ဗိုလ်ချုပ်သိရင်
ကိုယ်ပိုင်တဲ့ ….ယဉ်ကျေးမှု
ကိုယ်ပိုင်တဲ့… စာ
ကိုယ်ပိုင်တဲ့….စကား
ကိုယ်ပိုင်တဲ့….အုပ်ချုပ်ရေးနဲ့
ကိုယ်ပိုင်တဲ့….အတွေးတွေ အဓွန့်ရှည်ဖို့
သွေးချွေးတွေနဲ့ရင်း
အသက်နဲ့ သူတို့ လမ်းခင်းခဲ့ကြတယ်။
အခုတော့….
ကိုယ်ပိုင်တဲ့ ယဉ်ကျေးမှု..
ပီပီပြင်ပြင် ဘယ်သူဆက်ပြုစုမှာလည်း
ဖန်သားပြင်ပေါ်မှာပဲ ကျင်လည်နေတော့တဲ့ စာနဲ့
နေ့စဉ်တောင် မှန်မှန် မပြောနိုင်တော့တဲ့…မွေးရာပါ.. စကားလည်း
တစ်ဖြည်းဖြည်း အေးခဲသွားမယ်ထင်ရဲ့ကွယ်..။
ဒီလိုနဲ့…
သူများအုပ်ချုပ်မှုတွေအောက်မှာ မွေ့ပျော်
ပြည်တော်ကို အဝေးကလွမ်း
ဘ၀လမ်းတွေပေါ်က
စမ်းတ၀ါးဝါး ကိုယ်တို့တွေကို..
ဗိုလ်ချုပ်သာ မြင်မယ်ဆိုရင်…
ဗိုလ်ချုပ်သာ..
မြင်မယ်..
ဆိုရင်….























ခံစားချက်တွေ တူနေခဲ့တယ် မလေးရယ်။
Comment by ဇွန်မိုးစက် — July 19, 2010 @ 12:59 am
ဟုတ်တယ်နော် မမ။ ဗိုလ်ချုပ်သာမြင်မယ်ဆိုရင် ရင်ကွဲနာကျမလား မသိဘူး။ ဒါမှမဟုတ် အမှန်ကန်ဆုံးစကားလုံးတွေသုံးပြီး ဆုံးမဦးမှာလား။ တတ်သလောက်မှတ်သလောက် ဥာဏ်လေးနဲ့ ကွန်မန့်ဝင်ပေးသွားပါတယ်။ စာတွေလာဖတ်ဖြစ်ပေမယ့် ကွန်မန့်မပေးဖြစ်ခဲ့ဘူး။
Comment by ဝေလေး — July 19, 2010 @ 1:09 am
အမရေကဗျာလေးကတော်တော်လေးထိတယ်၊နာတယ်၊
ဗိုလ်ချုပ်သာမြင်ရင်..ဗိုလ်ချုပ်သာမြင်ရင်တော့…..အင်းးး……
Comment by ဒေါင်းမင်း — July 19, 2010 @ 1:27 am
မင်္ဂလာပါ၊ ရောက်ပါတယ်၊ ကဗျာလေးကို ခံစားသွားပါတယ်။ ဒီလိုနဲ့….. အခုတော့……
Comment by နိုးအိမ်ရှင် — July 19, 2010 @ 1:30 am
ကဗျာဖတ်ပြီး ခံစားသွားပါတယ်။
Comment by Nge Naing — July 19, 2010 @ 2:14 am
အဲဒီလိုပဲ နေတတ်အောင် နေခဲ့ရတယ် နေရင်း နေရင်းနဲ့ပဲ ဘဝတွေကိုနားလည်ရင် ဗိုလ်ချုပ်ခွင့်လွတ်ရမှာပါ။
Comment by sosegado — July 19, 2010 @ 3:40 am
ဗိုလ်ချုပ်သာ မြင်မယ် ဆိုယင် တော့
သြော်………….ဖြစ်မှ ဖြစ်ရလေ ဗမာပြည်ရယ်
လို့  စိတ်ပျက်မိမှာ သေချာတယ် မလေး ရေ။
Comment by မောင်မောင် — July 19, 2010 @ 4:48 am
ဗိုလ်ချုပ်သာ..
မြင်မယ်..
ဆိုရင်…. ထိုင်ငိုမလား မသိဘူးနော်။ ခုတော့….အရာရာက…………….
Comment by စာချစ်သူ — July 19, 2010 @ 5:18 am
အလွမ်းတွေပေါ် အလွမ်းဆင့်လိုက်သလိုပဲ..ကဗျာလေးဖတ်ရတာ..
ဗိုလ်ချုပ်သာ မြင်မယ်ဆိုရင် …….အတွေးတွေ တပွေ့တပိုက်နဲ့….
ရင်ထဲကစကားလုံးတွေ အန်ကျဖို့ စို့နစ်နစ်နဲ့ အရှိန်ယူရဦးမယ်..
ဒေါသတွေကို အရင်ဆုံး မြိုချပစ်ရဦးမယ်..
Comment by ဆူးနစ် — July 19, 2010 @ 6:08 am
သယံဇာတအရင်းအမြစ် ဒီလောက်ပေါတဲ့ နိုင်ငံကလူတွေ သူတစ်ပါးနိုင်ငံမှာ မျက်နှာငယ်နဲ့ အလုပ်လုပ်နေရတဲ့အဖြစ်က ပြောရရင် ယုံချင်ဖွယ်မရှိ..
မြန်မာနိုင်ငံရဲ့အဆင့်အတန်းက ကြာလေ နိမ့်ကျသွားလေ ဘာကြောင့် ဖြစ်ရတာလဲ…
နောက်ဆုံးတော့ ဗိုလ်ချုပ်တို့ မရှိတော့လို့ဖြစ်ရတယ်လို့ဘဲ အဖြေရှာလိုက်မိတော့တယ်……..
Comment by ချော(အစိမ်းရောင်လွင်ပြင်) — July 19, 2010 @ 10:17 am
ကဗျာလေးဖတ်ပြီး ခံစားမိတယ်ဗျာ …။ အရမ်းကောင်းပါတယ်။
Comment by စံလင်းထွန်း — July 19, 2010 @ 11:57 am
ဗိုလ်ချုပ် သိရင် နားလည်ပေးမယ်ထင်ပါတယ် အစ်မရေ ကျနော်လည်း တူတူပဲလေ ။
ပြည်တော်ကို အဝေးကလွမ်း ရတဲ့ သူပါပဲ ။
Comment by မောင်မျိုး — July 19, 2010 @ 10:49 pm
အဓိကကျတာကတော့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ ပါပဲလေ
ဗိုလ်ချုပ်ကို တကယ်ချစ်ရင် လေးစားရင် ဘယ်သူဘာပြောပြော ကိုယ်ကျရာကဏ္ဍကနေ မိမိတာဝန်ယူရာတွေကို ကြေပွန်အောင် ထမ်းဆောင်ဖို့လိုတယ်လို့ထင်ပါတယ်၊ဒါမှ သူ့စကားနားထောင်ရာရောက်မှာပေါ့ဗျာ
ဒါကြောင့် မိမိအမှု မိမိပြုပြီး ဗိုလ်ချုပ်မြင်ရင် ခင်ဗျားတို့ ဘာလုပ်တယ် သိရင် အဆူခံရမဲ့ထဲ မပါအောင် ကိုယ်စွမ်းကိုယ်စ ကောင်းအောင်နေပေါ့
ဒါဆို အနည်းလေးတော့ ကိုယ့်အမှုအတွက် ကိုယ့်အလုပ်အတွက် ကိုယ်မရှက်ရတော့ဘူးပေါ့ဗျာ
အမေကျော် ဒွေးတော်လွမ်းနေရင်တော့ သူများဂျုံမှ ကောင်းတယ်ထင်နေရင်တော့ ဗိုလ်ချုပ်များ မြင်ကောင်းမြင်ခဲ့ရင် အဆူခံရမှာ ပထမဆုံးက အဲဒီကာယကံရှင်တွေဖြစ်မှာပေါ့
တစ်ဦးချင်း တစ်ယောက်ချင်းတွေမှာ ဒီလိုစိတ်ဓာတ်မျိုးတွေ မွေးနိုင်မှ အများဖြစ်လာမယ်လေ.. တစ်စက် တစ်စက်ချင်းကျတဲ့ မိုးရေတွေ များမှ ကန်တွေ ချောင်းတွေ အင်းတွေ ပြည့်တာပါ
ဒီတော့ ဗိုလ်ချုပ်များ မြင်ခဲ့ တွေ့ခဲ့ရင် မရှက်ရအောင် အဆူမခံရအောင် သူလိုစိတ်ဓာတ်မွေးပြီး အမိမြေအတွက် အမှန်တကယ်အလုပ်လုပ်ပြကြဖို့ လူ့စွမ်းအားအရင်းအမြစ်တွေ လိုတယ်၊
ဘာတွေပဲဖြစ်နေပါစေ ကိုယ်ကောင်း ခေါင်းဘယ်မှ မရွေ့ဘူးဗျ…..
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 20, 2010 @ 12:37 am
မိုးတွေကတော့ရွာချင်ပေမယ့် red tape တွေ များနေတယ်ကွယ်..
Comment by မလေး — July 20, 2010 @ 3:53 pm
စာဖတ် အပီး သက်မောသာချနေမိတော့တယ် ။ ဘာပြောရမှန်းတောင် မသိတာ မလေး ။
Comment by Republic — July 21, 2010 @ 8:42 am
i also cannot chage myself.
so i stupid.
good poem. thanks ma gyi.
Take care.
Comment by phyo thet aung — July 21, 2010 @ 7:14 pm
မလေးအိမ့်ရေ.. ကဗျာဖတ်ပြီး ရင်ထဲအောင့်ပါတယ်..
တတ်နိုင်သလောက် အဓိပ္ပာယ်ရှိတာတွေကို ဖြစ်အောင်လုပ်ကြတာပေါ့နော်။
ခင်မင်စွာသတိရပါတယ်။
Comment by shwunmi — July 22, 2010 @ 6:15 am
အဓိကကျတာကတော့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ ပါပဲလေဗိုလ်ချုပ်ကို တကယ်ချစ်ရင် လေးစားရင် ဘယ်သူဘာပြောပြော ကိုယ်ကျရာကဏ္ဍကနေ မိမိတာဝန်ယူရာတွေကို ကြေပွန်အောင် ထမ်းဆောင်ဖို့လိုတယ်လို့ထင်ပါတယ်၊ဒါမှ သူ့စကားနားထောင်ရာရောက်မှာပေါ့ဗျာဒါကြောင့် မိမိအမှု မိမိပြုပြီး ဗိုလ်ချုပ်မြင်ရင် ခင်ဗျားတို့ ဘာလုပ်တယ် သိရင် အဆူခံရမဲ့ထဲ မပါအောင် ကိုယ်စွမ်းကိုယ်စ ကောင်းအောင်နေပေါ့ဒါဆို အနည်းလေးတော့ ကိုယ့်အမှုအတွက် ကိုယ့်အလုပ်အတွက် ကိုယ်မရှက်ရတော့ဘူးပေါ့ဗျာအမေကျော် ဒွေးတော်လွမ်းနေရင်တော့ သူများဂျုံမှ ကောင်းတယ်ထင်နေရင်တော့ ဗိုလ်ချုပ်များ မြင်ကောင်းမြင်ခဲ့ရင် အဆူခံရမှာ ပထမဆုံးက အဲဒီကာယကံရှင်တွေဖြစ်မှာပေါ့တစ်ဦးချင်း တစ်ယောက်ချင်းတွေမှာ ဒီလိုစိတ်ဓာတ်မျိုးတွေ မွေးနိုင်မှ အများဖြစ်လာမယ်လေ.. တစ်စက် တစ်စက်ချင်းကျတဲ့ မိုးရေတွေ များမှ ကန်တွေ ချောင်းတွေ အင်းတွေ ပြည့်တာပါဒီတော့ ဗိုလ်ချုပ်များ မြင်ခဲ့ တွေ့ခဲ့ရင် မရှက်ရအောင် အဆူမခံရအောင် သူလိုစိတ်ဓာတ်မွေးပြီး အမိမြေအတွက် အမှန်တကယ်အလုပ်လုပ်ပြကြဖို့ လူ့စွမ်းအားအရင်းအမြစ်တွေ လိုတယ်၊ဘာတွေပဲဖြစ်နေပါစေ ကိုယ်ကောင်း ခေါင်းဘယ်မှ မရွေ့ဘူးဗျ…..
+1
Comment by Audio Conferencing — July 22, 2010 @ 8:24 pm
မလေးပျောက်နေလို့ လာကြည့်တာ။ မမသီတာတဂ်ထားတဲ့ပို့စ်ရော ဘယ်တော့ရေးမှာလဲလို့။
Comment by ဇွန်မိုးစက် — July 25, 2010 @ 8:01 am
မလေး အိမ်ပြောင်း၊ စာမေးပွဲတစ်ခုဖြေ၊ လကုန်အမှီဆောင်းပါးတစ်ပုဒ်ရေး၊ စသည်စသည်ဖြင့် အလုပ်များနေလို့ပါ ဇွန်လေးရေ.. မမသီတာ တဂ်ထားတာ ရေးမယ်.. သေချာလေးကို ရေးမှာ..
အားလုံးကို သတိတရရှိပါ၏…..
Comment by မလေး — July 25, 2010 @ 11:51 pm
မရောက်တာကြာပြီမလေးရေ။ ရောက်တော့ မလေးကဗျာလေးက ရင်ထဲထိ ရောက်သွားတယ်။ တကယ်လို့များကိုယ့်ရေကိုယ့်မြေသာ တိုးတက်နေရင် နိုင်ငံရပ်ခြားမှာရင်ဆိုင်နေရတဲ့ ကိုယ့်မြန်မာတွေရဲ့ဒုက္ခက တော်တော်လျော့သွားမှာပဲလို့ စဉ်းစားမိတယ်။
Comment by ကေသရီ — July 27, 2010 @ 2:08 am
ဟိုးတရက်က ရုံးက လုပ်ဖော်ကိုင်ဘက်တစ်ယောက်ကို ငါတို့မှာ ကိုယ်ပိုင်စာ ကိုယ်ပိုင်စကားနဲ့လို့ ပြောရင်း ရုတ်တရက်ကြီး ငိုချင်တာ… အခုဒီကဗျာ ဖတ်မိတော့လဲ အဲဒီအတိုင်းပါပဲ မမအိမ့်ရယ်…
ကိုယ်နိုင်သမျှလေးနဲ့ ပါဝင်နိုင်တဲ့ သံတစ်ပွင့်ဖြစ်ရပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။
Comment by ရွှေပြည်သူ — August 4, 2010 @ 9:58 am