July 3, 2010

အနက်ရောင်ကြယ်ပွင့်များရဲ့ အရှုံး

Filed under: my notes, အားကစား — အိမ့်ချမ်းမြေ့ @ 11:16 am

တစ်ကယ်ဆို…အနက်ရောင်ကြယ်ပွင့်များနှင့်အတူ ငိုခြင်းချခြင်းလို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါတော့တယ်…။

သောင်္ကြာနေ့က ဂါနာနဲ့ ဥရုဂွေးတို့ ၁-၁နဲ့ သရေကျနေတုန်း…… ဥရုဂွေးရဲ့ Luis Suarez ဟာ ပွဲမပြီးခင် မိနစ်ပိုင်းလေးအလိုမှာ ဂါနာကန်သွင်းလိုက်တဲ့ ဘောလုံးကို ဂိုးတိုင်ရှေ့တည့်တည့်ကနေ လက်နဲ့ ပုတ်ထုတ်လိုက်တယ်။ ပြီးတော့ မသိမသာ ခေါင်းနဲ့ပုတ်ထုတ်သလို ဟန်ဆောင်လိုက်သေးတယ်။

uruguay2.jpg

Luis Suarez အနီကပ်ရပြီးထွက်သွားရတယ်။ ဒိုင်လူကြီးက ဂါနာကို ပယ်နယ်တီအခွင့်အရေး ပေးပေမယ့် ဂိုးတိုင်ကိုထိပြီး ဂါနာတွေ ဂိုးမ၀င်ခဲ့ပါဘူး။ဒိုင်လူကြီးမှာ ဂိုး ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလည်း။ ဂါနာတွေရဲ့ ကန်ချက်ဟာ ဘယ်လောက်ပြင်းသလည်း လူတိုင်းမြင်ပါတယ်။ ညစ်တီးညစ်ပတ်နဲ့ ဥရုဂွေးဟာ  ကိုးရီးယားကိုလည်း ရှုံးခါနီးကို ဖြစ်ခဲ့ပါသေးတယ်။ အခုလည်း Luis Suarez က လက်နဲ့ကာပြီး စည်းမျဉ်းချိုးဖောက်ပေမယ့်လည်း အင်္ဂါနေ့မှာကစားမယ့် ဟော်လန်နဲ့ပွဲမှာပဲ ကစားခွင့် ပိတ်ခံရတယ်။ တစ်ကယ်လို့ ဖိုင်နယ်ထိတက်မယ်ဆို ဇူလိုင်၁၁ကစားပွဲမှာ ပါဝင်ကစားခွင့်ရှိဦးမယ်လို့ ဆိုနေကြပါတယ်။

ကံဆိုးတဲ့ ဂါနာတွေကတော့ penalty shoot-out မှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တော့တာပါပဲ။ ကစားကွင်းမြက်ခင်းပြင်တွေပေါ်မှာ ချုံးပွဲချငိုတဲ့ ဂါနာတွေအတွက် အလွန်ကို ရင်နာပါတယ်။ အာရှပြီးရင် အာဖရိကကို အားပေးပါတယ်။ တစ်ခါလာလည်း ဥရောပနှင့် တောင်အမေရိကချည်းပဲဆိုတော့… underdogs တွေကို အားပေးနေသူ အိမ့်ချမ်းမြေ့လည်း အခုထိ တစ်ပွဲမှကို မနိုင်သေးပါဘူး။

တစ်ကယ်ကတော့ ဂါနာတွေ အနိုင်ရတာပါ။ သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ်။ (သမိုင်းနှင့်ကို ကိုင်ပေါက်ပါပြီ :P)

uruguay.jpg

*************

ဒီနေ့တော့ ဂျာမဏီက အာဂျင်တီးနားကို ၄-၀ နဲ့ကို အနိုင်ရသွားပါတယ်။ အစကတည်းကလည်း ထင်ပါတယ်။ ဂျာမဏီတွေက အပြေးကလည်းသန်သလား မမေးနှင့် ဆိုတော့ အာဂျင်တီးနားအနေနှင့်နိုင်ရန် မလွယ်ပါဘူး။ စိတ်တန်ခိုးရှိသော ရေဘ၀ဲလေးထက်ကို အိမ့်ချမ်းမြေ့ မှန်ပါတယ်(ဒီတစ်ခါပါပဲ :D)။ အင်္ဂလန်မှာမွေးတဲ့ ဂျာမဏီငါးပြတိုက်ထဲက ရေဘ၀ဲလေးက ဂျာမနီ အနေနဲ့ အာဂျင်တီနားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အချိန်ပိုနှင့် ပင်နယ်တီ ကန်သွင်းမှု အဆင့်ရောက်မှ အနိုင်ရမည် လို့ ဆိုခဲ့ပေမယ့် ပွဲစပြီး သုံးမိနစ်အတွင်းကို ဂျာမဏီက တစ်ဂိုးကန်သွင်းခဲ့ပါတယ်…။ Miroslav Klose ကချည်းကို ၂ဂိုးသွင်းပါတယ်။ အပြောကြီးခဲ့သော မာရာဒိုနာတော့ ဘယ်လိုနေမည် မသိပါ။

