ကောင်းကင်ပြာတဲ့နေ့
ဒီနှစ်နွေရာသီဟာ အခြားနှစ်တွေနဲ့ မတူ အေးစိမ့်စိမ့်နဲ့ စိတ်အလိုမကျဖွယ် ကောင်းလွန်းလှသည်။
ဇူလိုင် ရ ရက်…..။
ကောင်းကင်မှာ တိမ်မျှင် တစ်စတစ်လေတောင် မရှိ.. ကြည်လင်လွန်းလှသည်။ အပူချိန်ကလည်း ၂၀ဒီဂရီနီးပါးအထိ တက်လာသည်မို့ ကျေးငှက်ကလေးတွေကလည်း မြူးတူးလာကြသလို.. ပန်းရနံ့တွေကလည်း မွှေးပျံ့လို့လာနေကြသည်…။
ဇူလိုင် ရ ရက်…..။
မှတ်မှတ်ယယအဖြစ်တွေ စုံလွန်းသောနေ့….။
ခြံထဲမှာ ညနေခင်းကတည်းက ကလေးငယ်တစ်ဦးသဖွယ် ငုတ်တုပ်တမျိုး၊ ပက်လက်တဖုံ၊ မှောက်ရက်တခါ ပန်းပွင့်များ၊ မြက်ပင်များ၊ သစ်ရွက်များနှင့် ကောင်းကင်ပြာကို မှတ်တမ်းတင်မိခဲ့သောနေ့….။
ဇူလိုင် ရ ရက်…..။
ဂျာမဏီအသင်းက စပိန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်မယ့်နေ့…….
ဇူလိုင် ရ ရက်…..။
ဟိုးလွန်ခဲ့တဲ့ ၄၈ နှစ်… ၁၉၆၂ တုန်းက ………………….။
…………………………………
………………………………….
ဇူလိုင် ရ ရက်…..။
ရင်ခုန်ခြင်းတွေနဲ့ ကြေကွဲခြင်းတွေ ယှက်တင်တဲ့ နေ့…….
ဇူလိုင် ရ ရက်…..။
ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်သော နေ့တစ်နေ့…..






























အစ်မး) ဓာတ်ပုံတွေအရမ်းလှတယ် တဖက်သတ်ကြီးနော်
ဇူလိုင် ရ ရက်…..။
ဂျာမဏီအသင်းက စပိန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်မယ့်နေ့… တဲ့ ကြော်ငြာဝင်တယ် ။ ဘယ်တော့မှမေ့သွားလိမ့်မဟုတ်တဲ့ နေ့ဆိုတော့ မင်္ဂလာဆောင်တဲ့နေ့လား ဒါမှမဟုတ် ရုပ်ရှင်လက်မှတ်လေး ၂စောင်က ချစ်သူကများ ချစ်စကားဆိုတဲ့နေ့လား သိချင်စမ်းပါဘိ
Comment by မောင်မျိုး — July 7, 2010 @ 2:42 am
ပန်းတွေကို ရိုက်ထားတဲ့ ရိုက်ချက် လှလိုက်တာ။
Comment by အပြုံးပန်း — July 7, 2010 @ 7:08 am
တစ်ဖတ်သတ်ဂျာမန် အားပေးပြီး ဘာတွေရေးထားမှန်းမသိဘူးနော်
တစ်ခုပဲ ဓာတ်ပုံလေးတွေကို ဖတ်ရတာ ကောင်းတယ်ဗျ
တန်ဖိုးသတ်မှတ်ချက်ကွာခြားနေကြတဲ့ ပန်းကလေးတွေနော် တစ်ခုခုနဲ့ တစ်ခု မတူညီတာတွေရှိနေပေမဲ့ ကိုယ်စီ အလှတရား ပိုင်ဆိုင်ကြတာချင်းတော့ တူနေတယ်
အဲဒီ အရသာကိုပေးလို့ ကျေးဇူးပါ စာရေးဆရာ
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 7, 2010 @ 12:06 pm
ဟွန့်
မလေးနော်
ဂျာမန်က စပိန်ကို နိုင်မယ်တဲ့ စောစောစီးစီး…
ခုတော့ ပွဲတစ်ဝက်ကျိုးပြီ.. သရေ…
အဓိပ္ပါယ်ရှိတဲ့ ဇူလိုင် ၇ရက်ပေါ့နော်..
မမေ့စကောင်းတဲ့ အမှတ်တရနေ့တွေဟာ လူတိုင်းရဲ့ ဘ၀မှာ ရှိစမြဲပါ..
ပျော်ရွှင်ပါစေ…
Comment by ချော(အစိမ်းရောင်လွင်ပြင်) — July 7, 2010 @ 12:23 pm
ဂျာမန်တွေ ရှုံးသွားတယ်……ဘာမှ မပြောတော့ဘူး
Comment by မလေး — July 7, 2010 @ 1:21 pm
ဂျာမန်ကိုစိတ်နာတယ်…အဲဒါကြောင့်မဂျီးတင်ထားတဲ့ပန်းလေးကိုကြည့်ပြီးစိတ်ဖြေတော့မယ်
မဂျီးကျမ်းမာရွှင်လန်းပါစေ….
Comment by ဒေါင်းမင်း — July 7, 2010 @ 7:52 pm
ဂျာမန်တွေရှုံးသွားတော့ မလေးကို တန်းသတိရတယ်။ မနေ့က ရောက်သေးတယ်။ ဇူလိုင် ၇ရက်ကို သေချာမသိတာနဲ့ မမန့်ဖြစ်ခဲ့ဘူး။ စောစောက ကိုလူထွေးဘလော့ဂ်ရောက်သွားရင်းနဲ့မှ မမှီလိုက်တဲ့ သမိုင်းအကြောင်း သိသွားတာ။
ကောင်းကင်ဟာ တကယ့်ကို ပြာလဲ့ ကြည်စင်နေတာပါပဲ။ ဘာတွေဖြစ်နေဖြစ်နေ တိမ်ပြာနဲ့ ပန်းလေးတွေကို ချစ်တယ်။
Comment by ဇွန်မိုးစက် — July 8, 2010 @ 2:23 am
waiting july 19th
Comment by phyo — July 8, 2010 @ 6:14 am
19th july or Ma Gyi July ? ? ?
ပျော်ရွှင်ပါစေ…
Comment by phyo thet aung — July 8, 2010 @ 6:16 am
တစ်ခါတစ်ခါတော့လည်း သဘာဝအလှတရားလေးတွေဟာ လူ့ဘ၀အမောတွေကိုပြေစေတယ် မလေးရေ။
Comment by ကေသရီ — July 27, 2010 @ 2:16 am
ပန်းတွေကလှလိုက်တာ အမရေ။ အမက သဘာဝရဲ့အလှကို အရမ်းခံစားတတ်တာပဲ။
Comment by ဇွဲစိုးလွင် — September 1, 2010 @ 5:21 am