♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 10, 2016

ကြီးကျယ်ခမ်းနားမှု

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:34 am

ဒီအတိုင်းလေးပဲ
ငြိမ်ငြိမ်လေးထိုင်လို့နေပါ။

အသစ်မွေးဖွားလာတဲ့ ကြယ်ပြာတွေကို
ကြယ်နီတွေက ကြိုဆိုနေသံကို ကြားရလိမ့်မယ်။
ထာဝရဆိတ်ငြိမ်ရာ ကောင်းကင်ထဲက
နက်မှောင်ခြင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို
မြင်ရကြလိမ့်မယ်။

တိုးတိတ်စွာနေပေးပါကွယ်…၊
စကားလုံးတွေရယ်….
အသက်ပြင်းပြင်းရှုသံတွေရယ်ကြောင့်….
ဟောဟိုက နဂါးငွေ့တန်းကြီး
လွင့်ပါးပျောက်ကွယ်သွားမှာစိုးရတယ်….။

milky-way.jpg

August 9, 2016

နှင်းဆီ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:39 pm

rose2.jpg

နှင်းဆီရနံ့က
လေထဲမှာသင်းပျံ့လာတော့
သူ…
ပွင့်ပြန်ပြီပေါ့။

ကိုယ့်နှုတ်ခမ်းက….
ပြုံးသွားတယ်
ရင်မှာလည်း….
ချိုပါတယ်။

ဒါပေမယ့်…
နှင်းဆီရှိရာ
ကိုယ်…
မသွားတော့ပါဘူးကွယ်။

အိမ့်ချမ်းမြေ့

9th August 2016

July 29, 2016

ငါ၏ဦးခေါင်းသည် သွေးတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:59 pm

William Ernest Henley (1849-1903) ရဲ့ Invictus ကဗျာကို ကျမ အင်္ဂလိပ်လိုပဲ ဖတ်ဖူးခဲ့တယ်။ တော်တော်လေးလည်း နှစ်သက်မိတယ်။ ဒါပေမယ့် ဘာသာပြန်ကြည့်ဖို့ စိတ်မကူးခဲ့ (ရဲ) ဘူး။ တစ်ခါတစ်လေကျတော့ ကိုယ်ဘာသာပြန်လိုက်မှ မူရင်းအနှစ်အရသာ ပျက်သွားမှာကို စိုးရိမ်တာလည်းပါပါတယ်။ ဝတ္ထုအက်ဆေးက ပြန်ရလွယ်ပေမယ့် ကဗျာကိုပြန်ဖို့ (ကျမအတွက်) ပိုခက်တယ်။ ကဗျာကနက်နဲတယ်။ ကဗျာဆရာတွေက တစ်ခါတစ်ရံမှာ ဆိုလိုရင်းအဓိပ္ပာယ်တွေကို ကဗျာတွေထဲမှာ ဖွက်ထားချင်ကြသေးတာ မဟုတ်လား။ ကဗျာဆရာတွေက ကဗျာတစ်ပုဒ်ချပြတာနဲ့ စာရေးဆရာတွေက စာတစ်ပုဒ်ချပြတာ ဘာကွာလဲဆိုရင် စာရေးဆရာတွေက စာဖတ်သူတွေကို ငှားငှားစွင့်စွင့်ပွင့်နေတဲ့ ပန်းတစ်ပွင့်ကို လက်ဆောင်ပေးတာမျိုး ဖြစ်နေတတ်ပြီး၊ ကဗျာဆရာတွေကတော့ ဖူးငုံနေတဲ့ နှင်းဆီပန်းတစ်ပွင့်ကို စာဖတ်သူတွေလက်ထဲ ထည့်လိုက်သလို။

ဒီလိုနဲ့ Invictus ကို ဘာသာပြန်ထားပြီးတာရှိတာ ရှိသလား လိုက်ရှာရင်းနဲ့တွေ့လာခဲ့တယ်။ ဘာသာပြန်ထားသူဟာ ခရစ်ယာန်တွေရဲ့ the gate တို့ the scroll တို့ စတဲ့စာလုံးတွေနဲ့လည်း အကျွမ်းဝင်ပုံရတယ်လို့ ဖတ်နေရင်း တွေးလိုက်မိသေးတာ။ the gate မှာတော့ analysis လုပ်သူတွေအချို့က John Bunyan ရဲ့ The Strait Gate ကို ပြောတာဖြစ်နိုင်သလို၊ အချို့ကလည်း ဝင်ဖို့ခက်တဲ့ ကောင်းကင်တံခါး (Great Difficulty of Going to Heaven(1676), or the the scripture Bunyan got his title from Matthew 7:13, 14) ကို ညွှန်းတာလို့ ဆိုကြတယ်။

