♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 3, 2013

တစ်ယောက်တည်း နေလိုသူတွေရဲ့ အကြောင်း

Filed under: my notes, အတွေးအမြင်, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 11:09 am

အချို့လူတွေဟာ လူတွေအများကြီးနဲ့ စကားပြောဆိုပြီး နေရတာကို နှစ်သက်တယ်၊ သူငယ်ချင်းတွေ အများကြီးနဲ့ နေတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေတတ်ဘူး၊ မနေချင်ဘူး။ လူတွေနဲ့ စကားတွေပြောနေရတာကို မွေ့ပျော်တယ်။ လူတွေနဲ့ နေရလေလေ ခွန်အားတွေ ပြည့်ပြည့်လာသလို ခံစားရတတ်တယ်။

အချို့လူတွေကတော့ လူတွေအများကြီးကြားမှာ နေနေရရရင်၊ စကားသံတွေကြားထဲမှာ နေနေရရင်ကို မောဟိုက်နွမ်းနယ်လာသလိုခံစားရတယ်။ တစ်ခါတစ်လေလည်း လူတွေအများကြီးကြားထဲမှာ နေနေရင်းနဲ့ကို ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို တမ်းတနေတယ်၊ လိုအပ်နေတယ်၊ လူတွေကြားထဲမှာ တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရတယ်။ အဲဒီတမ်းတနေတဲ့ အရာဟာလည်း ဒီလူတွေကြားထဲမှာ ရှိမနေဘူးဆိုတာကို သိနေတယ်။

လူတွေအများကြီးနဲ့ နေရတာကို နှစ်သက်တဲ့သူတွေကို အားလုံးသိကြတဲ့ အတိုင်း Extrovertလို့ ခေါ်ကြပြီး၊ တစ်ယောက်တည်း နေရတာကို နှစ်သက်တဲ့ သူတွေကိုတော့ Introvert တွေလို့ ခေါ်ကြတယ်။

Extrovert တွေဟာ Introvert တွေကိုကြည့်ပြီး ပျင်းရိလာသလို ခံစားရတာတွေ ရှိနိုင်သလို၊ Introvert တွေကလည်း Extrovert တွေကိုကြည့်ပြီး အလိုလိုနေရင်း မောလာသလို ခံစားရတာတွေ ရှိမှာပါပဲ။

(ဆက်ဖတ်ရန်…)

April 30, 2013

တိရိစ္ဆာန်ရုံ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 9:17 pm

တိရိစ္ဆာန်ရုံဆိုတာနဲ့ မလေးတစ်ယောက်တော့ တိရိစ္ဆာန်ရုံအကြောင်းရေးတော့မယ်လို့ ထင်ကြတော့မယ်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ မရေးသေးပါဘူး။

(( လူတွေကို တိရိစ္ဆာန်တွေရဲ့အပြုအမှုတွေနဲ့ နှိုင်းယှဉ်ရေးသားလေ့ရှိတဲ့ စာတွေကို မလေး သဘောကျတယ်။ လူတွေရဲ့ အခြေခံရုပ်တွေကလည်း တိရစ္ဆာန်အချို့နဲ့ သွားတူနေတတ်တယ်။ ဥပမာ.. သမ္မတဂျော့ဘွတ်ရှ်ဆိုရင် မျောက်ရုပ်အခြေခံရှိတယ်။ ဆာရာဂျက်စီကာပါကာဆိုရင် မြင်းရုပ်အခြေခံရှိတယ်။ အဲသလိုပဲ လူတွေရဲ့ အပြုအမူတွေဟာလည်း တိရစ္ဆာန်တွေရဲ့ အပြုအမူတွေကို အခြေခံနေတာမျိုးကိုလည်း မြင်ရတတ်တယ်။

ဒီဘက်နိုင်ငံတွေမှာ တိရစ္ဆာန်တွေနဲ့ နှိုင်းရင် သိပ်ပြီးမကျေမနပ်ဖြစ်ကြတာမျိုးကို မတွေ့ရတတ်ဘူး။ ငယ်ငယ်တုန်းကဆိုရင် ရုပ်ရှင်တွေထဲမှာ လူဆိုးလူမိုက်တွေကို “ခွေးကြီး” “နွားကြီး” စသဖြင့် အော်ဟစ်လက်ညှိုးထိုးတတ်တယ်။ အဲဒါဆိုရင် သိလိုက်ပြီ။ တိရစ္ဆာန်နဲ့ နှိုင်းခံထိသူဟာဖြင့် လူဆိုးလူမိုက်ပဲ ဆိုတာကိုပါ။ ဒီဘက်တွေမှာတော့ သားသမီးကိုအမွေမပေးဘဲ၊ အိမ်ကခွေးကို အမွေပေးတဲ့အဖြစ်တွေဟာ မဆန်းတော့တဲ့ အဖြစ်တွေဖြစ်တဲ့အပြင်…. “ဒီနေ့တော့ဖြင့် မင်းကိုကြည့်ရတာ.. မင်းအိမ်ကခွေးမလေးနဲ့ တူတယ်နော်၊ လည်စည်းလေးနဲ့” လို့ သူငယ်ချင်းတစ်ယောက်ယောက်ကို ပြောမိရင် အပြောခံရတဲ့ သူငယ်ချင်းဟာ စိတ်မဆိုးတဲ့အပြင် မျက်နှာကြီးဖြီးပြီး ပိုပြီးပျော်နေတတ်ဦးမှာဖြစ်ပါတယ်။ ပြောသူရဲ့ ရင်ထဲကဆိုလိုရင်းနဲ့ ခံယူသူတွေရဲ့ ယဉ်ကျေးမှု အခြေခံတွေပေါ်မှာ မူတည်ပြီး တိရစ္ဆာန်နဲ့ နှိုင်းခံရတဲ့အခါ နာခြင်း-သာခြင်း ခံယူချက်တွေက ကွဲလွဲကြပါလိမ့်မယ် ))

(ဆက်ဖတ်ရန်…)

February 3, 2013

ကြယ်စင်ကောက်ကြောင်း - (ရွှေအိမ်စည်)

kyal.jpg

(အစ)

ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘော ကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်….။ အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..။

(ဆက်ဖတ်ရန်…)

December 9, 2012

အသုံးမကျတဲ့ ပညာရေး

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:39 pm

ဒီစာဟာ လူတိုင်းအတွက် မဟုတ်ဘူး။

ခေါင်းစဉ်ကိုဖတ်ပြီး မလေးတော့ မြန်မာပြည်ပညာရေးဘယ်လောက် ညံ့ဖျင်းအသုံးမကျတာတွေကို ရေးတော့မယ်လို့ ထင်ပြီး ကျေနပ်မည့်သူတွေ… ဆက်ပြီး မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

ဒီစာဟာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်လေးတစ်ခုမှ ပေးနိုင်သမျှ ပညာလေးကို ရသလောက်ယူပြီး ဘဝကို တိုးတက်အောင် လုပ်ချင်တဲ့ သူတွေအတွက် ရေးတဲ့စာပဲဖြစ်တယ်။

ဒီစာဟာ ဖဘမှာ ရေးကြသော အတွေးတွေမှ အခြေခံလာတဲ့စာဖြစ်တယ်။ ဒီစာကိုရေးတဲ့အခါမှာ ဖဘမှာ မလေး ချစ်ခင်သော၊ လေးစားသော သူတွေရဲ့ စကားတွေ၊ ဆွေးနွေချက်တွေကို အခြေခံလို့ ရေးထားတာဖြစ်ပါတယ်။ သူတို့ပါဝင်ကော့မန့်ပေးတာကိုလည်း ဝမ်းသာရုံမက၊ ထိုသူတွေရဲ့ အမြင်တွေကို လေးစားပြီးသားလည်း ဖြစ်တယ်။ ထိုသူတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ပြီးသားလည်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ … ဒီစာဟာ မြန်မာပြည် ပညာရေးကို ကောက်ရိုးတစ်မျှင်လို ဖမ်းဆုပ်ပြီး ကြိုးစားနေကြတဲ့ လူငယ်တွေကို မြန်မာပြည်ပညာရေးဟာ လူတွေနိမ့်ချပြောနေသလောက် မနိမ့်ကျဘူးဆိုတာကို ပြောချင်တဲ့စာ၊ အလွန်ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်ကနေ ရသလောက်ပညာကို ရသလောက်ယူဖို့ ထောက်ခံအားပေးတဲ့ စာပဲဖြစ်တယ်။

(ဆက်ဖတ်ရန်…)

November 22, 2012

ခြောက်နာရီ

Filed under: my notes, ဆောင်းပါး — တစ်ပြည်သူ @ 2:05 am

အိုဘားမားရဲ့ ခြောက်နာရီကြာတဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသူ မြန်မာတွေရဲ့ အတွေးအမြင်အမျိုးမျိုးကို ကြားသိမြင်တွေ့ရပြီး ဖြစ်ပါလိမ့်မယ်။

