
ငှက်ကလေး တစ်ကောင် ပျံထွက်သွားတဲ့အခါ..
လွမ်းတယ်….။

 

(ဆက်ဖတ်ရန်…)

October 5, 2007

ခွင့်ပေးပါ..

Filed under: အချစ်ဆုံး, ကဗျာ (Poems) — မလေး @ 9:14 am

ကျေးဇူးပြုလို့ စိတ်ကူးယဉ်ခွင့်လေးတစ်ခု
အခုအချိန်လေးမှာတော့ ရပါရစေ။
ပင်ပန်းလှတဲ့ ဒီလောကကြီးထဲ
အချိန်သတ်မှတ်ချက်တွေနဲ့
ကြွက်တစ်ကောင်လိုပဲ ပြေးလွှားနေရတာ
ငါမောပန်းနေပြီ

ဘာကိုမှ မသိတဲ့လူတစ်ယောက်ဖြစ်နေတော့လဲ
ဘာဖြစ်သွားမှာမို့လို့်လဲ..
တမျိုးကောင်းတာပဲပေါ့…

သွားချင်ပြီ..အချိန်မတန်သေးဘူးလား
ဘယ်တော့များမှ မေ့ကို လာခေါ်မှာလဲ
ဒီကမ္ဘာဟာ… “ယာယီတဲ”ဆို..
ဘုရားသခင်ကို ပြောပေးကြပါ..
အမြန်သာ လာခေါ်ပါတော့လို့..

<၂၃ရက် မတ်လ၊ ၂၀၀ရ>

December 31, 1999

လိပ်ပြာတောင်ပံခတ်သံ

Filed under: အချစ်ဆုံး, စာစု — မလေး @ 12:00 am

ဟေမာနေ၀င်းရဲ့ သီချင်းထဲကလိုပေါ့..
အချစ်များနဲ့ အားလုံးကို ကြိုတင်နှုတ်ဆက်ထားခြင်းပါ..။

မေမေကပြောတယ်…
“သမီးကိုမက်တဲ့ အိပ်မက်တွေ မကောင်းဘူး ဘုရားရှိခိုးဦး”တဲ့…
ညီမလေးကပြောတယ်…
“အိပ်မက်တွေ မကောင်းဘူး.. စိတ်ပူတယ်” တဲ့…
သူကပြောတယ်…
“ညက အိပ်မက်ထဲမှာ မင်းသိပ်လှနေတယ်.. နောက်ပြီး ပန်းလေးတစ်ပွင့်ကိုင်လို့ ကိုယ့်ဆီလျောက်လာနေတယ်.. အသွားအလာဂရုစိုက်နော်……” တဲ့…
ကိုယ်လဲမက်တယ်..
တောနက်ကြီးထဲက ပင့်ကူအိမ်တွေကို လက်နဲ့ထိလိုက်တိုင်း ထိလိုက်တိုင်း ဖြူ နီ ညို ပြာ စိမ်း ၀ါ ရောင်စုံလိပ်ပြာတွေ လွင့်ကနဲ…… လွင့်ကနဲ
ကိုယ် လိပ်ပြာတွေကို လွှတ်နေတာ.. အနှောင်အဖွဲ့ က ဝေးအောင်.. တဲ့

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------