ဒီနှစ်နွေရာသီဟာ အခြားနှစ်တွေနဲ့ မတူ အေးစိမ့်စိမ့်နဲ့ စိတ်အလိုမကျဖွယ် ကောင်းလွန်းလှသည်။
ဇူလိုင် ရ ရက်…..။
ကောင်းကင်မှာ တိမ်မျှင် တစ်စတစ်လေတောင် မရှိ.. ကြည်လင်လွန်းလှသည်။ အပူချိန်ကလည်း ၂၀ဒီဂရီနီးပါးအထိ တက်လာသည်မို့ ကျေးငှက်ကလေးတွေကလည်း မြူးတူးလာကြသလို.. ပန်းရနံ့တွေကလည်း မွှေးပျံ့လို့လာနေကြသည်…။


(ဆက်ဖတ်ရန်…)
တစ်ကယ်ဆို…အနက်ရောင်ကြယ်ပွင့်များနှင့်အတူ ငိုခြင်းချခြင်းလို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါတော့တယ်…။
သောင်္ကြာနေ့က ဂါနာနဲ့ ဥရုဂွေးတို့ ၁-၁နဲ့ သရေကျနေတုန်း…… ဥရုဂွေးရဲ့ Luis Suarez ဟာ ပွဲမပြီးခင် မိနစ်ပိုင်းလေးအလိုမှာ ဂါနာကန်သွင်းလိုက်တဲ့ ဘောလုံးကို ဂိုးတိုင်ရှေ့တည့်တည့်ကနေ လက်နဲ့ ပုတ်ထုတ်လိုက်တယ်။ ပြီးတော့ မသိမသာ ခေါင်းနဲ့ပုတ်ထုတ်သလို ဟန်ဆောင်လိုက်သေးတယ်။

Luis Suarez အနီကပ်ရပြီးထွက်သွားရတယ်။ ဒိုင်လူကြီးက ဂါနာကို ပယ်နယ်တီအခွင့်အရေး ပေးပေမယ့် ဂိုးတိုင်ကိုထိပြီး ဂါနာတွေ ဂိုးမ၀င်ခဲ့ပါဘူး။ဒိုင်လူကြီးမှာ ဂိုး ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလည်း။ ဂါနာတွေရဲ့ ကန်ချက်ဟာ ဘယ်လောက်ပြင်းသလည်း လူတိုင်းမြင်ပါတယ်။ ညစ်တီးညစ်ပတ်နဲ့ ဥရုဂွေးဟာ ကိုးရီးယားကိုလည်း ရှုံးခါနီးကို ဖြစ်ခဲ့ပါသေးတယ်။ အခုလည်း Luis Suarez က လက်နဲ့ကာပြီး စည်းမျဉ်းချိုးဖောက်ပေမယ့်လည်း အင်္ဂါနေ့မှာကစားမယ့် ဟော်လန်နဲ့ပွဲမှာပဲ ကစားခွင့် ပိတ်ခံရတယ်။ တစ်ကယ်လို့ ဖိုင်နယ်ထိတက်မယ်ဆို ဇူလိုင်၁၁ကစားပွဲမှာ ပါဝင်ကစားခွင့်ရှိဦးမယ်လို့ ဆိုနေကြပါတယ်။
ကံဆိုးတဲ့ ဂါနာတွေကတော့ penalty shoot-out မှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တော့တာပါပဲ။ ကစားကွင်းမြက်ခင်းပြင်တွေပေါ်မှာ ချုံးပွဲချငိုတဲ့ ဂါနာတွေအတွက် အလွန်ကို ရင်နာပါတယ်။ အာရှပြီးရင် အာဖရိကကို အားပေးပါတယ်။ တစ်ခါလာလည်း ဥရောပနှင့် တောင်အမေရိကချည်းပဲဆိုတော့… underdogs တွေကို အားပေးနေသူ အိမ့်ချမ်းမြေ့လည်း အခုထိ တစ်ပွဲမှကို မနိုင်သေးပါဘူး။
တစ်ကယ်ကတော့ ဂါနာတွေ အနိုင်ရတာပါ။ သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ်။ (သမိုင်းနှင့်ကို ကိုင်ပေါက်ပါပြီ :P)

*************
ဒီနေ့တော့ ဂျာမဏီက အာဂျင်တီးနားကို ၄-၀ နဲ့ကို အနိုင်ရသွားပါတယ်။ အစကတည်းကလည်း ထင်ပါတယ်။ ဂျာမဏီတွေက အပြေးကလည်းသန်သလား မမေးနှင့် ဆိုတော့ အာဂျင်တီးနားအနေနှင့်နိုင်ရန် မလွယ်ပါဘူး။ စိတ်တန်ခိုးရှိသော ရေဘ၀ဲလေးထက်ကို အိမ့်ချမ်းမြေ့ မှန်ပါတယ်(ဒီတစ်ခါပါပဲ :D)။ အင်္ဂလန်မှာမွေးတဲ့ ဂျာမဏီငါးပြတိုက်ထဲက ရေဘ၀ဲလေးက ဂျာမနီ အနေနဲ့ အာဂျင်တီနားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အချိန်ပိုနှင့် ပင်နယ်တီ ကန်သွင်းမှု အဆင့်ရောက်မှ အနိုင်ရမည် လို့ ဆိုခဲ့ပေမယ့် ပွဲစပြီး သုံးမိနစ်အတွင်းကို ဂျာမဏီက တစ်ဂိုးကန်သွင်းခဲ့ပါတယ်…။ Miroslav Klose ကချည်းကို ၂ဂိုးသွင်းပါတယ်။ အပြောကြီးခဲ့သော မာရာဒိုနာတော့ ဘယ်လိုနေမည် မသိပါ။
ဒီနှစ်ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာတော့ ခုချိန်တွင်းမှာ ကြည့်လို့အကောင်းဆုံးပွဲက တနင်္ဂနွေနေ့ကပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ဂျာမန်ပွဲ ပါပဲ။ ဂျာမန်အသင်းဘက်က Miroslav Klose နဲ့ Lukas Podoloski တို့က ပထမ မိနစ်၂၀နဲ့ ၃၂မိနစ်တွေမှာ ဂိုးသွင်းထားပြီး ဦးဆောင်နေခဲ့တယ်။ နောက်တော့ အင်္ဂလန်အသင်းရဲ့ Frank Lampard ကန်လိုက်တဲ့ဘောလုံးဟာ ဂိုးတိုင်ကိုထိပြီး စည်းကျော်ပြီး ကျသွားတယ်။ ဂိုးသွားတယ်.. ပြီးတော့ ပြန်ကန်ထွက်လာတာတယ်။ ဂိုးစည်းကိုကျော်ပြီး ဂိုးသွားတာကို ဒိုင်လူကြီးက ဂိုးမပေးလိုက်ဘူး။ ဗွီဒီယိုတွေ ခဏကလေး ပြန်ကြည့်လိုက်လို့ ဘယ်လောက်ကြာသွားမလည်း။

၁၉၆၆ခုနှစ်က ကံကြမ္မာက တစ်ပတ်ပြန်လည်တာပဲထင်ပါတယ်။ အဲဒီတုန်းကတော့ အင်္ဂလန်သွင်းလိုက်တဲ့ ဂိုးဟာ ဂိုးတိုင်ကိုထိပြီး တည့်တည့်ကြီး ၉၀ဒီဂရီစိုက်ဆင်း၊ ဂိုးလိုင်းကိုထိထွက်သွားတယ်။ ဂိုးလိုင်းကို ကျော်မှ ဂိုးတယ်ဆိုတဲ့ စည်းကမ်းရှိရဲ့နဲ့ ဂိုးလိုင်းနဲ့ ၆စင်တီမီတာဝေးတဲ့ ဂိုးကို ရလိုက်တဲ့ အင်္ဂလန်ဟာ ဂျာမန်ကိုအနိုင်ရ ဗိုလ်စွဲခဲ့တယ်။

အခု ၂၀၁၀မှာ တစ်ကယ်ဂိုးတာကျတော့ ဂိုး မရခဲ့ပါဘူး။
ဒီပွဲမှာ ဂိုးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဂျာမန်အသင်းကို အင်္ဂလန်အသင်းက နိုင်ဖို့မလွယ်ပေမယ့် ဂိုးရရဲ့သားနဲ့ မရလိုက်တော့ အင်္ဂလိပ်တွေ စိတ်ဓာတ်တော့ ကျသွားခဲ့မှာပဲ။
FIFA က goal-line technology တွေကိုလည်း ခေါင်းမာစွာ ငြင်းပယ်ထားဆဲပဲတဲ့။ ဘောလုံးထဲမှာ chip လေးထည့်ထားပြီး ဂိုးစည်းကိုကျော်တာနဲ့ ဒိုင်တွေကိုအချက်ပေးမယ့် technology ကိုကော Hawk-Eye ကိုပါ မလိုချင်တဲ့အပြင်.. ဒိုင်နှစ်ယောက်အပို ထပ်ထည့်ချင်တယ်ဆိုပြီး ငြင်းနေကြတဲ့သူတွေကလည်း ရှိပါသေးတယ်။ အချို့နိုင်ငံတွေရဲ့ ဘောလုံးကွင်းတွေမှာ ဗွီဒီယိုတွေ တပ်ချင်တိုင်းလည်းတပ်နိုင်လောက်တဲ့ infrastructure မရှိဘူးဆိုပြီးလည်း ပြောကြပြန်ပါသေးတယ်။ အခုတော့ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ အကုန်ထွက်သွားရပါပြီ။ သူတို့ထွက်သွားလို့ ၀မ်းမနည်းတာတော့ အမှန်ပါပဲ။
ဒီနှစ်ကတော့ ဒီပုံတိုင်းဆို ဂျာမန်အသင်း ဗိုလ်စွဲမယ်လို့ ထင်မိတာပါပဲ။
ကမ္ဘာ့ထိပ်သီးများရဲ့ g8-g20 ဆွေးနွေးပွဲအတွက် လုံခြုံရေးအတွက်တစ်ခုထဲကို ယူအက်စ်ငွေသန်းပေါင်း ၉၇၀ သုံးပစ်လိုက်သော ကနေဒီယန်အစိုးရကို မကျေနပ်တဲ့ တိုရန်တိုမြို့သားတွေ…..
(ဆက်ဖတ်ရန်…)
မလေးရှားနိုင်ငံမှထုတ်ဝေသော မြန်မာဂျာနယ်ဖြစ်ပါတယ်ရှင်..
ဇွန်လမှ စတင်ထုတ်ဝေပါတယ်..
ဝေမျှခွင့်ပေးသော စီစဉ်သူများကို ကျေးဇူးတင်ပါတယ်ရှင်း))
ပွဲစဉ်တွေ မစခင်တုန်းက ကျန်းမာရေးပညာရှင်တွေက ပွဲကွင်းထဲမှာ ကျယ်လောင်စွာ မှုတ်ကြမှာမို့ နားတွေကန်းနိုင်ကြောင်း ကြိုတင်အသိပေးထားကြပါသေးတယ်။ ပထမတော့ ရှားရှားပါးပါး တောင်အာဖရိကရဲ့ ကျွဲတို့ ဂျီတို့ အခြားသောအကောင်တွေရဲ့ ဦးချိုတွေကို မှုတ်နေတာလို့ ထင်လို့ သည်းညည်းခံနေခဲ့ပါတယ်။ စိတ်ကူးမိတာ သူတို့မိဘဘိုးဘွားတွေရဲ့အမွေဖြစ်သော၊ သူတို့မိဘဘိုးဘွားတွေ တောထဲမှာ အမဲလိုက်ရလာသော ဦးချိုတွေကို တမြတ်တနိုးလက်ဆင့်ကမ်းသယ်လာပြီး ခုလို အထင်ကရပွဲမှာ မှုတ်ကြတာထင်လို့ တော်တော်လေးကို သည်းညည်းခံခဲ့ပါတယ်။ အခုတော့ rand 20 ($2.50) လောက်သာတန်သော vuvuzelas လို့ခေါ်တဲ့ ၃ပေနဲ့၃လက်မတောင်ရှည်သော… ပလတ်စတတ်နှဲတွေကို ကျယ်လောင်စွာမှုတ်နေကြလို့ ကွင်းထဲကလူတွေတော့ ဘယ်လိုနေမယ်မသိ.. တီဗွီနဲ့ကြည့်တဲ့သူတွေတောင် ဘောလုံးပွဲကြည့်ရတာ တော်တော်ကလေး ကသိကအောင့် ဖြစ်ရပါတယ်။ ပျားတွေအကောင်ပေါင်း ဘီလျှံချီပြီးပျံဝဲနေသလားထင်ရတာပါပဲ။
