♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 19, 2010

မြန်မာ့သင်္ကြန် အကျည်းမတန်စေလို

Filed under: ဆုမွန်ကောင်း, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 3:15 pm

သင်္ကြန်ဆိုတာနဲ့ မြန်မာပြည်မှာကတည်းက အကျွမ်းဝင်ခဲ့ခြင်း သိပ်မရှိခဲ့တဲ့ ကျမ၊ တိုင်းပြည်အပြင်ကို ရောက်တော့ ပိုပြီးဝေးခဲ့ရပါတယ်၊ သင်္ကြန်ဆိုတာ ကျမအတွက် အနှစ်၂၀နီးပါး ဖန်သားပြင်တွေပေါ်မှာပဲ အသက်ဝင်လှုပ်ရှားနေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ကျမသိတဲ့ သင်္ကြန်ဟာ သင်္ကြန်မိုးရုပ်ရှင်ထဲကလို ပုဆိုးလေးနဲ့ယောင်္ကျားလေးတွေက ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင်ထားတဲ့ မိန်းကလေးတွေကို ပိတောက်ခက်ကလေးနဲ့ ရေပက်ဖျန်းခဲ့တာမျိုး၊ စင်ပေါ်မှာ မြန်မာ့ရိုးရာအကတွေနဲ့ ပုရိတ်သတ်ကို ကပြဖျော်ဖြေတာမျိုး၊ အလှပြကားတွေ စည်စည်ကားကားနဲ့ ကြက်သရေရှိနေတာမျိုး၊ လူတွေကို စတုဒီသာတွေနဲ့ ဧည့်ခံပြီး နှစ်သစ်ကို ကြိုဆိုကြတာမျိုး၊ ဗုဒ္ဓဘာသာဝင်တွေဆိုလည်း ဥပုသ်သီတင်းဆောက်တည်တာမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေဆိုလည်း လူငယ်နွေရာသီစခန်းတွေမှာ စိုက်ခင်းဖော်ကြတာမျိုး၊ တောနယ်ပတ်ဝန်းကျင်အနီးအနားက စာသင်ကျောင်းတွေကို ဆေးသုတ်ပေးတာမျိုး၊ အခြားဘာသာဝင်တွေလည်းပဲ ရုံးအားရက်မှာ ရသမျှအခွင့်ယူပြီး ဆိုင်ရာ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာမျိုး၊ ကျမသိတဲ့ သင်္ကြန်ဟာ အဲသလိုမျိုးယဉ်ကျေးသိမ်မွေ့တဲ့ သင်္ကြန်ပါ။

ခေတ်ဆိုတာ ပြောင်းလည်းသလို၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေပြောင်းတယ်၊ အဲသလိုပဲ ၀တ်စားဆင်ယင်မှုပုံစံ (ဖက်ရှင်)ဟာလည်း ခေတ်နဲ့အညီ ပြောင်းပါတယ်၊ ပြောင်းသင့်ပါတယ်။ ပုဆိုးတွေ၊ ထမီတွေနဲ့ သင်္ကြန်ရေကစားကြတာထက် ခေတ်နဲ့လျော်ညီစွာ အချိန်အခါနဲ့ လျော်ညီစွာ ၀တ်စားဆင်ယင်သင့်ပါတယ်။ ဒါပေမယ့် သင်္ကြန်တစ်ခါရောက်တိုင်း ကြားရတဲ့ သတင်းတွေနဲ့ မြင်ရတဲ့ ပုံရိပ်တွေကြောင့် သင်္ကြန်ဟာ လိုက်လို့မမှီအောင် ပိုပိုဝေးလာပါတယ်။ ပိုမိုကြမ်းတမ်းလာတယ်။ သမီးမိန်းကလေးမွေးထားရင် အိမ်အပြင်တောင် လွှတ်ရန်မသင့်တော့တဲ့ သင်္ကြန်လို ဖြစ်လာပြီလားလို့ ကျမ တွေးမိလာပါတယ်။

ဒီကြားထဲမှာမှ လူကြီးလူငယ်မရွေး ပျော်ရွှင်ကြတဲ့ နှစ်သစ်ကူးပွဲမှာ ဗုံးပေါက်လို့ သေကြေဒဏ်ရာရတယ်ဆိုတာမျိုးလည်း အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ မယုံနိုင်လောက်အောင်ဖြစ်ပါတယ်။

ကျမ ဒီမှာနေတာ နှစ်ပေါင်း၂၀နီးပါးရှိပါတော့မယ်။ ဒီတိုင်းပြည်မှာ ပွဲမျိုးစုံရှိပါတယ်။ စည်းနဲ့ကမ်းနဲ့ဆင်နွှဲတဲ့ ပွဲတွေပါ။ နည်းနည်း wild ဖြစ်တယ်လို့ ယူဆလို့ရတဲ့ နွေရာသီမီးပန်းလွှတ်ပွဲတွေ၊ သောင်ပြင်ပေါ်က folk festival ပွဲတွေမှာတောင် မူးရူးအော်ဟစ်နေတာ၊ မိန်းကလေးတွေကို အိနြေ္ဒပျက်အောင်လုပ်တာတွေ၊ မိန်းကလေးတွေဟာလည်း ထိန်းမနိုင်သိမ်းမရဖြစ်တာတွေ အလွန့်အလွန်ကိုနည်းပါတယ်။ (အဲသလိုထိန်းမနိုင်သိမ်းမရတွေဆိုရင်လည်း တာဝန်ကျရဲတွေက လက်ပိုက်ကြည့်မနေပါဘူး။ အထက်တန်းကျောင်းတွေမှာတောင် ကြိုးတစ်ချောင်းအကျီ င်္နဲ့ကျောင်းတက်လာရင် အိမ်ပြန်အ၀တ်အစားလဲရတဲ့ အနောက်နိုင်ငံတစ်နိုင်ငံပါ) မြန်မာပြည်သင်္ကြန်လို wild ဖြစ်တဲ့ ပွဲမျိုးမမြင်ဖူးပါဘူး။ မြန်မာသင်္ကြန်ဟာ အရက်သေစာတွေအပြင်၊ overly seductive and sexual courtship တွေကို အလေးပေးတဲ့ပွဲဖြစ်လာသလိုမျိုး ခံစားရပါတယ်။

sexy-girls-at-yangon-thingyan-2009_2.jpg

အပေါ်ကပုံကို ဒီက ရပါတယ်ရှင်။

ဓာတ်ပုံရှင်ဟာ မြန်မာသင်္ကြန်ရဲ့ရိုးရာ-theme ကို ထိပါးမှာကို ကျမလိုပဲ စိုးရိမ်နေပါပြီ။ သူကဘာပြောလည်းဆိုရင်…

One of those sexy girls danced during Myanmar New Year Festival, Yangon Thingyan 2009. It looks her body is not so bad. Mostly, pandaul (Mandut) rent dancers group or girls to dance on the stage in order to attract the audience on the road. This custom gradually get used to it and I’m afraid that the younger generation may not know what the real theme of our traditional Myanmar Thingyan is.
All these Myanmar Sexy Girls photos were taken during Myanmar Thingyan Festival, Water Festival 2009. I took it all the photos from my friend’s mobile according to his agreement; so I put my blog URL on that photo and some of them are from Myanmar Cupid Forum. Myanmar girls are getting more and more sexy year by year. huh? Don’t you think so? Moreover, I heard that there were some couples behaved not well in public area; Yangon University Swimming Pool at Inya road during 2009 Myanmar Thingyan Festival. The authority should take action on those people as there were so many foreigners and visitors and so, they may look down on our people if they see such those bad manners and behaviors in public areas.

ဒီ ဓါတ်ပုံတွေ ကို ကျွန်တော့် သူငယ်ချင်း ဖုန်းထဲကနေ သူ့ ရဲ့ခွင့် ပြုချက်နဲ့ ကျွန်တော် ယူလာပြီး တင်ထားတာပါ။ တချို့ ပုံတွေကတော့ မြန်မာ ကျူးပစ် ထဲကပါ။ မြန်မာ–ာ် တွေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး လန်းလာ လိုက်တာ မပြောချင် တော့ပါဘူး။ အင်းယားလမ်း တက္ကသိုလ် ရေကူးကန်မှာ မဆင်မခြင် လုပ် ကြတဲ့ အတွဲ တွေကို တော့ ကျွန်တော် အပြစ် တင်လို ပါတယ်။ ဘဲတွေ ကော –ာ်တွေကော အဲဒီ့လောက် ထ နေပြီ ဆိုရင် တော့ ဟိုတယ်တွေ တည်းခိုခန်း တွေကို သွားကြပါ။ ဒါအရှင်း ဆုံးပြောတာ။ အင်းယားလမ်း နဲ့ ဟိုတယ် တွေနီးနီး လေးပါ။ ဒီလို လူမြင်ကွင်း သူမြင်ကွင်း မှာ ဖြစ်နေတာ ကတော့ အများပြည်သူ ကို အရှက် ရစေပါတယ်။ နိုင်ငံခြားသား တွေသာ မြင်ပြီး ဓါတ်ပုံ ရိုက်သွားရင် တော့ ပွဲပြီးပြီ။ မြန်မာ သင်္ကြန်ဆို တာကြီး မှာ ဒီလို တွေလဲရှိတယ် ဆိုတာ။ ကစ်ဆင် ဆွဲ တာလောက် ကဒီခေတ် ကြီးမှာ ပြောနေစရာ အကြောင်းမရှိ တော့ဘူး။ ဒါပေမယ့် ဒီထက် လွန်ကဲ လာချင်ရင် တော့ .. (ဆင်ဆာ)လူတွေတော့ ဟိုတယ် သွားပေါ့။ မချုပ်နိုင် ရင် တော့ ကိုယ့်ဆန္ဒ ကိုချုပ်တီး ပြီး အရှက် သိက္ခာ တရားလေး နဲ့ နေကြပါလို့ ။

လို့ သူကဆိုထားပါတယ်…. အချို့ဟာ ကျမဆင်ဆာဖြတ်ထားပါတယ်။

ပုံထဲကမြင်နေရတဲ့ pole dance ဆိုတာလည်း မြန်မာသင်္ကြန်ရဲ့ ဘယ်လိုသက်ဆိုင်မှုမျိုးမှ မရှိခဲ့ပါဘူး။ ယဉ်ကျေးမှုကို မွေးစားချင်တယ်ဆိုလည်း ပီပြင်အောင်ပုံဖော်ကြရန် ကြိုးစားကြရန်လိုပါတယ်လို့ ထင်မိပါတယ်။ {သူများတိုင်းပြည်တွေရဲ့ ယဉ်ကျေးမှုကိုအားကျကူးယူတယ်ဆိုရင်လည်း အထက်တန်းကျတဲ့ ယဉ်ကျေးမှုကို ကူးယူမွေးစားကြပါ။ အဆင့်အတန်းမမြင့်မားတဲ့ ယဉ်ကျေးမှုကို ကူးယူပြီးမှ မပီမပြင်ထပ်ဖြစ်တယ်ဆိုရင် ကျမတို့တိုင်းပြည်ဟာ သူများတွေထက် ပိုပိုပြီးနောက်အကျကြီးကျ၊ အဝေးကြီးမှာကို ဒီထက်ပိုပြီး ပြတ်ကျန်ရစ်ခဲ့ပါတော့မယ်… } pole dance ဆိုတာ အားလုံးသိကြတဲ့အတိုင်း strip clubs တွေမှာ သုံးတာများပါတယ်။ က နေသူရဲ့ ကြွက်သားတည်ဆောက်ပုံနဲ့ ကကွက်တွေပေါ်မှာ မူတည်ပြီး erotic environment လား gymnastic နဲ့ဆိုင်တဲ့ non-erotic environment လားဆိုတာ သိသာပါတယ်။ ကျမတို့ သင်္ကြန်ဟာ erotic environment ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။

အောက်ကစာစုကတော့ ဆရာဟန်ကြည်ရဲ့ မြန်မာသင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ပါ။

စာရေးသူရောက်ရာမြို့တိုင်းမှာ တူးပို့တူးပို့သံ မကြားရပါ။ ပိတောက်လည်းမမြင်ခဲ့ရပါ။ “ကိုကြီးကျော်၊ ကိုကြီး
ကျော်” ဆိုတဲ့အသံတွေသာ ကြားခဲ့ရကြောင်းပါ။ “အရက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာသောက်လိုက်ချင်ရဲ့။
ကြက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာတိုက်လိုက်ချင်ရဲ့” ဆိုတော့ သိပ်အားရစရာ ကောင်းကြောင်းပါ။ မြန်မာ့
သင်္ကြန်သရုပ်ကိုလည်း အပီပြင်ဆုံးဖော်ဆောင်နိုင်ကြောင်းပါခင်ဗျား။ ဟုတ်ကဲ့ “ ထူးလဲထူး၊ မူးလဲမူးကြတဲ့ မဟာသင်္ကြန်” ပါ။

ရောက်ရာမြို့တိုင်းမှာ လူငယ်အထီး၊ အမမရွေး Punk ခေါ်တဲ့ အမည်းရောင် အထက်အောက်ဝတ်၊ အမေမွေးပေးထားတဲ့မျက်နှာကို ရုပ်မဆိုးဆိုးအောင် ဆေးမည်းတွေ ကြောင်ကြောင်ကြားကြားချယ်၊ လက်သည်းတွေအမည်းဆိုးထားတဲ့ ငမည်းကောင်တွေကိုသာ တွေ့ခဲ့ရကြောင်းပါ။ နေပူကြဲကြဲမှာ ကိုယ့်ကိုယ်ကို နှိပ်စက်ချင်တိုင်းနှိပ်စက်နေကြတဲ့ သနားစရာ ငမည်းကောင်လေးတွေရဲ့T shirt ပေါ်က လက်ခလယ်တစ်ချောင်းထောင်ထားတဲ့ Logo နဲ့ &^&*You ဆိုတဲ့ စာသားကိုဖတ်ပြီး နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်လောင်း အမောင်မျိုးဆက်သစ်တို့ရဲ့ တိုးတက်တဲ့ မြန်မာ့ယဉ်ကျေးမှု အသစ်ကို အားရစဖွယ်လည်းမြင်ခဲ့ရပါကြောင်း။ ဒီစာသားကြီးကိုပဲ ဧရာမအလံကြီးပေါ်မှာရေးပြီး တစ်မြို့လုံးအနှံ့သွားနေကြတာကိုလည်း ဂုဏ်ယူဖွယ်မြင်ခဲ့ရကြောင်းပါ။ “ရိုင်းမှကြိုက်မယ် မောင်မောင်ရယ်”ဆိုတဲ့ မျိုးဆက်သစ် မြန်မာမိန်းကလေးတို့ရဲ့ ကျက်သရေကိုလည်း ပီတိဖြစ်ခဲ့ရကြောင်းပါ။

နောင်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်ဒီထက်ပိုလို့ အားရကျေနပ်ဖွယ်ကောင်းတဲ့ မြန်မာ့ဓလေ့လေးတွေကို မြင်ရပါစေကြောင်းမျှော်လင့်ရင်း မိတ်ဟောင်း၊ မိတ်သစ်အားလုံးအတွက် မင်္ဂလာ
နှစ်ဦးပါခင်ဗျား . . .

ဒီနေရာမှာ အစအဆုံးဖတ်နိုင်ပါတယ်။

အောက်ကပုံတွေကိုကြည့်ပါ….

p2.jpe

p3.jpg

ဒါဟာ…. ဗင်ကူးဗားမြို့က ဖက်ရှင်မယ်လေးများ မဟုတ်ပါဘူး။

ဒါဟာ ဗင်ကူးဗားမြို့နောက်ဖေးလမ်းကြားတွေထဲက ဘ၀အကျိုးပေးမလှရှာလို့ မူးရစ်ဆေးစွဲပြီး၊ ကိုယ့်ခန္ဒာကိုယ်ကို ရောင်းစားနေရရှာတဲ့ ညငှက်မလေးတွေဖြစ်ပါတယ်။

အောက်ကပုံကိုကြည့်ပါ။

yngon-thingyan.jpg

အဲဒါကတော့ ရွှေဒါလင်ဆိုက်ဒ်ကရတဲ့ ကိုစိုးဇေယျရိုက်ထားတဲ့ ပုံပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်မှာ ရေကစားနေတဲ့ မြန်မာပြည်က မြန်မာမိန်းကလေးတစ်ယောက်ပါ။
ယှဉ်ကြည့်ပါ။

အနောက်တိုင်းဖက်ရှင်ကို ယူတယ်ဆိုရင်လည်း တိုက်ရိုက်ယူကြပါ။ တိုက်ရိုက်ကိုယူပါ။ အနောက်ဖက်ရှင်ကိုပုံတူအောင် ကူးယူထားတဲ့ အချို့သောအရှေ့တိုင်းပြည်တွေရဲ့ ဖက်ရှင်အကျကို တဆင့်ခံ မယူကြပါနဲ့။ တဆင့်ခံရဲ့တဆင့်ခံဆိုရင် ဘယ်လိုမှ အဆင်မပြေတဲ့ အခုလို ဖက်ရှင်တွေ ထွက်လာမှာဖြစ်ပါတယ်။ ဖောက်ထွင်းဇာဟာ ဘယ်နေရာတွေမှာဝတ်တယ်၊ ဒူးပတ်ဟာ ဘယ်အချိန်မှာ ပတ်ကြတယ်ဆိုတာ၊ ဘယ်အရွယ်တွေပတ်တယ်ဆိုတာ၊ ဘယ်သူတွေပတ်တယ်ဆိုတာကို အရင်လေ့လာပါ။ တံဆိပ်ပါတဲ့ ခါးပတ်တွေဟာ ဘယ်လို သမိုင်းတွေရှိခဲ့တယ်ဆိုတာကို အရင်လေ့လာကြပါ၊ အချို့ဆွဲကြိုးတွေ၊ ခါးပတ်တံဆိပ်တွေမှာ ဘယ်လို သမိုင်းတွေရှိခဲ့လည်း အရင်ဆင်ခြင်ကြပါရန် လေးစားစွာတောင်းပန်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်မှာ ယဉ်ကျေးမှုရှိနေပြီးသားကို ဘာဖြစ်လို့ တဆင့်ခံယူမှာလည်းဆိုတဲ့ မေးခွန်းပါပဲ။ တရုပ်လူမျိုးတွေ၊ အိန္ဒိယလူမျိုးတွေ၊ ဂျပန်လူမျိုးတွေဟာ သူတို့တိုင်းပြည်ထဲမှာပဲနေသည်ဖြစ်စေ၊ တိုင်းပြည်အပြင်မှာပဲနေသည်ဖြစ်စေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ ဒီလိုထိန်းသိမ်းနိုင်တဲ့အတွက်လည်း သူတို့ကို ကမ္ဘာက လေးစားမှုရှိကြပါတယ်။ သူတို့ရဲ့ယဉ်ကျေးမှုကို ဘယ်သူကမှ ယိုင်နဲ့အောင်လုပ်လို့မရဘူး၊ ၀ါးမြိုလို့မရပါဘူး။ နိုင်ငံခြားသားတွေ အမြင်မှာလည်း အခြားယဉ်ကျေးမှုတွေကို လိုအပ်သည်ထက် လွန်ကဲစွာလိုက်တုရင်း၊ အပျက်သဘောဖြစ်နေတာကိုမြင်ရင် အထင်မကြီးတဲ့ အပြင် အထင်သေးပါတယ်။ 

မြန်မာပြည်ကို လာလည်တဲ့ နိုင်ငံခြားသားအများစုဟာ အနောက်နိုင်ငံတွေရဲ့ လူနေမှုစနစ်တွေနဲ့ အငွေ့အသက်တွေကို ငြီးငွေ့နေလို့ ဝေးရာကို ပုန်းရှောင်လာသူတွေဖြစ်ပါတယ်။ မြန်မာယဉ်ကျေးမှုကို မြတ်နိုးတန်ဘိုးထားလေ့လာချင်လို့ ရောက်နေကြသူတွေများပါတယ်။ (ကျမတို့တိုင်းပြည်ဟာ နိုင်ငံခြားသားတွေ အပန်းဖြေဇိမ်ခံလောက်တဲ့ တိုင်းပြည်မဟုတ်ပါဘူး။ အနီးဆုံးထိုင်းနိုင်ငံနဲ့ ယှဉ်ပြရမယ်ဆိုရင်၊ ကျမတို့တိုင်းပြည်မှာ resort beaches တွေ၊ five-stars hotels တွေ၊ ဆွဲဆောင်မှုရှိတဲ့ ထိပ်တန်း spa တွေ၊ entertainment ကဇာတ်ရုံတွေ အလွန်နည်းပါတယ်။ မြန်မာပြည်ဟာ (ယခု ၂၀၀၉ အချိန်ထိ) နိုင်ငံခြားသားတွေ လာပြီးဇိမ်ခံလောက်တဲ့ တိုင်းပြည်မဟုတ်၊ နောက်တစ်ခုက မိန်းမတွေ ပေါတဲ့ တိုင်းပြည်မဟုတ်ဘူးလို့ ထင်ပါတယ် (မျှော်လင့်ပါတယ်)။ hotel and tourism industry မှ လူများရဲ့ အပြောအရ ကျမတို့တိုင်းပြည်ကို (များသောအားဖြင့်) ပုဂံသမိုင်းလေ့လာချင်သူတွေ၊ အင်းလေးတိမ်ကောမှုကို စူးစမ်းချင်သူတွေ၊ စတဲ့ပညာရှင်တွေ သွားကြတာ များပါတယ်။

မြန်မာ့နှစ်သစ်ကူးပွဲဖြစ်တဲ့ မြန်မာ့သင်္ကြန်ဆိုပြီး မြန်မာအမည်မဟုတ်တဲ့ သိုးဆောင်းအမည်တွေနဲ့ မန်းတပ်တွေရဲ့အောက်မှာ၊ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို တဆင့်ခံပြန်ယူထားတဲ့ အရှေ့တိုင်းပြည်တွေရဲ့ဆီက ထပ်ပြီးယူထားတဲ့ တဆင့်ခံယဉ်ကျေးမှုနဲ့ ၀တ်စားဆင်ယင်ပြုမှုနေထိုင်ပုံတွေအပြင်၊ ၀တ်လစ်စလစ်နီးပါး ကခုန်နေတဲ့၊ နေ့ခင်းကြောင်တောင် မူးနေသေးတဲ့ (အထူးသဖြင့်) မိန်းမရွယ်လေးတွေကို သင်္ကြန်အတွင်း မြန်မာပြည်ကို အလည်ရောက်နေသော နိုင်ငံခြားသားတွေမြင်ရင် ဒီနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဟိုနိုင်ငံလို့ ထင်သွားမှာ အသေအချာပါပဲ။ ရေရှည်မှာလည်း ဒီလိုမိန်းမတွေပေါတဲ့ တိုင်းပြည်ဆိုပြီး ကျမလက်ရှိနေထိုင်နေတဲ့နိုင်ငံမျိုးတွေမှ အပျော်ကြူးလိုတဲ့ယောင်္ကျားတွေကို လက်ယပ်ခေါ်နေသလိုဖြစ်ရင် ကိုယ့်အမျိုးသမီးတွေပဲ ပိုပြီးပျက်စီးကုန်မှာ ဖြစ်ပါတယ်။

သင်္ကြန်ဆိုတာ အရုပ်ဆိုးအကျည်းတန်တဲ့ ပွဲမျိုးမဖြစ်ပါစေနဲ့…
လူတွေ မသေကြပါစေနဲ့… (ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်..အထူးသဖြင့် ဗုံးကွဲလို့)
ကြက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သက်ကိုကြိုဆိုတဲ့ ပွဲတစ်ခုဖြစ်ပါစေ…
မြန်မာသင်္ကြန် အစဉ်လှပါစေ…လို့ အဝေးတစ်နေရာကနေပဲ ဆုတောင်းပေးနိုင်ပါတော့တယ်ရှင်။

60 Comments »

  1. ကျွန်တော်တောသားလေးတစ်ယောက်တောမှာမွေးပြီးကြီးပြင်းခဲ့ရတော့ ယဉ်ကျေးလှတဲ့မြန်မာရိုးရာ သင်္ကြန်ကိုမြင်တွေ့ခွင့်ရခဲ့ပေမယ့် အခုလိုမြန်မာရိုးရာသင်္ကြန်ကိုကြားရဖတ်ရတော့
    မြန်မာလူမျိုးတစ်ယောက်အနေနဲ့ဝမ်းနည်းမိပါတယ်ခင်ဗျာ။ ကျေးလက်သင်္ကြန်တွေအထိပါ ဒီလိုတွေကူးစက်လာရင်ဖြင့် မတွေးဝံစရာပါဘဲဗျာ။ မြန်မာယဉ်ကျေးမှုဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်ဘဲထိန်းသိမ်းရမှာဖြစ်ပြီး ဒါမှတိုင်းတစ်ပါးကအထင်ကြီးလေးစားလာမှာဖြစ်ပါတယ်။ အစ်မရေ ခုလိုမီးမောင်းထိုးပြထားတဲ့အတွက် နောင်လာနောက်သားများအတွက် ဆင်ခြင်သုံးသပ်စရာ သင်ခန်းစာကိုရရှိတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
    အစ်မ နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။
    ခင်မင်လျှက်
    တောသားလေး

    Comment by တောသားလေး — April 19, 2010 @ 3:58 pm

  2. မလေး… အရမ်းကောင်းတဲ့ပို့်ပါ။

    Comment by မြတ်နိုး — April 19, 2010 @ 4:51 pm

  3. I totally agree with you and thanks for this post.

    Comment by AKM — April 19, 2010 @ 5:03 pm

  4. စိတ်ပျက်စရာပါပဲ..
    မြန်မာ့ရိုးရာ သင်္ကြန်ပွဲက နိုက်ကလပ်တွေ စင်ပေါ်တင်လာကြပြီ..
    ရိုးရာကိုဖျက်၊ ဂီတကိုဖျက်၊ ဝတ်စားဆင်ယင်မှုကိုဖျက်၊ ယဉ်ကျေးမှုကိုဖျက်၊ ရစရာကိုမရှိတော့ဘူး..
    နောက် လေးငါးနှစ်ဆို အဝတ်မှ ဝတ်ကြပါတော့မလား…

    မလေးရေ ပညာပေး ပိုစ့်လေး သိပ်ကောင်းပါတယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ကိုရင်နော်

    Comment by ကိုရင်နော် — April 19, 2010 @ 5:20 pm

  5. မင်္ဂလာရှိသော နှစ်သစ်ပါ မလေး…. လို့ နှုတ်ခွန်းဆက်ပါရစေနော်။
    မလေးရေးထားတဲ့ စာတွေကိုဖတ်ပြီး နိုင်ငံခြားရောက် အမျိုးဘာသာနဲ့ ယဉ်ကျေးမှုကို မေ့လျှော့နေကြတဲ့ မြန်မာမိန်းခလေးတွေကို သနားမိတယ်။ သားသမီးမကောင်း မိဘခေါင်း ဆိုသလို သားသမီးတွေက မသိလို့ လုပ်တယ်ထား၊ မိဘတွေက ဆုံးမသင့်ပါတယ်။ အခုတော့ ကြည့်ပါဦး မြန်မာရိုးရာ အတာသင်္ကြန်နဲ့ လားလားမှ မဆိုင် မြန်မာမိန်းခလေးဆိုတာ ပြောလို့သာ ယုံရတယ် ကိုယ့်မျက်စိတောင် ကိုယ်မယုံတော့ဘူး။ နောက်ဆိုရင် သင်္ကြန်မိုးရုပ်ရှင်ထဲက မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ ရာဇ၀င်ထဲက ပုံပြင်လို ဖြစ်တော့မလား မသိဘူးနော်။
    သူတို့ မူးရုးနေတုန်းတော့ မသိဘူး။ အခုလိုမျိုး အွန်လိုင်းပေါ်မှာ ပုံတွေ ပါလာတော့မှ ရှက်လှပါပြီဆိုပြီး နောင်တရလို့လည်း မမှီတော့ဘူးလေ။ အမှန်တော့ ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်တိုင်က ဖော်ထုပ်ပြမှ တိုင်းတပါးက သိမှာပေါ့။ အခုလို မလေးရဲ့ အသိပညာပေးလိုက်တဲ့ ပိုစ့်လေးအတွက် လေးစားမိပါတယ်။ ပြည်ပရောက် မြန်မာမလေးများ မြန်မာလို လှနိုင်ကြပါစေ..။

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    Comment by ဒဏ္ဍာရီ — April 19, 2010 @ 6:32 pm

  6. မလေးရယ်….
    အောက်ဆုံးက ပုံလေးက မြန်မာမိန်းကလေးတစ်ယောက်လို့ ပြောရမှာတောင်…. လက်တွန့်မိ၊ နှုတ်ဆွံ့မိသွားသလိုပဲ……..။
    ကျွန်တော်လည်း ခေတ်လူငယ်တစ်ယောက်ပါပဲ…….။
    အဲ့ဒီလို အဆင်အပြင်မျိုးတွေ့လို့ကတော့ မိန်းမကောင်းလို့ သတ်မှတ်မိမှာ မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောသွားတယ်ဗျာ….။
    ငါးခုံးမ တစ်ကောင်……..၊ နှစ်ကောင်မှသည်………၊ တစ်ရာ…….နှစ်ရာကြောင့် လူမျိုးခြားတွေဟာ မြန်မာတွေကို အထင်မသေးပါစေနဲ့လို့ ဆုတောင်းရင်းးးးးးးးးးး……….:(
    ခင်မင်တဲ့
    ဏီလင်းညို

    Comment by ဏီလင်းညို — April 19, 2010 @ 6:40 pm

  7. မရေ.. တစ်နှစ်ထက်တစ်နှစ်ပိုပိုဆိုးလာတာတော့အမှန်ဘဲ..
    ကောင်မလေးတွေလဲအဲလိုဝတ်စား ကော့လန်နေရင် အင်တာနက်တစ်ခွင် ပျံ့နေတာသိသိရက်
    ပေါ်ပြူလာဘဲဖြစ်ချင်တာလား..
    မူးချင်ယောင်ဆောင်ပီးကဲချင်တိုင်းကဲနေတာတော့ အကျည်းတန်တာအမှန်ဘဲ..
    ကိုယ့်ယဉ်ကျေးမှု ကိုယ်ဖျက်မှပျက်၊ ကိုယ့် ခန္တာလဲ ကိုယ်ဖျက်မှ ပျက်ပေတာကိုး..
    စိတ်မကောင်းစရာပါ။

    Comment by စန္ဒကူး — April 19, 2010 @ 6:43 pm

  8. မလေး ရေးထားတာ ရည်ရွယ်ကောင်းသလို ထိလည်းထိရောက်ပါတယ်။ တိုက်ရိုက်ယူကြပါ ဆိုတာကိုလည်း ထောက်ခံပါတယ်။ နောက်ပိုင်းမှာ မြန်မာ့ယဉ်ကျေးမှုကို နိုင်ငံခြားမှာ ပြန်ရှာရမလိုဖြစ်နေပါတယ်။ ပြည်တွင်းကလူတွေပြောတာ မှတ်မိပါသေးတယ်၊ “နိုင်ငံခြားမှာနေတဲ့လူတွေက သူတို့ကျတော့ နေချင်သလိုနေ လုပ်ချင်သလို လုပ်ကြပြီး ပြည်တွင်းကလူတွေကိုတော့ ရှေးခေတ်ကအတိုင်း နေစေချင်တယ်” တဲ့။ နိုင်ငံခြားမှာ နေတိုင်း ဖြစ်ချင်တာဖြစ်နေတယ်ဆိုတဲ့ အတွေးကိုက အင်မတန်တိမ်လွန်းပါတယ်။

    စင်ကာပူက သင်္ကြန်ပွဲတွေလာကြည့်ပါ၊ သင်္ကြန်နဲ့မတူတာ ရန်ကုန်ကလူတွေလာ ဖျော်ဖြေတဲ့ပွဲတွေပါ။ Polytechnics က ကလေးတွေ လုပ်တဲ့ပွဲတွေတောင် ရန်ကုန်က သင်္ကြန်ပွဲတွေထက် အများကြီး မြန်မာဆန်ပါတယ်။ ကျွန်တော့်အမြင်မှာ မြန်မာတွေဟာ တယောက်ချင်းစီ ထိန်းသိမ်းနိုင်စွမ်း အင်မတန်နည်းပါတယ်။ အများထိန်းထားလို့ ကိုယ်လည်း ထိန်းနေကြသလိုပါပဲ။ အများလည်းပျက်ရော ကိုယ်ပါလိုက်ပျက်ကြရော။

    ဒီနှစ်ဆိုပိုဆိုးရော သမိုင်းမှာ တခါမှ မကြားဖူးဘူး။ သင်္ကြန်မှာ ဗုံးခွဲတယ်လို့…

    Comment by P.Ti — April 19, 2010 @ 7:04 pm

  9. မိုင်လီဆိုင်းရပ်စ် ပိုးလ်ဒန့်စ်လိုလို က တုန်းကတောင် ၀ိုင်းပြောကြသေးတယ်နော်။

    Comment by pN — April 19, 2010 @ 8:12 pm

  10. မလေးရဲ့ပို့စ်ထဲမှာ စေတနာတွေ ပါတယ်… မြန်မာမလေးတွေ ခေတ်မှီတာနဲ့ ခေတ်ဆန်တာ ကွဲကွဲပြားပြားသိကြဘို့ ဒီလိုပညာပေးစာတွေ အရမ်းကိုလိုအပ်ပါတယ်…

    Comment by rose of sharon — April 19, 2010 @ 8:30 pm

  11. တူ..တူမ လူငယ်တွေကို ပေးဖတ်လိုက်တယ်..မလေးရေ..
    ဘာမှ ကို ပြောချင်စိတ် မရှိ နေတဲ့အတွက်..စိတ်လိုလက်ရ ပြောပြ ရေးပြ ပေးတာ..သိပ်ကျေးဇူးတင်တယ်။

    Comment by K — April 19, 2010 @ 8:38 pm

  12. ဖဘ မှာ လည်း ရှဲလိုက်တယ်

    Comment by K — April 19, 2010 @ 8:41 pm

  13. မလေးရေ.. ပုံကိုကြည့်ပြီး အောက်ကစာကို ဖတ်လိုက်တာ မှားသွားလို့…း)
    မြန်မာပြည်က သူတွေက နိုင်ငံခြားက သူတွေထက်တောင် အ၀တ်အစား ၀တ်ထားတာ ပိုဆိုးနေပါပေါ့လား။
    စိတ်မောရပါတယ်နော်။

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    Comment by ဒဏ္ဍာရီ — April 19, 2010 @ 9:38 pm

  14. သိပ်ကောင်းတဲ့ ပညာပေးပို့စ်တစ်ခုပါ မလေးရေ။ ခုလိုရေးပြပေးသွားတာ ကျေးဇူးတင်ပါတယ်။

    ဇွန်တို့မြန်မာပြည်ဟာ တိုးတက်သင့်တဲ့နေရာမျိုးမှာ မတိုးတက်ဘဲ အတုခိုးတွေမှားပြီး တလွဲဆံပင်ကောင်းဖြစ်နေတယ်။ အ၀တ်အစားအသုံးအဆောင်ဆိုတာ သူ့နေရာနဲ့သူဝတ်တတ်ဖို့ဆိုတာ တကယ်ပဲ အရေးကြီးပါတယ်။ ဇွန်ပြောချင်တာတွေ မလေးပြောတဲ့အထဲမှာ အကုန်ပါသွားပြီမို့ ကျေနပ်ပါတယ်။ တစ်ခြားအချိန်မှာ ဒီလိုဝတ်စားပြုမူဖို့ မသင့်လို့သာ သင်္ကြန်ရောက်မှ အတိုးချပြီး ၀တ်စားပြုမူကြသလား ထင်ရလောက်အောင်ပါ။

    ကိုယ့်တိုင်းပြည်ရဲ့ လက်ကျန်ရိုးရာဂုဏ်သိက္ခာလေး ပွန်းပဲ့ပျက်စီးသွားမှာ၊ နိုင်ငံခြားသားတွေ အထင်အမြင်စောင်းသွားမှာ တကယ်ပဲ မလိုလားပါဘူး ….။ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ဓလေ့ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုနဲ့ ကမ္ဘာမှာ မျက်နှာပန်းလှတဲ့ နိုင်ငံတစ်နိုင်ငံသာ ဖြစ်စေချင်မိတယ် မလေးရယ်။ :(

    Comment by ဇွန်မိုးစက် — April 19, 2010 @ 10:21 pm

  15. အော… သင်္ကြန်လည်းပြီးရော ရလာဒ်က ဒီလိုပုံတွေကျန်ခဲ့မှန်း ခုမှ သိတော့တယ်။
    ကျွန်တော်တို့ ခင်ဗျားတို့မှာ အမ ညီမ နဲ့ သမီးလေးတွေ ရှိတယ်မို့လား။
    ကျွန်တော်တို့ကွယ်ရာမှာ ပတ်ဝန်းကျင်ကလည်းအခြေအနေလေးပေးရင် သူတို့လည်း ဒီလို ဖြစ်မှာလား။
    အခု ဓာတ်ပုံထဲက ညီမလေးတွေရဲ့ အကို မောင် အဖေမေ အမျိုးတွေက သူတို့ဒီလိုလုပ်တယ်ဆိုတာ မသိလို့လား။
    သူတို့ရဲ့ ဘက်ဂရောင်းမိသားစုကို သိချင်တယ်။
    ဒါမှမဟုတ် မန်းလေးမှာ ကြားခဲ့ဖူးတဲ့ ကလပ်တွေ စင်တင်တွေ ညည့်ငှက်အိမ်တွေကနေ လန်းတဲ့မိန်းကလေးတွေကို သင်္ကြန်မတိုင်ခင် ကြိုချိတ်ထား… ပိုက်ဆံပေး ဘီယာတိုက်ပြီး
    ခေါ်ထားတာလား။
    အင်း.. အတွေးပေါင်းစုံနဲ့ပဲ… နှမချင်းစာနာပြီး ခံစားကြည့်မှ ပိုစိုးရိမ်လာတယ်။
    သူတို့ရဲ့ background source ကို သိမှ ဒါကို ထိထိရောက်ရောက် တားဆီးနိုင်မယ်ထင်တယ်။
    (ပုံတွေ ကြည့်ပြီး ခံစားမိတာတွေ ပြောသွားတယ် မလေးရေ။ မြန်မာ့ရိုးရာကို ချစ်တယ်)

    Comment by နောင်တော် — April 20, 2010 @ 2:11 am

  16. မလေးရေးတဲ့ပိုစ့်လေးကိုဖတ်ပြီး မြန်မာမိန်းကလေးငယ်များအတွက်ရင်လေးမိပါတယ်။ အတုခိုးသင့်တဲ့ ပညာရေး၊စီးပွါးရေး အစရှိတဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေကို အတုမခိုးဘဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုကို အတုခိုးလာတာဝမ်းနည်းစရာပါ။ မြန်မာဆိုတာ ယဉ်ကျေးမှုကိုမြတ်နိုးတဲ့၊ သိမ်မွေ့နူးညံ့တဲ့ လူမျိုးဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆက်လက်ထိန်းသိမ်းကြစေ ချင်လိုက်တာမလေးရေ။ မလေးရဲ့ စေတနာတွေကိုလည်း စာထဲမှာတွေ့နေရပါတယ်။ ဒီစာမျိုးလေးတွေကိုဖတ်ပြီး မှားယွင်းအတုခိုးနေတဲ့မိန်းကလေးတွေ အမှန်ကို အမြန်ဆုံးပြုပြင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

    Comment by ကေသရီ — April 20, 2010 @ 4:06 am

  17. မလေးရဲ့ email address လေးကို သိခွင့်ရရင်သိချင်ပါတယ်ရှင်။

    Comment by ကေသရီ — April 20, 2010 @ 4:08 am

  18. မလေးရေ ခုခေတ် မိန်းကလေးတွေက ခေတ်မီတာနဲ့ ခေတ်ဆန်တာ မခွဲတတ်ကြတော့ဘူး ထင်ပါရဲ့ တချို့ ဝတ်စားဆင်ယင်ပုံက အရှက်ကမ်းကုန်တယ် ဒါကိုပဲ ဂုဏ်ယူစရာမှတ်နေကြတာ…မြန်မာသင်္ကြန်ပြန်လို့များတော့ ကိုယ်တွေတောင် တောသူဖြစ်သွားတော့တာ…:)

    Comment by ချစ်ကြည်အေး — April 20, 2010 @ 4:28 am

  19. Couldn’t agree more, Ma Lay. We need more people like you to educate youngsters.

    Comment by shwedarling — April 20, 2010 @ 5:23 am

  20. မရေ ဒီလိုမိန်းကလေးတွေ သင်္ကြန်မှာ ပေါများလာတာ စိုးရိမ်စရာပါ…
    ဒါပေမဲ့ အများစုက သူ့တို့ရဲ့ မိသားစု အခြေအနေတွေကိုက ကြမ်းတမ်းတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်… (ဘ၀ပေး အခြေအနေကို ပြောတာ မဟုတ်ဘူးနော်…)
    အဆိုးဆုံးကတော့ ဘ၀ပေး အခြေအနေကြောင့် ညဥ့်ငှက်ဖြစ်ကြရတဲ့ ကောင်မလေးတွေကို ပိုက်ဆံ(တနေ့ ၂သိန်း)ပေးပြီး မဏ္ဍပ်တွေမှာ ခေါ်တင်ထားကြတာပါပဲ…
    တချို့ ကောင်ကလေးတွေဆို သူတို့ကောင်မလေးတွေကို မဏ္ဍပ်ပေးမထိုင်ကြတော့ဘူး… သူတို့ ခေါ်တင်ထားပေမဲ့ သူ့ကောင်မလေးပါ အဲ့လို အထင်ခံရရင် သေရောတဲ့လေ…
    ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်ရတဲ့ ကိန်းစိုက်နေတာ ရင်လေးစရာပါ…

    Comment by မီးလေး — April 20, 2010 @ 10:05 am

  21. စေတနာအပြည့်ပါတဲ့ Post ပါ။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေ စိတ်ညစ်မနေကြဘဲ လူငယ်တွေကို အတွင်းကရောအပြင်ကနေပါ ထိန်းသိမ်းရမယ်ဆိုတာ ပိုသေချာနေပါပြီ။ အခြေခံစိတ်ရင်းက ဟီရိ၊သြတ္တပ္ပတရားတော့ရှိခဲ့ကြဖူးတာမို့ ကျွန်တော်တို့တွေ စိတ်ရှည်၊လက်ရှည် ပြုပြင်ပေးကြရင်တော့ ပြန်ကောင်းလာနိုင်ပါတယ်။

    Comment by ဟန်ကြည် — April 20, 2010 @ 10:56 am

  22. ကေသရီ... tapyaythu2000@gmail.com ပါ

    Comment by မလေး — April 20, 2010 @ 11:30 am

  23. မြန်မာမိန်:ကလေးတွေ စိတ်ထဲမှာ ပိုဖော်လေ ယောက်ကျားသားတွေ လာဒူ:ထောက်လေ လို့ထင်ထား ပုံရပါတယ်။
    အဲဒီလို လည်း တကယ်ပဲ ဟုတ်နေလားဆိုတာ မြန်မာယောက်ကျားတွေ ပဲ ပြန်ဖြေစေချင်ပါတယ်

    Comment by Kathy — April 20, 2010 @ 11:33 pm

  24. အရမ်းကောင်းပါတယ် အမ … တချို့တွေများ ဒီလိုဝတ်မှ လှတယ် ခေတ်ဆန်တယ်များ ထင်နေကြလားမပြောတတ်ပါဘူး …
    သင်္ကြန်ဆို အပြင်ထွက်ဖို့တောင် အတော်စဉ်းစားယူရပါတယ် … သင်္ကြန်ကိုချစ်တဲ့ စိတ်လေး … တချို့သောလူတွေရဲ့ အပြောအဆို အနေအထိုင် ၀တ်စားပုံတွေကြည့်ပီး ကြောက်လာလို့ပါ … မိန်းကလေး အချင်းချင်းတောင် မကြည့်ဝံ့ပါဘူး … ကိုယ့်ရိုးရာကိုယ်ထိန်းသိမ်းရမှာ လူငယ်တို့တာဝန်ပါ … ပြောမှသိတာထက် ကိုယ့်အသိစိတ်ဓါတ်လေးများ ရှိကြပါစေလို့ ဆုတောင်းလိုက်ပါတယ် … ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်နိုင်ငံချစ်သူများ ဖြစ်ကြပါစေလို့ မျှော်လင့်ရင်း …
    ဒီလိုပို့စ်မျိုးရေးပေးတဲ့အမကိုလဲ အရမ်းကျေးဇူးတင်ပါတယ် …

    Comment by starfire — April 21, 2010 @ 12:53 am

  25. ဟုတ်ပါ့ဆရာမရေ ကျွန်တော်ဆို သင်္ကြန်ကိုမုန်းလို့ ပုန်းရှောင်တာ ၂၅ နှစ်ရှိပြီဗျ ကုသိုလ်တော့ရသဗျို့ သင်္ကြန်ဆို သင်္ကန်းစည်းဖြစ်တယ်လေ ဒါတောင် ခုခေတ်လူငယ်တွေက ဘုရားရိပ်မှန်း မသိ တရားရိပ်မှန်းမသိဗျ ကားနဲ့လျှောက်လည်ပြီး ဘုန်းကြီးကျောင်းဝင်းထဲ လာအနားယူ အရက်သောက်၊ မိန်းကလေးတွေကလည်း ဘီယာမူးနဲ့ တော်တော်ကိုဆိုးတာပါ ခေတ်ကြောင့်တော့ မဖြစ်နိုင်ဘူး စနစ်ကြောင့်ပဲဖြစ်မယ်ဗျ

    Comment by win Hlaing — April 21, 2010 @ 8:48 am

  26. ညီမလေးရဲ့ပို့စ်ဖတ်ပြီး ဥပမာလေးတခုကိုသတိရသွားလို့ဝေမျှပါရစေ။ လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဦးကြီးတယောက်ကိုမေးခွန်းထုတ်ဖူးတယ်။ အနောက်တိုင်းကလူ ရာနှုန်းအတော်များများဟာ ခရစ်ယာန်တွေဖြစ်ပြီး ဘာကြောင့် ဘုရားကျောင်းကိုမတက်ကြတာလဲ? လို့။ ဦးကြီးကပြန်ဖြေတယ်။ ခရစ်ယာန်ဘာသာကို အနောက်တိုင်းကမစ်ရှင်နရီများဟာ အာရှကိုယူလာခဲ့တယ်။ ရိုးရိုးပြောရရင် Jesus ကိုအာရှကိုခေါ်လာခဲ့တယ်။ Jesus ဟာ အရှေ့တိုင်းကိုရောက်သွားပြီသမီးရေ..တဲ့။ အတူတူဘဲလေ။ ကျမတို့အားလုံးက တညီတညွတ်တည်း မြန်မာ့ယဉ်ကျေးမှုတွေ ချစ်စရာအလေ့အထတွေကို တမြတ်တနိုးတိုင်းပြည်အပြင်ကိုယူသွားမှတော့….!!!!! Youtube ထဲမှာ Vancouver, Oslo တို့မှာလုပ်တဲ့သင်္ကြန် သွားကြည့်ပြီးကျေနပ်လိုက်တော့တယ်။ ဆရာစောဘွဲ့မှူးရေးပြီး လွှမ်းမိုးဆိုတဲ့ ”အမျိုးအတွက်ကျုပ်ငိုတယ်” သီချင်းလေးကိုတကယ်ဘဲအမှတ်ရမိပါတယ်။

    Comment by Htate Htar — April 21, 2010 @ 11:32 am

  27. မလေး ရဲ့ ပညာပေး ပိုစ် လေး အတွက် ကျေးဇူးတင်ပါတယ်။ အဲလို ပိုစ့်မျိုးဟာ တကယ်ရိုးရာယဉ်ကျေးမှု့ ကိုထိန်းသိမ်းနိုင်ဖို့  မီးမောင်းထိုးပြနေတယ်လို့  မြင်ပါတယ်။ ခေတ်ကာလ ရေစီးကြောင်း
    တွေ ထဲ ကို နစ်မြောစီးဝင်သူ တွေဟာ ရိုးရာသင်္ကြန် ကို ရောပြီးဖျက်ဆီးပစ်လိုက်ပါတယ်။ နောက်တစ်ခုကတော့ အုပ်ချုပ်သူ တို့ ရဲ့ ထင်ရာစိုင်း တဲ့ အပြင် စည်းပျက်ကမ်းပျက် ဖြစ်တာကို လဲ တင်းတင်း ကျပ်ကျပ် မထိန်းချုပ်လို့  ခုလို မျိုး တစ်နှစ်ပြီးတစ်နှစ် ပုံပန်းသဏဏ္ဍန်ပျက်လာရတာပါ။
    အကျိုးပြု နဲ့  ပညာပေး ဆက်လက်ရေးသားမှု့ ကို အားပေးလျှက်

    ခင်တဲ့
    မောင်မောင်

    Comment by မောင်မောင် — April 21, 2010 @ 11:41 pm

  28. ကောင်းပါလား……….
    မည်သူမပြု မိမိမှုတဲ့
    ကိုယ်ကောင်း ခေါင်းဘယ်မှ မရွေ့ဘူး တဲ့ ကြားဖူးနားဝ စကားပုံလေးတွေပါ
    သင်္ကြန်အခါ အပြီးမှာ ရောက်လာတဲ့ မြေကမ္ဘာနေ့မှာ မှ ဖတ်လိုက်တဲ့စာဆိုတော့ ဘယ်လိုပြောရမလည်းမသိတော့ဘူး
    အများက ကမ္ဘာကြီး သက်တမ်းရှည်လာတာကို အသိအမှတ်ပြုပြီး သဘာဝအလှတရားတွေ တည်တံ့အောင်ကြိုးစားနေချိန်မှာ ယဉ်ကျေးလှပါသော နိုင်ငံကြီးသားများက ယဉ်ကျေးမှုပျက်သုဉ်းစေတဲ့ ၀တ်စားဆင်ယင်မှုလုပ်နေတာတွေကို တားဆီးရမဲ့ အစား ၀ါးလုံးနဲ့ ရမ်းနေကြသူတွေက တမှောင့်
    သြော် …. လောက လောက …. လောက ဆိုတာ ဒီလိုလားလို့ မေးရမလိုပဲနော် ……. ဟဲဟဲ
    မဆီမဆိုင် ဆုတောင်းခဲ့ဦးမှ ……
    မြေကမ္ဘာနဲ့ မွေးနေ့တိုက်သူတွေ ကျန်းမာပျော်ရွှင်ကြပါစေဗျာ

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — April 22, 2010 @ 6:30 am

  29. ကျွန်တော်က အဲလို ဝတ်တာကို ထောက်ခံတာရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ပြောချင်တာပါ။ အခိုင်အမာဖြစ်တည်လာခဲ့တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အဆက်ဟာ ဒီလိုလေး လွတ်လပ်စွာ ဝတ်ဆင်တာနဲ့တော့ ပျောက်ပျက်သွားမယ်လို့ မထင်တာကို ပြောချင်တာပါ။ နောက်ပြီးတော့ သင်္ကြန်မှာ လူတိုင်း ဒီလို ဝတ်စားဆင်ယင်နေတာ မဟုတ်ဘူး ဆိုတာကိုလည်း သိစေချင်ပါတယ်။ သင်္ကြန်မှာ ဒီလိုမျိုး မဟုတ်ဘဲ ဘုရားသွား ကျောင်းတက်၊ တရားထိုင် လုပ်နေတဲ့ မိန်းကလေးတွေလည်း အများကြီးပါ။ ပုံပြင်ထဲကလို ပညာရှင်တွေ တခြားတိုင်းပြည်မှာ သိုးမဲတစ်ကောင်တွေ့တာနဲ့ “ဒီတိုင်းပြည်က သိုးတွေ အမဲ” လို့ ပြောတာမျိုး မဖြစ်စေချင်လို့ပါ။ လွတ်လပ်စွာ ကွဲလွဲခြင်း ဖြစ်ပါသည်။

    ခင်မင်စွာဖြင့်
    ဟန်သစ်ငြိမ်

    Comment by ဟန်သစ်ငြိမ် — April 22, 2010 @ 7:28 am

  30. မြန်မာပြည်ကို လာတဲ့ နိုင်ငံခြားသားတွေလည်း ပိုက်ဆံပေါလို့ လာနေတာ မဟုတ်ပါဘူး။ ဘယ်နေရာ ဘာရှိတယ်ဆိုတာ သူတို့ ဘာသာ သူတို့ သိပါတယ်။ ဘယ်ကိုသွားပြီး ဘာကို သွားကြည့်ရမယ်ဆိုတာလည်း သူတို့သိပါတယ်။ ပြီးတော့ ယိုးဒယားဆိုတဲ့ ထိုင်းနိုင်ငံကို သွားတဲ့နိုင်ငံခြားသားတိုင်း အပျော်အပါး မက်လို့ သွားတာ မဟုတ်ပါဘူး။ အဲလိုပဲ မြန်မာကို သွားတဲ့ နိုင်ငံခြားသားတိုင်းကို ရွှေချ ထီးတင်၊ ထုံးသုတ်ထားတဲ့ ပုဂံက လက်ရာတွေ သွားကြည့်မယ်လို့ မထင်ပါနဲ့…။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ဝင်ငွေဟာ ကျွန်တော်တို့ နိုင်ငံထက် များပါတယ်။ ပုဂံမှာ လက်ညိုးညွှန်မလွဲ ဘုရားတွေရှိသလို ထိုင်းက ဘုရားစေတီတွေမှာလည်း လက်ညှိုး ညွန်မလွဲ နိုင်ငံခြားသားတွေ ရှိနေပါတယ်။ ဒီလိုရေးတွေ ရေးတာ ဘယ်သူ့ ဘယ်သူ့ကို သာစေ နာစေချင်လို့ ရေးတာလည်း မဟုတ်ပါဘူးခင်ဗျာ။ ပြန်လည် လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါသည်။

    ခင်မင်စွာဖြင့်
    ဟန်သစ်ငြိမ်

    Comment by ဟန်သစ်ငြိမ် — April 22, 2010 @ 7:43 am

  31. နယ်သင်္ကြန်တွေကတော့ အဲ့လောက်မဆိုးဘူး ။အဲ..သိတော့ပါဘူး ၀တ်ချင်သလိုတွေဝတ်နေကြတာ သင်္ကြန်ရောက်မှပဲ ရှိသမျှ အလှတွေ ဖော်ပြနေကြသလိုပဲး)

    Comment by မောင်မျိုး — April 23, 2010 @ 2:28 am

  32. သင်္ကြန်ပွဲတော်ဟာ “လွတ်လပ်စွာ” သောက်စား သရုပ်ပျက် လို့ရတဲ့ အခြေအနေတစ်ခုအဖြစ် မြင်လာကြတာကိုတော့ အရမ်းဝမ်းနည်းမိပါတယ်။
    နှစ်သစ်မှာ အေးမြစေဖို့ ပက်ဖျန်းတဲ့ရေတွေဟာ လူတွေမူးရူးစေဖို့မှ မဖြစ်သင့်တာ။
    ကမ္ဘာရွာကြီးဖြစ်လာတဲ့အခါ ယဉ်ကျေးမှုဖလှယ်တာနဲ့ ယဉ်ကျေးမှု ဖျက်ဆီးခံရတာ မတူကြောင်း ခွဲခြားသိနိုင်ဖို့ အရမ်းလိုအပ်ပါတယ်။
    မလေးအိမ့်က လူငယ်တွေ အတုယူမမှားစေဖို့ စေတနာနဲ့ ရေးတာပါ။
    လွတ်လပ်ခြင်းနဲ့ စည်းကမ်းမဲ့ခြင်းဟာ မကြာခဏ ရောချခံရတာ မကောင်းပါဘူး။

    မလေးအိမ့်က ထိုင်းနိုင်ငံကို ထိခိုက်ပြီးရေးထားတာလည်း မဟုတ်ပါဘူး။ ယေဘုယျသဘောကို ပြောတာပါ။ ညီမထိုင်းကို ရောက်ဖူးပါတယ်။ ထိုင်းမှာ လူအများအာရုံစိုက်မိတဲ့ အပျော်မယ်တွေ ရှိသလို မလျှပ်ပေါ်တဲ့ စည်းကမ်းရှိတဲ့ လူငယ်တွေလည်း အများကြီးပါပဲ။ ဝတ်စားပုံ နေထိုင်ပုံချင်း သိသိသာသာကွဲပြားပါတယ်။

    Comment by Shwunmi — April 23, 2010 @ 5:28 am

  33. မလေးရေးတာကလဲ သရုပ်ပျက်နေကြသူတွေကိုသာ ရည်ရွယ်တယ်လို့ယူဆပါတယ်..
    ဟုတ်ပါတယ်. သင်္ကြန်ဆိုရင် မလည်ဖြစ်တာ ကြာပါပြီ.. မြင်ရတဲ့ မြင်ကွင်းတွေကို ကြည့်မိတိုင်း စိတ်ဆင်းရဲမိတာလဲ ပါသလို
    ပျော်ဖို့ကိုလဲ စိတ်မပါတော့တာပါ..
    တရားစခန်းဝင်တာကသာ ကိုယ့်အတွက်ပိုငြိမ်းချမ်းတယ်လို့ ထင်မိပါတယ်..
    ဒီလိုလူတွေလဲ များလာကြတယ်ဆိုတာလက်ခံပါတယ်..
    ဘာလို့လဲဆို ရိပ်သာတွေမှာ သင်္ကြန်ရက်ဆိုရင် လူတွေအပြည့်ပါဘဲ..
    တစ်ချို့ဆို နေရာတောင် မရတဲ့အထိ၊ ကြပ်သိပ်နေတဲ့အထိ ဖြစ်ကြပါတယ်..
    လူတိုင်း အပျော်မက်တာမဟုတ်သလို လူတိုင်းပျက်စီးနေတာမျိုးလဲမဟုတ်ပါဘူး..
    မလေးရေးချင်တာကလဲ ပျက်စီးနေသူ ဖော်နေချွတ်နေသူများကိုသာ ဆိုလိုကြောင်း နားလည်မိပါတယ်..
    စေတနာပါတဲ့ ဒီပိုစ့်လေးအတွက်ကျေးဇူး မလေးရေ..

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — April 23, 2010 @ 10:20 am

  34. ကိုဟန်သစ်ငြိမ် စိတ်ဝင်စားအချိန်ပေးဖတ်တာရော.. ကွန့်မင့်ရေးတာအတွက်ပါ ကျေးဇူးတင်ပါတယ်။ မလေး.. ထိုင်းကို နှိမ်ချပြောတာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ ထိုင်းတို့ကိုရီးယားတို့နဲ့လည်း မသက်ဆိုင်နေပါဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စပါ.. အခုဟာက မူးတာကိုတောင်လက်ခံနိုင်သေးတယ်။ ညငှက်တွေထက်ဆိုးနေတဲ့ ၀တ်စားဆင်ယင်မှုကို နေ့ခင်းကြောင်တောင်လူလည်ခေါင်မှာ ၀တ်နေကြတာကိုထောက်ပြခြင်းပါ။ pole dance လုပ်ချင်ရင်လည်း သူ့နေရာနဲ့သူ့အချိန်နဲ့ လုပ်ကြရင်ပိုကောင်းမယ်။ Not at Thingyan! ဖော်ချွတ်ကချင်လည်း ကနိုင်ပါတယ်။ But.. not at Thingyan! လမ်းပေါ်မှာ ကလေးလေးတွေရှိနေနိုင်တယ်.. လူကြီးသူမတွေ၊ လူမြင်ကွင်း public areas တွေမှာ ဖြစ်နေကြတာကို နည်းနည်းထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ပါ။

    အနီးဆုံးထိုင်းနိုင်ငံနဲ့ ယှဉ်ပြရမယ်ဆိုရင်၊ ကျမတို့တိုင်းပြည်မှာ resort beaches တွေ၊ five-stars hotels တွေ၊ ဆွဲဆောင်မှုရှိတဲ့ ထိပ်တန်း spa တွေ၊ entertainment ကဇာတ်ရုံတွေ အလွန်နည်းပါတယ်…..etc…. လို့ စကားခံပြီး ထိုင်းရဲ့ခရီးသွားတွေကို accommodate လုပ်နိုင်မှုကိုတောင် ချီးမြှောက်ပါတယ်။

    နောက်တစ်ခုက အနောက်နိုင်ငံတွေရဲ့ Radio Station တွေမှာ ကြုံရင်ကြုံသလို ထိုင်းကို ဘယ်လိုမြင်ပြီးဘယ်လိုပြောကြတယ်ဆိုတာ (even though it doesn’t represent majority of Canadians & Americans) ထိုင်းတွေကြားရင် ရင်အောင့်မယ်။ အနောက်နိုင်ငံတွေဟာ အရှေ့နိုင်ငံတွေကို ဘယ်လိုမှ အထင်မကြီးတာကို၊ သူတို့ယဉ်ကျေးမှုတွေကိုယူ သူတို့သီချင်းတွေကို ကော်ပီလုပ်ကြတဲ့အခါ ဘယ်လိုလှောင်ပြောင်ကြတာကို… အနောက်နိုင်ငံရောက်နေရတဲ့ အရှေ့တိုင်းသားတစ်ယောက်အနေနဲ့… မနေနိုင်မထိုင်နိုင် မလေး ပြောရခြင်းဖြစ်ပါတယ်။ ဒီကြားထဲ သိပ်မပွင့်မလင်းဖြစ်နေတဲ့ ကိုယ့်တိုင်းပြည်ဟာ အမေရိကန်ရဲ့လက်ဝေခံဖြစ်တဲ့ကိုးရီးယားဒီဇိုင်းဖြစ်လာတော့ အမေရိကန်ကျွန်အောက်က တဆင့်ခံ “သပေါက်ဖက်ရှင်” (အခြားစကားလုံးမရှာတော့ပါ) ဘယ်လိုမှ အဖြစ်မခံနိုင်လို့ မနေနိုင်တော့လို့ ရေးလိုက်ရတာပါပဲ။ ဒီစာကိုရေးစဉ်ကတည်းက ဘယ်လိုပြောပြောခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ရေးတာဖြစ်လို့ အခုလို ကိုဟန်သစ်ငြိမ်ရဲ့လွတ်လပ်စွာကွဲပြားမှုကို လေးစားစွာလက်ခံပြီးသားပါ။

    မည်သို့ပင်ဖြစ်စေ.. ကနေဒါကော၊ ထိုင်းကော၊ ကိုးရီးယားကော မလေးရဲ့တိုင်းပြည်များမဟုတ်လို့ သူတို့အတွက် ခံစားချက်သိပ်မရှိပေမယ့် ကိုယ့်တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်အတွက်တော့ ခံစားချက်အပြည့်နဲ့ ရေးခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ Business Proposal တစ်ခုလည်း မဟုတ်နေတဲ့တွက်.. ထောက်ကွက်ရှိနေနိုင်ပေမယ့် မလေးဘာကိုဆိုလိုနေသလည်း အချက်အလက်တွေနဲ့တိုင်းတာထက် ရင်နဲ့နားထောင်ကြည့်ကြပါလို့…။

    Comment by မလေး — April 23, 2010 @ 3:32 pm

  35. ဒီပို့စ်လေးကို သေချာဖတ်ဖြစ်ပါတယ်။ စာရေးသူရဲ့ စေတနာကိုလည်းမျက်ဝါးထင်ထင်တွေ့ရပါတယ်။ ဒီလို ၀တ်စားဆင်ယင်မှုမျိုးဟာ တိုင်းတပါးရဲ့ သရုပ်ပျက် ယဉ်ကျေးမှုကို အတုယူ မိမိနဲ့ သင့်တော်မှု အံဝင်ခွင်ကျမှုရှိမရ၊ှိ ယဉ်ကျေးမှုနားမလည်တဲ့ မိဘဆုံးမမှု ကင်းလွတ်နေကြတဲ့ လူအနည်းစု၊ ကိုယ်ကျင့်တရားနိမ့်ကျတဲ့ လူတန်းစားတစ်ခုရဲ့ အပြုအမူတွေပါ။ ဟီရိ သြတ္တပ္ပတရား ဆိုတာဘာလည်းဆိုတာ ဒီလို လူစားမျိုးတွေ မသိပါဘူး။ လူဦးရေ သန်း၆၀ရှိတဲ့ ကျွန်မတို့တိုင်းပြည်မှာ ဒီလို လူတန်းစားမျိုးက အနည်းစုဖြစ်မှာပါ။ ဒီလို စက်စုတ်ဖွယ် ရွံ့ရှာဖွယ် ၀တ်စားဆင်ယင်မှုမျိုး တွေကို အတတ်နိုင်ဆုံး တားဆီး ရှုံ့ချသင့်ပါတယ်။ အမိအဖယဉ်ကျေးသူ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေကနေ မွေးဖွားလာတဲ့ အမျိုးကောင်း သားသမီး တွေလည်း ကျွန်မတို့ တိုင်းပြည်မှာ များစွာရှိနေပါသေးတယ်ရှင်။ ဒီပို့စ်လေးအတွက် ကျေးဇူးပါနော်။

    Comment by မြသွေးနီ — April 24, 2010 @ 12:51 am

  36. ကိုယ့်အမြင်ကိုပြောရရင် တရုတ်မတွေ၊ အိန္ဒိယမတွေ ၊ ဂျပန်မတွေလဲ သူများတိုင်းပြည်မှာပဲဖြစ်ဖြစ် သူတို့တိုင်းပြည်မှာပဲဖြစ်ဖြစ် သူတို့ရိုးရာအ၀တ်အစားဝတ်ပြီး သွားလာမနေပါဘူး မြန်မာပြည်မှာမှ မြန်မာမိန်းကလေးတွေက ထမိန်ဝတ်ပါသေးတယ်… သင်္ကြန်မှာ မဏ္ဍပ်တွေလျှောက်ရေပက်ခံထွက်ရင် ရိုးရာအ၀တ်အစား ထမိန်နဲ့ထွက်ရင် အဆင်မပြေနိုင်သလို အလွန်အကျွံ ဖော်ချွတ်ဝတ်စားတာမျိုးတော့လဲ အမြင်မတော်တာအမှန်ပါပဲ…စာရေးသူရေးထားတာက တဖက်စွန်းရောက်နေသလားလို့…. ခေတ်ရေစီးကြောင်းဆိုတာ ဘယ်လိုမှတားလို့မရတာအမှန်ပါပဲ….ဟိုးအရင်ခေတ်က မိန်းကလေးတွေ ဂျင်းဘောင်းဘီအရှည်ဝတ် တာကို သရုပ်ပျက်တယ်ဆိုပြီး ပြောကြပါတယ်…အခုခေတ် ဘောင်းဘီရှည်ဝတ်တဲ့မိန်းကလေးတွေက အတော်လုံခြုံတယ်လို့ ပြောရတော့မှာ…ဒီခေတ်မှာ ဂျင်းဘောင်းဘီအရှည်ဝတ်တာ သာမန်ကိစ္စဖြစ်သွားပြီ….အဲ့လိုပါပဲ ဒီနေ့ခေတ်ဘောင်းဘီတိုဝတ်၊ အီမိုပုံစံ အမဲတွေ ၀တ်နေကြတာ သရုပ်ပျက်ပေါ့…နောက် နှစ်နဲနဲကြာလာရင် သာမန်ဖြစ်သွားမယ်လို့ ယူဆပါတယ်…အဲ့ထက်ဆိုးတာတွေ ၀တ်လာမှာလားဆိုတာတော့ ခေတ်ရေစီးကြောင်းကိုပဲ စောင့်ကြည့်ရမှာပေါ့…စာရေးသူရဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာကိုတော့ လေးစားပါတယ်…ဒါပေမယ့် လောကမှာမြဲနေတာက မမြဲခြင်းတရားဆိုတာကိုတော့ လက်မခံချင်လဲ လက်ခံဖို့လိုပါလိမ့်မယ်…

    ခင်မင်စွာဖြင့်
    Libra

    Comment by Libra — April 24, 2010 @ 9:47 am

  37. စကားမစပ် နောက်ဆုံးမှာ ကျက်သရေ ပေါင်းတာ ကြက်သရေ ဖြစ်နေသလားလို့ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားတာထင်တယ် ကိုယ်လဲ မြန်မာမိန်းကလေးတစ်ယောက်ပါပဲ ကိုယ့်ယဉ်ကျေးမှုကို ချစ်ပေမယ့် ထမိန်တော့အမြဲဝတ်မနေနိုင်တာ အမှန်ပါပဲ ဘုန်းကြီးကျောင်းသွားရင်တော့ ကိုယ့်ရိုးရာအ၀တ်အစားကို အမြတ်တနိုးဝတ်တတ်ပါတယ်…. မအိမ့်ချမ်းမြေ့ တွေးဆနားလည်ကြည့်နိုင်ပါစေ…

    ခင်မင်စွာဖြင့်..
    Libra

    Comment by Libra — April 24, 2010 @ 10:02 am

  38. ကျေးဇူးတင်ပါတယ် Libra

    Comment by မလေး — April 24, 2010 @ 10:10 am

  39. တွေးတောဆင်ခြင်စရာ၊ အလေးအနက်ထား သတိပြုစရာတွေ အများကြီးရသွားပါတယ်ခင်ဗျာ …။

    ခင်မင်စွာနဲ့
    စံလင်းထွန်း

    Comment by စံလင်းထွန်း — April 24, 2010 @ 9:27 pm

  40. စေတနာကို လေးစားမိပါတယ်၊ ကွန်မင့်တွေကလည်းကောင်းပါတယ်၊ ကချင်တဲ့သူက သံစဉ်ကြားတာနဲ့ ကတာပဲ၊ ချွတ်ဖေါ်ချင်တဲ့သူကလည်း ရတာနဲ့ဖေါ်မှာပဲ၊ လူငယ်တိုင်းတော့မဟုတ်ပါဘူး၊ မိန်းခလေး ငယ်ငယ်လေးနှင့် ဆေးမူးနေတာပိုဆိုးတယ်။

    Comment by sosegado — April 25, 2010 @ 6:28 am

  41. ဘာမှကို မပြောတတ်တော့ဘူး မလေးရေ ။ မလေးပြောသွားတဲ့အတိုင်းပါပဲ …………………..

    Comment by winkabar — April 25, 2010 @ 8:52 am

  42. ပြောချင်တာတွေ ရှိနေသေးလို့ ထပ်လာပြောပါတယ် မလေးအိမ့်။
    မလေးရေးတာ အစွန်းမရောက်ပါဘူး.. “တိုက်ရိုက်အတုယူပါ” လို့ ရေးထားတာ တွေ့ကြမှာပါ။
    ဆိုလိုတာက.. ဘယ်အချိန်မို့ ဘယ်နေရာမို့ ဘယ်လိုလူစားက ဘာကြောင့်ဘယ်လို ဝတ်စားတယ် ဆိုတာကို သိနားလည်ဖို့.. လေ့လာကြည့်ဖို့ပါ။
    (လှတယ်ထင်တိုင်း ဆွဲဆောင်မှုပိုလာမယ်ထင်တိုင်း လူဝိုင်းကြည့်တိုင်း အကောင်းမှတ်ပြီး လျှောက်မလုပ်ဖို့ ဆိုလိုနေတာပါ။)

    မနှစ်လောက်က မ“လေးမ” ပြောခဲ့တာကိုလည်း ပြန်ဖတ်မိသွားလို့ သတိတရ link ပေးခဲ့ပါတယ်။ Vivian ကို ကြည့်ပါ … ဆိုတဲ့ တစ်ပုဒ်ပါ။
    http://laynge.wordpress.com/2009/03/02/vivian-%E1%80%80%E1%80%AD%E1%80%AF-%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%95%E1%80%AB-%E2%80%A6/

    Comment by Shwunmi — April 25, 2010 @ 11:42 am

  43. ဟုတ်ပ…အစ်မရေ…ကျွန်တော်လည်း လူငယ်တစ်ယောက်ပါ…ကျွန်တော်တို့နားလည်ထားတဲ့သင်္ကြန်ဆိုတာ ဒီလိုမဟုတ်ပါဘူး..သင်္ကြန်မှာ ပုံအောပြီး ပျော်ရွှင်ကြတာ လက်ခံကြပါတယ်…ဒါပေမယ့် မိန်းကလေးတွေ ဘီယာ အရက်သောက်ပြီးမူးနေရင်တော့ အရမ်းအမြင်ကပ်ပါတယ်…ပြောနေရင်လည်း ပြောစရာတွေက ကုန်မှာမဟုတ်ပါဘူး…http://meie2000.mmgenius.com/?p=609#more-609 မှာလည်း ဖတ်ကြည့်လိုက်ပါ အစ်မ..တော်တော် စိတ်ကုန်ဖို့ ကောင်းနေပြီ..လူငယ်တွေအားလုံးက ကာလနဲ့ဒေသကို မှန်ကန်အောင် ထိန်းညှိသင့်ပါတယ်…

    Comment by MEIE — April 27, 2010 @ 11:17 pm

  44. […] အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာမျာ… www.ainchannmyay.com/?p=822 – view page – cached သင်္ကြန်ဆိုတာနဲ့ မြန်မာပြည်မှာကတည်းက အကျွမ်းဝင်ခဲ့ခြင်း သိပ်မရှိခဲ့တဲ့ ကျမ၊ တိုင်းပြည်အပြင်ကို ရောက်တော့ ပိုပြီးဝေးခဲ့ရပါတယ်၊ သင်္ကြန်ဆိုတာ… Read moreသင်္ကြန်ဆိုတာနဲ့ မြန်မာပြည်မှာကတည်းက အကျွမ်းဝင်ခဲ့ခြင်း သိပ်မရှိခဲ့တဲ့ ကျမ၊ တိုင်းပြည်အပြင်ကို ရောက်တော့ ပိုပြီးဝေးခဲ့ရပါတယ်၊ သင်္ကြန်ဆိုတာ ကျမအတွက် အနှစ်၂၀နီးပါး ဖန်သားပြင်တွေပေါ်မှာပဲ အသက်ဝင်လှုပ်ရှားနေတဲ့ View page Tweets about this link Topsy.Data.Twitter.User[’dathana’] = {”location”:”",”photo”:”http://a3.twimg.com/profile_images/83779399/oldsiteicon_normal.png”,”name”:”dathana”,”url”:”http://twitter.com/dathana”,”nick”:”dathana”,”description”:”",”influence”:”"}; dathana: “မြန်မာ့သင်္ကြန် အကျည်းမတန်စေလို: သင်္ကြန်ဆိုတာနဲ့ မြန်မာပြည်မှာကတည်းက အကျွမ်းဝင်ခဲ့ခြင်း သိပ်မရှိခဲ့တဲ့ ကျမ၊ တိုင်းပြည… http://bit.ly/alhgvj ” 8 days ago view tweet retweet Filter tweets […]

    Pingback by Twitter Trackbacks for အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ » မြန်မာ့သင်္ကြန် အကျည်းမတန်စေလို [ainchannmyay.com] on Topsy.com — April 28, 2010 @ 2:02 am

  45. MEIE ဆိုတဲ့ လူငယ်ရေ။ ကျမကတော့ မိန်းကလေးတွေ ဘီယာသောက် မူးနေတာတင် မဟုတ်ဘူး. ယောက်ျားလေးတွေ သောက်တာကိုပါ ကြည့်မရပါဘူး။ မိန်းမတွေကို လက်ညှိုးမထိုးခင် ၇ှင်တို့ လက်ညှိုးတွေ သန့်မသန့် ပြန်ကြည့်ပါဦး.. လူဆိုးတွေ၊ မကောင်းတဲ့လူတွေ ရှိနေသရွေ့ကတော့ ပြောစရာလည်း ကုန်မှာမဟုတ်ပါဘူး။ လူငယ်တွေ ဆိုပြီး ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့လို့ ပြောချင်ပါတယ်။ အဲဒါကိုမှ စိတ်ကုန်ရင် ဘုန်းကြီးကျောင်းတို့ တ၇ားရိပ်သာတို့ သွားနေပါ။ သူတို့မူးရူးနေတာကို ဘယ်သူကမှ အတင်းခေါ်မကြည့်ခိုင်းပါဘူး။ ခေတ်ရေစီးကြောင်းဆိုတာ တားလို့ မရပါဘူး။ ယဉ်ကျေးမှုတို့ ရိုးရာတို့လို့ ပြောနေတဲ့လူတွေကိုယ်တိုင် ယဉ်ကျေးမှု ရိုးရာဆိုတာဘာလဲ အရင်ဖြေကြည့်ပါဦး။ ယဉ်ကျေးမှုနဲ့ ခေတ်ကို ပိုင်းခြားထားတဲ့မျဉ်းဆိုတာ ရှင်တို့တွေးသလို ထင်းရှားမနေပါဘူး။ ဒီတော့ ကိုယ့်ဖာသာ ထမီ ပုဆိုးဝတ်တာကို ဂုဏ်ယူပါ။ ဒီပြင့်လူတွေ ထမီချွတ်ထားတာကို အတင်းလိုက်ပြီး နှာခေါင်းမရှုံ့ပါနဲ့လို့ ပြောချင်ပါတယ်။

    Comment by သဲနှင်းအိမ် — April 29, 2010 @ 5:42 am

  46. ခံစားသွားပါတယ်…အရေးအသားလေးကတော့ကောင်းပါတယ်…ဒါပေမယ့်လို့နည်းနည်းပြောချင်ပါတယ် အွန်လိုင်းပေါ်ရောက်လာတဲ့ ဓါတ်ပုံအနည်းငယ်ကိုကြည့်ပြီး မြန်မာမြေပေါ်မှာ မနေတဲ့သူတစ်ယောက်အနေနဲ့ တော့ အဲလိုရေးတာတွေက သိပ်ပြီး မကိုက်ညီဘူး ထင်ပါတယ် အပေါ်မှာ သူငယ်ချင်းတင်ထားတဲ့ ပုံတွေလို မျိုး သူငယ်ချင်း ဘယ်နှစ်ခါ ၀တ်ဘူးပြီးပြီလည်း ဘယ်နှစ်ခါ အဲလိုမျိုး ပျော်မြူးပြီးပြီးလည်း လူတိုင်းကတော့ ကိုယ့်မျက်ချေးကိုယ် ကို မမြင်ကြပါဘူးဘူး သူများအပြစ်ကို မြငိချင်ရင် လွယ်လွယ်လေးပါ အချိန်အများကြီးမလိုပါဘူး ဘစ်ကားပေါ်မှာ ကိုယ့်ဘေးမှာရပ်နေတဲ့သူစိမ်းတစ်ယောက်ကို ၂ မိနစ်လောက်ကြည့်လိုက်တာနဲ့ သူ့အပြစ်ကို တွေ့နိုင်ပါတယ် အဲဒါကြောင့် သူများ တစ်နည်းအားဖြစ် ကိုယ်မရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို အပြစ်မြင်ဖို့ အရမ်းလွယ်ပါတယ် …ဒီပို့ကို ရေးပြီးအောက်မှာ မှတ်ချက်တစ်ခုတော့ ထည့်သင့်တယ် အဲဒါက ဘာလည်းဆိုတော့ “ကျွန်မသာ မြန်မာနိုင်ငံမှာ ရှိပြီး မြန်မာသင်္ကြန်ကို ဆင်နင်္ွဲရမယ်ဆို ရင်ဖုံးအကျီနဲ့ အမျိုးသမီး လုံခြည့်ကလွဲပြီး ဘာမှ ၀တ်ဖြစ်မယ်မထင်ပါဘူး” ဆိုတဲ့ အာမခံချက်လေးတစ်ခုတော့ ပေးစေချင်ပါတယ်….ကိုယ့်ပေါင်ကို ကိုယ်လိမ်ဆွဲကြည့်ပါ ဘယ်လိုခံစားရမလည်းဆိုတာ …
ှနောက်တစ်ခုက သူငယ်ချင်းရဲ့ ပိုစ် က ဘာကိုရည်ရွယ်တာလည်း သင်္ကြန်ရဲ့ ယဉ်ကျေးမှုကို ဆိုလိုတာလား မြန်မာနိုင်ငံရဲ့ပြောင်းလည်းလာတဲ့ အ၀တ်အစားတွေကို မီးမောင်း ထိုးပြချင်တာလား…ဒါမှမဟုတ် ဘာကိုဆိုလိုချင်တာလည်း နောက်ပြီး သူငယ်ချင်းကပြောထားသေးတယ် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဟိုနိုင်ငံတဲ့… ကဲ…ဘာကိုရည်ရွယ်တာလည်း အဲလို ၀တ်စားတိုင်း ဟိုနိုင်ငံဖြစ်ရောလေား…ဒါဆို အဝေးကြီးမပြောဘူးနော် သူငယ်ချင်း ထိုင်းနိုင်ငံကို တစ်ခေါက်လောက်သွားလည်ကြည့်လိုက်ပါ…သူငယ်ချင်းရဲ့ ပိုစ်က နည်းနည်းရောထွေးနေတယ်ထင်ပါတယ်…ရေးချင်တာတွေ ပြောချင်တာတွေများပြီး ပိုစ်တစ်ပုဒ်ရဲ့ ဆိုလိုရင်း ရည်ရွယ်ချက်ကို ပျောက်နေပါတယ်…သူငယ်ချင်း နည်းနည်း ပြန်စဉ်းစားပြီး ဒီပိုစ့်လေးကို နည်းနည်း ပြန်ပြင်လိုက်ရင် တော်တော် ကောင်းတဲ့ ပိုစ့်လေးတစ်ပုဒ် ဖြစ်နိုင်ပါတယ်….သင်္ကြန်ရဲ့ ယှဉ်ကျေးမှုကိုပြောချင်တာလား…မြန်မာလူမျိုးတွေရဲ့ ၀တ်စားမှုပုံစံကိုပြောချင်တာလား…သင်္ကြန်းတွင်း အရက်သေစာသောက်စားမှုကို သိစေချင်တာလား…ဒါမှ မဟုတ် သူငယ်ချင်းက ဟိုနိုင်ငံဖြစ်မှာကို စိုးရိမ်တာလား.. အေးဆေးစဉ်းစားကြည့်ပါအုံး…အလုပ်မရှိတိုင်း ပျင်းတိုင်းစာရေးရမယ်ဆို စာအုပ်ဖိုးကို တစ်လတစ်လ မနည်းရှာရမယ်ဆိုတာတော့……သူငယ်ချင်းသိမှာပါ….

    Comment by Anonymous — May 1, 2010 @ 9:50 am

  47. ခံစားသွားပါတယ်…အရေးအသားလေးကတော့ကောင်းပါတယ်…ဒါပေမယ့်လို့နည်းနည်းပြောချင်ပါတယ် အွန်လိုင်းပေါ်ရောက်လာတဲ့ ဓါတ်ပုံအနည်းငယ်ကိုကြည့်ပြီး မြန်မာမြေပေါ်မှာ မနေတဲ့သူတစ်ယောက်အနေနဲ့ တော့ အဲလိုရေးတာတွေက သိပ်ပြီး မကိုက်ညီဘူး ထင်ပါတယ် အပေါ်မှာ သူငယ်ချင်းတင်ထားတဲ့ ပုံတွေလို မျိုး သူငယ်ချင်း ဘယ်နှစ်ခါ ၀တ်ဘူးပြီးပြီလည်း ဘယ်နှစ်ခါ အဲလိုမျိုး ပျော်မြူးပြီးပြီးလည်း လူတိုင်းကတော့ ကိုယ့်မျက်ချေးကိုယ် ကို မမြင်ကြပါဘူးဘူး သူများအပြစ်ကို မြငိချင်ရင် လွယ်လွယ်လေးပါ အချိန်အများကြီးမလိုပါဘူး ဘစ်ကားပေါ်မှာ ကိုယ့်ဘေးမှာရပ်နေတဲ့သူစိမ်းတစ်ယောက်ကို ၂ မိနစ်လောက်ကြည့်လိုက်တာနဲ့ သူ့အပြစ်ကို တွေ့နိုင်ပါတယ် အဲဒါကြောင့် သူများ တစ်နည်းအားဖြစ် ကိုယ်မရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို အပြစ်မြင်ဖို့ အရမ်းလွယ်ပါတယ် …ဒီပို့ကို ရေးပြီးအောက်မှာ မှတ်ချက်တစ်ခုတော့ ထည့်သင့်တယ် အဲဒါက ဘာလည်းဆိုတော့ “ကျွန်မသာ မြန်မာနိုင်ငံမှာ ရှိပြီး မြန်မာသင်္ကြန်ကို ဆင်နင်္ွဲရမယ်ဆို ရင်ဖုံးအကျီနဲ့ အမျိုးသမီး လုံခြည့်ကလွဲပြီး ဘာမှ ၀တ်ဖြစ်မယ်မထင်ပါဘူး” ဆိုတဲ့ အာမခံချက်လေးတစ်ခုတော့ ပေးစေချင်ပါတယ်….ကိုယ့်ပေါင်ကို ကိုယ်လိမ်ဆွဲကြည့်ပါ ဘယ်လိုခံစားရမလည်းဆိုတာ …
ှနောက်တစ်ခုက သူငယ်ချင်းရဲ့ ပိုစ် က ဘာကိုရည်ရွယ်တာလည်း သင်္ကြန်ရဲ့ ယဉ်ကျေးမှုကို ဆိုလိုတာလား မြန်မာနိုင်ငံရဲ့ပြောင်းလည်းလာတဲ့ အ၀တ်အစားတွေကို မီးမောင်း ထိုးပြချင်တာလား…ဒါမှမဟုတ် ဘာကိုဆိုလိုချင်တာလည်း နောက်ပြီး သူငယ်ချင်းကပြောထားသေးတယ် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဟိုနိုင်ငံတဲ့… ကဲ…ဘာကိုရည်ရွယ်တာလည်း အဲလို ၀တ်စားတိုင်း ဟိုနိုင်ငံဖြစ်ရောလေား…ဒါဆို အဝေးကြီးမပြောဘူးနော် သူငယ်ချင်း ထိုင်းနိုင်ငံကို တစ်ခေါက်လောက်သွားလည်ကြည့်လိုက်ပါ…သူငယ်ချင်းရဲ့ ပိုစ်က နည်းနည်းရောထွေးနေတယ်ထင်ပါတယ်…ရေးချင်တာတွေ ပြောချင်တာတွေများပြီး ပိုစ်တစ်ပုဒ်ရဲ့ ဆိုလိုရင်း ရည်ရွယ်ချက်ကို ပျောက်နေပါတယ်…သူငယ်ချင်း နည်းနည်း ပြန်စဉ်းစားပြီး ဒီပိုစ့်လေးကို နည်းနည်း ပြန်ပြင်လိုက်ရင် တော်တော် ကောင်းတဲ့ ပိုစ့်လေးတစ်ပုဒ် ဖြစ်နိုင်ပါတယ်….သင်္ကြန်ရဲ့ ယှဉ်ကျေးမှုကိုပြောချင်တာလား…မြန်မာလူမျိုးတွေရဲ့ ၀တ်စားမှုပုံစံကိုပြောချင်တာလား…သင်္ကြန်းတွင်း အရက်သေစာသောက်စားမှုကို သိစေချင်တာလား…ဒါမှ မဟုတ် သူငယ်ချင်းက ဟိုနိုင်ငံဖြစ်မှာကို စိုးရိမ်တာလား.. အေးဆေးစဉ်းစားကြည့်ပါအုံး…အလုပ်မရှိတိုင်း ပျင်းတိုင်းစာရေးရမယ်ဆို စာအုပ်ဖိုးကို တစ်လတစ်လ မနည်းရှာရမယ်ဆိုတာတော့……သူငယ်ချင်းသိမှာပါ….

    Comment by နတ်ဆိုး — May 1, 2010 @ 9:52 am

  48. It’s not about ရင်ဖုံးအကျီနဲ့ အမျိုးသမီး လုံချည်… Check out this website and hopefully you will get an idea of what the writer is trying to say. http://www.youtube.com/watch?v=HY2dFgTAfFA&feature=related
    You call this Myanmar Thingyan?
    ဥပမာ..ကော့မန့်လေးတစ်ခု.. “ရိုင်းတယ် .. အရမ်းရိုင်းတယ် .. ဘယ်က–စုတ်တွေလဲမသိဘူး … တောက် ခော်မှီတာနဲ ကြက်ဆန်တာကိုခွဲခြားမသိတဲ့ဟာတွေ .. အောက်တန်းကြလိုက်တာ”
    အဲဒီအောက်က အခြား ကွန့်မင့်တွေဖတ်ပြီး principle ရှိသူတွေ အများကြီးကျန်သေးလို့ နည်းနည်းတော့ ၀မ်းသာပါတယ်..

    Comment by Htate Htar — May 1, 2010 @ 5:25 pm

  49. ဟုတ်ပါတယ်၊ အမရေ တော်တော်လေးကိုပါပဲ အရက်သင်္ကြန်၊ ဘီယာင်္ကြန်….ဘာသင်္ကြန်မှန်းတောင် မသိတော့ပါဘူး။ တော်တော်လေးကို ရှက်ဖို့ကောင်းတယ်၊ အတုယူတာကလည်း ဘယ်နေရာကိုမှ အတုယူနေလည်းမသိပါဘူး။
    အားလုံးကိုပြောမရရင်တော့ ကျွန်တော်ကတော့ မြန်မာ့သင်္ကြန်ကို အရုပ်ဆိုးအောင်လုပ်သူအားလုံးကို ရိုက်တောင်ရိုက်ချင်တယ်ဗျာ.
    သင်္ကြန်ချစ်တဲ့ ကျွန်တော် အဲဒါတွေကို မမြင်ချင်လို့ မလည်တာလည်း ကြာခဲ့ပါပြီ.
    ဖတ်ရတာနဲ့တင် တော်တော်လေးကို ရင်နာလို့
    အမကို တော်တော် ကျေးဇူးတင်တယ်ပါ. လေစားချင်ခင်လျက်
    အောင်ကို

    Comment by Aung Ko — May 3, 2010 @ 10:11 pm

  50.့်ကျနော် အမြဲတမ်း အွန်လိုင်းမှာ စာတစ်ပုဒ် ဖတ်ပြီးတိုင်း ကွန့်မင့်တွေကို ရှာဖတ်ပါတယ်။ စာရေးသူက ရေးသားထား တဲ့အပေါ် ထင်မြင်ချက် ဝေဖန်ချက်တွေ ပေးထားကြတာ ကောင်းပါတယ်။ ဒါပေမယ့်ဗျာ. .. လူဆိုတာ အကောင်းမြင်စိတ်လေး မွေးပြီး စာရေးသူက ဘာကို ရည်ရွယ်နေတာလဲ. သူ ဘာတွေကို ပေးချင်တာလဲ ။
    သူက မြန်မာ ပြည်သူပြည်သားတွေကို ကောင်းစေချင်လို့လား ဆိုးစေချင်လို့လား ဆိုတဲ့ သူရဲ့ စေတနာကို ခင်ဗျားတို့ မြင်နေတာပဲ။ အပေါ်မှာတွေ့ပါတယ်….. မြန်မာပြည် မကောင်းဘူးလို့ ပြောတာတောင် မဟုတ်ဘူး . ပြင်သင့် ပြင်ထိုက်တဲ့ ဟာလေးတွေ ပြောထားတာတောင် ….. နည်းနည်းလေးမှ ကြက်ခေါင်း စိတ်မခံ ပြန်ရေးထားကြတာတွေ့ပါတယ်။ ဒါဟာ ကောင်းတဲ့ စိတ်ဓါတ်ပါ …. မျိုးချစ်စိတ်ဓါတ်ပေါ့….. အဲလို ပြောရမှာလား……. မြန်မာပြည်ကို ချစ်ကြတယ်ပေါ့……….
    ဒါပေမယ့် အဲဒီလူတွေကိုလည်း မေးချင်ပါတယ် ။ ခင်ဗျားတို့ ချစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အကျိုးအတွက် ခင်ဗျားတို့ ဘာတွေ လုပ်ပြီးပြီလဲ။ အခုရော ဘာတွေ လုပ်နေလဲ။ နောင်ရော ဘာတွေ ဆက်လုပ်မှာလဲ ။ စကားတွေ သိပ်မများပါနဲ့ ဗျာ ….. တစ်ယောက်ယောက် က ကောင်းတာ
    လုပ်ပြီး ကောင်းတာတွေကို ပြောနေတဲ့ အချိန်မှာ ၀ိုင်းပြီး ဝေဖန်မနေပါနဲ့ ကိုယ် ကူညီနိုင်တာ ရှိရင် ကူညီလိုက်ပါ။
    အဲလိုဆို ပိုပြီး ကောင်းမွန်သွားမှာပေါ့……….
    ကိုကိုထိုက်

    Comment by ကိုကိုထိုက် — May 11, 2010 @ 3:19 am

  51. I am a Burmese man age of 25. When i was young, me and my friends and families went out during Thingyan for fun. We really had FUN. Now i’m away from my mother land. I read this now, i felt like sh**. Its no wonder that people do not respect Burmese young generation anymore.

    I read in some comments saying that ‘I feel pity for those who are abroad and ignoring the Burmese Tradition’. I can’t agree with this one. There are thousands of Burmese girls who are abroad but do all of them have the same problem? No. It doesn’t matter where you are. It only matters what you are at where you are now. Most Burmese people do not like indian. But… hey at least they keep their line. They may wear shorts, skirts and spaghetti shirts at home or school or at some other events but they never wear it on Deepavalli Festival. So, they earn respect. Now some Burmese girls in foreign countries are being treated like trash. One of my friends from Canada said ‘I slept with her, slammed the door and ask her to get out next morning’. Ouch! its painful but i couldn’t say anything.

    To be honest, as a man, of course i like to look at those photos. I even want to look naked girls. But… only in my room. Not on the roads. Not on the stages.

    Everyone has the right to perform sexuality. But not at this kind of noble festival. THINGYAN IS BURMESE TRADITIONAL FESTIVAL. NOT BOOTY SHOWS.

    The guy who is the picture lets his gf smoke. Will he do this to his sister? or how would he feel to see his sister like that?

    Ahhh! after all, its just a heartache to see these pictures.

    Something wrong with the Burma today but i don’t know what it is. or something wrong with my eyes?
    I just want to shout ” Hey Burma! Where the hell are you going???!!!”

    Comment by simon — May 19, 2010 @ 3:10 am

  52. To Thel Hnin Ein and Nat Soe,

    Why are you writing comments on this post instead of trying to realize yourself what had gone wrong with your learning your parents’ teachings?

    I am sure your parents might have taught you pretty well. If not, do not continue to read this feedback.

    Let me tell you this. The author has posted this post hoping that young kids like you would see the right path. Were you two are the ones in the picture? Because you two seems a bit nervous about these pictures and post.

    The author is very well aware that the cost of paper and computer is not cheap. Knowing it, she is still trying to do some good deeds for the young generation like you.

    If you cannot agree with her, why don’t you just shut up and ignore this post instead of insulting her good deeds.

    Read my comment carefully rather than being repulsive. It will be conducive for two of you if you could low down your ego level.

    Kind Regards,
    Simon…

    Comment by simon — May 19, 2010 @ 3:24 am

  53. သင်္ကြန်တင် မကပါဘူး အစ်မရယ် … ။

    ရိုးရာ တို့ ၊ ယဉ်ကျေးမှု တို့ … ဆိုတာတွေ ထက်

    ငွေကလည်း ကိုယ်ကျင့်တရားကိုပါ မပျက်ပျက်အောင် ဖျက်နေသလိုပဲ ဗျာ …

    Comment by သိ င်္ဂါ ရ — May 21, 2010 @ 3:54 am

  54. ကျနော်တော့ သင်္ကြန်ကို ကြောက်လို့ မလည်ဖြစ်ဘူး။ ခရီးသွားကားနဲ့ ပဲ တစ်နိုင်ငံလုံးလှည့်သွားနေဖြစ်တယ်။ မူးနေတဲ့ မြန်မာမလေးတွေ တွေ့ တာ အင်မတန်စိတ်ဆင်းရဲစရာကောင်းပါတယ်။ မန်းလေးမှာ သတင်းကျွတ်လပြည့်နေ့ ကို ဘာနေ့ မှန်းမသိ မူးရူးပြီး ဆိုင်ကယ်ပတ်စီးနေတဲ့လူတွေ အများကြိးပါပဲ။ မြတ်စွာဘုရားကို ဒီလိုပဲ ကြိုဆိုတာပေါ့လို့ တောင်မေးလိုက်ချင်ပါတယ်။

    Comment by zwesoelwin — June 1, 2010 @ 10:12 pm

  55. hi, Myanma Water Festival is very nice. I like it so much.

    Comment by hero zone — April 16, 2011 @ 8:59 am

  56. ဒီလိုမျိုးတွေက အကြည်းတန်လိုက်တာဗျာ………………..

    Comment by Zin htet — April 21, 2012 @ 8:04 am

  57. ယောက်ျားတွေက ပြောတော့ သူတို့မျက်စိအရသာခံကြည့်ပြီးမှ နှမချင်းမစာမနာ ပြောနေကြတယ်လို့ စွပ်စွဲခံရတယ်။ အခုလို မိန်းကလေးချင်း ပြောတော့ ပိုသဘာဝကျတယ် ထင်မိတယ်။ အကိုတို့တိုင်းပြည်မှာ အခုမှ value formation လုပ်နေရတုန်းမို့ နည်းနည်း ပိုသိတဲ့လူတွေက ထိန်းပေးဖို့ တာဝန်ကို ရှိတယ်လို့ထင်ပါတယ်။ ဒီ Post ဟာ မလေး အဲဒီတာဝန်ကို ဟိုးအရင်နှစ်တွေကတည်းက ထမ်းခဲ့ပြီး ဖြစ်တာကို ပြနေပါတယ်။
    မလေး ဖဘမှာတွေ့ပြီးတော့ ဖြစ်မှာပါ။ ဒီကလေးမ ပြောထားတာကိုလည်း သဘောကျမိ၊ ထောက်ခံမိပါတယ်။

    Comment by ပြည်ကောင်းအောင် — April 21, 2012 @ 8:37 pm


  58. Comment by ပြည်ကောင်းအောင် — April 21, 2012 @ 8:38 pm

  59. Hlaing Phyo Win အတွက်ရေးခဲ့တဲ့comment ကိုဘဲပြန်တင်လိုက်ပါတယ်
    …..တင်ထားတဲ့ပုံတွေအတွက်ကျေးဇူးဘဲဟေ့။ လွှတ်ပေးလိုက်တော့…ပေါ်ကုန်တာပေါ့။ ကြပ်ထားရင်…ရုပ်ကလေးတင်ကြည့်ပြီး အားလုံးကို… ဗိုင်းကောင်းကျောက်ဖိ…dignified မဒီ လေးတွေမှတ်နေအုံးမယ်။ မိကောင်းဖခင်သားသမီးလူငယ်တွေအတွက်တမျိုးကောင်းတယ်။ လွတ်လပ်စွာရွေးချယ်နိုင်သွားတာပေါ့။

    Comment by MK — April 24, 2012 @ 3:19 am

  60. ချမ်း မြေ့ေ၇းသား ခံ စား တင် ပြ တာ အား လုံးမှန်ကန်သင့်လျှော် ပါ တယ် “ကြို ဆို ထောက် ခံ လျက်”း

    Comment by Ko ye — September 9, 2012 @ 9:12 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

ယောက် စာဖတ်နေပါတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

web site hit counter