1966 ကံကြမ္မာတစ်ပတ်လည်ခြင်း
ဒီနှစ်ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာတော့ ခုချိန်တွင်းမှာ ကြည့်လို့အကောင်းဆုံးပွဲက တနင်္ဂနွေနေ့ကပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ဂျာမန်ပွဲ ပါပဲ။ ဂျာမန်အသင်းဘက်က Miroslav Klose နဲ့ Lukas Podoloski တို့က ပထမ မိနစ်၂၀နဲ့ ၃၂မိနစ်တွေမှာ ဂိုးသွင်းထားပြီး ဦးဆောင်နေခဲ့တယ်။ နောက်တော့ အင်္ဂလန်အသင်းရဲ့ Frank Lampard ကန်လိုက်တဲ့ဘောလုံးဟာ ဂိုးတိုင်ကိုထိပြီး စည်းကျော်ပြီး ကျသွားတယ်။ ဂိုးသွားတယ်.. ပြီးတော့ ပြန်ကန်ထွက်လာတာတယ်။ ဂိုးစည်းကိုကျော်ပြီး ဂိုးသွားတာကို ဒိုင်လူကြီးက ဂိုးမပေးလိုက်ဘူး။ ဗွီဒီယိုတွေ ခဏကလေး ပြန်ကြည့်လိုက်လို့ ဘယ်လောက်ကြာသွားမလည်း။
၁၉၆၆ခုနှစ်က ကံကြမ္မာက တစ်ပတ်ပြန်လည်တာပဲထင်ပါတယ်။ အဲဒီတုန်းကတော့ အင်္ဂလန်သွင်းလိုက်တဲ့ ဂိုးဟာ ဂိုးတိုင်ကိုထိပြီး တည့်တည့်ကြီး ၉၀ဒီဂရီစိုက်ဆင်း၊ ဂိုးလိုင်းကိုထိထွက်သွားတယ်။ ဂိုးလိုင်းကို ကျော်မှ ဂိုးတယ်ဆိုတဲ့ စည်းကမ်းရှိရဲ့နဲ့ ဂိုးလိုင်းနဲ့ ၆စင်တီမီတာဝေးတဲ့ ဂိုးကို ရလိုက်တဲ့ အင်္ဂလန်ဟာ ဂျာမန်ကိုအနိုင်ရ ဗိုလ်စွဲခဲ့တယ်။
အခု ၂၀၁၀မှာ တစ်ကယ်ဂိုးတာကျတော့ ဂိုး မရခဲ့ပါဘူး။
ဒီပွဲမှာ ဂိုးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဂျာမန်အသင်းကို အင်္ဂလန်အသင်းက နိုင်ဖို့မလွယ်ပေမယ့် ဂိုးရရဲ့သားနဲ့ မရလိုက်တော့ အင်္ဂလိပ်တွေ စိတ်ဓာတ်တော့ ကျသွားခဲ့မှာပဲ။
FIFA က goal-line technology တွေကိုလည်း ခေါင်းမာစွာ ငြင်းပယ်ထားဆဲပဲတဲ့။ ဘောလုံးထဲမှာ chip လေးထည့်ထားပြီး ဂိုးစည်းကိုကျော်တာနဲ့ ဒိုင်တွေကိုအချက်ပေးမယ့် technology ကိုကော Hawk-Eye ကိုပါ မလိုချင်တဲ့အပြင်.. ဒိုင်နှစ်ယောက်အပို ထပ်ထည့်ချင်တယ်ဆိုပြီး ငြင်းနေကြတဲ့သူတွေကလည်း ရှိပါသေးတယ်။ အချို့နိုင်ငံတွေရဲ့ ဘောလုံးကွင်းတွေမှာ ဗွီဒီယိုတွေ တပ်ချင်တိုင်းလည်းတပ်နိုင်လောက်တဲ့ infrastructure မရှိဘူးဆိုပြီးလည်း ပြောကြပြန်ပါသေးတယ်။ အခုတော့ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ အကုန်ထွက်သွားရပါပြီ။ သူတို့ထွက်သွားလို့ ၀မ်းမနည်းတာတော့ အမှန်ပါပဲ။
ဒီနှစ်ကတော့ ဒီပုံတိုင်းဆို ဂျာမန်အသင်း ဗိုလ်စွဲမယ်လို့ ထင်မိတာပါပဲ။

























အင်္ဂလန် ခွါလိပ်သွားလို့ ပျော်တဲ့သူတွေထဲမှာ..စာချစ်သူလဲ ပါတယ် မကြီး။ အင်္ဂလန် Media တွေကို အမြင်ကတ်လွန်းလို့။ ပြီးတော့…….