ဒီလိုနှဲသံတွေဖုံးမနေဘဲ လူတွေရဲ့ အော်ဟစ်အားပေးသံတွေ.. ဂိုးမ၀င်ဘဲ လွဲသွားလို့ စိတ်ပျက်အားလျော့သံတွေ.. စတဲ့ အသံတွေနဲ့ ပွဲစဉ်တွေက ပိုမိုစိတ်လှုပ်ရှားစရာကောင်းမှာဖြစ်ပေမယ့် တောင်အာဖရိကရဲ့ပွဲဆိုတော့ သူတို့ရိုးရာဖြစ်တဲ့ အဲဒီနှဲတွေကို မှုတ်မှာပဲလို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဘယ်မှာပဲ ကျင်းပကျင်းပ ဒီလိုကမ္ဘာ့ဖလားဆိုတာ qualify ဖြစ်တဲ့ အသင်း ၃၂သင်းရဲ့နောက်က တိုင်းပြည်တွေသာမက qualify မဖြစ်တဲ့အသင်းတွေရဲ့နောက်ကတိုင်းပြည်တွေ၊ ကမ္ဘာ့ဖလားအနားတောင်မကပ်နိုင်ကြတဲ့ တိုင်းပြည်တွေကပါအကုန်ပါဝင်ဆင်နွှဲနေကြတော့ နောက်ပိုင်းပွဲတွေမှာ နှဲတွေ မမှုတ်ကြဖို့ ဆိုင်ရာတွေက တစ်ခုခုစီစဉ်သင့်တယ်…
တစ်ယောက်ကဆိုပြောထားတယ်… အင်္ဂလန်အသင်းကိုအားပေးတဲ့ အင်္ဂလိပ်တွေရဲ့ အားပေးတဲ့ slogan ကဗျာတွေ သီချင်းတွေဟာ စကားလုံးတွေပြောင်မြောက်လွန်းတဲ့အတွက်.. အခြားလူမျိုးတွေကို စော်ကားသလိုတောင် တစ်ခါတစ်ရံဖြစ်တတ်သော်လည်း အဲလိုသီချင်းဆိုသံတွေ.. ကဗျာရွတ်သံတွေကိုကတောင် နှဲမှုတ်သံကြီးတွေထက် ပိုသာယာဦးမယ်လို့ ဆိုပါတယ်။ ပြင်သစ်အသင်းကပ္ပတိန်ဖြစ်တဲ့ Patrice Evra က သူတို့အသင်း Uruguay နဲ့ သရေကျတာ မနက်မိုးလင်းကနေမိုးချုပ် မြည်သံစုံထွက်နေတဲ့ အဲဒီနှဲမှုတ်သံတွေရဲ့ နှိပ်စက်မှုကြောင့် ညညအိပ်မရတဲ့ ဒဏ်တွေကြောင့်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားရဲ့ ကြီးကြပ်သူ chief ဖြစ်တဲ့ Danny Jordaan ကတော့ နိုင်ငံတော်သီချင်းတွေဆိုနေချိန်နဲ့ ကြော်ငြာနေချိန်တွေမှာ နှဲမှုတ်သံတွေကို ရပ်ဆိုင်းထားဖို့ ပြောထားသော်လည်း အခြားအချိန်တွေမှာတော့ ဘာမှမပြောထားဘူးလို့ သိရပါတယ်။ ဒီနှဲမှုတ်သံတွေကို တားမြစ်ဖို့ လိုအပ်မှုရှိ..မရှိဆိုတာကိုတော့ စဉ်းစားနေကြဆဲပဲလို့ ဆိုပါတယ်။
နောက်ဆုံးပွဲတွေမှာ နှဲတွေမှုတ်ခွင့် ပိတ်ထားလို့ရပါစေလို့ ဆုတောင်းရမလိုဖြစ်နေပါပြီ။ ဒါမှမဟုတ်လည်း နှဲမှုတ်သံတွေနဲ့ ယဉ်ပါးသွားပြီး အကျင့်တွေပါပြီး ကမ္ဘာ့ဖလားပွဲလည်းပြီးရော.. အိမ့်ချမ်းမြေ့တစ်ယောက်တော့ နှဲသံလေးမကြားရရင် အိပ်မပျော် ဖြစ်မလားတော့ မသိတော့ပါဘူးရှင်။

သောင်္ကြာနေ့မှာ စတော့မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် တောင်အာဖရိကနိုင်ငံရဲ့ ရိုးရာနတ်ဆရာတွေဟာ ပွဲစဉ်တွေကျင်းပမယ့် Johannesburg မြို့ရဲ့ လူပေါင်းကိုးသောင်းငါးထောင်ခန့်ဆန့်တဲ့ Soccer City အားကစားရုံကြီးရှေ့မှာ နွားတစ်ကောင်ကိုသတ်ပြီး ယစ်ပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ဒီလိုလုပ်တာဟာ လေထုကိုသန့်စင်တာ (အပ..ပျောက်အောင်) ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ဒီဘောလုံးပွဲကာလအတွင်း ဘာသာစကားတွေအများကြီးပြောကြဆိုကြမှဖြစ်တဲ့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့ ၀ိညာဉ်တွေကြောက်လန့်မှု မရှိစေအောင်လို့လည်း ဆိုပါတယ်။ ဒီလိုယဇ်ပူဇော်တဲ့ပွဲမှာ အားကစားရုံနားမှာ အမွှေးတိုင်တွေနဲ့ အခြားသောဆေးဝါးတိုင်တွေထွန်းညှိပြီးနောက် နွားတစ်ကောင်ကိုသတ်လိုက်တာဖြစ်ပါတယ်တဲ့။ နွားဟာ ခွန်အားသတ္တိကို ကိုယ်စားပြုပြီး၊ ဘာသာစကားမျိုးစုံလူတွေပြောကြတာကို ၀ိညာဉ်တို့ နာနာဘာဝတို့ ကြောက်လန့်သွားခြင်းမှ ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်လို့ သိရပါတယ်။
(ဆက်ဖတ်ရန်…)

ရှည်လျားလွန်းတဲ့ နွေရာသီကုန်ခမ်းလို့ မိုးရာသီရောက်နေပြီလို့ ဆိုကြတဲ့တိုင် မိုးရိပ်မိုးငွေ့လေးတွေကို ခပ်ရေးရေးတောင် မမြင်ရသေး။ ရွာအပြင်က လယ်ကွင်းက မြေပက်ကြားအက်တွေကတော့ ဖြတ်လျှောက်သွားမယ့်သူတွေကိုတောင် အနားသတ်ကြမ်းကြမ်းကြီးတွေနဲ့ ဖမ်းဆုပ်ဝါးမြိုတောင်မယောင်။ ရွာထိပ်က သစ်ပင်ကြီးကလည်း အကိုင်းတွေထိုးထိုးထောင်ထောင်နဲ့ တစ်နှစ်ပြီးတစ်နှစ် သက်ဆိုးရှည်နေလိုက်သေးတယ်။ ရွာပြင်က စိုက်ခင်းတွေဟာလည်း နေပူပူအောက်မှာ ထိုးထိုးထောင်ထောင်နဲ့ ထိလိုက်ရင်အမှုန့်ဖြစ်သွားမတတ်ကြွပ်ရွနေပြီ။ ရွာနောက်က ချောင်းမြေပြင်ဟာ သဲတထောင်းထောင်းထနေတဲ့ သဲချောင်းကြီးကိုဖြစ်လို့။ အဲဒီသဲချောင်းတလျှောက် ချုံပုတ်ကြားထဲက ထွက်လာတတ်တဲ့ ဖွတ်ကြီးတွေကို အမြီးဆွဲပြီး စကြတဲ့ ကျနော်တို့ ကလေးအုပ်စုကို လူကြီးတွေက အော်ဟစ်ဆူပူလေ့ရှိတယ်။
“နင်တို့အဲသလို ဖွတ်အမြီးကိုဆွဲ.. မိုးပိုခေါင်လိမ့်မယ်”
ဖွတ်အမြီးကိုဆွဲတာနဲ့ မိုးခေါင်တာနဲ့ ဘယ်လိုပတ်သက်မှု ရှိသလည်းလို့ တစ်ချက်လေး ငေးငိုင်သွားပေမယ့် ထပ်ပြီးထွေထွေထူးထူး မစဉ်းစားဘဲ အပူရှိန်စပ်ဖျဉ်းဖျဉ်းကြားထဲက ချုံပုတ်တွေကြားထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ ကလေးမက လူကြီးမကျ ကျနော်တို့ အုပ်စုကို လူကြီးတွေကတော့ တော်တော်လေး မြင်ပြင်းကပ်နေကြသည်ပေါ့။
ဟိုတစ်လောကတော့လည်း ရွာထဲက ပိန်ချိချိကျွဲတစ်ကောင် ပျောက်သွားတော့ ကျွဲပိုင်ရှင်တွေက တငိုငိုတရယ်ရယ်ဖြစ်ကြသေးတယ်။ ကျွဲကို ဘယ်သူခိုးသလည်းဆိုပြီးတော့လည်း စိတ်ဝမ်းတွေကွဲလိုက်သေးတယ်။ နောက်တော့ ရွာနဲ့တစ်ခေါ်လောက်ဝေးတဲ့ ပက်ကြားအက်ထနေတဲ့ လျှိုကြီးထဲမှာ သေဆုံးနေတာကို ကျနော်တော့ ကလေးတစ်သိုက်ကပဲ သွားတွေ့လာတယ်။ အဲဒီလျှိုနားမှာ အခြားအကောင်ပလောင်တွေ လာသေထားတာလည်း အချို့ဆို အရိုးချည်းပဲကျန်တော့တယ်။ ဦးဂျိုထိုးထိုးထောင်ထောင်ပေါ်မှာ ယင်ကောင်တွေတ၀ုန်းဝုန်းနဲ့ စိတ်ဝင်စားစရာတော့ ကောင်းသား။ တိရစ္ဆာန်တွေဟာ သူတို့သင်းချိုင်းသူတို့သိတယ်လို့ ရွာထဲကလူကြီးတွေကပြောနေကြတယ်။ ဒီနှစ်က တိရစ္ဆာန်တွေသာမက အပူရှိန်ကြောင့် လူတွေပါ သေဆုံးကြလာကြတော့ နတ်ဘုရားကို ဆုတောင်းပွဲလုပ်ဖို့ အချိန်ကျပြီလို့ ရွာထဲမှာ သတင်းတွေကြားနေရတယ်။ ရွာတောင်ပိုင်းက လန်ချားဆွဲတဲ့ လူတစ်ယောက် သေဆုံးသွားတယ်။ ရွာအရှေ့ပိုင်းက ခွန်အားချိနဲ့နေတဲ့ အဘွားအိုတစ်ဦးဆုံးသွားတယ်။
(ဆက်ဖတ်ရန်…)
ပုံပြင်(၁)
တစ်ခါက ပန်းဥယာဉ်ကြီးတစ်ခုထဲမှာ ပန်းတွေကို ဖန်ဆင်းရှင်သန်ကြီးထွားစေတဲ့ ဥယာဉ်မှူးဟာ သူ့ပန်းပင်ကလေးတွေကို တစ်ပင်ချင်းစီ အမည်နာမ သတ်မှတ်ပေးတယ်တဲ့။ ပန်းပင်၊ သစ်ပင်တွေကို အမည်နာမပေးပြီးသွားလို့ ဥယာဉ်ကြီးထဲမှာ ထိုင်နေတုန်း.. ခပ်လှမ်းလှမ်းထောင့်တစ်နေရာက သေးငယ်တဲ့ အပြာရောင်ပန်းကလေးက ဥယာဉ်မှူးကို တိုးတိုးလေး လှမ်းပြောလိုက်တယ်တဲ့…
“ငါ့ကို မေ့မသွားပါနဲ့…..”
ပုံပြင်(၂)
ဟိုးတစ်ခါတုန်းက ဘုရင့်တပ်ကစစ်သားလေးတစ်ဦးနဲ့ သူ့ရဲ့လေဒီတို့ဟာ မြစ်ကမ်းနဖူးမှာ လမ်းလျှောက်ထွက်လာကြတယ်။
(ဆက်ဖတ်ရန်…)

တော်ဝင်ပန်းလို… သစ်အိုပင်ဖျား
မားမားမြင့်မြင့်… မပွင့်ရဲကွယ်.…။
နေရောင်ထဲလည်း… စွင့်စွင့်ကားကား..
ကြွားကြွားဝင့်ဝင့်.. မတင့်ရဲကွယ်…။
လေပြေလွန့်လူး ညွန့်နူးဟန်မလုပ်
မိုးစုပ်ချုပ်တောင်… အရောင်မလန်း
မြက်ပန်းဘ၀…
အဆန်းလည်း မဟုတ်တော့ပါဘူးကွယ်..။
ဒီလိုနဲ့…
လမ်းဘေးမှာပွင့်
လမ်းပေါ်ပဲတင့်
လမ်းကိုလွှမ်းခြုံ
လမ်းကိုရုံလို့
လမ်းပေါ်ဆိတ်ဆိတ်
သိုသိပ်သိပ်နဲ့..
တိတ်တိတ်ကလေးပဲ ပွင့်လိုက်တယ်…။
♥●••.. ..••●♥♥●••.. ..••●♥ ♥●••.. ..••●♥