အခုစာကတော့ အိုဘားမားရဲ့  မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားသားအချို့တွေရဲ့ ရယ်စရာအပြောတွေနဲ့ ကော့မန့်တွေကို လက်လှမ်းမှီသလောက် ဝေမျှတဲ့ စာပဲဖြစ်ပါတယ်ရှင်။

မြန်မာပြည်ကို အိုဘားမားလာတာကို သိကြပြီးတဲ့အတိုင်း အချို့တွေကထောက်ခံသလို အချို့ကတော့ မထောက်ခံပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲတွေးမြင်ဝေဖန်သုံးသပ်ပါစေ၊ အချို့စကားလုံးတွေဟာ ကိုယ်တွေကို ဝမ်းနည်းစေမယ်၊ ဒေါသဖြစ်စေမယ် ဆိုပေမယ့်လည်း ဒါတွေကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သိထားဖို့လိုတယ်။ သိထားပြီးလည်း ဖြစ်ပေမယ့် ထပ်မံဝေမျှလိုလို့ပါ - အထူးသဖြင့် ဆောင်းပါးတွေအောက်က ကော့မန့်တွေကို ဝေမျှလိုတာပါ။ ဒါပေမယ့် ဇာတ်ရည်လည်အောင် နည်းနည်းရေးရတော့ အစပိုင်းမှာ သိပ်တော့ ရယ်ရမှာ မဟုတ်သေးပါဘူး…။

(ဆက်ဖတ်ရန်…)

October 12, 2012

တောင်မြောက်ရယ်တဲ့ ခြစ်ရတယ်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 5:42 pm

doodle2.jpgငုပ်တုပ်ပျင်းနေသူရဲ့ဦးနှောက်ဟာ စိတ်ကူးယဉ်အိပ်မက်တွေ (ဥပမာ သိန်းထီ၊ သန်းထီပေါက်တယ်၊ မော်ဒယ်ဂဲလ်လေးတစ်ဦးဦးနဲ့လျှောက်လည်နေတယ်.. စသဖြင့်) မက်နေတတ်တယ် လို့လည်းဆိုပါတယ်။

(ဆက်ဖတ်ရန်…)

August 23, 2012

“အိပ်ပျော်နေတဲ့ ကပ္ပတိန်”

Filed under: Youth မဂ္ဂဇင်း, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 2:42 pm

Vol: 7, No.9, September လထုတ် Youth Magazine မှာပါသော “အိပ်ပျော်နေတဲ့ ကပ္ပတိန်” ဆိုတဲ့ ဆောင်းပါးလေးကို ဝေမျှလိုက်ပါတယ်ရှင်။
စီစဉ်ပေးတဲ့ ဆရာမ မြသွေးနီ နဲ့ ကိုမော်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်…..။ ဒါလေးက မလေး ဘလောဂ်ရေးခါစက ရေးပြီး အင်္ဂလိပ်လို ကောက်နှုတ်ချက် အတိုလေး တင်ဖူးပါတယ်။ မဂ္ဂဇင်းတွက်ဆိုတော့ သေချာပြန်ရေးပြီးနောက်… ကိုမော်ကြီးနဲ့ အမေးအဖြေ အင်တာဗျူး ပါ စာဖတ်သူများတွက် ထည့်ထားပါတယ်ရှင်။

11.JPG

(ဆက်ဖတ်ရန်…)

August 16, 2012

နေချင့်စဖွယ်

Filed under: သတင်း (News), my notes, Vancouver, Canada, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:10 pm

♫ ♥●••·˙ ကျွန်မအတွက်ကတော့ …..
လွမ်းစရာကောင်းတဲ့ မြို့ကြီးပါ…. ˙·••●♥♫

(ဆက်ဖတ်ရန်…)