Comment by စာချစ်သူ — June 29, 2010 @ 2:33 am
ကျနော့််  အင်္ဂလန် ထွက်သွားရပြီပေါ့ ဘောလုံးပွဲတွေမကြည့်ုဖြစ်ဘူးး
Comment by မောင်မျိုး — June 29, 2010 @ 2:53 am
ကျနော်က ဂျာမန်အသင်းကို ဗိုလ်ဆွဲစေချင်တဲ့ ဂျာမန်ဘောလုံး ပရိတ်သတ်ပါ။ သို့ပေမယ့် ကွာတာ ဒုတိယအဆင့်မှာ
။ အင်္ဂလန်သွင်းတဲ့
ဂျာမန်အသင်းနဲ့ အာဂျင်းတီးနား ကစားပြီးမှ ဒီအသံနည်းနည်း တိုးပြီး ပြောလို့ရမယ် ထင်တယ်
ဒုတိယဂိုးဟာ ပေးသင့်တဲ့ ဂိုးပါ၊ ဒီဂိုးသာ ပေးခဲ့ရင် ပွဲအဖြေဟာ တစ်မျိုးတော့ ပြောင်းလာနိုင်စရာ ရှိပါတယ်။
ဒါပေမယ့်လည်း အယ်လ်ဘေးနီးယားလို အသင်းကို အုပ်စုမှာ သရေကစားခဲ့တဲ့ အင်္ဂလန်ဟာ အားရဖွယ်မရှိပါဘူး။
အင်္ဂလန်ကို ဆီးမီး(အကြိုဗိုလ်လုပွဲ) ရောက်ဖို့အထိတောင် မျှော်လင့်ခဲ့ပါတယ်။ အုပ်စုမှာ ယူအက်စ်ကို သရေ
သွားကျကတည်းက ဒီနှစ်တော့ အင်္ဂလန်ဗုံသံတွေ သိပ်မကြားရတော့ဘူးလို့ ထင်ခဲ့ပါတယ်။ ဒိုင်လူကြီး ဆုံးဖြတ်ချက်အပြင်
နည်းပညာ ဆုံးဖြတ်ချက် ယူသင့်တယ်ဆိုတဲ့ အဖြေကို ကျနော်အနေနဲ့ နည်းနည်း ငြင်းဆန်ချင်ပါတယ်။ နည်းပညာ
ဆုံးဖြတ်တွေ ယူမယ်ဆိုရင် ဘောလုံးပွဲ တစ်ပွဲမှာ အနည်းဆုံး အနီကဒ်နဲ့ ထွက်ရတဲ့လူ သုံး …လေးယောက်အထိ
ဖြစ်လာနိုင်ပါတယ်။ တချို့ ဘောလုံးသမားတွေက တစ်ဦးနဲ့ တစ်ဦး ပူးကပ်ချိန်မှာ ဆဲရေးတိုင်းထွာတဲ့ စကားတွေ
ပြောလေ့ရှိပါတယ်။ မသိလိုက်ဖာသာ ပုံစံနဲ့ အပြစ်ကျူးလွန်သူတွေ၊ ပြစ်ဒဏ်ဘော ရအောင် ကူလီကူမာ များတဲ့
သူတွေလည်း အပြည့်ပါ။ ပြင်သစ်နဲ့ အီတလီက ညံ့လို့ ထွက်ရတာပါ။ အင်္ဂလန်အသင်း သူတို့အားနည်းချက်တွေ
ပြင်လာပါစေလို့ မျှော်လင့်ပါတယ်။
Comment by ကိုအောင်(ပျူနိုင်ငံ) — June 29, 2010 @ 3:21 am
မလေးရေ … မမေကတော့ အဲဒီမရလိုက်တဲ့ တဂိုးအတွက် တကယ်စိတ်မကောင်းဘူး။
အင်္ဂလန် စိတ်ဓာတ်ကျသွားမှာ အမှန်ပဲ။ ခြေကတော့ ဂျာမဏီက သာပါတယ်။ ဒါပေမဲ့ ကစားပွဲတခုမှာ စိတ်ဓာတ်ကလဲ အရေးကြီးတာပဲနော်။
အဲဒီပွဲကြည့်ပြီး ဘောလုံးပွဲမှာ ဒိုင်အဆုံးအဖြတ်ပေါ် အစစ မူတည်နေတာလဲ မကြိုက်ချင်တော့ဘူး။ ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ ဒိုင်တွေကို တော်တော်အမြင်ကပ်နေမိပြီ။
သူတို့ မျက်စိရှမ်းတာနဲ့ပဲ အမှန်တရားက အမှားဖြစ်ရတယ်။
တင်းနစ်မှာတောင် အဲဒီလို အငြင်းပွားမှုတွေကို ကွန်ပျူတာနဲ့ ပြန်ကြည့်ပြီး ဆုံးဖြတ်ပေးတာမို့ ဘောလုံးကိုလဲ အဲဒီလိုပဲ ဖြစ်စေချင်တယ်။
၁၉၆၆ တုန်းက အဲဒီလိုဖြစ်ခဲ့ဖူးတာတော့ မလေးပြောမှ သိတော့တယ်။ မမေကတော့ ပြင်သစ်ထွက်တာ ၀မ်းမနည်းပေမဲ့ အီတလီထွက်သွားရတာကို စိတ်မကောင်းဘူး။
ဘရာဇီးကိုတော့ ဗိုလ်စွဲစေချင်တယ်။
Comment by မေဓာဝီ — June 29, 2010 @ 4:07 am
မလေးရေ… ဂျာမနီနဲ့ အာဂျင်တီးနားပွဲ ကြည့်ကောင်းတော့မှာ။
ခု ဂျပန်နဲ့ ပါရာဂွိုင်းပွဲ ဆက်ကြည့်လိုက်ဦးမယ်။ (ဘရိတ်တိုင်မ်မှာ လာမန့်တာ)း)
Comment by ဇွန်မိုးစက် — June 29, 2010 @ 8:01 am
ဝါသနာတူချင်း တွေ့နေပြီ..