မည်သို့ပင်ဖြစ်စေ ဒီကဗျာကို ဘယ်သူ ပြန်ထားခဲ့တယ်ဆိုတာ ကျမ မသိခဲ့ဘူး။ ဖတ်နေရင်းနဲ့တောင် ဘယ်သူ ပြန်ထားတယ်ဆိုတာ မသိသေးဘူး။ ကျမက အောက်ဆုံးကိုမဖတ်သေးဘူး။ တစ်ကြောင်းချင်းစီဖတ်ရင်း အောက်ဆုံးရောက်မှ ဘယ်သူပြန်ထားတာလဲ ဆိုတာ သိလိုက်ရတာ။ မူရင်းကိုကော ဘာသာပြန်ကဗျာလေးကိုပါ နှစ်သက်လို့ မူရင်းနဲ့ဘာသာပြန် တစ်ပိုဒ်စီ ယှဉ်တွဲဖတ်နိုင်အောင် ရေးတင်ပေးလိုက်ပါရစေရှင်။

Invictus

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍
အနိုင်မခံအရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရသော်ငြားလည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။

(ဆက်ဖတ်ရန်…)

October 28, 2015

မက်

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:36 am

လရောင်…
ညလေ…
ရွက်ကြွေ….

ဂီတ
တယော…
စောင်းညှင်း…
ရေခပ်ဆင်း..

(ဆက်ဖတ်ရန်…)

September 7, 2015

မချစ်သင့်တော့ပေမယ့်လည်း…

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:48 pm

မချစ်သင့်တော့ပေမယ့်လည်း…
ချစ်နေမိသေးတာ..၊

မင်းရှိနေတဲ့ ဒီနေရာလေးကို မလာသင့်တော့ဘူးဆိုတာ သိနေပေမယ့်လည်း..
မင်းအရိပ်အရောင်လေး ရှိနေရာနေရာလေးကို မကြာမကြာ လာလာကြည့်နေမိတာ..၊

ကိုယ့်ဘဝနဲ့ကိုယ် ပျော်နေနိုင်ပါရဲ့နဲ့…
မင်းကိုပဲ တစွဲတလန်း တမ်းတနေသေးတာ….၊

ဘယ်တော့မှ ပြန်လှည့်မကြည့်ဘူးဆိုတဲ့ အတွေးတွေနဲ့ စွန့်လာခဲ့သော်လည်း…
နှစ်တွေကြာနေတာတောင်မှ မမေ့နိုင်သေးတာ….၊

မင်းပေးလိုက်တဲ့…
မင်းနဲ့သက်ဆိုင်ကြောင်းသက်သေဖြစ်တဲ့..
အနီရောင်စာအုပ်ကလေးကိုလည်း …
ခုထိ မစွန့်ပစ်နိုင်သေးတာ….၊

အရင်က ဆိုင်ခဲ့ဖူးတယ်ဆိုပေမယ့်…
အခု… မဆိုင်တော့ဘဲ..လို့ ကိုယ့်ကိုကိုယ်တရားချနေရတာတောင်မှ….
လွမ်းလို့.. ချစ်လို့…. အားမရနိုင်သေးတာ…

ဟုတ်တယ်….
မင်းအပေါ်မှာ
မပြီးနိုင်မစီးနိုင်ဖြစ်နေသေးတဲ့
ကိုယ့်ကိုယ်ကိုပဲ..
ပက်ပက်စက်စက်ကို…
မုန်းတာ……..။

အိမ့်ချမ်းမြေ့
(စက်တင်ဘာ ခုနှစ်ရက်၊ နှစ်ထောင့်တစ်ဆယ့်ငါး)

May 31, 2015

ဒီည

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 7:29 pm

curtain.PNG
ဒီည…
တစ္တေတွေ နံရံပေါ် တွားသွားတဲ့ ည…၊
ဒီည…
လည်ချောင်းထဲက ပိုးကောင်တွေ အစာငတ်တဲ့.. ည၊
ဒီည…
လက်ချောင်းထိပ်တွေ ကျင်စက်တို့ခံရသလို ခံစားချက်မဲ့နေတဲ့ည…၊
ဒီည…
ကောင်းကင်ကလမင်း ခရမ်းပြာရောင်သွေးတွေ အန်ချတဲ့.. ည၊
ဒီည..
ပြတင်းပေါက်က နွေဦးလေပြေ အရှက်ပြေတဲ့ ည၊
ဒီည..
တေးသွားတွေ နံရံပေါ်က အလှပြလိပ်ပြာတောင်ပံတွေပေါ် ယစ်မူးတဲ့ည..၊
ဒီည ..
ချောင်းဆိုးဆေးတွေ… အသက်ငင်တဲ့ ည၊
ဒီည..
စိတ်ဝိညာဉ်ငှက်တို့ အဆုံးစမဲ့ ကောင်းကင်ထဲ လွတ်လပ်စွာ လွင့်ထွက်သွားကြတဲ့ည၊
ဒီည….
ထူးထူးဆန်းဆန်း မင်းကိုမလွမ်းတဲ့ ည၊
ဒီည…
ကိုယ်ပိုင်ဆိုင်နေကျ အခုညကို အပြည့်အဝပြန်ရတဲ့ည….
….
….
ဒီည…။

April 14, 2015

ဝိညာဉ်ခြေသံ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 6:19 am

painting.jpg

 

 

ကျမ……
ကြည့်မိမှာစိုးလို့….
အားအင်မဲ့စွာ ခေါင်းငုံ့ထားခဲ့…..
အာရုံကို အဝေးကို ပို့ထားခဲ့…..
မျက်လုံးတွေကို စုံမှိတ်ထားခဲ့……

ကျမ…..
လွမ်းမိမှာစိုးလို့…
နှလုံးသားတွေကို အုပ်မိုးထားခဲ့….
တင်းကြပ်မှုတွေကို တရားချနေခဲ့…
ဆံနွယ်တွေကို ဆုပ်ချေနေခဲ့….

(ဆက်ဖတ်ရန်…)

December 12, 2014

စိ.တ္တ.ဇ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:17 pm

ဒီလမ်းဟာ….
စိတ္တဇဆန်လွန်းတယ်လို့…
တွေးတင်လို့ မလျှောက်တော့ဘူးဆိုကာမှ…..

အလိုလိုနေရင်း
အံတင်းတင်းကြိတ်
ပုပ်ပွပွ ညနေခင်းထဲ
လက်သီးတွေ ဆုပ်မိတာ…

(ဆက်ဖတ်ရန်…)

October 5, 2014

အောက်တိုဘာ

Filed under: အချစ်ဆုံး, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 11:58 pm

အောက်တိုဘာ……
နံနက်ခင်းမှာ ပြတင်းပေါက်က ၀င်လာတဲ့ နေရောင်ခြည် နွေးနွေးကို ..
လမ်းတွေပေါ်မှာ ကြွေကျနေတဲ့ နံနက်ခင်းရဲ့ ရော်ရွက်ဝါတွေကို……
ညိုရီမှိုင်းမှိုင်း ကောင်းကင်ကြီးကို…
အဲဒီကောင်းကင်ကြီးထဲ ထိုးထွက်နေတဲ့ ထင်းရူးပင်တွေကို….
ထင်းရူးပင်တွေကြားက ပျံသန်းသွားတဲ့ နံနက်ခင်း ဌက်ကလေးတွေကို…။

အောက်တိုဘာ……
ညက ကျခဲ့တဲ့ နှင်းငွေ့မှုန်တွေနဲ့ နေရောင်ထိတွေ့လို့ ပျံ့လွင့်လာတဲ့ ခြံစည်းရိုးက ရေခိုးငွေ့ တွေကို….
နှင်းငွေ့ လေးတွေ ကပ်နေတဲ့ ပန်းနှင်းဆီလေးတွေကို..
မြက်ခင်းစိမ်းလေးတွေကို..
သစ်ရွက်လေးတွေကို…
ပင့်ကူလေးကို………။

(ဆက်ဖတ်ရန်…)

September 19, 2014

အဝေးကြီးက ကြယ်စင်

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 8:18 pm

ဒီလိုနဲ့….

(ဆက်ဖတ်ရန်…)

September 17, 2014

ပက်ကြားအက် နှလုံးသား

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:32 pm

ကျမရဲ့ …
နေ့လည်စာ သစ်စေ့လေးတွေ ရယ်..
ရင်ထဲက ခံစားချက် အချို့ရယ်…
ပေါင်းစပ်မိတဲ့ အခါ…

(ဆက်ဖတ်ရန်…)

June 10, 2014

ခရေသီသူ

Filed under: ♥●••.. မောင်….••●♥, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:55 pm