July 31, 2012

သန်း ၇၀၀၊ မီးရယ်က မလာ

Filed under: သတင်း (News), ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 1:13 pm

 india.jpg

အိန္ဒိယနိုင်ငံမှာ မီးပျက်လို့ လူပေါင်း သန်း ရ၀၀ အမှောင်ထဲမှာ နေနေရတာ ၂ရက်ရှိပါပြီ။ ကမ္ဘာပေါ်မှာအကြီးဆုံး modern blackout လို့ ဆိုကြပါတယ်။ ဒီလိုမျိုး မီးပျက်တာ ၂ရက်ရှိပြီမို့ အထိကရုန်းတွေတောင်ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မီးမလာတဲ့အတွက် ရထားတွေမသွားနိုင်၊ ဆေးရုံတွေမှာ ဒုက္ခတွေရောက်တဲ့အပြင် မိုင်းအလုပ်သမားတွေ မြေကြီးအောက်ထဲမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
တရုတ်ပြည်နယ်စပ်က Assam မြို့မှစပြီး ဟီမားလီးယားပြည်နယ်ထိ တောက်လျှောက်၊ အနောက်မြောက်ဘက်က သဲကန္တာရနယ်မြေတွေအထိ မီးမရဘူးလို့ ဆိုတယ်။ အိန္ဒိယရဲ့ လူဦးရေ ၁.၂ ဘီလီယံရှိတဲ့အထဲက တစ်ဝက်လောက်က အဲဒီဒေသတွေမှာ နေတာဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

April 23, 2012

လိုသော ပိုသော မိတ်ဆွေ

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 10:40 pm
Facebook မှာ သူငယ်ချင်းတွေအများကြီး အက်သည်ပဲဖြစ်စေ၊ လက်ခံသည်ပဲဖြစ်စေ တစ်ကယ်တမ်း သင့်မှာရှိတဲ့သူငယ်ချင်းဟာ လူအယောက် ၁၅၀ကနေ ၅၀၀ထက် မပိုဘူးလို့ ဆိုပါတယ်။

social-network_illu_farbig1.png

*** ဒီနေရာမှာ မိတ်ဆွေ/သူငယ်ချင်းဟု ဆိုသည့်နေရာမှာ တည်မြဲတဲ့ လူမှုကူးလူးဆက်ဆံရေးကို ဆိုလိုတာဖြစ်ပါတယ် ****

(ဆက်ဖတ်ရန်…)

December 12, 2011

ဆောင်းရာသီတွင် သတိပြုစရာများ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 10:37 pm

brass-floor-registers.jpg

အခုနောက်ပိုင်းတွေမှာ ကျမတို့ မြန်မာတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာထွက်သင်ကြတယ်၊ အလုပ်ထွက်လုပ်ကြတယ်၊ ရေတို/ရေရှည် တိုင်းပြည်အပြင်မှာ အကြောင်းအမျိုးမျိုးနဲ့ နေကြတဲ့အခါမှာ အအေးပိုင်းတိုင်းပြည်တွေကို ရောက်လာကြသူတွေလည်း ရှိပါတယ်။ ဒီစာစုလေးဟာ အအေးပိုင်းပြည်တွေမှာ အနေကြာလာတဲ့ သူတွေကို မရည်ရွယ်ပါဘူး။ မကြာသေးခင်ကမှ ရောက်လာသူတွေအတွက် ရည်ရွယ်ပါတယ်။

(ဆက်ဖတ်ရန်…)

August 23, 2011

စီးတဲ့ရေ ဆည်ဖို့ပါလို့

Filed under: my notes, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 4:13 pm

တစ်နေ့တစ်နေ့ ရေကာတာတွေရဲ့ ကောင်းကျိုး/ဆိုးကျိုးများနဲ့ ပတ်ဝန်းကျင် အပေါ်မှာ သက်ရောက်မှုများကို လေ့လာနေရင်း စိတ်ဝင်စားစရာလေး တစ်ခု တွေ့လာလို့ စာဖတ်သူများနဲ့ ဝေမျှလိုက်ရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ရေကာတာ တစ်ခုကို ကနေဒါနိုင်ငံ၊ Alberta ပြည်နယ် မြောက်ဘက်ပိုင်းက Wood Buffalo National Park မှာ အောက်တိုဘာ ၂၀၀၇ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ ရေကာတာဟာ လူတွေ ဆောက်ထားတဲ့ ရေကာတာ မဟုတ်ပါဘူး။ ဘီဗာ ဆိုတဲ့ အကောင်တွေက ဆောက်ထားတာ ဖြစ်ပါတယ်။ မြောက်အမေရိကန် ဘီဗာ (Castor canadensis) တွေဟာ rodent အနွယ်ဝင်တွေဖြစ်ပါတယ်။ သူတို့ဟာ ကုန်းနေရေနေ သတ္တ၀ါတွေဖြစ်ပြီး၊ ကုန်းပေါ်မှာ နေချိန်ဟာ အစာအဟာရ မှီဝဲတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မြောက်အမေရိကရဲ့ အေးလွန်းတဲ့ ရာသီဥတုကို ခံနိုင်ရည်ရှိဖို့ သစ်ခေါက်တွေကို အမြောက်အများစားရပြီးတော့ နေအိမ်ဆောက်လုပ်ရန်လည်း သစ်ပင်သစ်ကိုင်းတွေကို အသုံးပြုပါတယ်။ သစ်ပင်တွေဟာ သူတို့ကြောင့် မြောက်မြားစွာ ပျက်စီးလေ့ရှိတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

