♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 26, 2015

မြို့ပြကြီးနဲ့ဝေးရာ

Filed under: ခရီးသွားမှတ်တမ်း — အိမ့်ချမ်းမြေ့ @ 11:35 am

 

hiking-gear.jpg

နွေရာသီဆို တောင်တက်လို့ အကောင်းဆုံးအချိန်ပါ။
တောင် မတက်တာ ကြာပြီ။ ဒီတစ်ခါတော့ နွေမကုန်ခင် တက်မယ်လို့ စိတ်ကူးမိပါတယ်။ Intermediate hiking gears တွေပဲ ကိုယ့်မှာရှိတယ်။ Elevation နိမ့်ရင် ရိုးရိုး walking shoes နဲ့တက်ပြီး… elevation မြင့်လာရင် hiking shoes ဒါမှမဟုတ် mountain shoes နဲ့ သွားမယ် စိတ်ကူးတယ်။ ဒီလိုနဲ့ ဖိနပ်ဘူးထဲ နှစ်ပေါင်းများစွာ အိပ်မောကျနေတဲ့ mountain shoes အဟောင်းလေးကို ထုတ်ကြည့်ဖြစ်တယ်။ ဖိနပ်ကအတော်လေးဟောင်းနေတာ….
တောင်ခြေရောက်မှ ဆိုင်တစ်ဆိုင်ဆိုင်မှာ အသစ်တစ်ရံ ဝယ်သင့်လား။ဒီထက်မြင့်ရင်တော့ ကိုယ့် chains နဲ့ကိုယ် တက်ရပါမယ်။ အဲ့ဒါတွေ ရိုးသွားရင် rock climbing ပေါ့။

(ဆက်ဖတ်ရန်…)

July 10, 2012

ပင်လယ်ပြင်ပိုင်သော အခွံများ

Filed under: ခရီးသွားမှတ်တမ်း, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 12:14 am

နွေရောက်ပြီ။

အသားတွေ နီရဲယားယံလာမတတ် နေမင်းကြီးက ပူပြနေပါပြီ။
တစ်ဆောင်းတွင်းလုံး အေးခဲစိုစွတ်နေတဲ့ ကမ္ဘာကြီးရဲ့ဒီဘက်ခြမ်းမှာ နေရသူမို့
အသားပေါ်က တငွေ့ငွေ့အပူဓာတ်ကို မျှော်လင့်နေခဲ့ရတာ ကြာပေါ့…။

မနေ့ကဆိုရင် ဗင်ကူးဗားမှာ အပူချိန် ၃၀ဒီဂရီစီ အထိရှိပါတယ်။ အိမ်ကနေ မိနစ် ၂၀လောက်သာ မောင်းရတဲ့ White Rock ဆိုတဲ့ ကမ်းခြေကို စနေကော တနင်္ဂနွေကော ရောက်ခဲ့စဉ်က လူတွေဆိုတာ ကြက်ပျံမကျ စည်ကားလှသော ပွဲဈေးတန်းအလားထင်ရပါတယ်။

ကမ်းနားလမ်းတစ်လျှောက်က ဆိုင်တန်းတွေထဲမှာလည်း လူတွေနဲ့ ပြည့်နေတယ်။ ဆိုင်ရှေ့ကပ်ပြီးချထားတဲ့ ခုံတွေပေါ်မှာ တွေးတောသူ၊ စာဖတ်သူ၊ အစာစားသူ၊ အအေးသောက်သူ တွေရှိသလို၊ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေသူ၊ မတ်တပ်ရပ်ငေးသူ၊ ဈေးဝယ်နေသူတွေလည်း ရှိနေတယ်။

သောင်ပြင်ပေါ်မှာလည်း စွန်လွှတ်သူ၊ သဲနန်းတော်ဆောက်သူ၊ စင်ယော်အစာကျွေးသူ၊ ငါးကြော်စားသူ၊ ခုံချပြီး စာဖတ်သူ၊ လမ်းလျှောက်သူ၊ ရေကူးသူ၊ လှေလှော်သူ၊ စိတ်ကူးယဉ်သူ စတာတွေနဲ့ ပြည့်နှက်နေတယ်။

ဒီကြားထဲမှာတော့ ကလေးလေးတွေက အလုပ်အရှုပ်ဆုံးပေါ့။

ရေကျသွားလို့ သောင်ပြင်ပေါ်မှာ ကျန်ခဲ့တဲ့ ရေအိုင်တွေထဲက ခပ်ပျော့ပျော့ သဲတွေကိုကော်ထုတ်၊ ပုံးကလေးတွေထဲထည့်၊ တရွတ်တိုက်လို့ လိုချင်တဲ့နေရာ ထိသယ်သွား၊ သဲနန်းဆောက်၊ အားစိုက်မြောင်းဖော်၊ သဲနန်းဆောက်ပြီးတော့ အလံစိုက်၊ ပြီးတော့ ဒီလောက်ပင်ပင်ပန်းပန်းဆောက်ထားတဲ့ သဲနန်းကို လက်နဲ့ဖိချ၊ ကိုယ်လုံးနဲ့ဖိချ၊ ပြားသွားတဲ့ သဲနန်းတော်ကြီးပေါ်ကို အားပါးတရ ထိုင်ချအပြီး ကောင်းကင်ကြီးကို မော့ကြည့်၊ အားပါးတရ ရယ်မော။ အပြစ်ကင်းစင် လွတ်လပ်လိုက်လေခြင်း။

(ဆက်ဖတ်ရန်…)

March 23, 2010

ကနေဒီယန်ဘဲ

Filed under: ခရီးသွားမှတ်တမ်း, Vancouver, Canada, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:26 pm

 ဘလောဂ်နားတယ်ဆိုပြီး… သူခိုးက ကားကိုခိုးတာ ကလေးပါ ပါသွားတဲ့ပိုစ်အောက်မှာ ကိုဖြိုးရေးသွားတဲ့ ကော့မန့်ကိုဖတ်မိပြီး ခရီးတစ်ခုမှာ ဖြစ်တာလေး သတိရသွားမိလို့ပါ။
မလေးတို့ Calgary ဘက်ကို ခရီးထွက်တုန်းကပါ။ ဗင်ကူးဗားကနေ ကယ်လ်ဂါရီကို ကိုယ်မောင်းတဲ့အပေါ်မူတည်ပြီး ၁၂နာရီကနေ ၁၄နာရီခရီး။

ကနေဒီယန်ရော့ကီးတောင်တန်းကြီးတွေကြားက ဟိုင်းဝေးကြီးဘေးမှာဆို နံနက်ခင်းစောစောတွေဆိုရင် ယုန်ပေါက်လေးတွေ၊ သမင်၊ ဒရယ်၊ ၀က်ဝံ၊ တောင်ဆိတ် စသည်တို့ ကားလမ်းမအစပ်နားမှာ တော်တော်များများ တွေ့ရတတ်တယ်။ နေ့လည်ခင်းတွေ၊ ညနေစောင်းတွေမှာလည်း ရှိတတ်တယ်။ တစ်ခါတစ်ခါကားလမ်းပေါ်မှာ သူတို့ဖြတ်နေရင် ကားရပ်ပေးရတယ်။ နည်းနည်းတော့ အန္တာရယ်ရှိတာပေါ့နော်။

(ဆက်ဖတ်ရန်…)

May 8, 2009

Cultus Lake သို့တစ်ခေါက်

Filed under: ခရီးသွားမှတ်တမ်း, Vancouver, Canada, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 12:18 am

view-of-cultus-lake-from-main-beach.JPG

နွေရာသီမရောက်သေးပေမယ့်လည်း နွေဦးရဲ့နေရောင်ခြည်နွေးနွေးလေး ဖြာကျလာတာနဲ့ ဒီဆောင်းကို စိတ်ပျက်နေကြတဲ့ ကျမတို့ လွန်ခဲ့တဲ့ စနေနေ့က Cultus Lake ဆိုတဲ့ရေကန်တစ်ခုမှာ နေ့လည်စာသွားစားကြတယ်။ ရာသီဥတုက သိပ်မပူသေးပေမယ့်လည်း နွေးနွေးလေးမို့ ခရီးသွားရတာ မဆိုးလှပါဘူး။ ရေကန်ကလည်း ကျမတို့ နေတဲ့မြို့နဲ့ဆို အရှေ့ဘက်ကိုထွက်သွားရင် ကားနဲ့တစ်နာရီလောက်ပဲမောင်းရတဲ့ chilliwack ဆိုတဲ့ မြို့အ၀င်နားမှာမို့ မနက်ကိုးနာရီလောက်မှာ စီစဉ်တဲ့ဦးလေးတစ်ယောက်အိမ်မှာလူစုပြီး စထွက်လာကြတယ်။ ပစ်ကနစ်ထွက်ဖို့ အချိန်နည်းနည်း စောနေသေးပေမယ့်လည်း အကုန်လုံးက သွားချင်နေကြတာနဲ့ ထွက်လာကြတာပါပဲ။ လူကတော့ ဒီတစ်ခါ သိပ်မများပါဘူး။ ဆွေမျိုးတွေ အကုန်မပါဘူး။ ၁၂ယောက်ပဲ ပါတယ်။

မြို့ရဲ့ အရှေ့ဘက်ကိုထွက်လာပြီး မြို့ပြင်ရောက်တာနဲ့ Concrete Jungle တွေနဲ့ဝေးသွားတော့ တောင်ပြာတန်းတွေကို ရှင်းရှင်းလင်းလင်း စပြီးမြင်ရတော့တာပါပဲ။ စနိုးတွေတစ်တောင်လုံးဖုံးနေတဲ့ Mt. Baker ကြီးက ကောင်းကင်ပြာထဲကိုထိုးထွက်နေပြီး၊ ကားလမ်းရဲ့ ဘယ်နဲ့ညာဘက်မှာလည်း လယ်ကွင်းတွေ၊ ပြောင်းခင်းတွေ၊ စိုက်ခင်းတွေ၊ မှိုစိုက်တဲ့တဲရုံတွေ၊ ပန်းခင်းတွေ၊ စားကျက်ထဲမှာ နေစာလှုံရင်း မြက်တို့ ကောက်ရိုးတို့စားနေတဲ့ ထွားထွားကြိုင်းကြိုင်း မြင်းတွေ၊ နွားတွေ နဲ့ သိပ်ကိုလှတာပါပဲ။

mtbaker.jpg

 roadtochilliwack.jpg

(ဆက်ဖတ်ရန်…)

February 25, 2009

ကျိုက်ကလော့စေတီအလွမ်းပြေ

မြန်မာပြည်မှာ ကျမ အနှစ်သက်ဆုံး ကျိုက်ကလော့စေတီရဲ့ နေ၀င်ချိန်ဆည်းဆာကို၊ တမင်အချိန်ပေးသွားရောက်ပြီး ခံစားခဲ့တုန်းက ပုံလေးတွေကို ဝေမျှလိုက်ပါတယ်ရှင်။ ဒီရက်ပိုင်း ရသ ခံစားချက်တွေ ပျောက်နေလို့ ကိုယ်ရေးထားတဲ့ ကဗျာဟောင်းကိုပဲ ကိုယ်ပြန်ပြီးခံစားထားပါတယ်။

kkl.jpg

မောင်…
မောင့်ကို ချစ်ရတာလေ၊
ကျိုက်က္ကလော့ စေတီနားက
ကြွေကျလာတဲ့ ဆိတ်ဖလူးပန်း ဖြူဖြူလေးတွေကို
မွှေးကြူရသလိုပါပဲ…. မောင်။
ရင်ထဲလန်းဆန်း၊ ပန်းသမျှပြေ
ဝေတဲ့အလွမ်း၊ ခမ်းခြောက်သွားတယ်…မောင်။

1.jpg

  (ဆက်ဖတ်ရန်…)

February 19, 2009

ပဲခူးမြို့ရှုခင်းများ

Filed under: ခရီးသွားမှတ်တမ်း, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 12:19 am

မြန်မာပြည်ကို ပြန်မရောက်တာကြာနေသူများအတွက် အလွမ်းပြေ ပဲခူးမြို့ပေါ်က ရှုခင်းအချို့ဖြစ်ပါတယ်ရှင်။

လမ်းသွားလမ်းလာများရဲ့ မျက်နှာများကို ၀ါးထားတာ သူတို့ရဲ့ privacy ကိုလေးစားတဲ့အနေနဲ့ ၀ါးထားခြင်းသာဖြစ်ပါတယ်။

pegu21.jpg

pegu31.jpg

အောက်ကပုံကတော့ ဘုရားရင်ပြင်တစ်ခုပေါ်မှာ လှပတဲ့ အဖြူရောင်ပန်းပွင့်လေးတွေ ကြွေကျနေကြတာပါ။

ဘုရားနံမည်ကို အရေးထဲ မလေး မေ့နေပါတယ်။ သတိရရင် ပြန်တင်ပေးပါမယ်။

(ဆက်ဖတ်ရန်…)

January 12, 2009

လူကြုံ

Filed under: ခရီးသွားမှတ်တမ်း, စာစု, ပြုံးစရာ — အိမ့်ချမ်းမြေ့ @ 3:19 pm

“တီတီ.. တီတီ..”

“Phone call for you Madam”

“ကျေးဇူးတင်ပါတယ်ညီမ”

“ဟလို… ဟုတ်ပါတယ်ရှင်.. ”

“ရှင်.. ဟုတ်ကဲ့၊ အစ်မ reception မှာထားခဲ့တဲ့ လူကြုံပစ္စည်းရပါတယ်။ စိတ်ချပါ၊ ယူသွားပေးပါ့မယ်ရှင်။”

“ရှင်.. reception မှာထားခဲ့တဲ့ ပစ္စည်း ရ၊ မရ ကျွန်မ အစ်မကို ဖုန်းဆက်ပြီး အကြောင်းမပြန်လို့ အစ်မ ခုလို ကျွန်မဆီ ဖုန်းဆက်မေးရတာ ဟုတ်လား”

(အဲတော့… ဒီပစ္စည်းကို ဒီဟိုတယ်ကလူတွေက မပေးပဲ ယူထားမယ်များထင်နေလို့လားမသိ။ လူကြုံပစ္စည်း reception မှ တဆင့်ရတိုင်း ဖုန်းပြန်ဆက်ပြီး ရကြောင်းပြောရမယ်ဆိုရင်.. အင်း ဟိုတယ်က တစ်မိနစ်ကို ဒေါ်လာနဲ့ တောင်းတော့ လူကြုံအယောက်သုံးဆယ်လောက်ကို ပစ္စည်းရကြောင်းသာ အကြောင်းပြန်ရမယ်ဆိုရင်.. ဘုရားဘုရား.. ငါတော့ …)

(ဆက်ဖတ်ရန်…)

January 11, 2009

ကောသလမင်း၏ အိပ်မက်များ

အဲဒီနေ့က ကျွန်မရဲ့ အနှစ်သက်ဆုံး စေတီလေးဖြစ်တဲ့ ကျိုက်ကလော့ စေတီကို ကျွန်မတို့ သွားဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် နေ၀င်ချိန်ဆည်းဆာနဲ့ ဆုံလို့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တယ်။ နေ၀င်ပြီး ညမီးတွေလင်းတဲ့ထိ စေတီပေါ်မှာ ထိုင်နေလို့ အပြန်မှာတော့ ညကမှောင်နေပြီ။ အပြန်စေတီစောင်းတန်းမှာ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့၊ ကျွန်မလည်း အလွန်နှစ်သက်တဲ့၊ ကောသလမင်းရဲ့ အိပ်မက် ပန်းချီတွေကို ဘုရားစောင်းတန်းခေါင်မိုးတွေပေါ်မှာ ချိတ်ဆွဲထားတာ တွေ့တော့ ကျွန်မ ပျော်သွားပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်။

ပန်းချီတွေက ချိတ်ဆွဲထားတာ နံပါတ်စဉ်တိုင်းတော့ မဟုတ်ဘူး။ ဓတ်ပုံရိုက်နေရင်းလည်း နံပါတ်နှစ်က ပျောက်နေတာကို သတိထားမိလိုက်တယ်။အဲဒီနားမှာ ခပ်ပိန်ပိန်အဘိုးကြီး တစ်ယောက်က ဘုရားခွေးတွေကို ညစာကျွေးနေတယ်။ စောင်းပဲ့နေတဲ့ သံပန်းကန်ထဲက ဆန်တွေကို ချောင်ချိုချောင်ကြားမှာ ကြောက်လန့်နေဟန်ရှိတဲ့ ခွေးတွေကို ချကျွေးနေတဲ့ သူက ကောသလရဲ့ နံပါတ်၂ပန်းချီကို ရှာနေတဲ့ ကျွန်မတို့ကို၊ နံပါတ်၂ပန်းချီက ဟိုတစ်လောက မိုးပြင်းလို့ ပြုတ်ကျလာလို့ သိမ်းထားလိုက်ပြီလို့ ပြောတယ်။ နောက် အဲဒီအဘိုးနဲ့ အခြားအရာတွေ တော်တော်ကြာကြာ ပြောဖြစ်တယ်။ နောက်တော့ သူထွက်သွားတော့ ကျွန်မ ဇွဲမလျော့ပဲ စောင်းတန်းတစ်လျှောက် နံပါတ်နှစ် ပန်းချီကို လိုက်ရှာတာ၊ ထင်ထားတဲ့အတိုင်း အခြား ဇာတ်ဝင်ခန်း ပန်းချီတွေကြားမှာ ညှပ်နေတာတွေ့လိုက်တယ်။ ဒါနဲ့ ကျွန်မ အမြဲလိုချင်ခဲ့တဲ့ ကောသလအိပ်မက် ၁၆ချပ်ကို ပြည့်ပြည့်စုံစုံ ရလာတော့တာပါပဲရှင်။ စိတ်ဝင်စားသူများတွက် ပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်ရှင်။

(ဆက်ဖတ်ရန်…)

December 7, 2008

ဆားချက်ခြင်း - ရန်ကုန်အလွမ်းပြေပါ


utube ကိုတိုက်ရိုက်သွားပြီး watch in high quality ဆိုရင် အသံကော ရုပ်ပါ ပိုကြည်လင်ပြတ်သားပါတယ်ရှင်။

December 1, 2008

ထောင့်တစ်နေရာမှာ ..

November 25, 2008

ရန်ကုန်ရှုခင်းများ (၂)

Filed under: ခရီးသွားမှတ်တမ်း, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 5:49 pm

ရန်ကုန်အလွမ်းပြေပါ.. ကန်တော်ကြီး၊ အင်းလျား၊ မြေနီလမ်းလေးတွေ၊ ရွှေတိဂုံဘုရား စသဖြင့် …. ဝေးနေသူများ၊ လွမ်းတတ်သူများကို ပိုလွမ်းအောင် ဖန်တီးပေးလိုက်ပါတယ်ရှင်..း)
သြော်.. စကားမစပ်.. တစ်နှစ်နဲ့တစ်လ အတွင်းမှာ ဒီဒေါ့ကွန်းလေးမှာ ကျွန်မပိုစ်တွေတင်တာ.. ပိုစ်ပေါင်း တစ်ရာကြီးများတောင်ကျော်သွားပါပြီ။ :P (အများကြီးပဲနော်)
ဒီပိုစ်က တစ်ရာ့တစ်ခုမြောက်သော ပိုစ်ဖြစ်ပါကြောင်း…

burma-trip-317.jpg

ကန်တော်ကြီး

(ဆက်ဖတ်ရန်…)

November 19, 2008

ရန်ကုန်ရှုခင်းများ

Filed under: ခရီးသွားမှတ်တမ်း, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 11:36 pm

မြန်မာပြည်နဲ့ ဝေးနေသူများအတွက်.. အလွမ်းပြေပါ…။

aungzaya-bridge.jpg

အောင်ဇေယျတံတား

8miles.jpg

ဂ မိုင်လမ်းဆုံ

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------