♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..
♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫
♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
November 3, 2010
သက်တန့်ငါးလေးတွေ ပျော်တဲ့နေ့
Filed under: သတင်း (News), my notes, Vancouver, Canada — အိမ့်ချမ်းမြေ့ @ 8:59 pm
((( ငါးကန် )))
fishlake.jpg
rainbow-trout-fig3.gif
ဗင်ကူးဗားမြို့ရဲ့မြောက်ဘက် ၂၅၀ ကီလိုမီတာ အကွာအဝေးမှာ ရှိတဲ့ ကန်ကြီးတစ်ကန်။ အဲဒီကန်ကြီးထဲမှာ ဆော်လမွန်ငါးနွယ်ဖြစ်တဲ့ (The rainbow trout (Oncorhynchus mykiss) သက်တန့်ရောင်ငါးသလောက်များလို့ တိုက်ရိုက်ဘာသာပြန်ရမယ် ထင်ပါတယ်) ငါးတွေ သားပေါက်တဲ့ ကန်ကြီးတစ်ကန်။ တစ်နှစ်ကို သားပေါက်နှုန်း ရှစ်သောင်းခွဲရှိတဲ့ ကန်ကြီးအနီးက တောင်ကြောမှာ ရွှေနဲ့သတ္တုတွေ ထွက်တယ်။ အဲဒီတောင်ကြောကြီးထဲက ရွှေတွေနဲ့ ကြေးဝါတွေကို တူးထုတ်ရန် မိုင်းတည်ဆောက်ဖို့ Taseko Mine Ltd. က ကနေဒါဖယ်ဒရယ်အစိုးရကို ဒေါ်လာသန်း၈၀၀ တန် အဆိုပြုလွှာ တင်တယ်။
fishlake-bg.jpg
ဖြစ်ချင်တော့ …. အဲဒီပတ်ဝန်းကျင်မှာ သစ်ပိုးကျတဲ့အတွက် သစ်ထုတ်လုပ်ရေးတွေက အခုနောက်ပိုင်းမှာ ကျဆင်းလာတယ်။ အလုပ်လက်မဲ့တွေ များလာတယ်။ ရွှေနဲ့သတ္တုမိုင်း တည်ဆောက်လိုက်ခြင်းဖြင့် ပတ်ဝန်းကျင်ကလူတွေ အတွက် လုပ်ငန်းပေါင်း လေးရာ နီးပါး ပွင့်လာမယ့်အပြင် ပြည်နယ်အစိုးရကို ၀င်ငွေ ဒေါ်လာသန်း၄၀၀ ပေးသွင်း နိုင်မယ်လို့ ဆိုကြတယ်။ ဒါ့အပြင် အစုရှယ်ရာ ၀င်တဲ့သူတွေအတွက်လည်း အမြတ်အစွန်းတွေ ရလာမှာကတော့ ပြောစရာမလိုတော့ပါဘူး။
ကနေဒါနိုင်ငံ ဖယ်ဒရယ်အစိုးရက မိုင်းတူးခွင့်ပြုလိုက်တဲ့နေ့ဟာ ဒီရေကန်ထဲက သက်တန့်ရောင်ငါးလောင်းလေးတွေ အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မိုင်းကထွက်လာမယ့် အညစ်အကြေးတွေနဲ့ အက်စစ်တွေဟာ ကန်ကြီးထဲက ငါးတွေ အပြင် ပတ်ဝန်းကျင်တစ်ခုလုံးကို ဒုက္ခပေးမှာ ဖြစ်လို့ပါပဲ။ မြစိမ်းရောင် ကန်ကြီးဟာ အက်စစ်ကန်ကြီးဖြစ်သွားပြီး ကန်ထဲက သတ္တ၀ါတွေ၊ ကန်ထဲမှာ ရေလာလာကူးတတ်တဲ့ ရွာနီးချုပ်စပ်က လူနီအင်းဒီးယန်းကလေးလေးတွေနဲ့ အခြားလူကြီးတွေ အားလုံးကို တိုက်ရိုက်ဒုက္ခရောက်စေမှာဖြစ်ပြီး၊ အခြားပတ်ဝန်းကျင်ဒေသတွေကိုလည်း ရေရှည်မှာ သွယ်ဝိုက်သောနည်းနဲ့ ဒုက္ခရောက်စေမှာဖြစ်တယ်လို့ ဆိုကြပါတယ်။
အကျိုးအမြတ်တွေကတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ယခင်သစ်ထုတ်လုပ်ရေးသမားတွေတွက် လုပ်ငန်းလမ်းစတွေပွင့်လာမယ်၊ ပြည်နယ်အစိုးရ အခွန်ငွေတွေရမယ်၊ အစုရှယ်ရာဝင်တွေ အမြတ်အစွန်းရမယ်။ အမြတ်အစွန်း အများဆုံးရမယ့် သူတွေကတော့ ထုံးစံအတိုင်း အစုရှယ်ရာဝင်တွေပဲ ဖြစ်ပါလိမ့်မယ်။
တစ်ကယ်တမ်းကျတော့ မြေကြီးထဲက ရွှေတွေကို ပတ်ဝန်းကျင်အပျက်ခံ၊ ဒီလောက်ဒုက္ခခံတူးထုတ်ကြပြီး လူတွေဘာလုပ်ကြတယ်လို့ ထင်ကြပါသလည်းရှင်။ အောက်က ပုံကို ကြည့်ကြပါရှင်။
20070820_globalgolddemand.png
မိမိကိုယ်ကို အလှဆင်ဖို့က ၇၃%ကျော်ကျော်ဖြစ်ပြီး၊ အင်ဗက်စ်မင့်လုပ်ဖို့က ၁၄%၊ ကုန်ထုတ်လုပ်ငန်းပိုင်းမှာ ၁၁%လောက်ပဲ သုံးကြပါတယ်။ ရွှေဆိုတာကလည်း ငွေကြေးချမ်းသာ ကြွယ်ဝသူများကသာ ၀တ်နိုင်စားနိုင်လေ့ ရှိသည် မဟုတ်ပါလား။ မရှိမဖြစ် လိုအပ်တဲ့ လူ့သုံးကုန်ထဲမှာ ပါခြင်း-မပါခြင်း၊ အရည်ဖျော်နိုင်နှုန်း မြင့်ခြင်း-နိမ့်ခြင်း စသည်တို့ကို စီးပွားရေး ပညာရှင်တွေ ငြင်းချက်ထုတ် မထုတ် မသိပေမယ့် ကျမ စိတ်မယ်တော့ အားလုံးရွှေဆိုလျှင်.. လိုက်ရွှေ တတ်ကြသော လူ့သဘာဝတွေလို့ပဲ မြင်မိပါတယ်။
acidmine1.jpg
acidmine2.jpg
acidmine3.jpg
အပေါ်ကပုံတွေကတော့ …  ကမ္ဘာအနှံ့က မိုင်းတွေက ထွက်လာတဲ့ အက်စစ်တွေဟာ မြစ်၊ချောင်း၊ အင်း၊ အိုင် သမုဒ္ဒရာတွေထဲ စီးဆင်းနေတာတဲ့ ပုံတွေပါရှင်…။
အဲဒီတော့… အဲဒီကန်ကြီးရယ်၊ ကန်ကြီးနားက ပတ်ဝန်းကျင်အခြေအနေတွေရယ်ကို သဘာဝဘေးအန္တရယ်ထိန်းသိမ်းရေးဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်အကဲဖြတ်ပြီး၊ ရလာမယ့် အမြတ်အစွန်းနဲ့ ဆုံးရှုံးသွားရမှာတွေကို ချိန်တွက်လို့… နောက်ဆုံးတော့ ၀န်ကြီး ဂျင်မ်ပရမ်းတစ် Environment Minister Jim Prentice က မိုင်းတူးခွင့်ကို ဒီနေ့မှာ ပယ်ချလိုက်ပါတော့တယ်။
Taseko Mine Ltd. နဲ့ အစုရှယ်ရာဝင်တွေ အတွက်ကတော့ စိတ်ဓာတ်အကြီးအကျယ် ကျသွားတဲ့ နေ့ဖြစ်ပေမယ့် သက်တန့်ရောင်ငါးကလေးတွေကတော့ ပျော်နေမယ့် နေ့တစ်နေ့ပါပဲရှင်…။
PrintPrint Friendly
11 Comments »
  1. ငါးကလေးတွေအတွက် ၀မ်းသာစရာ သတင်းလေးပဲ ။
    Comment by မောင်မျိုး — November 3, 2010 @ 10:08 pm
  2. မလေးရေ……ငါးကလေးတွေ ၀မ်းသာသလို သဘာဝကိုချစ်တဲ့ စာဖတ်သူတွေလည်း ၀မ်းသာကြမှာပါ။ ၀န်ကြီးနဲ့ အဖွဲ့ဝင်တွေကို လေးစားလိုက်ပါဘိ။
    Comment by မိုးစက်ပွင့် — November 3, 2010 @ 11:42 pm
  3. ငါးလေးတွေအတွက်သတင်းကောင်းလေးပါ။ငါးလေးတွေလူစကားနာလည်ရင်သူတို့တွေတော်တော်လေးဝမ်းသာကြလိမ့်မယ်။
    ဒါပေမယ့်သူတို့စိတ်ခံစားမှုမှာသိနေလိမ့်မယ်ထင်တယ်။
    နောက်ပြီးကျွန်တော်လဲဝမ်းသာတယ်.ကျွန်တော်ကသဘာဝပါတ်ဝန်းကျင်လေးကိုချစ်တက်လို့ပါ…
    Comment by ဒေါင်းမင်း — November 4, 2010 @ 2:47 am
  4. ငါးလေးတွေနဲ့ တူတူ ပျော်သွားတယ်း)
    Comment by S-C — November 4, 2010 @ 3:48 am
  5. ငါးကလေးတွေကိုယ်စား………၀မ်းသာမိတယ်မလေးရေ့…….
    ခင်မင်ခြင်းအားဖြင့်……..
    ဏီလင်းညို
    Comment by ဏီလင်းညို — November 4, 2010 @ 4:38 am
  6. ၀န်ကြီး ဂျင်မ်ပရမ်းတစ်ကိုလေးစားတယ်
    မြန်မာပြည်မှာတော့ ပိုက်ဆံသာပေးနိုင်လို့ကတော့ ဘယ်နေရာတူးတူး…
    အထက်ကခွင့်ပြုချက်ရဖို့ အလယ်ကလူတွေကလည်း ပိုက်ဆံယူပြီးလုပ်ပေးကြတယ်
    ဘယ်သူ့အတွက် ဘယ်ဝါအတွက်မှ မကြည့်ဘူး
    ကိုယ့်အတွက် တစ်ခုတည်းကြည့်ကြတာ
    Comment by ချော(အစိမ်းရောင်လွင်ပြင်) — November 4, 2010 @ 11:56 am
  7. We are the rainbow trouts :)
    Comment by Shwunmi — November 4, 2010 @ 5:47 pm
  8. Oh’ yellow fish to rainbow trout !!!!!!!
    Comment by Htate Htar — November 5, 2010 @ 8:01 am
  9. မလေး ရေ
    လိပ်ကလေး ကိုရော မေ့ကျန်ခဲ့ ပြီလားဟင်
    အင်း ဒါဆိုလိပ်ကလေး သနားစရာပါပဲ။
    မလေး ရယ် လိပ်လေး ကိုပါ ပျော်စရာသတင်းလေး ပြောပြပေးပါနော်။
    :)
    Comment by မောင်မောင် — November 6, 2010 @ 11:57 am
  10. စာကြွေးတွေ ခုမှလာရှင်းပါတယ် မလေးရေ။
    Comment by ဇွန်မိုးစက် — November 16, 2010 @ 10:45 pm
  11. Come read. Great job, Sir, Environment Minister Jim Prentice!
    Comment by ပြည်ကောင်းအောင် — August 16, 2011 @ 1:43 pm
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။
♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif
---------------