မွှေးပျံ့တဲ့ သစ်ပင်ကြီးအောက်
ခရေတွေကောက်ဖို့
ကျမ
တစ်ခေါက် ရောက်ခဲ့တယ်…။

ခရေရွက်တွေကြား
လေပြေဖြတ်တိုးသွားသံတွေက
ကျမရင်ကို
အေးမြစေပြန်တယ်…။

လေပြေလေးတွေ
သောကပွေတော့…
ခရေသီးလေးတွေရယ်က
တဖောက်ဖောက်ကြွေရပြန်တယ်….။

(ဆက်ဖတ်ရန်…)

January 1, 2014

♫ ♥●••·˙ ကူးပြောင်းခြင်း˙·••●♥♫

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:23 am

ရွက်ကြွေတောနားက
ဆွေးဆွေးလေး စီးနေတဲ့
ခပ်နွေးနွေး စမ်းချောင်းဘေး

ဒါမှမဟုတ်…

moonriver.jpg

(ဆက်ဖတ်ရန်…)

October 29, 2013

မှန်ထဲက ရုပ်ပုံလွှာ

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:47 pm

 mirror2.jpg

မောင်…
တစ်ခါမှ အကြည့်ချင်း မဆုံဘူးပါပဲနဲ့
မောင့်မျက်ဝန်းတွေကို ကြည့်မိတိုင်း ရင်ခုန်ရတာ…

မောင့်ထွက်သက်နဲ့ မကြုံဘူးပါပဲနဲ့
အသက်ရှုသံကို ကြားနေရတတ်တာ…

မောင့်ပါးပြင်ကို မထိဘူးပါပဲနဲ့
မွှေးညှင်းလေးတွေကို မြင်နေတတ်မိတာ..

မောင့် ပခုံးမှာ မမှီဘူးပါပဲနဲ့
ခေါင်းမှီလို့ နေရသလို ခံစားရတာ…


(ဆက်ဖတ်ရန်…)

October 18, 2013

နှင်းမြူတွေထဲမှာ

Filed under: Vancouver, Canada, ဓာတ်ပုံ (Pictures), ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:07 am

မိုးများတဲ့ …
ကျမမြို့ကလေးရဲ့ အောက်တိုဘာနေ့တွေဟာ
ဒီတစ်နှစ်ထူးခြားစွာနဲ့
နေပူလို့ နေတယ်… ။

နံနက်ခင်းမှာတော့
မြူတွေက သိပ်သည်းစွာ ကျနေလို့
နေလုံးကြီးဟာ…
မြူကန့်လန့်ကာကို
လက်ကလေးနဲ့အတင်းတွန်းလို့ ထွက်ချင်ပေမယ့်
ထိုးဖောက်ဖို့တောင် မလွယ်တော့ဘူး။

မြူတွေထူထပ်လို့
တိတ်ဆိတ်တဲ့ လမ်းကလေးတွေဟာ
အတ္တမဲ့နေတတ်တယ်…..။
အဲဒီလမ်းကလေးတွေပေါ်မှာ
ဦးတည်ရာမဲ့ လျှောက်သွားရတာဟာလည်း
ကျမအတွက် အတ္တမဲ့လွန်းတယ်။

အဲဒီလမ်းကလေးတွေပေါ်ကို
ဖြတ်တိုက်လာတဲ့
ရေခဲငွေ့ပါတဲ့လေကို ရှုရှိုက်ရတဲ့ အရသာဟာလည်း
လတ်ဆတ်လွန်းလှပါတယ်…..။

ဟော….
ရောင်စုံသစ်ရွက်တွေကတော့ ဆောင်းကိုကြိုဖို့
သူတို့အရွက်တွေကို ချွေချမြေခလို့ ကြိုဆိုနေကြပြီ…
ကျမလား…
ဟင့်အင်း….
ရွက်ကြွေတွေကို မကောက်တော့ပါဘူးကွယ်..။
အသိမှတ်ပြု ခေါင်းငဲ့ပြရုံလေးပါပဲ..။

(ဆက်ဖတ်ရန်…)

September 4, 2013

သုန်းကြွေ

Filed under: ဓာတ်ပုံ (Pictures), ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:07 am

leaves.jpg
ကျမ..
ဒီသစ်ပင်လေးကို ချစ်တယ်…
ဒီသစ်ပင်လေးဟာ ရုံးနောက်က ကားတွေရပ်တဲ့ နေရာနားမှာ ရှိတယ်…
ဒီသစ်ပင်က သစ်ရွက်လေးတွေကိုလည်း ချစ်တယ်…။

နွေဦးကာလမှာ အရွက်နုလေးတွေ ဖြစ်တည်လာပြီး..
နွေတစ်လျှောက်လုံးမှာ သစ်ပင်လေးက စိမ်းစိမ်းစိုစိုလေးရှိတတ်တယ်…
အရွက်လေးတွေဟာလည်း စွယ်တော်ရွက်လေးတွေနဲ့ တူတယ်..
အထူးသဖြင့် တစ်နွေကုန်လို့ ကြွေကျတော့မယ်ဆိုရင်..
အရွက်လေးတွေဟာ အသည်းပုံလေးတွေ ဖြစ်လို့လာတယ်…။

အခုလို နွေကုန်ဆောင်းဦး အကူးကာလတွေမှာ သစ်ရွက်လေးတွေဟာ တဖြည်းဖြည်း ဝါလိုက်လို့ လာနေပြီ။
ကျမဟာ အဲဒီသစ်ပင်လေးအောက်မှာ ကားထိုးရပ်တတ်တယ်…
ကားထဲမှာ ထိုင်ရင်း ကော်ဖီကို ကုန်အောင်သောက်လို့ သီချင်းလေးတစ်ပုဒ်ဖွင့်…
သစ်ရွက်လေးတွေကို ငေးကြည့်တတ်တယ်….။

ဟော…
တစ်ရွက် ကြွေကျသွားတယ်…။

(ဆက်ဖတ်ရန်…)

August 26, 2013

ဒီနေရာလေး

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 3:29 pm

♫ ♥●••·˙ကျမ….
ဒီနေရာလေးကိုလာတာ…
ဘယ်သူနဲ့မှလည်း မိတ်ဆွေဖွဲ့ဖို့ မဟုတ်သလို…
ဘယ်သူနဲ့မှလည်း ရန်သူလုပ်ဖို့ မဟုတ်ပါဘူး။

ကျမအတွက်
ဒီနေရာလေးဟာ..
ဘယ်သူနဲ့မှလည်း ခင်မင်ဖို့ မဟုတ်သလို
ဘယ်သူနဲ့မှလည်း ရတက်ပွားဖို့ မဟုတ်ပါဘူး…။

ကျမ အတွက်…
ဒီနေရာလေးဟာ…
ချစ်သူရှာဖို့လည်း မဟုတ်သလို…
မုန်းသူထားဖို့လည်း မဟုတ်ပါဘူး…..။

(ဆက်ဖတ်ရန်…)

August 9, 2013

မျော…. လွင့်..

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 9:42 am

river.jpg“မောင်” ….
လို့တောင် မခေါ်ရက်ဖူးကွယ်….

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

မောင့်အရိပ်အရောင်လေး ….
တိတ်တဆိတ် မျှော်ငေး
ကျမ….
နွမ်းရတဲ့ …..

အလွမ်းတွေကို သိမ်းထုပ်
နှုတ်ပိတ်လို့နေရင်း…..

ရင်ခုန်သံတွေကို
ပန်းဆီမီးမျောလေးတွေထဲ ထည့်လို့…..

(ဆက်ဖတ်ရန်…)

July 10, 2013

♫ ♥●••·˙ အစက˙·••●♥♫

Filed under: ♥●••.. မောင်….••●♥, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 2:56 pm

‌တ‌ဖောက်‌‌ဖောက်‌နဲ့ 
ပန်းက‌လေး‌တွေက
‌ကြွေလို့ရယ်‌ ကျ‌လေ‌တော့ ……

(ဆက်ဖတ်ရန်…)

May 28, 2013

လမ်းပြနေသော လူကန်းတို့အကြောင်း

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 10:15 pm

သင်တို့ဟာ…
“ကလေးတွေ ငါ့အနားလာပါစေ…
မဆီးတားကြနှင့်” လို့ ခရစ်တော်က ပြောတဲ့အတွက်…
မည်သူကိုမျှ မဆီးတားရဘူးရယ်လို့…
တွင်တွင် တရားတွေဟောသော်လည်း
ကိုယ့်ကျောင်းဝင်းထဲ ဝင်လိုသူကို
အခါခါ နှင်ထုတ်ကြလေသည် တကား…။

လူဝ၊ လူပိန်၊ အရုပ်ဆိုး၊ အရုပ်လှ၊ အရှည်ကြီး၊ ပုကွ..
အားလုံးကို ချစ်ရပါမည်
အားလုံးကို မျှတစွာဆက်ဆံရပါမည်..
ဟု….
ကလေးများအား တနင်္ဂနွေဘုရားကျောင်းတွင်
တွင်တွင် ဆိုခိုင်းခဲ့သော်လည်း
သင်တို့ကိုယ်တိုင်က အသားရောင်ခွဲခြားတတ်ကြပါတကား…။

(ဆက်ဖတ်ရန်…)

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------