11 Comments »

  1. မအိမ့်ရေ…..
    ဟုတ်တယ်ဗျ……
    ဂါနာရှုံးတာတော့ အသဲနာစရာ ကောင်းတယ်ဗျာ…..
    သူထွက်လိုက် ရတာဟာ လူညစ်တွေ ကမ္ဘာမှာ ကြီးစိုးအုံးမယ့် သဘောပဲလားးးးးးး
    အဲ… ကျွန်တော်ကတော့ ဂျာမနီပဲ… :D :P
    ပွဲပြီးတော့မှ လာမန်ု့တာ….. ဟီးးးးးးး

    Comment by heartmuseum — July 3, 2010 @ 11:27 am

  2.ှုငံလိုက်တာ..။

    Comment by Evergreen Phyo — July 3, 2010 @ 11:50 am

  3. ဟုတ်တယ် ရှုံးပွဲချငိုတဲ့ ဂါနာကို ကြည့်ပြီး စိတ်မကောင်းလိုက်တာ..
    ဘောလုံးဟာ ငိုအောင်လဲတတ်နိုင်တယ် ရယ်အောင်လဲ တတ်နိုင်တယ်နော်
    ခုတော့ ကျွန်မအားပေးနေတဲ့စပိန် ဂိုးသွင်းသွားလို့ ထခုန်ပစ်မိတယ်..
    ခုလေးတင်ရယ်..
    ဘာဆက်ဖြစ်မလဲမသိသေးဘူး.. ပွဲပြီးချိန်ကို စောင့်ကြည့်ရဦးမယ်…

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — July 3, 2010 @ 1:15 pm

  4. ယူရို 2008 က အခဲမကျေပွဲကို ဂျာမန်နဲ့ စပိန် ဆင်နွဲကြတော့မယ်။

    Comment by ကိုအောင်(ပျူနိုင်ငံ) — July 3, 2010 @ 2:22 pm

  5. မလေး ဘောလုံးပွဲလာကြည့်သွားပါတယ်။
    တပွဲမှ မကြည့်ဖြစ်လို့  ရေးထားတာလေး ကို ပဲ ဖတ်သွားကြောင်းပါ။
    ဘောပွဲ ကြည့်ယင် အိပ်ငိုက်တတ်တာ ကြောင့် ခုထက်ထိ တော့ ဘယ်အသင်းမှလဲ မသိသေးပါဘူး။
    အင်္ဂလန် ရှုံးတဲ့ နေ့ ကတော့ ဆိုက် က အင်္ဂလိပ်ကြီး အပြင်ကိုထွက်မလာတော့ပါဘူး။ :D
    ခင်မင်သော
    မောင်မောင်

    Comment by မောင်မောင် — July 3, 2010 @ 2:40 pm

  6. မလေးရေ., နန္ဒာ့ အထင်တော့ “2010″ ဟာ ဂျာမန်တွေ အတွက် ရွှေခေတ် ဖြစ်စေဖို့ ဂျာမဏီ ကံကောင်းတဲ့ နှစ်လားမသိဘူး။

    ဒီနှစ်ထဲ Oslo မှာ ဥရောပ နိုင်ငံတွေ စုပြီး လုပ်တဲ့ Eurovision Song Contest မှာလဲ သီချင်းရော ဆိုတဲ့ ကောင်မလေးပါ သိပ်မကောင်းလှပေမယ့် မဲအများဆုံး အပေးခံရပြီး ဂျာမဏီ နိုင်သွားတယ်။

    World Cup မှာလဲ ဂျာမဏီက ကစားသမားတွေ အသက်ငယ်ကြပြီး ကြံခိုင်တာ ၊ မြန်ဆန်ဖြတ်လတ်တာ ၊ အပြေးသန်တာ ၊ အပေးအယူ မျှတကြတာ စတာတွေကြောင့် အင်္ဂလန်ကို အသေလှန် နိုင်ခဲ့တဲ့အပြင် အခု အာဂျင်တီးနားနဲ့ ပွဲမှာလဲ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ် မျော်မှန်းထားပေမယ့် ဂိုးပြတ် ကစားနိုင်တာ ကြည့်ခြင်းဖြင့် ကံကြမ္မာက ဂျာမဏီကို သာနေစေလို့ ဒီ 2010 FIFA World Cup မှာ ဂျာမဏီ နိုင်သွားလိမ့်မယ် ထင်နေတယ်။

    ဂျာမဏီ နိုင်သွားရင် နန္ဒာ့ရဲ့ ဂျာမာန် သူငယ်ချင်း ၃ယောက်အတွက် ဝမ်းသာရပေမယ့် အင်္ဂလိပ် သူငယ်ချင်း အများစုကတော့ ဝက်ဝက်ကွဲ စိတ်ပျက် ဆဲဆိုကြမှာ..
    ဒါ့အပြင် အင်္ဂလန်အသင်းကို ပိုအပြစ်တင်လာနိုင်တာတွေ တွေးမိရင်း ရင်မောရတယ် World Cup ရယ်လို့ ပြောချင်တော့တာပါပဲ မလေးရယ်။

    နန္ဒာ (SMNTL)

    Comment by Soe Mya Nandar Thet Lwin (Borros Roxo) — July 3, 2010 @ 5:45 pm

  7. England ကို နိုင်သွားတဲ့ ဂျာမန်ီကို အမုန်မကြေသေးပါ ဒါပေမယ့် ညကပွဲခဏကြည့်လိုက်တာ ဂျာမနီနိုင်မယ်ဆိုတာ ထင်လိုက်တယ် ပွဲပြီးအောင်တော့မကြည့်လိုက်ပါး)

    Comment by မောင်မျိုး — July 3, 2010 @ 6:25 pm

  8. heartmuseum … သူတို့ရေချိုး..မချိုး..မလေး မသိ။ :D
    Evergreen Phyo…ဘာကို ငံတာတုန်းး)
    ချော(အစိမ်းရောင်လွင်ပြင်)… ငိုအောင်..ရယ်အောင်..နောက်..ဘုရားတွေလည်း ရှိခိုးတတ်အောင် သင်ပေးသော ကမ္ဘာ့ဖလားပါပဲ ချောရယ်..
    ကိုအောင်(ပျူနိုင်ငံ) … ဟုတ်တယ် ကိုအောင်..
    မောင်မောင် … ဒီလောက်စိတ်လှုပ်ရှားစရာကောင်းသော ပွဲတွေမှာ ကိုမောင်မောင်ရယ်..း)
    နန္ဒာ (SMNTL)… ဂျာမန်ကစားသမားတွေက အဖွဲ့လိုက်ကောင်းတယ်.. တစ်ဦးကောင်းလုပ်မနေဘူးဆိုတော့ မလေးတော့ မျှော်လင့်နေတယ်သူတို့ကို.. ဘရာဇီးက အဲဒါနဲ့ ခံသွားရတာ.. they played for themselves, not for the team. သူတို့ team ထဲမှာလည်း politics တွေ ဘယ်လောက်များနေလိုက်မလည်း..
    မောင်မျိုး… မလေးတော့ အင်္ဂလန် အားမပေးပါ.. :P (မောင်နှမချင်း ရန်မဖြစ်ချင်ပါ)

    Comment by မလေး — July 3, 2010 @ 10:35 pm

  9. မလေးရေ.. ဇွန်ကလည်း မလေးဆီလာပြီး ဘောလုံးပွဲအကြောင်းလာပြောချင်နေတာ။ ဒီနေ့အပြင်သွားလို့ နောက်ကျမှ ပြန်ရောက်တယ်။

    ဂျပန်နဲ့ ဂါနာတွေကို တကယ်ပဲသနားမိတယ် မလေးရေ။

    အာဂျင်တီးနားက ဒီနှစ်အတွက် ရေပန်းအစားဆုံးအသင်းဖြစ်ပါလျက်နဲ့ ၄းဝ နဲ့ မရှုံးသင့်ဘူး။ ဒါပေမယ့် ဂျာမနီက အသင်းလိုက်ရော တစ်ဦးချင်းစီပါ သိပ်ကောင်းလို့ အာဂျင်တိုင်းတွေ ရှေ့တန်းကိုလည်း မဖောက်နိုင်၊ နောက်တန်းကိုလည်း မကျော်နိုင်ဘဲ ရှုံးရတယ်။ ဗိုလ်လုပွဲမှာ ဂျာမန်နဲ့ ဟော်လန်များ တွေ့မလားဘဲ။

    ဥရောပအသင်းတွေ ဥရောပမြေပေါ်ကလွဲလို့ ကျန်တဲ့မြေပေါ်မှာ တစ်ခါမှ ဗိုလ်မစွဲဘူးတာ၊ ဒီတစ်ခါတော့ အာဖရိကမြေပေါ်မှာ အောင်ပွဲခံတော့မယ်ထင်တယ်နော်။ :)

    Comment by ဇွန်မိုးစက် — July 4, 2010 @ 6:27 am

  10. မလေးရေ… စကားမစပ် မနေ့ညက ABBA-Cadabra သွားကြည့်တယ်။ သူတို့အဖွဲ့က ကနေဒါနိုင်ငံ ဗန်ကူးဗားကဆိုလို့ မလေးကို သတိရသွားကြောင်း လာပြောတာ။ သိပ်ကောင်းတာပဲ မလေးရေ။

    Comment by ဇွန်မိုးစက် — July 4, 2010 @ 6:35 am

  11. မလေးရေ…ကိုဧရာရော၊ မသီတာရော ဘောလုံးပွဲ မကြည့်တတ်ဘူး။ သားနှစ်ယောက်ကတော့ ပြောတယ်.. ဘောလုံးအကြောင်း၊ ကစားတဲ့လူတွေအကြောင်း၊ အိမ်ခန်းကျဉ်းလေးထဲမှာ ကန်လိုက်ရတာလည်းအမော… သူတို့ပြောလာရင် ဘလော့ဂ်မှာ ဖတ်ထားတာတွေနဲ့ အိယောင်ရွှီး ရတယ် ဟီးဟီး

    Comment by S-C — July 6, 2010 @ 8:02 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips