June 14, 2010

ကမ္ဘာ့ဖလား၏ နှဲသံများ

Filed under: အားကစား — အိမ့်ချမ်းမြေ့ @ 12:36 pm

ပွဲစဉ်တွေ မစခင်တုန်းက ကျန်းမာရေးပညာရှင်တွေက ပွဲကွင်းထဲမှာ ကျယ်လောင်စွာ မှုတ်ကြမှာမို့ နားတွေကန်းနိုင်ကြောင်း ကြိုတင်အသိပေးထားကြပါသေးတယ်။ ပထမတော့ ရှားရှားပါးပါး တောင်အာဖရိကရဲ့ ကျွဲတို့ ဂျီတို့  အခြားသောအကောင်တွေရဲ့ ဦးချိုတွေကို မှုတ်နေတာလို့ ထင်လို့ သည်းညည်းခံနေခဲ့ပါတယ်။ စိတ်ကူးမိတာ သူတို့မိဘဘိုးဘွားတွေရဲ့အမွေဖြစ်သော၊ သူတို့မိဘဘိုးဘွားတွေ တောထဲမှာ အမဲလိုက်ရလာသော ဦးချိုတွေကို တမြတ်တနိုးလက်ဆင့်ကမ်းသယ်လာပြီး ခုလို အထင်ကရပွဲမှာ မှုတ်ကြတာထင်လို့ တော်တော်လေးကို သည်းညည်းခံခဲ့ပါတယ်။ အခုတော့ rand 20 ($2.50) လောက်သာတန်သော vuvuzelas လို့ခေါ်တဲ့ ၃ပေနဲ့၃လက်မတောင်ရှည်သော… ပလတ်စတတ်နှဲတွေကို ကျယ်လောင်စွာမှုတ်နေကြလို့ ကွင်းထဲကလူတွေတော့ ဘယ်လိုနေမယ်မသိ.. တီဗွီနဲ့ကြည့်တဲ့သူတွေတောင် ဘောလုံးပွဲကြည့်ရတာ တော်တော်ကလေး ကသိကအောင့် ဖြစ်ရပါတယ်။ ပျားတွေအကောင်ပေါင်း ဘီလျှံချီပြီးပျံဝဲနေသလားထင်ရတာပါပဲ။

ဒီလိုနှဲသံတွေဖုံးမနေဘဲ လူတွေရဲ့ အော်ဟစ်အားပေးသံတွေ.. ဂိုးမ၀င်ဘဲ လွဲသွားလို့ စိတ်ပျက်အားလျော့သံတွေ.. စတဲ့ အသံတွေနဲ့ ပွဲစဉ်တွေက ပိုမိုစိတ်လှုပ်ရှားစရာကောင်းမှာဖြစ်ပေမယ့် တောင်အာဖရိကရဲ့ပွဲဆိုတော့ သူတို့ရိုးရာဖြစ်တဲ့ အဲဒီနှဲတွေကို မှုတ်မှာပဲလို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဘယ်မှာပဲ ကျင်းပကျင်းပ ဒီလိုကမ္ဘာ့ဖလားဆိုတာ qualify ဖြစ်တဲ့ အသင်း ၃၂သင်းရဲ့နောက်က တိုင်းပြည်တွေသာမက qualify မဖြစ်တဲ့အသင်းတွေရဲ့နောက်ကတိုင်းပြည်တွေ၊ ကမ္ဘာ့ဖလားအနားတောင်မကပ်နိုင်ကြတဲ့ တိုင်းပြည်တွေကပါအကုန်ပါဝင်ဆင်နွှဲနေကြတော့ နောက်ပိုင်းပွဲတွေမှာ နှဲတွေ မမှုတ်ကြဖို့ ဆိုင်ရာတွေက တစ်ခုခုစီစဉ်သင့်တယ်…

တစ်ယောက်ကဆိုပြောထားတယ်… အင်္ဂလန်အသင်းကိုအားပေးတဲ့ အင်္ဂလိပ်တွေရဲ့ အားပေးတဲ့ slogan ကဗျာတွေ သီချင်းတွေဟာ စကားလုံးတွေပြောင်မြောက်လွန်းတဲ့အတွက်.. အခြားလူမျိုးတွေကို စော်ကားသလိုတောင် တစ်ခါတစ်ရံဖြစ်တတ်သော်လည်း အဲလိုသီချင်းဆိုသံတွေ.. ကဗျာရွတ်သံတွေကိုကတောင် နှဲမှုတ်သံကြီးတွေထက် ပိုသာယာဦးမယ်လို့ ဆိုပါတယ်။ ပြင်သစ်အသင်းကပ္ပတိန်ဖြစ်တဲ့ Patrice Evra က သူတို့အသင်း Uruguay နဲ့ သရေကျတာ မနက်မိုးလင်းကနေမိုးချုပ် မြည်သံစုံထွက်နေတဲ့ အဲဒီနှဲမှုတ်သံတွေရဲ့ နှိပ်စက်မှုကြောင့် ညညအိပ်မရတဲ့ ဒဏ်တွေကြောင့်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားရဲ့ ကြီးကြပ်သူ chief ဖြစ်တဲ့ Danny Jordaan ကတော့ နိုင်ငံတော်သီချင်းတွေဆိုနေချိန်နဲ့ ကြော်ငြာနေချိန်တွေမှာ နှဲမှုတ်သံတွေကို ရပ်ဆိုင်းထားဖို့ ပြောထားသော်လည်း အခြားအချိန်တွေမှာတော့ ဘာမှမပြောထားဘူးလို့ သိရပါတယ်။ ဒီနှဲမှုတ်သံတွေကို တားမြစ်ဖို့ လိုအပ်မှုရှိ..မရှိဆိုတာကိုတော့ စဉ်းစားနေကြဆဲပဲလို့ ဆိုပါတယ်။

နောက်ဆုံးပွဲတွေမှာ နှဲတွေမှုတ်ခွင့် ပိတ်ထားလို့ရပါစေလို့ ဆုတောင်းရမလိုဖြစ်နေပါပြီ။ ဒါမှမဟုတ်လည်း နှဲမှုတ်သံတွေနဲ့ ယဉ်ပါးသွားပြီး အကျင့်တွေပါပြီး ကမ္ဘာ့ဖလားပွဲလည်းပြီးရော.. အိမ့်ချမ်းမြေ့တစ်ယောက်တော့ နှဲသံလေးမကြားရရင် အိပ်မပျော် ဖြစ်မလားတော့ မသိတော့ပါဘူးရှင်။

 

bild_20zaf_20fans_20mit_20vuvuzelaspropertygaleriebild__gross.jpg

14 Comments »

  1. မမရေ အဲဒီ နှဲသံတွေက အတော်လေးကို ဆိုးလားဟင်။ ညီမက မကြည့်တော့ မသိဘူးရယ်။ အိမ်မှာလဲ ဘောလုံးလိုင်းကို မယူထားတော့လေ။ အဲလို အသံတွေ ဆူနေရင်တော့ ခေါင်းပါကိုက်မှာ….. အမှန်က မလုပ်သင့်ဘူးနော်… ရိုးရာက ရိုးရာပွဲတွေမှာပဲမှုတ်ပေါ့။ တကမ္ဘာလုံးက ဒီအသံနဲ့ မယဉ်ပါးသေးတဲ့ လူတွေအတွက်တော့ ဒီနှဲသံက သာယာနာပျော်ဖွယ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ်ချင်းစာတယ်….

    Comment by ပူးတေ — June 14, 2010 @ 6:48 pm

  2. နှဲမှုတ်တဲ့လူတွေကလည်းတော်တော်တတ်နိုင်တာဘဲ… -ိပ်ေ-ါင်းတွေဘာတွေများမ-ွက်ကုန်ကြဘူးလားမသိဘူး.. =D။
    အစ်မလည်း အိပ်မပျော်နိုင်ရင်တော့ ရီကော့ဒ် လုပ်ထားပြီးညညအိပ်ခါနီးဖွင့်အိပ်ပေါ့..။
    သည်းခံလို့မရတဲ့အသံတွေထဲမှာ နှဲသံကတော့ထိပ်ဆုံးကဘဲ..။

    Comment by Evergreen Phyo — June 14, 2010 @ 6:54 pm

  3. မလေးရေ… ဘောလုံးပွဲ အားပေးတဲ့အချိန်မှာ နှဲသံတွေထက် အင်္ဂလန်က ဘင်သံတွေကို ပိုကြိုက်၊ ပိုနားယဉ်ပါတယ်။
    ဒီနှစ်ကမ္ဘာ့ဖလားက ကန်တဲ့ကစားသမားတွေ ဘယ်လိုနေမယ်မသိဘူး၊ တီဗီက တစ်ဆင့် ကြားရတဲ့သူတောင် စိတ်အနှောင့်အယှက် ဖြစ်မိတာ အမှန်ပါပဲ။ :-/

    Comment by ဇွန်မိုးစက် — June 15, 2010 @ 12:26 am

  4. ဟုတ်တယ်နော် နှဲသံက ပွဲမစသေးဘူး ပျားတွေလိုပဲ အော်နေပြီ
    ခေါင်းစဉ်တွေ့ပြီး နှဲသံစိတ်ဝင်စားလို့ဖတ်သွားပါတယ်၊
    မင်္ဂလာပါ

    Comment by phyophyo — June 15, 2010 @ 1:52 am

  5. နှဲသံတွေမှန်းခုမှသိတယ် …
    ဘောပွဲလွှင့်တာ အသံဖမ်းတာမကောင်းဘူးထင်နေတာ… ။

    Comment by s — June 15, 2010 @ 6:48 am

  6. မမေလည်း အဲဒီအသံကြီးကို နှဲသံမှန်း မသိဘူးတော့။
    တိုက်ရိုက်လွှင့်တဲ့ဆီက အသံဖမ်းတာ အဆင်မပြေလို့ဆိုပြီး ထင်နေတာ။
    ပျားမြည်သံလိုပဲ တအားနားညည်းတယ်။
    မလေးပြောမှ သိရတော့တယ်။ ကြည့်သာကြည့်နေတာ နောက်ကြောင်းရာဇ၀င်သိတာ မဟုတ်ဘူး။
    မလေးကတော့ ဗဟုသုတ စုံတယ်။

    Comment by မေဓာဝီ — June 15, 2010 @ 11:36 pm

  7. ဒို့လဲဗုံသံတို့ ပါးစပ်ကအော်ပြီးအားပေးတာတို့ဘဲသဘောကျတာ… အဲလိုအသံကြီးတွေက တကယ်စိတ်အနှောက်အယှက်ဖြစ်ရတယ်

    Comment by rose of sharon — June 16, 2010 @ 12:27 am

  8. နာအူတယ် နှဲဆို နားအူတာပဲ ခံစားလို့ရတယ်း)

    Comment by မောင်မျိုး — June 16, 2010 @ 12:45 am

  9. မလေးအိမ့်ရေ
    အက်ဆေးဖတ်ရင်းနဲ့တောင် နားအူလာသလိုလိုပဲ..
    အသံမစဲ ခရာမှုတ်နိုင်တယ် ဆိုတော့ အဆုတ်အားကောင်းကြတယ် ဆိုပြီး မုဒိတာပွားရမလိုလို..

    Comment by ShwunMi — June 16, 2010 @ 2:00 am

  10. ဒီနေ့ စလုံး သတင်းစာထဲမှာ ဒီနှဲတွေ အကြောင်းပါတယ်။

    Comment by s — June 16, 2010 @ 8:02 am

  11. ကျွန်တော်ကိုဘောပွဲကောင်းကောင်းကိုမကြည့်ရဘူးစိတ်ညစ်တယ်
    ခရီပဲထွက်နေရလို့.အဲဒီနှဲသံမကြားလိုက်ရဘူး..
    ဟီဘရာဇီးတော့နိုင်မှရမယ်။လောင်းထားလို့ဟီး
    မဂျီးရေကျမ်းမာပျော်ရွင်ပါစေ……

    Comment by ဒေါင်းမင်း — June 16, 2010 @ 10:00 pm

  12. ဘော်လုံးပွဲတော့ တချက်တချက်ပဲ ကြည့်ဖြစ်တယ်၊
    အစက နှဲမူတ်သံမှန်းမသိဘူး၊
    ပျားတွေဝဲနေတဲ့အသံလားလို့ မေးမိတယ်၊

    Comment by အပြုံးပန်း — June 17, 2010 @ 5:38 am

  13. ချယ်ရီမြေရောက်နေတုန်းမှာရော စိန်ပန်းပြာတို့ ပျော်တဲ့ဆီမှာရှိနေတုန်းကရော အဲဒီနှဲသံထားထောင်ဖြစ်တယ်
    အာရှအတွက် အားရှိသလို မရှိသလိုကြီးဖြစ်နေလို့
    (မှတ်ချက်) ဘောလုံး သည် အလုံးလို့ကလွဲရင် ဘာမှ မသိတာလည်းပါမယ်ဗျ
    ချမ်းသာ ကိုယ်စိတ်မြဲပါစေ စာရေးသူခင်ဗျ……………………….

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 17, 2010 @ 10:09 am

  14. ဟုတ်တယ်ဗျာ၊ ဘောလုံးပွဲ ကြည့်ရင် TV ကို အသံပိတ်ထားရတယ်။

    Comment by ကိုအောင်(ပျူနိုင်ငံ) — June 17, 2010 @ 1:36 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips