အိုလံပစ်မီးတောက်
ဆောင်းရာသီအိုလံပစ်ပွဲက မီးတိုင်ကြီးပါ။ ကျမ အစ်မ ရိုက်ပို့လိုက်တာပါ။ ကျမတော့ အနားကို မရောက်သေးပါဘူး။ ဓာတ်ပုံထဲမှာမြင်နေရတဲ့ အမြင့်ကလူတွေနေရာကိုရောက်ဖို့ ရှစ်နာရီကြာအောင် တန်းစီစောင့်ရတယ်လို့ သိရပါတယ်။ မြို့ထဲမှာလည်း သီတင်းကျွတ်မီးထွန်းပွဲလိုပဲ လူတွေကြိတ်ကြိတ်တိုးလို့ ဆိုကြပါတယ်။ ဒီမီးတိုင်ကြီးကို လုံခြုံရေးအတွက်ရယ် ဆန္ဒပြသူတွေရဲ့လက်ချက်မှလွတ်အောင် သံပန်းတွေသံကြိုးတွေနဲ့ အဝေးကနေ ကာထားတယ်လို့ သိရပါတယ်။ လူတွေဓာတ်ပုံရိုက်ချင်လို့ အနားကပ်မရတာကို ဝေဖန်ပြောဆိုကြဖန်များတော့မှ သံစည်းရိုးကို အနားကို နည်းနည်းရွေ့ပေးလိုက်ပြီး ဓာတ်ပုံရိုက်လို့ရအောင် သံပန်းတွေကို eye-level နေရာလောက်မှာ ဖြတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အခြားလူတွေမျက်စိထဲတော့ ဘယ်လိုနေသလဲမသိ။ ကျမ မျက်စိထဲတော့ ကဗျာမဆန်လှပါဘူး။ sci-fi ရုပ်ရှင်တွေထဲက ဒုံးကျည်အပျက်ကြီးနဲ့တူသလိုလိုလို့ ထင်မိပါတယ်။ သူ့ရဲ့ဒီဇိုင်းဖြစ်နိုင်ပါတယ်။ ဒါကိုလည်း ဒေါ်လာသန်းချီဆောက်ထားတာဖြစ်နိုင်ပါတယ်။ ဒီအိုလံပစ်ပွဲကို ကျမ စောင့်ကြည့်နေဆဲပါပဲ။ လောလောဆယ်တော့ ဆောင်းရာသီအိုလံပစ်ပွဲဆိုတာ လူဖြူတွေရဲ့ကစားပွဲပါပဲ။ ကစားပွဲသက်သက်ကိုသာကြည့်မယ်ဆိုရင်တော့ ပျော်စရာကောင်းပါတယ်.. ကစားပွဲနောက်က နိုင်ငံရေးတွေ.. စီးပွားရေးတွေ.. privatization တွေကို ကြည့်မယ်ဆိုရင်တော့ ………..
ဓာတ်ပုံပို့ပေးသော မမထိပ်ထားအား ကျေးဇူးတင်ပါတယ်။
























ဟုတ်တယ်မလေး၊
ဓါတ်ပုံမှာ မြင်နေရတာကတော့ ဘယ်လိုမှ အနုပညာဆန်မနေဘူး၊
အားကစားပွဲနဲ့ ဝေးနေလို့လား မသိပါဘူး၊
Comment by အပြုံးပန်း — February 22, 2010 @ 3:46 pm
ဘက်စုံချိန်ထားသလိုဘဲ..ပစ်တော့မယ့်စဲစဲအနေထားမှာ..း)
မီးတောက်ထွက်မယ့်နေရာမို့ အနုပညာလဲမဆန်နိုင်တော့ဘူးထင်ပါ့နော်မမ…
Comment by စန္ဒကူး — February 22, 2010 @ 5:14 pm
မလေးရေ…..မီးတိုင်ကြီးက ကြည့်ရတာ အသည်းယားစရာကြီးး)..ဒေါ်လာသန်းချီဆောက်ထားပေမယ့် အနုပညာ မဆန်သလိုပဲနော်။ ညကတော့ သတင်းမှာ တွေ့လိုက်တယ် ဂျာမနီက အမျိုးသမီး ၂ ယောက်တွဲမှာ ရွှေတံဆိပ် တခု ထပ်ရသွားပြန်ပြီနော်။ အားကစားပွဲကိုပဲ ကြည့်တာ ကောင်းပါတယ် မလေးရယ်..သူ့နောက်က ပတ်သက်တာတွေကို ဆက်မကြည့်ချင်တော့ဘူး။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — February 22, 2010 @ 6:24 pm
မလေးရေ…
ဟုတ်ပ…
မီးစူးတိုင်ကြီးကလည်း ဒုံးပျံတွေကျနေတာပဲ…
လှလည်းလှဘူးဗျနော့်…..း((
မြင်ဖူးသွားတဲ့အတွက်ကျေးဇူးဗျ….။
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — February 22, 2010 @ 7:49 pm
အေးနော်… အမသာဆို သွားမကြည့်တော့ဘူး.. ပျင်းလို့..
Comment by မေငြိမ်း — February 22, 2010 @ 7:51 pm
ဟုတ်ပ.. လှလည်းမလှဘူး..
ဗဟုသုတအဖြစ် ကြည့်ခွင့်ရလို့.. ကျေးဇူး..
Comment by Anonymous — February 22, 2010 @ 10:03 pm
မလေးရေ..ခုမှပဲရောက်ဖြစ်တယ်။ ဟုတ်ပ..မီးတောက်ကြီးကြည့်ရတာ ကဗျာမဆန်လိုက်တာနော်။ ဘယ်လိုပဲဖြစ်ဖြစ် အနီးကပ်မြင်ခွင့်ရအောင် ဓာတ်ပုံတင်ပေးတဲ့ မလေးကိုရော၊ မလေးအစ်မကိုရော ကျေးဇူးပါ။း)
Comment by ဇွှန်မိုးစက် — February 23, 2010 @ 6:26 am
ဒီဇိုင်းရော အရောင်ပါ မတင့်တယ်လိုက်တာ အိမ့်ရယ်… သူတို့ လဲ ယတြာလားမှ မသိတာနော်
Comment by တန်ခူး — February 23, 2010 @ 9:42 pm
အိုလံပစ်မီးတိုင်းကြီးကို လာရောက်ကြည့်ရှုကြသော မောင်နှမများအားလုံး မင်္ဂလာပါ….လို့
Comment by မလေး — February 27, 2010 @ 1:44 am
ကစားပွဲနောက်က နိုင်ငံရေးတွေ.. စီးပွားရေးတွေ.. privatization တွေကို ကြည့်မယ်ဆိုရင်တော့ …
အတွေးတွေကျန်သွားပါတယ်ဗျာ။
ဆက်စပ်ပြီးဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကတော့ အနဲနှင့်အများရှိနေနိုင်ပါတယ်။
Comment by စံလင်းထွန်း — February 28, 2010 @ 4:16 am
မီးတိုင်ကြီးကို လာကြည့်ပါတယ် မမအိမ့်ရေ။ ပိုတယ်လို့ ထင်ကြမလားမသိဘူး။ Vancouver 2010 ဆိုတာနဲ့ မမအိမ့်ကိုပဲ အရင်သတိရတာ။ အားကစားနဲ့ အလှမ်းဝေးပုံ။ ကိုယ့်အစ်မကို ချစ်ပုံး)
Comment by ရွှေပြည်သူ — February 28, 2010 @ 8:30 am
မအိမ့်ပျောက်နေလို့ သတင်းလာမေးပါတယ်။း)
Comment by ဇွှန်မိုးစက် — March 12, 2010 @ 10:02 am