January 25, 2012

မြောင်းသေ

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 6:43 pm

တစ်ကယ်ဆိုရင် ….
ပန်းကလေးတွေကို ချစ်ရခြင်းသာလျှင်….
အတ္တကင်းပါတယ်…
သူတို့ ကြွေနွမ်းလို့ မသွားခင် အထိပေါ့ကွယ်….

drain.jpg

ပုဏ္ဍရိက်ပန်းနီနီလေးတွေက မိုးငွေ့အောက်မှာ ယိမ်းကနေသည်။ အရွက်စိမ်းကလေးတွေက မိုးစက်လေးတွေကို တမြတ်တနိုး ထမ်းဘိုးလို့ထားသည်။ မိုးရွာပြီးစလမ်းမပေါ်မှာ “မုန်း” လှမ်းလျှောက်လာရင်း မျက်လုံးတွေက ပန်းနီနီတွေဆီမှာ တရစ်ဝဲ၀ဲ။ ဒီပန်းလေးတွေကို အညှာကချိုးပြီး ရိုးတံလေးကို နှုတ်ခမ်းမှာတေ့ပြီး စုတ်ယူလိုက်လျှင် ချိုမြိန်တဲ့ ပန်းဝတ်ရည်လေးတွေက လျှာပေါ်မှာ စီးမျောသွားတတ်သည်။

♥♫ ♥♫

ထမီကို စုကိုင်ပြီး ကနစိုးပင်ကြီးနားက ရေနီမြောင်းမှတဆင့် လမ်းမကြီးပေါ်ကို ခုန်ကျော်ရန် အရှိန်ယူနေသော “မုန်း” မျက်စိက မြောင်းထဲကို ကြည့်ဖြစ်အောင် ကြည့်လိုက်မိသေးသည်။ မြောင်းထဲက ညစ်ပေနေသောရေတွေဟာ ဘယ်တုန်းကမှလွတ်လပ်စွာ စီးဆင်းမှု မရှိ။ ရေစီးမှု နည်းသည့်ဒီမြောင်းကို ရှင်းမည့်သူလည်း မရှိသဖြင့် မြောင်းပုပ်နံ့ခပ်သင်းသင်းကို ရတတ်သော်လည်း ပတ်ဝန်းကျင်ကလူတွေက ဒီမြောင်းနံ့ကို ရိုးအီနေကြပြီ။ မြောင်းထဲမှာ ကတ္တီပါဖိနပ်ဟောင်းတစ်ဘက်က ပေါလောပေါ်နေသေး၏။ ရေစီးနှေးလို့လား၊ အောက်မှာတစ်ခုခုနဲ့ ငြိတွယ်နေလို့လား၊ ဖိနပ်ဟာ ဒီနားမှာပဲ သောင်တင်နေသည်မှာ လနှင့်ချီနေလောက်ပြီ။ “မုန်း” မြောင်းကိုခုန်ကျော်လိုက်တော့ ဖားတစ်ကောင်က လန့်ပြီး ရေအောက်ငုပ်သွားသည်။ “ပလုံ” ဟုတောင် အသံမြည်သွားသေးသည်။ “မုန်း” ပြုံးလိုက်၏။

“အနည်းဆုံး ဖား တစ်ကောင်ကတော့ ငါ့ကို ကြောက်သေးတယ်”

♥♫ ♥♫

(ဆက်ဖတ်ရန်…)

January 20, 2012

ကောင်းကင်ရဲ့ ခြေရာများ (၂၀၁၂)

Filed under: နက္ခတ်တ္တဗေဒ — အိမ့်ချမ်းမြေ့ @ 11:37 pm

၂၀၁၂ ရဲ့ နက္ခတ်တာရာ ပြက္ခဒိန်ပါ…
နေကြတ်၊ လကြတ်မည့် ရက်တွေနဲ့ ကြယ်တွေကြွေမယ့် ရက်တွေကို စိတ်ဝင်စားသူတွေတွက်…
မြေပုံ၊ဓာတ်ပုံအချို့ရှာဖွေပြီး ဝေမျှပေးထားပါတယ်ရှင်။
ကင်မရာ၊ မှန်ဘီလူး၊ မှန်ပြောင်းတွေ မလိုပါဘူး။ သာမန်မျက်စိနဲ့ မြင်ရမယ့် အရာတွေပါပဲ…
Enjoy this beautiful sky!!

(ဆက်ဖတ်ရန်…)

January 14, 2012

အဦးဆုံးနှင်း

ဒီနေ့ကတော့ အရာရာသာယာလှပလို့နေပါတယ်…
နံနက်ခင်းကတည်းက တောင်တန်းတွေက ပိုပြီး ပြာလွင်နေသလိုလို…
မြစ်ရေပြင်ကလည်း ပိုပြီးတောက်နေသလိုလို….
အရာရာဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်ဝနေသလိုလို…

(ဆက်ဖတ်ရန်…)

January 11, 2012

ကျေးဇူးတင်ရှိခြင်း

Filed under: my notes, ခွန်းဆက် — အိမ့်ချမ်းမြေ့ @ 10:25 pm

မလေးရေးသမျှတွေကို ကောင်းသည်ဆိုးသည် အချိန်ပေးပြီး လာရောက်ဖတ်သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ…

(ဆက်ဖတ်ရန်…)

January 9, 2012

ယဉ်ကျေးမှု ကန့်လန့်ကာများ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 12:43 am

လူတစ်ဦး (ဒါမှမဟုတ်) မိသားစုဝင်တစ်စု (ဒါမှမဟုတ်) လူအုပ်စုတစ်စုအတွက် ရိုင်းပြတဲ့ စကားတစ်ခွန်း/အပြုအမူတစ်ခုဟာ အခြား လူတစ်ဦး (ဒါမှမဟုတ်) မိသားစုဝင်တစ်စု (ဒါမှမဟုတ်) လူအုပ်စုတစ်စုအတွက် ယဉ်ကျေးပြူငှာတဲ့ နွေးထွေးတဲ့ စကား/အပြုအမူတစ်ခု ဖြစ်နေနိုင်ပါတယ်။

(ဆက်ဖတ်ရန်…)

January 4, 2012

ကျမ ရဲ့ ကြယ်

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 12:27 am

သူဟာ ကျမကို ကြယ်တွေနဲ့ မိတ်ဆက်ပေးခဲ့သူ…….

မှတ်မှတ်ယယ အဲဒီနေ့ညက ကောင်းကင်ကြီးဟာ ကြည်လင်နေတယ်…..
ညလေတွေ တိုက်ခတ်နေတာ အိမ်နောက်ဘက်က မန်ကျည်းပင်ရွက်တွေရဲ့ တရှဲရှဲ အသံတွေတောင် မြည်နေတယ်….
မန်ကျည်းရွက်လေးတွေဟာ ကွပ်ပျစ်ပေါ်က ဖျာလေးပေါ်ကိုတောင် ကြွေကျလာသေးတယ်…
ခပ်ဝေးဝေးမှာ ခွေးဟောင်သံရယ်…. ပင်လယ်လှိုင်းပုတ်သံရယ်…
နောက်…… ဂစ်တာသံ သဲ့သဲ့နဲ့ သီချင်းသံ သဲ့သဲ့…။

(ဆက်ဖတ်ရန်…)

January 2, 2012

ဇန်န၀ါရီ ၃ - ၄ ကြယ်မိုး

Filed under: နက္ခတ်တ္တဗေဒ — အိမ့်ချမ်းမြေ့ @ 2:45 am

လာမယ့် ဇန်န၀ါရီ ၃ ရက်နဲ့ ၄ ရက်ညတွေမှာ တစက္ကန့်ကို ၂၅.၅မိုင် အမြန်နှုန်းနဲ့ ကြယ်တွေကြွေပါမယ်။
တစ်နာရီကို ကြယ်အလုံး ၄၀ခန့်ကြွေပါမယ်.. ဒီ Quadrantids ကြယ်မိုးတွေက အမြီးရှည်ပါတယ်။
သူတို့ကြွေသွားရင် ကောင်းကင်မှာ ကြယ်ကြွေတန်းကြီးကျန်ခဲ့တတ်တဲ့ ကြယ်မိုးတွေဖြစ်ပါတယ်။

(ဆက်ဖတ်ရန်…)

January 1, 2012

နာရီစင်များ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 3:39 am

နာရီစင်များကို ကျမ ချစ်သည်။

အထူးသဖြင့် ညနေ နေ၀င်ရီတရော ငှက်တွေအိပ်တန်းတက်ချိန်များမှာ ပြာလွင့်ရီလဲ့သည့် ကောင်းကင်ယံကို နောက်ခံထားပြီး တိတ်တဆိတ်ငိုက်မြည်းနေတတ်သည့် နာရီစင်ကြီးများသည် ကျမ၏ စိတ်အစဉ်ကို ဆွတ်ပျံ့လွမ်းမောစေတတ်သည်။ နာရီစင်များသည် ကျမကို အတိတ်ထဲမှာ အိပ်မောကျနေလောက်ပြီဖြစ်သော အစိုးရရုံးစိုက်ရာ မြို့ကလေးများ၊ ငယ်စဉ်ကလေးဘ၀များ၊ စိုးရိမ်ပူပန်မှုမဲ့သော အနာဂတ်များ နှင့် တစ်နည်းတစ်ဖုံ ပေါင်းကူးပေးနေတတ်ပေသည်။
ညင်သာသိမ်မွေ့သော ခေါင်းလောင်းသံတွေ ချိုမြိန်နေတတ်သည့် ဘုရားကျောင်းတစ်ကျောင်းကျောင်းဖြင့် လည်ကောင်း၊ လူသူဆူညံနေသော ဈေးကြီးများနှင့်သော်လည်းကောင်း၊ ခမ်းနားကြီးကျယ်လှသော အစိုးရရုံးကြီးများနှင့်သော်လည်းကောင်း တဆက်တည်းဖြစ်နေတတ်သော နာရီစင်ကြီးများသည် ရံဖန်ရံခါ မြို့လည်ခေါင်တွင် ထီးထီးကြီး အထီးကျန်စွာလည်း ရှိနေတတ်သေးသည်။

(ဆက်ဖတ်ရန်…)

December 19, 2011

လွန်ခဲ့သော…

Filed under: Vancouver, Canada, ပန်းချီ, ဓာတ်ပုံ, ခွန်းဆက် — အိမ့်ချမ်းမြေ့ @ 1:04 am

တစ်နှစ်ပြီးတစ်နှစ်က အကုန်မြန်လွန်းပါတယ်…
မလေးကို ချစ်သော၊ မလေးကို မချစ်သော၊ မလေးကို ဘယ်လိုမှ မနေသော….
မလေးချစ်ခင်ရသော… မလေး သိသော — မသိသော.. စာဖတ်သူ မောင်နှမများအတွက်..
ကုန်လွန်ခဲ့တဲ့ နှစ်ထဲမှာ အကြိုက်ဆုံးပုံလေး အချို့ကို ဝေမျှလိုပါတယ်….

♫ ♥●••·˙ခုံတန်းလေးတွေထဲမှာ ˙·••●♥♫

(ဆက်ဖတ်ရန်…)

December 16, 2011

ကွန်ထရာဒစ်ရှင်းများ

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 12:41 am

 candleholder2.jpg

ခွေးဟောင်သံ၊ နှင်းကျသံ
နာရီနှိုးစက်မြည်သံ၊
ရေကျသံ၊ ဆပ်ပြာတုံးပြုတ်ကျသံ၊
ဆံပင်အခြောက်ခံစက်မြည်သံ၊
ဆံပင်မီးပူတိုက်စက်က ရေနွေးငွေ့လွင့်ပျံ့သံ။

ကော်ဖီစက်ပိတ်သံ၊ ရေနွေးငှဲ့သံ၊ ဇွန်းသံ၊
ဒေါက်ဖိနပ်သံ၊ တံခါးအဖွင့်အပိတ်သံ။
ရေခဲပြင်ပေါ်က ဒေါက်ဖိနပ်သံ၊ ကားတံခါးဖွင့်သံ၊
စက်နှိုးသံ၊ သော့တွဲနဲ့ ဒူး ထိသံ။

(ဆက်ဖတ်ရန်…)

December 12, 2011

ဆောင်းရာသီတွင် သတိပြုစရာများ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 10:37 pm

brass-floor-registers.jpg

အခုနောက်ပိုင်းတွေမှာ ကျမတို့ မြန်မာတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာထွက်သင်ကြတယ်၊ အလုပ်ထွက်လုပ်ကြတယ်၊ ရေတို/ရေရှည် တိုင်းပြည်အပြင်မှာ အကြောင်းအမျိုးမျိုးနဲ့ နေကြတဲ့အခါမှာ အအေးပိုင်းတိုင်းပြည်တွေကို ရောက်လာကြသူတွေလည်း ရှိပါတယ်။ ဒီစာစုလေးဟာ အအေးပိုင်းပြည်တွေမှာ အနေကြာလာတဲ့ သူတွေကို မရည်ရွယ်ပါဘူး။ မကြာသေးခင်ကမှ ရောက်လာသူတွေအတွက် ရည်ရွယ်ပါတယ်။

(ဆက်ဖတ်ရန်…)

December 3, 2011

ချုပ်ရိုးကြောင်းနားက သူ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 2:55 am

နေမင်းကြီးက ပင်လယ်ပြင်ထဲကို ငုပ်လျှိုးပျောက်ကွယ်သွားပြီ။

ကျန်ရှိနေတဲ့ အလင်းဖျော့ဖျော့ကလေးက တလွန့်လွန့်တလူးလူးနဲ့ …ကမ်းပါးပြတ်တစ်ခုပေါ်မှာ သောင်တင်နေတယ်…။

အမှောင်ထုမှာလည်း အလင်းဆိုတာ ရှိတာကို သိနေတဲ့ ညငှက်ကလေးက ကျူကိုင်းရိုးအောက်မှာ ပုန်းခိုရင်း သူ့အတွေးနဲ့သူ ခပ်တိုးတိုးလေး ပြုံးနေတယ်။

တစ်ယောက်တည်း အတွေးလေးနဲ့ ဘာသာပြုံးနေတဲ့ ညငှက်ကလေးကို ပေါက်ထွက်မတတ် ဗိုက်ကားအောင်စားထားတဲ့ ဖားပြုပ်ကြီးက ခပ်လှမ်းလှမ်းကနေ ပြူး ကြည့်နေတယ်။

သောင်ပြင်ပေါ်က သင်းကွဲငှက်တစ်ကောင်ကတော့ ပြာမှုန်နေတဲ့ ကောင်းကင်နဲ့ပင်လယ် ချုပ်ရိုးကြောင်းကို ငေးရင်း ရင်ကွဲမတတ် တစာစာအော်နေတယ်။

ပင်လယ်ထဲက စက်လှေလေးတစ်စင်းက ခိုးခိုးပြီး အိပ်ငိုက်နေတယ်…။ စက်လှေပေါ်မှာ ငါးရှာစားတဲ့ မိသားစုကလေးက ဂျပ်စောင်လေး တစ်ထည်ကို ဝေမျှပြီး ခြုံထားကြတယ်။

အဖာတရာစောင်အောက်မှာ မိသားစု ပူးကပ်အိပ်ရင်း ကောင်းကင်ကြယ်တွေကို ကြည့်နေရတာ သူတို့အတွက်ကတော့ နှောင်ကြိုးတစ်ထောင် နိဗ္ဗာန် အဆောင်ပေါ့ကွယ်..။
ပင်လယ်လှိုင်းလေးတွေက သူတို့လှေကလေးကို လှုပ်လီလှုပ်လဲ့ ရေမွေ့ရာကြီးဖြစ်သွားအောင် တအိအိနဲ့ ကျီစယ်နေတယ်။ ဒါကိုအဖာတစ်ရာဂျပ်စောင်အောက်က ကလေးလေးတွေက အလွန်အမင်းကြီးကို ကြည်နူးနေကြတယ်။

ခပ်ဝေးဝေးက ဥသြဆွဲသံကြောင့် ကမ်းစပ်မှာ ကပ်ဆောက်ထားတဲ့ ရထားသံလမ်းပေါ်မှာ ရထားတစ်စင်းဖြတ်သွားတော့မယ် ဆိုတာကို ကိုင်းပင်တွေက အသိမှတ်ပြုလိုက်တယ်။

ဟော….
သူလာပြီ…။

(ဆက်ဖတ်ရန်…)

November 30, 2011

လငပုတ်ဖမ်းခြင်း (ဒီဇင်ဘာ ၁၀ရက်)

Filed under: နက္ခတ်တ္တဗေဒ, my notes, ဓာတ်ပုံ — အိမ့်ချမ်းမြေ့ @ 11:53 pm

လာမယ့် ဒီဇင်ဘာ ၁၀ရက် စနေနေ့၊ ၂၀၁၁ မှာ လငပုတ်ဖမ်းပါမယ်။ မြန်မာပြည်ကနေ ည ဂနာရီခွဲမှာစပြီး ကောင်းကောင်းမြင်ရပါမယ်။

လကြတ်ခြင်း/လငပုတ်ဖမ်းခြင်း ဆိုတာ အားလုံးသိတဲ့အတိုင်း ကမ္ဘာဟာ နေနဲ့လကြားထဲရောက်သွားချိန်မှာ ကမ္ဘာရဲ့အရိပ်က လပေါ်ကျလို့ ကမ္ဘာ့အရိပ်လေး လပေါ်ထင်တဲ့ အချိန်လေးပါပဲ။
ဒီ ၂၀၁၁ မှာ လ ၂ခါကြတ်ပါတယ်။ ပထမတစ်ခါက ဇွန်လ ၁၅ရက် မှာဖြစ်ပြီး လကြတ်ချိန်မိနစ် ၁၀၀ တောင် ကြာခဲ့ပါတယ်။

လမင်းကြီးဟာ သိကြတဲ့အတိုင်း ကိုယ်ပိုင်အလင်းမရှိတဲ့ အေးစက်စက်ကျောက်ဆိုင်ခဲကြီးပါ။ အဲဒီကျောက်ဆိုင်ခဲကြီးဟာ ကမ္ဘာကို ပတ်နေတာ ၂၉ရက်ခွဲကြာရင် တစ်ပတ်ပြည့်ပါတယ်။
ကလေးဘ၀ထဲက အဖေ့ရင်ခွင်ထဲကနေပြီး ကောင်းကင်က လုံးလုံးဝိုင်းဝိုင်း ဖိုးလမင်းကြီးဟာ ဘယ်ကရောက်လာလည်းလို့ မလေးလို တွေးမိသူတွေအများကြီး ရှိမှာပါ။ လူကြီးဘ၀ရောက်လာတော့ ကိုယ်ထက်သိတဲ့ လူကြီးတွေထံက လမင်းကြီး ဘယ်လိုဖြစ်လာလည်းဆိုတဲ့ သီအိုရီတွေကို တွေ့လာရပါတယ်။ အောက်မှာ ဝေမျှပါမယ်နော်..။

(ဆက်ဖတ်ရန်…)

November 18, 2011

အသက်ကြီးကြီး ရုပ်ဆိုးဆိုး

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 1:02 am

ဟိုတစ်နေ့က အင်တာနက်ပေါ်မှာ စာရေးဆရာတစ်ယောက်ရဲ့ စာတစ်ပုဒ်ကို ဖတ်မိလိုက်တယ်။ ဖတ်နေစဉ်မှာကော ဖတ်ပြီးတဲ့ အခါမှာပါ မေးခွန်းတွေ အမျိုးမျိုးနဲ့ ကိုယ့်ကိုကိုယ် ခြုံလွှမ်းလိုက်မိတယ်။

အဲဒီဝတ္ထုထဲမှာ အပျိုကြီးတွေ နဲ့ အိမ်ထောင်သက်ရင့်တဲ့ အမျိုးသမီးကြီးတွေကို လှောင်ပြောင်သရော်ထားတာကို တွေ့ရတယ်။ မိန်းမတွေကို ကားအို-ကားဟောင်းတွေနဲ့ နှိုင်းယှဉ်ထားတယ်။ မိန်းမတွေ အသက်ကြီးရင့်လာတဲ့အခါမှာ၊ အလှပျက်တဲ့အခါမှာ၊ ဗိုက်ကြီးတွေ ပူလာတဲ့ အခါမှာ၊ ကားအိုကားဟောင်းတွေကို ဖျက်သိမ်းဖို့ အစိုးရဆီတင်သွင်းပြီး ကားသစ်တွေ သွင်းသလို အဲဒီမိန်းမအိုအိုကြီးတွေကို အသက်၂၅ထက် မကျော်တဲ့ မော်ဒယ်မလေးတွေနဲ့ လဲလှယ်လို့ ရမယ်ဆိုရင် ကောင်းမယ်လို့ အခြားစာရေးဆရာကြီးတစ်ယောက်က ကာရာအိုကေဘားကနေ ဖုန်းဆက်ပြီး ခပ်ထွေထွေလေး ပြောတယ်ဆိုတာကိုလည်း ဖတ်လိုက်ရပါတယ်။

အဲဒီနေမှာ…. ဒီစာရေးဆရာကြီးရဲ့ စာအုပ်တွေကို အမြတ်တနိုးဝယ်သိမ်းပြီး စာအုပ်စင်မှာ တင်ထားဖူးသူအနေနဲ့ သူ့ကို ကာရာအိုကေဘားမှာ အချိန်သုံးနေလိမ့်မယ်လို့ မထင်ထားခဲ့မိတာဟာ ကိုယ့်ရဲ့ လိုအပ်ချက်တစ်ခုလားလို့ ပထမဆုံး ကိုယ့်ကိုကိုယ် မေးလိုက်မိတော့တာပါပဲ။

(ဆက်ဖတ်ရန်…)

November 13, 2011

leonids ကြယ်ကြွေရက် (နိုဝင်ဘာ ၁ရ -၁ဂ)

Filed under: နက္ခတ်တ္တဗေဒ, my notes — အိမ့်ချမ်းမြေ့ @ 1:36 am


See Explanation.  Clicking on the picture will download   the highest resolution version available.

လာမယ့် နိုဝင်ဘာ ၁ရ - ၁ဂ ရက်တွေမှာ Lenoids ကြယ်မိုးရွာတဲ့ နေ့ (ကြယ်တွေကြွေမယ့်နေ့) ဖြစ်ပါတယ်။

တစ်နာရီမှာ ကြယ်ပေါင်း ၄၀ထိ ကြွေမှာဖြစ်ပါတယ်။

ဒီကြယ်ကြွေခြင်းဟာ Temple Tuttle ဆိုတဲ့ ကြယ်တံခွန်ကြောင့်ဖြစ်ပါတယ်။

အဲဒီကြယ်တံခွန်ဟာ နေနားကို ၃၃နှစ်မှာ တစ်ကြိမ်ကပ်လာတတ်တယ်။

ပြီးတော့ သူ.. အမှုန်အမွှားတွေချန်ခဲ့တဲ့ လမ်းကြောင်းထဲကို ကမ္ဘာက တစ်နှစ်တစ်ခါ ဖြတ်သွားတတ်တယ်။

အထူးသဖြင့် နိုဝင်လာလလောက်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ.. ကြယ်တွေအစုလိုက်အပြုံလိုက်ကြွေတာကို မြင်ရတော့တာပါပဲ။

1998 Leonid Fireball
Credit & Copyright: Lorenzo Lovato

(ဆက်ဖတ်ရန်…)

November 6, 2011

ခရမ်းရင့်ရောင် တယောသံ

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 10:54 pm

stage6.jpg

သူထိုင်ပြီး တယောထိုးရန် ကတ္တီပါခုံမြင့်ကို….

စင်၏အလယ်မှာ ထည်ဝါစွာ လှမ်းမြင်နေရသည်။

သူ၏ကိုယ်ပေါ်မှာ တောက်ပြောင်သော အ၀တ်အစားတွေ နှင့် ရှုးဖိနပ်ထိပ်သည် …..

ကဇတ်ရုံခေါင်မိုးက ရောင်စုံမီးရောင်တွေကို အရောင်ဟပ်ပေးနေသယောင်။

ကတ္တီပါကန့်လန့်ကာ အနီကြီးက အပေါ်ကို ပင့်မရန် အားယူနေပြီ။

သူ .. မမြင်ဖူးခဲ့သော ပရိသတ်ကြီးကို သူမြင်ရတော့မည်။ သူ၏ ခရမ်းရင့်ရောင်တယောသံတွေကြားမှာ မိန်းမူးခဲ့သော၊ ကျေနပ်ခဲ့သော၊ ချီးကျူးခဲ့သော၊ ပရိသတ်ကြီးကို သူ တွေ့ရတော့မည်။

ခရမ်းရင့်ရောင် တယော ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်တွယ်ပြီး ….

ကတ္တီပါကန့်လန့်ကာအနီကြီးကို ဖြတ်ကာ မီးရောင်တွေ အောက်ကို သူထွက်ခဲ့သည်။

(ဆက်ဖတ်ရန်…)

October 31, 2011

အလွမ်းကဝေ

Filed under: တစ်မျက်နှာဝတ္ထု, ♥●••.. မောင်….••●♥ — အိမ့်ချမ်းမြေ့ @ 11:45 pm

 novel.jpg

စမ်းချောင်းလေးက တိတ်ဆိတ်ငြင်သာစွာ စီးဆင်းလို့နေသည်။ ပတ်ဝန်းကျင်မှာ ငှက်ကလေးတွေရဲ့ အော်မြည်သံကလွဲလို့ အရာအားလုံးက ငြင်သာသိမ်မွေ့နေသည်။ စမ်းချောင်းလေးထဲမှာ ကျောက်တုံးတွေကို ရေစီးပွတ်တိုက်သံ၊ သစ်ရွက်မျောပါသွားသံ.. ကုန်ကုန်ပြောရရင် ပေါလောမျောပါလာတဲ့ ပူစီပေါင်းကလေးတွေ ဖောက် ကနဲ ပေါက်သွားသံတောင် ကြားရတော့ မလောက် တိတ်ဆိတ်ငြိမ်သက်လို့။

စမ်းချောင်းလေးဘေးက လမ်းကလေးအတိုင်း သူမ လျှောက်လာခဲ့သည်။ ရွက်ကြွေတွေကို ဖြတ်နင်းလိုက်တိုင်း ရွက်ခြောက်ကြေမွသံတွေက သူမခြေထောက်အောက်မှ ခပ်တိုးတိုး တိုးထွက်လာနေသည်။ ခြေဖမိုးအနားထိ ၀ဲကျနေသည့် ဂါဝန်အနားစမှာ ရွက်ခြောက် အစအနတို့တောင် ကပ်ပါလာနေ၏။

