June 27, 2010

ဂျီ၈/ဂျီ၂၀ တိုရန်တို

Filed under: my notes, ဓာတ်ပုံ — အိမ့်ချမ်းမြေ့ @ 1:10 am

ကမ္ဘာ့ထိပ်သီးများရဲ့ g8-g20 ဆွေးနွေးပွဲအတွက် လုံခြုံရေးအတွက်တစ်ခုထဲကို ယူအက်စ်ငွေသန်းပေါင်း ၉၇၀ သုံးပစ်လိုက်သော ကနေဒီယန်အစိုးရကို မကျေနပ်တဲ့ တိုရန်တိုမြို့သားတွေ…..

4.jpg

လေယာဉ်မူးလာတဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများရဲ့ ၂ရက်နဲ့တစ်ပိုင်းဆွေးနွေးပွဲတွေဟာ ဘယ်လောက်ထိရောက်မှု ရှိနိုင်မှာလည်းဆိုပြီးတော့ မေးခွန်းတွေလည်း ထုတ်နေကြပါတယ်။

1.jpg

2.jpg

3.jpg

protest_g8_summi_110721gm-e.jpg

ref: Reuters/AP

8 Comments »

  1. ဖြစ်သင့်တယ် ဘာမဟုတ်တာတွေကို ပုံကြီးချဲ့မယ့် အစား ဆင်းရဲတဲ့နိုင်ငံတွေ ဥပမာ အနော်တို့ရဲ့ ရွှေပြည်ကြီးကို 10/1 လောက်များ လာပေးရင်တော့လား ဘဘကြီးသန်း က အိတ်ကပ်ထဲ ကောက်ထည့်သွားမှာပေါ့လေ :P

    Comment by မောင်မျိုး — June 27, 2010 @ 3:38 am

  2. အော် သူတို့များကျတော့ လူ လူချင်းတောင်မှ…ပြောနိုင် ဆိုနိုင်လိုက်ကျတာ။ မနာလိုတောင်ဖြစ်မိပါရဲ့..။

    Comment by စာချစ်သူ — June 27, 2010 @ 4:19 am

  3. ကုန်ကျစရိတ်က မနည်းပါလား၊ ဓါတ်ပုံတွေ ကြည့်ခွင့်ရတာ ကျေးဇူးဗျာ။

    Comment by ကိုအောင်(ပျူနိုင်ငံ) — June 27, 2010 @ 5:29 am

  4. လုံခြုံရေးအတွက်အဲလောက်တောင်ငွေတွေသုံးပစ်တာမကျေနပ်စရာပဲ
    ဟီးအဲဒီငွေတွေမရှိတဲ့မိဘမဲ့တွေလှူပစ်တာမှအကျိုးရှိအုံးမယ်နော့်လေမဂျီးရာ

    Comment by ဒေါင်းမင်း — June 27, 2010 @ 6:52 am

  5. နှမြောလိုက်တာ ပိုက်ဆံတွေ
    ဟုတ်ပနော် ဒီထက်အကျိုးရှိမဲ့နေရာတွေမှာ သုံးလိုက်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ..
    မလေးရေ နေကောင်းတယ် ဟုတ်.. လာလည်သွားပါကြောင်းနော်..

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — June 27, 2010 @ 10:54 am

  6. ကမ္ဘာအရပ်ရပ်က မိဘမဲ့ကလေးတွေ၊ အာဟာရချို့တဲ့ ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေ၊ ကျန်းမာရေးအကူအညီ လိုအပ်နေသူတွေ၊ ပညာသင်ကြေး အထောက်အပံ့ လိုအပ်နေသူတွေ… အဲဒီ့ငွေပမာဏနဲ့ ဖြည့်ဆည်းမယ်ဆို အများကြီး အကျိုးသက်ရောက်မှုရှိမှာ။ :(

    ပုံတွေအတွက် ကျေးဇူးပါ မလေးရေ။ ဘောလုံးပွဲဆီ စိတ်ရောက်နေတာနဲ့ ဘလော့လဲ မှန်မှန်မလည်ဖြစ်၊ တစ်ခြားသတင်းတွေတောင် စိတ်မ၀င်စားနိုင်ဘူး ဖြစ်နေတယ်။ :D

    Comment by ဇွန်မိုးစက် — June 28, 2010 @ 5:50 am

  7. မှန်တယ်..မှန်တယ်..ကမ္ဘာမှာ မြန်မာပဲ အပျော်အပါးတွေ ဂုဏ်ပကာသနတွေ 12 လရာသီ ပွဲတော်တွေ..ကြိုကြား ကြိကြားပွဲတော်တွေနဲ့ အကုန်အကျများနေတယ်ထင်တာ..ဒီလိုနိုင်ငံတွေလည်း ရှိသေးတာကိုး..

    Comment by ဆူးနစ် — June 28, 2010 @ 8:18 am

  8. မလေးရေ……

    သူတို့တွေဘာဆွေးနွေးကြမလဲမသိဘူးနော်………….။
    ကျွန်တော့်အထင်တော့……
    ၁) ကျုပ်မိန်းမ ဆံပင်အရောင်ဆိုးပြီး…….ဖြောင့်လိုက်ပြီဗျ………။
    ၂) ကမ္ဘာ့ဖလားပွဲ….ဘယ်လောက်ကြေးလောင်းကြမတုံး…….?
    ၃) ကျုပ်သားအကြီးကောင်……အပေါ်စဖို့ဒ်တက္ကသိုလ်မှာ(အောက်စဖို့ဒ်ထက်မြင့်မယ်ထင်လို့) အတော်ဆုံးဖြစ်နေပြီလေ…….။
    ၄) သမီးအငယ်ကတော့…….. ကမ္ဘာ့ဈေးအကြီးဆုံး……စိန်ဘယက်ကို ပူဆာနေလေရဲ့……။
    ၅) ဟေ့လူ…..တိုးတိုးပြောရဦးမယ်……။ ခုတစ်လောနာမည်ကြီးနေတဲ့ ပေါ့ပ်အဆိုတော်မလေးဖုန်းနံပါတ်ကျုပ်ဆီမှာရှိတယ်……ယူမလား…….း))
    စသဖြင့်……. ပေါ့လေဗျာ…….။

    (ဓာတ်ပုံတွေကြည့်ရလို့ ကျေးဇူးဗျ)

    ခင်မင်ခြင်းအားဖြင့်……..
    ဏီလင်းညို

    Comment by ဏီလင်းညို — July 2, 2010 @ 4:47 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips