ရှုံးနိမ့်ခြင်း၏ အနုပညာ
Underdog များကို အားပေးခဲ့တော့လည်း underdog များမို့လို့ မနိုင်ခဲ့ပါဘူး။ အခု underdog မဟုတ်တဲ့ ဂျာမဏီကို အားပေးပြန်တော့လည်း အိမ့်ချမ်းမြေ့ တစ်ယောက် ရေဘ၀ဲလေးကိုတောင် ရှုံးပါတော့တယ်။
ပွဲစတာနဲ့ကို စပိန်ကို ကြောက်နေပုံရတဲ့ ဂျာမဏီ ကိုကြည့်ပြီး အားမလိုအားမရဖြစ်ပါတယ်။ ပွဲစပြီး လေးမိနစ်လောက်မှာလည်း ကွင်းလယ်ကို လူတစ်ယောက်က ပြေးဝင်လာပါသေးတယ်။ လုံခြုံရေးတွေက သူ့ကို ဆွဲခေါ်သွားပြီး မ ထုတ်သွားရပါတယ်။
အဲဒီလူက ကျမ ငယ်ငယ်တုန်းက စိတ်ကူးခဲ့သလို ကမ္ဘာ့ဖလားကျင်းပတဲ့ ဘောလုံးကွင်းမြက်ခင်းပြင်ကို ထိကြည့်ချင်တယ်နဲ့ တူပါတယ်။ ခုနှစ်နှစ်သမီးအရွယ်တုန်းက တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတစ်ခုမှာ၊ အောင်ဆန်းကွင်းထဲက မြက်ခင်းတွေကို ကြည့်ပြီး “ကမ္ဘာ့ဖလားကျင်းပတဲ့ ကွင်းတွေထဲက မြက်ခင်းပြင်တွေကတော့ ကတ္တီပါခင်းကြီးလိုချောအိနူးညံ့နေလိုက်တာ.. သမီးတို့ အောင်ဆန်းကွင်းက မြက်တွေက အဲသလို စိမ်းစိမ်းစိုစို ဘာလို့ မဖြစ်တာလည်းဟင်” လို့ ဖေဖေ့ကို မေးခဲ့တုန်းက ဖေဖေက ပြုံးပဲနေခဲ့တယ်။ ပြောရင်းနှင့် အောင်ဆန်းကွင်းဘက် ရောက်သွားလို့ ကမ္ဘာ့ဖလားဘက် ပြန်လှည့်ပါမယ်….။
ဂျာမဏီနဲ့စပိန်ပွဲရဲ့ ပထမ၄၅ မိနစ်ပိုင်းမှာ ကန်တဲ့သူတွေအတွက်ကတော့ အကြိတ်အနယ်ဖြစ်ပေမယ့် ကြည့်ရသူအတွက်ကတော့ (ကျမအတွက်) ပျင်းခြောက်ခြောက်နဲ့ စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ ဂျာမန်တွေကတော့ သိသိသာသာပဲ စပိန်တွေကို ကြောက်နေပုံရတယ်။ ပထမပိုင်းမှာ ဘောလုံးဟာ စပိန်တွေရဲ့ ခြေထဲမှာပဲ ရှိနေခဲ့တယ်။ ပထမပိုင်း ပွဲပြီးခါနီး ၄၃ မိနစ်ကျော်ကျော်လောက်မှာ ဂျာမန်ကစားသမား Mesut Özil ပယ်နယ်တီ စည်းထဲမှာ စပိန်တွေတွန်းလို့ လဲကျသွားပေမယ့် ဒိုင်လူကြီးက ပယ်နယ်တီကို မပေးလိုက်ပါဘူး။ ပေးလိုက်ရင် ပွဲက တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တယ် (ဂျာမဏီအားပေးသူမို့ ဂျာမဏီဘက်မှာ ပြောခြင်းပါ :D) ပွဲတစ်ပွဲလုံးမှာလည်း Mesut Özil တစ်ယောက်လောက်ပဲ အားသွန်ခွန်စိုက် ကြိုးစားနေရတဲ့ ပုံပေါက်နေပါတော့တယ်။ ကျန်သူတွေဟာ သူ့လောက် မပြေးနိုင်တော့သလို ဖြစ်နေပါတော့တယ်။ ဂိုးတိုင်နားရောက်ရင် သူ တစ်ယောက်ပဲရှိပြီး ကျန်တဲ့ ဂျာမန်တွေ တစ်ယောက်မှ ပါမလာတော့ဘူး။
ဂျာမန်တွေအတွက် ဒီပွဲဟာ လုံးဝ အမှားမခံတဲ့ ပွဲဖြစ်နေခဲ့ပေမယ့် ဒုတိယပိုင်း ရ၃ မိနစ်မှာတော့….. ဂျာမန်တွေ မှားသွားတယ်။ ဂျာမန်တွေဆိုတာထက်… striker Lukas Podolski မှားတာပါ။ စပိန်တွေဟာ ရလာတဲ့ အခွင့်အရေးဖြစ်တဲ့ ဒေါင့်ကန်ဘောကို ကျွမ်းကျွမ်းကျင်ကျင်ကို အသုံးချလိုက်ပါတယ်။ ဂိုးတိုင်ရှေ့ကို ချပေးလိုက်တဲ့ ဘောလုံးကို အဝေးမှာ ရပ်နေတဲ့ Carles Puyol က ပြေးဝင်လာပြီး ခေါင်းနဲ့ တိုက်သွင်းလိုက်ပါတော့တယ်။ ဒီအတိုင်း မတ်တပ်ရပ်ပြီး ခေါင်းတိုက်သူနဲ့ အဝေးကပြေးလာပြီး ခေါင်းတိုက်သူရဲ့ အရှိန်ချင်းက မတူပါဘူး။ အဝေးမှပြေးလာပြီးခေါင်းနဲ့ ဘောလုံးကို ခုန်တိုက်လိုက်တဲ့ အရှိန်က အလွန်ကို ပြင်းပါတယ်။ ဒီကြားထဲမှာ ဂိုးစည်းနားမှာ ရပ်နေတဲ့ ဂျာမန် striker Lukas Podolski ဟာ ဂိုးတိုင်ကိုလက်နဲ့ထောက်မှီပြီး ရုပ်ရှင်မင်းသားအိုက်တင်ဖမ်းနေကာမှတော့ တစ်ဘက်က ဂိုးပြီပေါ့။ အမှန်ဆို Podolski ဟာ ခေါင်းနဲ့တိုက်ပြီးကာကွယ်ရန် အသင့်အနေအထားမှာ ရှိနေသင့်တယ်လို့ ထင်ပါတယ်။
ပွဲတစ်ခုလုံးမှာလည်း စပိန်တွေဟာ ဘောလုံးကွင်းရဲ့ power house လို့ ခေါ်တဲ့ mid-field ကို ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ဂျာမန်တွေရဲ့ တစ်ဘက်အသင်းရဲ့ ဂိုးတိုင်နားထိ ၃ ယောက်ပြိုင်ပြိုင်တက်လာပြီး ဘောလုံးကို ဂိုးတိုင်နားမှာ အပေးအယူလုပ်ပြီး ဂိုးသွင်းတဲ့ နည်းနဲ့၊ တစ်ဘက်အသင်း အသုံးမပြုတဲ့ နေရာလွတ်တွေကို အသုံးချတဲ့ နည်းတွေဟာ ဒီတစ်ခါတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဂိုးတိုင်နားကိုကို ဘောလုံးဟာ မရောက်ခဲ့တော့ပါဘူး။ အဝေးက ကန်သွင်းတာတောင် အလုပ်မဖြစ်ခဲ့ပါဘူး။

မည်သို့ပင်ဖြစ်စေ… ဂျာမဏီအသင်း တတိယလောက်တော့ ရပါစေဟုပဲ ဆုတောင်းနေရတော့ မှာပါပဲရှင်။
ဂျာမဏီကို အားပေးနေသော…..
အိမ့်ချမ်းမြေ့

























စပိန်တွေ ဂိုးသွားတော့ လက်လုပ်တီးလိုက်မိတဲ့ ကျနော့်ကိုယ် ကျနော်တောင် အားနာသွားတယ် ဒီပို့စ်ကိုဖတ်ပြီး အစ်မက တကယ့်ဂျာမနီဖန်စစ်စစ်ကြီးဆိုတော့ ဒီလိုပါပဲ အစ်မရာ ဘောလုံးဆိုတာ လုံးနေတာင်္ကြီးကို ။
Comment by မောင်မျိုး — July 8, 2010 @ 2:33 am
ရေဘဝဲလေးက မှန်သွားတာပေါ့နော်။
မလေးရေ… ဂျာမနီ အရှေ့နဲ့အနောက်ပေါင်းပြီးမှ တစ်ခါမှ ဗိုလ်မစွဲသေးဘူးနော်။ ၉၄ က ဆီမီးတက်ပြီး တတိယ၊ ၉၈တော့ ကွာတားအထိ တက်တယ်ထင်တယ်။ ၂ဝဝ၂ မှာ ဒုတိယ၊ ၂ဝဝ၆ မှာလည်း အိမ်ရှင်အနေနဲ့ တတိယနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ၂ဝ၁ဝ ကျပြန်တောလည့်း တတိယနဲ့ပဲ နှစ်သိမ့်ရပြန်တော့မယ်။
စပိန်နဲ့ ဟောလန်က ဘယ်သူမှ ဗိုလ်မစွဲသေးဘူးဆိုတော့ ဘယ်သူနိုင်နိုင် ဇွန်က ကျေနပ်ပါတယ်။ ဟောလန်ကို ပိုကြိုက်ပေမယ့် စပိန်က ဂိုးသမားကိုလည်း ခိုက်မိလေတော့…
Comment by ဇွန်မိုးစက် — July 8, 2010 @ 2:39 am
အင်း.. ဂျာမန်တွေ ကြောက်နေတယ် ဆိုတာကြီးကို သိပ်သဘောမတူဘူး.. ဟွန်း. (ဦးအောင် ရန်တွေ့ထားတာ
).. ကျနော့် အမြင်တော့. ရှုံးပေမဲ့လည်း ပေါ့လေ.. ဒီပွဲမှာ မြင်လိုက်ရတဲ့ ဂျာမန် တွေရဲ့ အရေအချင်းတစ်ခုကို သဘောကျမိတာ.. အန္တာရာယ်ကို တည်ငြိမ်စွာ ရင်ဆိုင်တတ်မှုပါ. (တည်ငြိမ်လွန်းအား ကြီးတာလည်း ဖြစ်ရင် ဖြစ်မပေါ့
). ဟုတ်ပ. အပေါ်မှာ ရေးထားသလိုပဲ ကွင်းလယ်ကို ခြေကုတ်ယူရန် ဆိုတဲ့ စပိန်တွေရဲ့ ကောင်းလွန်းတဲ့ ဆုံးဖြတ်ချက်ကြီးက ဂျာမန်တွေ ပြာချင်စရာကြီးပါ.. သူတို့သာ စိတ်လိုလက်ရ ပြာတတ်မယ်ဆိုရင် သုံးဂိုးလောက်တော့ အနည်းဆုံး သွင်းခံရမယ် ထင်တာပဲ ( အမြင်ပြောပါတယ်).. ဂျာမန်အကွက်ကလည်း. Command & Conquer ထဲကဂျာမန်ဂဲလ် လို ပိုင်မှ တချက်တည်း ပစ်တဲ့ စနိုက်ပါသမားလိုမျိုးမလား. (မာယာဒိုနာကြီးတောင် ဂျာမန်စနိုက်ပါရဲ့ ဟက်ရှော့ ထိသွားတာ Extra Life သုံးခါနဲ့ ပြန်ဆော့ရတာတဲ့
).. အဲ.. ၀င်သွားတဲ့ဂိုးကလည်း.. ဂျာမန်တွေ နေရာယူထားပုံကို သတိထားမိတယ်.. မျည်းပြိုင် နှစ်ကြောင်းနဲ့ ပိတ်ထားတာ.. အဲ့ဒီ ဂိုးဝင်သွားတဲ့အချိန်မှာ ဒုတိယ ကမ္ဘာစစ်က ဂျာမန်တွေကို သတိရမိပြန်ရော.. အထက်အမိန့် နာခံတတ်မှုမှာ.. အခုချိန်ထိ ဂျာမန်တွေကို ဘယ်သူမှ မမှီသေးဘူးလားပဲ.. ဆိုတာကို.. (အမ်.. ဆိုင်ဘူးလား.) အင်း.. ပြောချင်တာ.. နည်းပြ.. စပိန်နည်းပြ.. အရမ်းတော်တယ် ထင်တာပဲ (ဒီပွဲရဲ့ ဆုံးဖြတ်ချက်မှာ ပြောတာ)…. မတော်ဘူးလို့လည်း ပြောလို့မှ မရတာ နိုင်သွားတာကိုး. အဟဲ.. ကဲ.. အခုတော့ စပိန်ကနွားရိုင်းတွေက မာလှပါတယ် ဆိုတဲ့ ဂျာမဏီ တင့်ကားကြီးတွေကို တိုးဝှေ့သတ်ဖြတ်သွား သတဲ့.. ဂျာမန်တင့်ကားတွေ ဘီးပေါက်သွားတယ် ဆိုလားပဲ.. :). အင်း.. ဘာပဲပြောပြောလေ.. အင်္ဂလန် နဲ့ အာဂျင်တိုင်းသားတွေကို အောင်နိုင်ခဲ့ခြင်းကိုပဲ… ကျေနပ်လိုက်တော့.. မအိမ့်ရေ.. ခန့်မှန်းတာ. မှား တာကိုပြောလာရင်လည်း.. ‘ကိုယ်ကရေဘ၀ဲမှ မဟုတ်တာကိုး.. ဟွန်း..’ လို့ ပြန်ရန်တွေ့ပလိုက်ပေါ့… ဟားဟား.. ကဲ.. ကျနော်လည်း.. ပီလီဟုတ်ဘူး.. လိုရာစွဲပြီး ရှောက်ရေးတာ.. ခွိ…။
ပျော်ရွှင်ပါစေ…။ မအိမ့်ထက် ဂျာမန်တွေကို ပိုအားပေးသူ…. (S လီ) (ဂျက်လီလိုလို ပီလီလိုလိုနော်. ဟဲ ဟဲ )
Comment by S လီ — July 8, 2010 @ 5:42 am
ဟုတ်တယ်မလေးရေ..
ပွဲစကတည်းက ဂျာမန်တွေရဲ့ကစားကွက်က သိသိသာသာပျောက်နေတယ်..
ဘောလုံးက စပိန်ခြေထဲမှာချည်းမို့ ကြည့်ရတာ တကယ်ကို ပျင်းစရာကောင်းတယ်..
ရေဘ၀ဲရဲ့ဟောကိန်းကို ယုံကြည်လို့များ စိတ်ဓာတ်ကျနေကြသလားလို့တောင် တွေးမိတယ်..
ထင်ထားသလို အကြိတ်အနယ်ပွဲ ဖြစ်မလာခဲ့ဘူး…
ညီမကတော့ စပိန်ပရိတ်သတ်မို့ တစ်ဂိုးသွင်းသွားတော့ ၀မ်းသာခဲ့မိတယ်..
ဖလားမရဖူးတဲ့အသင်းမို့ ရစေချင်မိတာပါ..
Comment by ချော(အစိမ်းရောင်လွင်ပြင်) — July 8, 2010 @ 5:43 am
ကွန်မန့်လို့လည်းရဘူး.. စမ်းကြည့်တာ
Comment by S လီ — July 8, 2010 @ 7:12 am
2012 ယူရိုဖလားမှာ သူတို့ ကံကောင်းပါစေလို့ ဆုတောင်းရတော့မှာပေါ့ဗျာ။
Comment by ကိုအောင်(ပျူနိုင်ငံ) — July 8, 2010 @ 7:26 am
မပြောပါနဲ့တော့ဗျာ…..
စဖွင့်ကတည်းက ဂျာမနီက ခါတိုင်းလို တိုက်စစ် ဦးစားမပေးပဲ ခံစစ်နဲ့ပဲ ထိုင်ဆော့နေကတည်းက သိလိုက်ပြီ။
အော်တိုပတ်စ် မှန်ပြီလို့ ….. ဘာလို့လဲဆို …
ခံစစ်ဆော့တာက တခါတလေ ပေါက်ထွက် တတ်တယ်လေ … ထင်တဲ့အတိုင်းပါပဲဗျာ ….
Comment by heartmuseum — July 8, 2010 @ 10:41 am
မလေး က ဂျာမဏီ ပရိတ်သတ် ဆိုတော့ တူသွားတယ်။
ကျွန်တော် စိတ်လိုလက်ရ မနေ့ က ကြည့်ဖြစ်တယ်။ ဂျာမန်အသင်း ဟာ ခြေမပေါ်ဘူး။ ဒီတော့ ပထမပိုင်းကတည်း က ခန့်မှန်းမိတာက ရှုံးနိုင်တယ် လို့ ပေါ့။
တကယ်လဲ တလုံးတည်း နဲ့ ကမ္ဘာ့ဖလား ကြီး နဲ့ လွဲသွားပါပြီ။
ဟုတ်ပါ့ တတိယလောက်ရယင်လဲ မဆိုးပါဘူးလေ။
Comment by မောင်မောင် — July 8, 2010 @ 1:04 pm
မည်သို့ပင်ဖြစ်စေ… ဂျာမဏီအသင်း တတိယလောက်တော့ ရပါစေဟုပဲ ဆုတောင်းနေရတော့ မှာပါပဲရှင်။
yes.. I am also wishing like this.
Comment by Myatnoe — July 8, 2010 @ 8:55 pm
မလေးရေ .. ဟုတ်တယ် အဲဒီပွဲကို ကြည့်ရတာ ပျင်းခြောက်ခြောက်နဲ့၊
မလေးလိုတောင် သေချာမမှတ်မိနိုင်ဘူး၊ သူတို့တွေဘယ်လိုကစားသွားလဲ ဆိုတာ၊
မလေးရေးထားတာ ဖတ်ပြီးမှပဲ ကစားပုံတွေ ပြန်မြင်လာတယ်၊
တတိယရပါစေပေါ့၊ မလေးဆုတောင်းပြည့်ပါစေ
Comment by phyophyo — July 9, 2010 @ 3:04 am
ဂျာမဏီအသင်းဟာ ဒီနှစ်ဗိုလ်လုပွဲမတက်ရပေမဲ့၊ နောက်တစ်ခါလည်း ဆီမီးရောက်မဲ့အသင်းပါ၊ လူငယ်တွေမွေးထုတ်ထားတဲ့အသင်း၊ အင်္ဂလန်က လေးနှစ်အတွင်း လူရှာဘို့မလွယ်ပါဘူး၊
Comment by sosegado — July 9, 2010 @ 5:37 am
Yes.. Correct Ma.
I also feeling like this.
They are this way also @2006.
I think that Germany will get third price.
Comment by Nyan Lynn — July 9, 2010 @ 11:40 am
ဂျာမနီက ရေဘ၀ဲလေးက တစ်မျိုး…
စင်္ကာပူက မိနီက တစ်ဖုံနဲ့…..
မနက်ဖြန် တတိယလေးတော့ ရပါစေလို့ ဆုတောင်းရင်း…
~~~ခု.. ညတော့ အိပ်နိုင်မယ် မထင်ဘူး…~~~~~
Comment by မလေး — July 10, 2010 @ 12:15 am
တတိယဆုလေးတော့ မျှော်လင့် ရသေးတာပေါ့ 
Comment by ရေသန့်  — July 10, 2010 @ 3:46 am
Let’s fry Kalamari one day to celebrate for Germany. Hee Hee
Comment by Htate Htar — July 13, 2010 @ 11:45 am
Lu ma Kyun Bar Bu Naw. Line tar htar dar “You See”.Hee Hee
Comment by Htate Htar — July 13, 2010 @ 11:58 am
မမထိပ်ထားက စပိန်အားပေးတော့ ညီမလေး ဘာမှ မပြောလိုတော့ဘူး။
မပြောလိုတော့ဘူးဆိုပြီး နည်းနည်းလေးတော့ ပြောချင်သေးတယ်..
ဒီနောက်ဆုံးပွဲက အ၀ါကဒ် ၁၄ကဒ်နဲ့ အနီ၁ကဒ်က နဂိုတည်းက ဘောလုံးကို နှိမ်ချင်သူတွေတွက် အကွက်ကိုဖြစ်သွားတာရော…။ ကမ္ဘာ့ဖလားကို ဒီလိုမျိုးပွဲနဲ့ အဆုံးသတ်ထားတာ တော်တော်ဆိုးတယ်။ နှစ်ဘက်လုံးကလည်း မထိလိုက်နဲ့.. ထိတာနဲ့ လဲကျနေကြတော့တာပါပဲ…..။ ၁၁၆မိနစ်တိုင်တိုင် ၁ဂိုးမှကို မသွင်းနိုင်ကြဘူးဆိုကတည်းက တစ်မျိုးပါပဲ။ အဲ့ကတည်းက မမထိပ်ထားရဲ့ စပိန်ကြီးက မစွံလို့ပေါ့လို့..။ ဟော်လန်လည်း မစွံဘူး။ ဘယ်သူမှ မစွံဘူး..ကိုယ်ပဲစွံတယ်ကွာ..ကဲ။
စပိန် လူကျွံဘောနဲ့ ချန်ပီယံဆုရတာ..မရတာ.. ၂ယောက်တည်းတွေ့မှ ငြင်းတော့မယ်နော်…
နောက်ဆုံးတော့ ချန်ပီယံက ဘယ်သူလည်းသိလား…
ရေဘ၀ဲလေး ပေါလ် ပဲပေါ့…
Comment by မလေး — July 13, 2010 @ 10:34 pm