ဘောပွဲကိုက်လို့ အလုပ်တောင် ကောင်းကောင်းမလုပ်နိုင်ဖြစ်နေတာအစ်မရေ…
အသင်းကြီးတွေထွက်တော့လဲ ကျန်တဲကအသင်း ကိုယ့်အသင်းလုပ်ပြီး အားပေးရတော့မှာပါဘဲနော်..
ဘာဘဲဖြစ်ဖြစ် ဘောလုံးပွဲကြည့်လို့ ရင်ခုန်စိတ်လှုပ်ရှားရတာ ဘယ်အရာနဲ့မှ မတူဘူးနော်..
Comment by ချော(အစိမ်းရောင်လွင်ပြင်) — June 29, 2010 @ 8:35 am
မလေးရေ… ဂျပန် ပယ်နယ်လ်တီနဲ့ရှုံးပြီး ကွာတားမတက်နိုင်ပေမယ့် အာရှအသင်းအနေနဲ့ ဒီလောက်ထိ ကစားသွားနိုင်တာကို ချီးကျူးမိပါတယ်။
အားပေးတဲ့ အသင်းတွေ တစ်သင်းပြီးတစ်သင်း ပြုတ်ကုန်ပြီ။
ဇွန်က အာဂျင်းတီးနားကို မှန်းတယ်။
Comment by ဇွန်မိုးစက် — June 29, 2010 @ 10:01 am
ဇွန်ရေ… ဂျပန်တွေ ငိုတာ မလေး ပါမျက်ရည်ဝဲတယ်.. အာရှတွက် စိတ်မကောင်းဘူး။ အခုတော့ ပေါ်တူဂီကို အားပေးနေပါတယ်။
အင်္ဂလန်ထွက်သွားတော့ မမေ နဲ့ နန္ဒာ့ ကို သတိရလိုက်မိသေးတယ်… Rooney လည်းခြေမပေါ်ဘူးနော်။ အချို့ အင်္ဂလန်ကစားသမားတွေက အိုဗာရိတ်တက် နော် စာချစ်သူ
ချောရေ.. ကျမတော့ ဒီကမ္ဘာ့ဖလား မြန်၂ပြီးမှပါပဲချောရယ်..ဒါမှ အခြားအလုပ်တွေနိုင်တော့မယ်ထင်တယ်..
မောင်မျိုး.. မောင်လေး မကြည့်ဖြစ်တောင် ဂျာမန်ပွဲလေးတော့ ကြည့်လိုက်။
ကိုအောင်(ပျူနိုင်ငံ) .. ကျမအထင်တော့ နည်းပညာကိုဂိုးစည်းနဲ့ ဘေးစည်းအဖြတ်မှာ သုံးသင့်တယ်ထင်တယ်ကိုအောင်။ ဘေးစည်းကတော့ ထားပါတော့နော်… ဒါပေမယ့် ဘောလုံးထဲမှာ chip လေးထည့်ထားပြီး ဂိုးစည်းကိုကျော်တာနဲ့ ဒိုင်တွေကိုအချက်ပေးမယ့် technology ကိုတော့ ကျမကြိုက်တယ် ။
Comment by မလေး — June 29, 2010 @ 12:06 pm
ကျနော်က ဂျာမန်အသင်းကို ဗိုလ်ဆွဲစေချင်တဲ့ ဂျာမန်ဘောလုံး ပရိတ်သတ်ပါ။ သို့ပေမယ့် ကွာတာ ဒုတိယအဆင့်မှာဂျာမန်အသင်းနဲ့ အာဂျင်းတီးနား ကစားပြီးမှ ဒီအသံနည်းနည်း တိုးပြီး ပြောလို့ရမယ် ထင်တယ် ။ အင်္ဂလန်သွင်းတဲ့ဒုတိယဂိုးဟာ ပေးသင့်တဲ့ ဂိုးပါ၊ ဒီဂိုးသာ ပေးခဲ့ရင် ပွဲအဖြေဟာ တစ်မျိုးတော့ ပြောင်းလာနိုင်စရာ ရှိပါတယ်။ဒါပေမယ့်လည်း အယ်လ်ဘေးနီးယားလို အသင်းကို အုပ်စုမှာ သရေကစားခဲ့တဲ့ အင်္ဂလန်ဟာ အားရဖွယ်မရှိပါဘူး။အင်္ဂလန်ကို ဆီးမီး(အကြိုဗိုလ်လုပွဲ) ရောက်ဖို့အထိတောင် မျှော်လင့်ခဲ့ပါတယ်။ အုပ်စုမှာ ယူအက်စ်ကို သရေသွားကျကတည်းက ဒီနှစ်တော့ အင်္ဂလန်ဗုံသံတွေ သိပ်မကြားရတော့ဘူးလို့ ထင်ခဲ့ပါတယ်။ ဒိုင်လူကြီး ဆုံးဖြတ်ချက်အပြင်နည်းပညာ ဆုံးဖြတ်ချက် ယူသင့်တယ်ဆိုတဲ့ အဖြေကို ကျနော်အနေနဲ့ နည်းနည်း ငြင်းဆန်ချင်ပါတယ်။ နည်းပညာဆုံးဖြတ်တွေ ယူမယ်ဆိုရင် ဘောလုံးပွဲ တစ်ပွဲမှာ အနည်းဆုံး အနီကဒ်နဲ့ ထွက်ရတဲ့လူ သုံး …လေးယောက်အထိဖြစ်လာနိုင်ပါတယ်။ တချို့ ဘောလုံးသမားတွေက တစ်ဦးနဲ့ တစ်ဦး ပူးကပ်ချိန်မှာ ဆဲရေးတိုင်းထွာတဲ့ စကားတွေပြောလေ့ရှိပါတယ်။ မသိလိုက်ဖာသာ ပုံစံနဲ့ အပြစ်ကျူးလွန်သူတွေ၊ ပြစ်ဒဏ်ဘော ရအောင် ကူလီကူမာ များတဲ့သူတွေလည်း အပြည့်ပါ။ ပြင်သစ်နဲ့ အီတလီက ညံ့လို့ ထွက်ရတာပါ။ အင်္ဂလန်အသင်း သူတို့အားနည်းချက်တွေပြင်လာပါစေလို့ မျှော်လင့်ပါတယ်။
+1
Comment by Derry — June 30, 2010 @ 3:27 am
နိုင်တဲ့ အသင်း ကိုယ့်အသင်း ပါ။ ဟဲဟဲ
Comment by Republic — July 1, 2010 @ 4:28 am
မလေးရေ နန္ဒာတော့ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်က လန်သွားလို့ အခု Wimbledon Tennis ဖက်လှည့်နေတယ်။
Tomas Berdych beats Novak Djokovic 6-3 7-6 6-3
အခု Male ဆီမီးဖိုင်နယ် Live ကို အိမ်မှာ ထိုင်ကြည့်ရင်း မလေးဆီ ဝင်လာကြည့်ရင်း Say “Hi”လာလုပ်တာ။ နန္ဒာလဲ မလေးကို သတိရပါ၏။
နန္ဒာ (SMNTL)
Comment by Soe Mya Nandar Thet Lwin (Borros Roxo) — July 2, 2010 @ 7:38 am
မလေးရေ……
အနော်ကတော့ ပုံတွေကြည့်…….ကော်မန့်တွေဖတ်ပြီး……..နွားပလာတာကျွေးသလို…..ဘာမှမသိပဲ……..အူချောင်ချောင်နဲ့ ပျံသွားပါပြီဗျာ……:D
(စာအသစ်လည်း……မရေးဘူး……ဟွင်းးးးးး)
ခင်မင်ခြင်းအားဖြင့်……..
ဏီလင်းညို
Comment by ဏီလင်းညို — July 2, 2010 @ 4:38 pm
ဂျာမဏီကနိုင်သွားပြန်ပြီ ၄းဝ
Comment by sosegado — July 3, 2010 @ 9:44 am
ဇွန်လည်း မလေးလိုပဲ၊ “ဘောလုံးထဲမှာ chip ထည့်ထားပြီး ဂိုးစည်းကိုကျော်တာနဲ့ ဒိုင်တွေကိုအချက်ပေးမယ့် technology” ကို ထောက်ခံတယ်။
Comment by ဇွန်မိုးစက် — July 4, 2010 @ 6:30 am