♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 24, 2009

မဲ့

Filed under: တစ်မျက်နှာဝတ္ထု (Short Novels), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:10 pm

အနီရဲရဲ လတစ်စင်းအောက်မှာ လောကတစ်ခုလုံးက ရဲရဲတောက်နေသည်။ ချောင်းရေသည် အနီရောင်လွှမ်းခြုံခြင်းခံနေရသည်။ ချောင်းစပ်ရှိ သစ်ပင်၊ ခြုံစပ်စပ်များ၊ ကျောက်တုံးများလဲ ရဲရဲတောက်နေသည်။ ချောင်းစပ်ရှိ အနီရောင်သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါသော အမျိုးသမီးတစ်ဦးက သစ်ရွက်တွေမှ အစိမ်းရောင်နှင်းစက် တရဟော ကျနေကြသည်ကို ငေးကြည့်နေသည်။ ခြုံပုတ်အောက်က နှင်းရည်ငတ်ပြတ်နေဟန်ရှိသော ညငှက်တစ်ကောင်က နှုတ်သီးကို အကျယ်ကြီးဟပြီး နှင်းစက်များကို မြိန်ရှက်စွာ သောက်သုံးနေသည်။ ပြီးတော့ အစိမ်းရောင်နှင်းရည်များကို လည်ဇလုပ်နှင့် သယ်ဆောင်ပြီး အသိုက်မြုံမှာ အစာကိုစောင့်နေသော ငှက်ကလေးငယ်များထံသို့ ပျံသန်းသွားသည်။

ဖိနပ်မပါသော အမျိုးသမီးက လည်ပင်းမှာပတ်ထားသော ရောင်စုံပုဝါကို ဖြုတ်လိုက်ပြီး လမင်းထံသို့ လက်ကမ်းလိုက်သည်။ သူမ၏ ဆံနွယ်တွေ ညလေထဲမှာ ကစင့်ကလျား လွင့်မျောနေကြသည်။ မိုးကောင်းကင်လမင်းထံမှ အနီရောင် အလင်းတန်းများက ရောင်စုံသက်တန့်များအဖြစ် ပြောင်းသွားပြီး သူမထံသို့ ရောင်စုံအလင်းများက လှပစွာ ခုန်ဆင်းလာကြသည်။ ထိုရောင်စုံအလင်းများထဲတွင် ချစ်ရည်လူးနေကြသည့် ငါးကလေးနှစ်ကောင်၊ အနီရဲရဲ ဒေါင်းရုပ်ပါသောခေါင်းစည်းတစ်ခုနှင့်၊ ရုပ်တုတစ်ခု။


ချစ်တယ်ပြောခဲ့တယ်.. ဒါပေမယ့်..

ထိုအရာများကို သူမ အငမ်းမရ ဖမ်းဆုတ်ဖို့ ကြိုးစားလိုက်သည်။ ရောင်စုံအလင်းတန်းက သူမထံမှာ ဝေးရာသို့ ရွေ့လျောသွားသည်။ သူမ ဖြေးညှင်းစွာ အလင်းတန်းရှိရာသို့ လိုက်သွားသည်။ အလင်းတန်းက တဖြည်းဖြည်းရွေ့လျောနေရာမှ၊ မြန်လာသည်။ နောက်တော့ သူမနှင့် ဝေးရာသို့ အရှိန်အဟုတ်ပြင်းစွာ စတင်ရွေ့လျောသွားနေသည်။ သူမ ထမီကို လက်နှင့် အသာစုမကာ သဲသောင်ပေါ်မှာ အလင်းတန်းပြေးရာသို့ အရှိန်အဟုန်ပြင်းစွာ ပြေးလိုက်နေမိသည်။ သူမ ခြေအောက်မှာ သဲမှုန်တွေ နှင့် အနီရောင်ရေစက်များ တဖွားဖွား ကျန်ခဲ့သည်။ သူမ၏ ဆံပင်တွေ လေထဲမှာ လွင့်မျောနေသည်။

“ငါးကလေး၊ ရုပ်တုနဲ့ ခေါင်းစီးကို မလိုချင်ဘူး၊ ကျမ ရဲ့ လည်စည်းသာ ပြန်ပေးပါ”
သူမ အလင်းတန်းကို အော်ဟစ်ပြီး တောင်းပန်မိသည်။
“ကျမ လည်စည်းကိုသာ ပြန်ပေးပါ”

သူမ ထပ်မံအော်ဟစ်ပြီး သောင်ပြင်ပေါ်မှာ ဒူးတုပ်ထိုင်ချလိုက်သည်။ လက်ဖ၀ါးနှစ်ခုထဲ မျက်နှာကို အပ်ကာ ရှိုက်နေမိသည်။ သူမ မျက်ရည်တွေက အစိမ်းရောင်တွေ။

“မိန်းကလေး အချိန်မတော် ဒီနေရာမှာ ညည ဘာ လာလာလုပ်နေတာလဲ”
ခြုံပုတ် တစ်ခုနားမှာ ကွယ်နေသော အရိပ်တစ်ခုထံမှာ အသံကြောင့် သူမ အငိုတိတ်သွားသည်။
အပြာရင့်ေ၇ာင် ကျောက်တုံး တစ်တုံးပေါ်မှာ ထိုင်ပြီး အတောင်ပါသော ငါးများကို မြှားနေသော အဖိုးအို တစ်ဦးကို အနီရောင်လရောင်အောက်မှာ တွေ့နေရသည်။
သူမ ငေးမောအံ့သြပြီး ပြန်မဖြေမိ။

“မင်း ချစ်သူကို လာလာရှာတာလား”
သူမ ခေါင်းငုံ့ချလိုက်သည်။ သူမ ခြေဖမိုးမှာ ခရမ်းရောင် ပန်းပွင့်များတွယ်ကပ်နေသည်။

“ငါ မေးနေတယ်လေ…”

“ကျမ တို့ သိပ်ချစ်ခဲ့ကြတယ်”

“မင်းပဲ အချစ်ဆိုတာကို မယုံဘူးဆို”

“မဟုတ်ဘူး၊ ချစ်ခဲ့ကြတယ်။ အိပ်မက်တွေလဲ အတူတူ မက်ခဲ့ကြတယ်။”

“အခု.. ဘာလို့ လာလာရှာနေတာလဲ”

“အဘ ဘာတွေပြောနေတာလဲဟင်၊ ဒါနဲ့ အဘက ဘာလို့ ညကြီး ငါးမြှားနေတာလဲ”

“အေး.. ငါးတွေက အတောင်ပါတော့ ထင်သလောက် မလွယ်ပါဘူးကွာ၊ နောက်နေ့တော့ ငါးမြှားချိတ်ထက် ပိုက်ကွန်တစ်ခုလောက်တော့ ယူလာခဲ့ဦးမှ၊ ဒါနဲ့ ငါမေးတာဖြေဦးလေ၊ မင်း ချစ်သူကို ဘာလို့လာလာရှာနေတာလဲ”

“သူနဲ့ ဒီချောင်းဘေးမှာ အနီရောင်လ သာတဲ့ညတွေမှာ ချိန်းထားလို့ပါ အဘရယ်.. ဒါပေမယ့် အနီရောင်ညတွေ သာပေါင်းလဲ များပါပြီ။ ကျမ သူ့ကို မတွေ့တော့တာလဲ ကြာပါပြီ”

“မင်း ပြန်ပါတော့ မိန်းကလေး၊ ဘယ်တော့မှလဲ လာမရှာပါနဲ့တော့”

“ရှင်…”

“ပြန်ပါတော့”

“ဘာ.. ဘာဖြစ်လို့လဲ။ နောက်သုံးရက်နေရင် အနီရောင်လတစ်စင်း ထပ်သာဦးမယ်လေ အဘ”

“မသာတော့ပါဘူးကွာ၊ မင်းလဲ လာစရာမလိုတော့ပါဘူး”

“ဘာ.. ဘာဖြစ်လို့လဲ အဘရယ်”

“မင်းရဲ့ချစ်သူဆိုတာ ဘယ်တုန်းက မှ တည်ရှိမနေခဲ့ပါဘူး”

“ဘာ”

“ဟုတ်တယ်၊ မင်းရဲ့ချစ်သူဆိုတာကော၊ မင်းတို့ရဲ့ အချစ်ဆိုတာကော၊ အိပ်မက်တွေဆိုတာကော၊ ကုန်ကုန်ပြောမယ်ကွာ၊ မင်းဆိုတဲ့ အရာဟာလဲ ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဘူး”

“……….”

“ဘယ်တုန်းကမှ ဖြစ်တည်မှု မရှိခဲ့တဲ့ ချစ်သူကို မင်း မေ့ပစ်လိုက်တာဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

ပြောပြောဆိုဆို ငါးမြှားနေသော အဘိုးအိုက သူ့ဘေးမှ ပန်းချီကားချပ်ကို ဆွဲယူလိုက်ပြီး ဖျက်ဆေးများနှင့် စတင် လောင်းချနေတော့သည်။

သူမ မျက်ရည်တွေ ကျဆင်းလာသည်။ သူမ ခြေဖမိုးမှ ခရမ်းရင့်ရောင်ပန်းပွင့်များ စတင်ပြီး မှုန်ဝါးလာနေသည်။ ထို့နောက် သူမရဲ့ ဖြူသွယ်သော ခြေချောင်း၊ ခြေဖမိုး၊ ခြေမျက်စိ၊ ခြေသလုံး စသည်တို့ သူမ မျက်စိအောက်တွင်ပင် တဖြည်းဖြည်း မှုန်ဝါးကွယ်ပျောက်လာနေပါတော့သည်။ သူမ အခြေအနေတွေကို စတင်နားလည်လာနေပြီ။

“အဘ.. အဘ… ကျမ ကွယ်ပျောက်မသွားခင် တစ်ခုလေး…”

“ပြော”

“ကျမတို့ တစ်ကယ်ချစ်ခဲ့ကြတာ မဟုတ်ဖူးလားဟင်”

အဘိုးအိုက ခေါင်းကို လေးတွဲ့စွာ ခါယမ်းရင်း ဖျက်ဆေးများကို ပန်းချီကားချပ်ပေါ်သို့ တဖြည်းဖြည်း သွန်းလောင်းနေပါတော့သည်။

“အဲဒါတော့ ငါမသိဘူးကွာ၊ မင်းရဲ့ချစ်သူ ဆိုတာတော့ ဘယ်တုန်းကမှ ဖြစ်တည်မှုတစ်ခု မဟုတ်ခဲ့တာပါပဲ မိန်းကလေး၊ ဘယ်တုန်းကမှ မရှိခဲ့ပါဘူးကွာ…”

“ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”

“ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”

“ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”

hut1.png

15 Comments »

  1. အရောင်တွေအကြောင်းမသိပါဘူး။ အနီရောင်ပေါ်မှာ အစိမ်းရောင်တစ်ချို့တစ်ဝက်၊ ခရမ်းရင်.ရောင် တစ်ချို့။ ပေါ့ပါးမနေတာတော့သေချာနေပြီ။ ဒါဆိုပန်းချီကားမှာ အနီရောင်တွေကြားက မိန်းမရိုင်းပျိုတစ်ဦး ကောင်းကင်ကလမင်းကို မျှော်ပြီးရပ်နေတဲ့ပုံစံပေါ့ ပြီးတော့ လည်စည်းလေးကို လက်တစ်ဖက်က လမင်းဆီကို ကမ်းပေးတဲ့အနေအထားမျိုး။ စိတ်ကူးထဲမှာ မြင်တာကို ချရေးချင်းသက်သက်ပါဘဲ။

    Comment by ရှေးစာဆို — March 24, 2009 @ 7:22 pm

  2. အဲ့ဒီမိန်းခလေး က ပန်ချီကားလေးလားး
    အဖိုးအိုပြောတဲ့ စကားလေးက မြန်မာအယူနဲ့ နီးလိုက်တာ ဘယ်အရာမှမတည်မြဲခြင်းကိုသူပြောသွားတာပဲ။

    Comment by မောင်မျိုး — March 24, 2009 @ 7:31 pm

  3. အစ်မရေ နစ်နစ်မျောမျောခံစားသွားတယ်..။ ပို့စ်လေးကိုဖတ်ပြီး မျက်စိထဲမှာပန်းချီကားတစ်ချပ် အသက်ဝင်လာတာကို.မြင်ယောင်လာတယ်.. ။

    Comment by Phyo Evergreen — March 24, 2009 @ 7:59 pm

  4. မနည်းကို နားလည်အောင် ကြိုးစားလိုက်ရတယ် မမရေ..

    Comment by Pinkgold — March 25, 2009 @ 2:54 am

  5. ရှေးစာဆို… အရောင်တွေနဲ့ psychology ကို ရေးသွားတာကို သဘောကျတယ်
    မောင်မျိုး … ဟုတ်တယ်မောင်လေး.. မတည်မြဲခြင်းကို ဘာသာတရားတော်တော်များများက ပြောကြတယ်.. လူတွေကသာ မေ့တတ်ကြတာပါ
    အမြဲစိမ်းဖြိုး … မလေးလဲ နစ်နစ်မျောမျောရေးလိုက်တယ်
    Pinkgold:P တမင်အဲလိုဖြစ်အောင် ရေးထားတာ.. နောက်ပြီး ဆရာကောက်နွယ်ကနောင်ပြောသလို “နားလည်ခြင်း၊ နားမလည်ခြင်းဟာ အနုပညာမဟုတ်ပါဘူး။ အနုပညာဆိုတာကို ဘောင် စည်းတွေနဲ့ တုပ်နှောင်ထားလို့ မရဘူး။ အနုပညာဟာ သူ့ဘာသူ လွတ်လပ်နေတယ်။ ရေးသူက သူခံစားသလိုတွေးပြီး ခံစားသင့်ရာ ခံစားနိုင်တယ်။ ရေးသူက ဒါဟာ လူပဲဆိုရင် သူ့အတွက်တော့လူပဲ။ ခံစားရတဲ့လူဟာလည်း ဒါကို ခွေးလို့ထင်ရင် သူ့အတွက်ခွေးပဲ။ အရေးကြီးတာ ခံစားတတ်ဖို့ပဲ။” ဆိုသလိုပါပဲ ညီမလေးရယ်.. သီချင်းလေးပါနားထောင်လေး))

    Comment by မလေး — March 25, 2009 @ 12:09 pm

  6. မလေးရေးတာ ကျွန်တော် နားမရှင်းဘူးဗျ
    ကျွန်တော်ကိုက သိပ်ပြီး အဲဒီလို မတွေးတတ်တာလားတော့သိဘူး
    ဘယ်တုန်းကမှမရှိခဲ့ပါဘူး ………. ဆိုတာ ဘာကိုဆိုလိုတာလည်းဟင်
    ပြောပြနော် စာရေးဆရာမကြီး

    Comment by ဒေါင်းသေချာင်းမှာပျော်သည့် ကျား — March 28, 2009 @ 12:52 pm

  7. “ဟုတ်တယ်၊ မင်းရဲ့ချစ်သူဆိုတာကော၊ မင်းတို့ရဲ့ အချစ်ဆိုတာကော၊ အိပ်မက်တွေဆိုတာကော၊ ကုန်ကုန်ပြောမယ်ကွာ၊ မင်းဆိုတဲ့ အရာဟာလဲ ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဘူး”

    သိပ်မှန်တာပဲ မမအိမ့်ရယ်။ အဲဒီမရှိခဲ့တဲ့ အရာတွေကိုပဲ ငြိတွယ်ဖမ်းဆုပ်နေမိကြတာနော်။ ဗုဒ္ဓဘာသာ အယူအဆနဲ့လည်း တထပ်ထဲပါပဲ။ အရမ်းလှတဲ့ ၀တ္ထုတစ်ပုဒ်ပါပဲ မရယ်။ စာကောင်းတစ်ပုဒ်ဖတ်ရတာ အာဟာရတစ်ခုကို မှီဝဲလိုက်ရသလိုပါပဲ… ကျေးဇူးတင်ပါတယ် အစ်မ…

    Comment by ရွှေပြည်သူ — March 29, 2009 @ 7:32 am

  8. အချစ်ဆိုတာ ဒြပ်ရုပ်မှ မဟုတ်ပဲ။

    Comment by ဝေဠု — March 30, 2009 @ 1:06 pm

  9. ဒေါင်းသေချောင်းမှာ ပျော်သည့်ကျား… ဒီထက်ရှည်တဲ့ နာမယ်ရွေးလို့မရတော့ဘူးလားမသိ၊ ရှင်းမပြတော့ပါဘူး ကျားသေချောင်းမှာ ပျော်သည့်ဒေါင်းရယ်.. စာ၊ကဗျာတစ်ပုဒ်ကိုရှင်းပြလိုက်ရင် ငုံနေတဲ့ပန်းဖူးလေးကို အတင်းလက်နဲ့ပွင့်ခိုင်းလိုက်သလိုဖြစ်သွားတတ်လို့ပြောကြတယ်ရှင့်
    ရွှေပြည်သူ … ဒီလိုနဲ့ လူပီသစွာနဲ့ ငြိတွယ်ဖမ်းဆုပ်နေကြဦးမယ်ထင်ပါတယ် ညီမရယ်..
    ဝေဠု .. ဒါပေမယ့်လည်း ဒြပ်ရုပ်မှာတွယ်ငြိနေတဲ့ အချစ်ဆိုတာတွေကို ကျမတော့ မြင်နေတာပါပဲရှင်။ ကျမ ကြားဖူးတာတော့ ယောင်္ကျားတွေရဲ့အချစ်က မျက်လုံး၊ မိန်းမတွေရဲ့အချစ်က နား တဲ့။

    Comment by မလေး — March 31, 2009 @ 11:54 pm

  10. မရျီးရေမတွေ့တာကြာပေါ့
    ကျွန်တော်မဲဆောက်မြို့ခဏရောက်တုန်းလာလည်ပါတယ်စာတွေလဲမဖတ်ရတကြာပေါ့

    Comment by ဒေါင်းမင်း — April 1, 2009 @ 2:22 am

  11. ကျွန်တော်လည်း နာမည်ဘဲလေ နာမည်ကို ပြောင်းပြန်ကြီး ပြန်လုပ်တာ ယတြာချေတာလားဟင်၊ အဓိပ္ပါယ်မဖော်နဲ့၊ခွဲခြမ်းစိတ်ဖြာပြီး မတွေးနဲ့လေ၊ လေမမီတော့ဘူး အဖွားရဲ့၊ အချိန်တွေလွန်သလို ဒေါင်းတွေရတာတွေလည်း ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့မတည်တာတွေကုန်ပြီလို့ကြားတယ်နော် — web ပေါ်မှာ အချင်းချင်းခွပ်နေကြတာနဲ့တင် တစ်ခုခုလုပ်ဖို့ မပြင်ဆင် နိုင်တာနဲ့ ဘဲ ရေမြောကုန်ပြီ….. ရေတွေထဲမှာမြောသွားတာ ရေ တွေလေ ရေတွေ .. :)
    (တစ်ကယ်ကို ဒေါင်းတွေရေမြောတဲ့ နေရာမှာ ပျော်တာပါဗျာ၊ အဲဒီ ဒေါင်းသေချောင်းနားမှာ တာဝန်ကျတုန်းကပေါ့၊ပြန်တွေးရင်ပျော်တုန်း)

    Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — April 4, 2009 @ 1:06 pm

  12. dear ma gyi .
    can you give me your mail address.

    Comment by mg phyo thet aubg — May 6, 2009 @ 4:23 am

  13. dear sisetr.
    pleased give me mail address.
    regards.
    phyo.

    Comment by mg phyo thet aung — May 6, 2009 @ 4:23 am

  14. ပြောလို့ ပြောတာမဟုတ်ဘူး စာရေးတယ်ဆိုတာ မြန်မာစကားကို မြန်မာတွေ နားမလည်အောင်ရေးရတာလားဟင်
    နောက်တာနော်
    လူဆိုတာ ခံစားချက်ချင်းမှမတူတာနော့်
    အဲဒါကြောင့် အယ်ဒီတာ ပဲတဲ့ စာရေးဆရာတွေ များနေတာပေါ့ နော်

    Comment by မောင်ဖိုးဝ — October 9, 2009 @ 8:10 am

  15. khan sarr tat tae thu ga tot nar lal mhar pal lay… ma khan sarr tat yin lal a thar nay sann par ….. pyit tin shont cha tae way phan mhu myo nae comment tway lar yay ma yay nay sann par nae

    Comment by nway — August 24, 2010 @ 10:01 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------