သူမလက်ထဲမှာ လှပတဲ့ ပန်းစည်းကလေး တစ်စည်း။ ပန်းစည်းလေးထဲမှာ နှင်းဆီပန်းအ၀ါတွေလည်း ပါသည်၊ အမည်မသိ ပန်းဖြူဖြူတွေလည်း ပါသည်၊ ရိုးတံသွယ်သည့် အစိမ်းရောင်ပန်းတွေလည်း ပါသည်။ ပန်းစည်းကလေးကို သူမ ငုံ့ကြည့်လိုက်ရင်း ခပ်တိုးတိုးလေး ပြောလိုက်သည်။

(ဆက်ဖတ်ရန်…)

October 20, 2011

ဂလက်ဆီတို့ရဲ့ စစ်ပွဲ

Filed under: နက္ခတ်တ္တဗေဒ, စာစု — အိမ့်ချမ်းမြေ့ @ 7:10 pm

 

collide21.PNG

ဒီနှစ်တစ်နွေလုံး ကြယ်တွေ ငေးနေတာ ဆောင်းကူးရောက်တာတောင် အရှိန်က မသေသေးတော့ ဒါကိုပဲ ဆက်ရေးချင်နေပါတယ်။

သိပြီးတဲ့လူတွေ အနေနဲ့ကတော့ ဆန်းမှာ မဟုတ်၊ မသိချင်တဲ့ လူတွေအတွက်ကလည်း စိတ်ဝင်စားစရာ မဟုတ်နိုင်ပေမယ့် ကြယ်တွေကနေ ပြန်မလာချင်သေးဘူးဖြစ်နေပါတယ်။

မလေးမှာ… စိတ်ဝင်တစားနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း သိလာသမျှကို အာဘောင်အာရင်းသန်သန်နဲ့ အရှည်ကြီး သူ့ကို ပြောပြတတ်တယ်၊ တလျှောက်လုံးလည်း သူက စိတ်အရမ်းကိုဝင်စားနေတဲ့ပုံနဲ့ သေသေချာချာ နားထောင်တယ်။ နားထောင်နေရင်း ကော်ဖီကိုလည်း စိမ်ပြေနပြေ သောက်နေသေးတယ်၊ သူ့ကြည့်ရတာ မသိရင် တဆင့်ဝေမျှမှုတွေထဲမှာ လုံးဝ နစ်မြုပ်နေပုံမျိုး။ အစအဆုံးလည်း နားထောင်ပြီးတော့ သူက ……

“အဲဒီတော့… ဘာဖြစ်သတုန်း…” လို့ မေးပါလေရော….

ပြောရသူမှာ.. ရယ်ရမလို/ငိုရမလိုနဲ့ ကော်ဖီတောင် သီးပါတယ်။

သူက ဆက်ပြောပါတယ်…

“အခုနေ.. အဲဒီ နာဆာက သိပံ္ပပညာရှင်တစ်စုရယ်.. အိုရီသမားတစ်စုရယ်နဲ့ လူမရှိ၊ စားစရာမရှိတဲ့.. ကျွန်းတစ်ကျွန်းပေါ် သွားထားလိုက်ချင်တယ်၊ ဒါတွေ ငေးနိုင် ပြောနိုင် ဆွေးနွေးနိုင်ကြဦးမယ်လို့ ကိုယ်မထင်ဘူး…” တဲ့။

“ဒါဆို human knowledge ကို လစ်လျှူရှုထားကြမှာလား… ကဲ… ပြောပါဦး”

(ဆက်ဖတ်ရန်…)

October 16, 2011

ကြယ်တွေရဲ့အကြောင်း

Filed under: နက္ခတ်တ္တဗေဒ, my notes, ဓာတ်ပုံ — အိမ့်ချမ်းမြေ့ @ 1:40 am

ကြယ်တွေကို ကျမ ချစ်တယ်။

ကောင်းကင်ပြင်ကြီးကို မော့ကြည့်လို့ ကြယ်တွေ ဂြိုလ်တွေကို ငေးရတာဟာ အတ္တကင်းတဲ့ စိတ်အေးချမ်းမှု တစ်ခုပါ။ ဒီခံစားချက်ကို မျိုးစေ့ပျိုးပေးခဲ့တာကတော့ ကျမ မိဘတွေပါ။ ညနေစောင်းတွေ ညစာစားအပြီး အိပ်နောက်ဘက်က မန်ကျည်းပင်အောက်က ရေနွေးကြမ်းဝိုင်းက စခဲ့တာလို့ ဆိုလို့ရပါတယ်။ ကောင်းကင်ပေါ်က စိန်ပွင့်တွေဟာ မိသားစု စကားဝိုင်းထဲမှာ အမြဲပါခဲ့တယ်။

မြန်မာပြည်မှာတုန်းက ကြယ်တွေ အစုလိုက်အပြုံလိုက်ကြွေတာကို မကြုံခဲ့ဖူးပါဘူး။ သတင်းတွေမှာ ဖတ်ရတဲ့ နာဆာသတင်းတွေဟာလည်း ကိုယ်နဲ့ အလွန်ပဲ အလှမ်းကွာခဲ့ပါတယ်။ မကြာခဏဆိုသလို အာကသထဲမှာ ဂလက်ဆီအသစ်တွေ ရှာတွေ့ပြန်ပြီ၊ နေစင်္ကြာဝလာထဲမှာ ဂြိုလ်သစ်ထပ်တွေ့ပြန်ပြီ၊ black hole တွေ ဘယ်လိုဘယ်ပုံတွေ့ပြန်တယ်၊ ဘယ်ဂြိုလ်မှာ လ တွေထပ်တွေ့ပြန်ပြီဆိုတဲ့ သတင်းတွေက ခဏတာ စိတ်လှုပ်ရှားစရာဖြစ်စေပေမယ့် ရှာတွေ့တဲ့ သူတို့ဘ၀နဲ့ သတင်းပေးခံရသူ ကိုယ်တို့ဘ၀ဟာ ဘာမှ မဆိုင်သလို ခံစားရပါတယ်။

ကြယ်ဆိုတာလည်း တစ်ခါတစ်လေမှ ကြွေတယ်လို့ ထင်ခဲ့မိတယ်။ တစ်ကယ်တမ်းတော့ ကြယ်တွေဟာ အမြဲကိုကြွေနေတာပါ။ ကြယ်တံခွန်တွေဟာ တစ်စင်းမဟုတ်ရင်တစ်စင်း ကမ္ဘာနားမှာ အမြဲဖြတ်ပြန်တတ်ကြတာပါ၊ နှစ်တစ်နှစ်မှာ ကြယ်တွေ ပြုံလိုက် အနည်းဆုံး သုံးခါ ကြွေတတ်ပါတယ်။

ဒီကိုရောက်တော့လည်း ရောက်ရောက်ချင်းတစ်နှစ်မှာသာလျှင် မြက်ခင်းပြင်ပေါ် ပက်လက်လှန်ပြီး ကြယ်တွေအစုလိုက်ကြွေတာကို ငေးဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ဘ၀ရည်မှန်းချက်တွေနောက် လိုက်ရင်း… ဘ၀စာမျက်နှာတွေကို ခပ်မြန်မြန်လှန်နေရတာနဲ့ ကောင်းကင်ကြီးကို နာရီပေါင်းများစွာ မော့ငေးလို့ စိတ်ကူး မယဉ်ဖြစ်ခဲ့တော့ပါဘူး။

(ဆက်ဖတ်ရန်…)

October 7, 2011

ပန်းသီးငပိချက်

Filed under: ထမင်း၊ ဟင်းများ — အိမ့်ချမ်းမြေ့ @ 12:15 am

apple1.jpg

ရှေးဦးဘလောဂါတွေက မလေးအိမ့်ချမ်းမြေ့ကို ပန်းသီးငပိချက်ရယ်လို့ ချစ်စနိုးအမည်ပေးခဲ့ဖူးပါတယ်။

ဒါပေမယ့် မလေးအိမ့်ချမ်းမြေ့ရဲ့ ပန်းသီးပင်တွေနဲ့ ပန်းသီးတွေကိုသာ မြင်ဖူးကြပေမယ့် သူမရဲ့ပန်းသီးငပိချက်ကိုတော့ သူတို့ မမြင်ဖူးကြပါဘူး။
ဒီနေ့တော့ အမှတ်တယအနေနဲ့ အားလုံးစားရန် ပန်းသီးငပိချက်အား ဘလောဂ်ပေါ်အရောက် ခေါ်လာခဲ့ပါတော့တယ်။
အရင်ဆုံး ပန်းသီးတွေကို ရေဆေးပြီး လှီးပါတယ်..

(ဆက်ဖတ်ရန်…)

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် စာပေကျင့်ဝတ်ကို လေးစားသည့်အနေဖြင့် ဆိုက်အမည်နှင့် ကျမ၏အမည်ကို 'မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

ယောက် စာဖတ်နေပါတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

web site hit counter