(ဆက်ဖတ်ရန်…)

August 16, 2011

မငိုပါနဲ့ ဧရာဝတီ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 11:37 am

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။
အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။
သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။

ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River),  Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

dry9.jpg

{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ..  အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။

ဒါပေမယ့် ….

ဒါပေမယ့် …… အချိန် မမှီတော့ဘူး။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ…  ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

July 4, 2011

အွန်လိုင်းပေါ်က ဆက်ဆံရေးများ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 6:17 pm

ကနေဒါ၊ အွန်တေရီယိုပြည်နယ်၊ မိဘဆရာအသင်းမှနေပြီး ထုတ်ပြန်လိုက်တဲ့ ဆရာ့ကျင့်ဝတ်တစ်စောင်ကို (သိပြီးသားတွေပေမယ့်) စိတ်ဝင်စားနိုင်မည့် သူများတွက် (နိုင်ငံခြားမှာ ကျောင်းတက်နေသော ကျောင်းသားများ၊ ထိုသူတို့ရဲ့ မိဘများ - နိုင်ငံတကာကျောင်းတွေမှာ ဆရာ-ဆရာမ လုပ်နေသော မြန်မာဆရာ-ဆရာမများသာမက - ပြည်တွင်းက ဆရာ-ဆရာမ ကျောင်းသား/သူ များတွက်ပါ) မျှဝေလိုက်ပါတယ်ရှင်။

အွန်လိုင်းခေတ်မှာ ဆရာ/ဆရာမတွေ ကျောင်းသားတွေနဲ့ ဆက်သွယ်တဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းလေးတွေကို အကြံပြုထားတာပါ။ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ အီးမေလ်း၊ Facebook, Twitter တွေမှာ ဘယ်လောက်ပဲ privacy ထားထား တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အလုပ်ရှင်တွေသာမက ကျောင်းသားတွေကပါ မြင်နိုင်တာမျိုး ရှိတယ်ဆိုတာကို သတိပေးထားပါတယ်။

(ဆက်ဖတ်ရန်…)

May 25, 2011

လုပ်ငန်းခွင်ထဲက ဂျင်နရေးရှင်း-၀ိုင် များ

Filed under: my notes, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 3:57 pm

ဖတ်လိုက်ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို… လုပ်ငန်းခွင်မှာ (အထူးသဖြင့် နိုင်ငံရပ်ခြားတွေမှာ) မန်နေဂျာ / supervisor ရာထူးတွေနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဝေမျှလိုက်ရပါတယ်ရှင်။

ဒီဆောင်းပါးထဲက ဂျင်နရေးရှင်း ၀ိုင် (generation Y ) တွေရဲ့ စိတ်နေသဘောထားတွေကတော့ တိုးတက်တဲ့ နိုင်ငံတွေ ဒါမှမဟုတ် open society တွေမှာ ပိုအကြုံးဝင်မယ်လို့ ထင်ပါတယ်။ (ဒီစာမှာ Generation Y တွေ ကျင်လည်နေတဲ့ society ကို open society လို့ သုံးခွင့်ပြုပါ)

(ဆက်ဖတ်ရန်…)

May 22, 2011

၂၃ ဘီလီယံ

Filed under: Vancouver, Canada, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 2:11 am

“ကနေဒါဟာ တကမ္ဘာလုံးမှာ ရှိတဲ့လူတွေတွက် ဝေဿန္တရာတိုင်းပြည် မဟုတ်ဘူး”
Herbert Grubel

(ဆက်ဖတ်ရန်…)

April 28, 2011

ဒီမိုကရေစီတိုင်းပြည်ထဲက ဧကရာဇ်များ

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 4:06 pm

 

ဗြိတိန်နိုင်ငံမှာ ဒီလောက်ဆန့်ကျင်နေတာတောင်မှ ဗြိတိန်နဲ့ အဝေးကြီးက ကနေဒါကနိုင်ငံဟာလည်း ဗြိတိန်ဘုရင်မကြီးရဲ့ သြဇာခံဖြစ်နေရတာကို သဘောမတွေ့သူတွေလည်း ရှိပါတယ်။ ကနေဒါနဲ့ ဘာမှမဆိုင်တဲ့ အင်္ဂလိပ်လူမျိုးမိန်းမကြီးတစ်ယောက်ကို တိုင်းပြည်အချုပ်အချာအနေနဲ့ ခန့်အပ်ထားတာထက်စာရင် သူတို့နယ်မြေကို လုခံထားရတဲ့ လူနီအင်းဒီးယန်းအကြီးအကဲတစ်ယောက်ကို head-of-state ပေးသင့်တယ်လို့လည်း ဆိုကြပါတယ်။ ကနေဒါက လူဖြူအချို့ဟာ အင်္ဂလန်နိုင်ငံက ရောက်ရှိလာတဲ့ အင်္ဂလိပ်တွေဖြစ်ခဲ့ပေမယ့်လည်း အခုချိန်မှာ အမေနဲ့မခွဲနိုင်တဲ့ နို့စို့ကလေးတွေလို လုပ်မနေသင့်တော့ကြောင်းကိုလည်း ပြောကြပါတယ်။

(ဆက်ဖတ်ရန်…)

March 8, 2011

မိန်းမ၀ါဒီ

Filed under: my notes, အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 5:24 am

မိန်းမတွေဟာ.. ယောင်္ကျားတွေဖန်တီးထားတဲ့ ဘောင်တွေစည်းမျှဉ်းတွေ၊ ဘာသာရေးအယူဝါဒတွေ နဲ့ ကျင့်စဉ်တွေ.. အားလုံးထဲမှာ မွန်းပိတ်အကျဉ်းကျနေကြတယ်။ အဲသလို အကျဉ်းကျနေတဲ့ မိန်းမတွေရဲ့ အပေါ်မှာ feminism ဆိုတဲ့စကားလုံးဟာ အလင်းတန်းတစ်ခုသဖွယ် အမြဲတမ်း လင်းနေဖို့ လိုတယ်… (Robert Fulford)

(ဆက်ဖတ်ရန်…)

March 1, 2011

ဆလိမ်ကို နောက်ပစ်ဝံ့သူများ

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 5:58 pm

တိတ်ဆိတ်တဲ့ ဆိုင်လေးတစ်ခုထဲမှာ Tim Horton’s ကော်ဖီတစ်ခွက်ကို စိမ်ပြေနပြေ သောက်မိနေတဲ့ တစ်နေ့။ ဆိုင်ရှေ့ပေါက်ကနေပြီး ချောမောလှပတဲ့ မိန်းကလေး သုံးယောက်ဝင်လာတယ်။ မျက်နှာလေးတွေက ကြည်လင်ဝင်းပလို့၊ ဆံပင်လေးတွေကလည်း သွယ်တန်းဖြောင့်စင်းလို့။ လှပတဲ့ဆံပင်လေးတွေဟာ ဆံပင်ပျော့ဆေးတွေ တွင်တွင်သုံးထားသလား၊ ဒါမှမဟုတ် ဆံပင်ဖြောင့်ဆေးတွေကြောင့်များလား။

(ဆက်ဖတ်ရန်…)

February 22, 2011

နေချင်စဖွယ် အကောင်းဆုံးမြို့

Filed under: my notes, Vancouver, Canada, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 7:07 pm

ကနေဒါနိုင်ငံ၊ အနောက်ဘက်ကမ်းခြေက ဗင်ကူးဗားမြို့ဟာဖြင့် ကမ္ဘာပေါ်မှာ နေချင်စဖွယ်အကောင်းဆုံးမြို့ အနေနဲ့ ငါးနှစ်တိုင်တိုင် နေရာရထားတယ်လို့ ဆိုကြပါတယ်။ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နိုင်မှု နဲ့ ပညာရေး အဆင့်တွေပေါ်မှာ မူတည်ပြီး ဒီလို သတ်မှတ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ခိုးမှု၊ ၀ှက်မှု စတဲ့ အသေးအမွှားပြစ်မှုတွေ အလွန်များတဲ့ မြို့ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

(ဆက်ဖတ်ရန်…)

« အရင်စာမျက်နှာသို့အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------