ကျောက်တုံးပေါ်က ကဗျာ
ဒီပန်းခြံလေးထဲကို ခဏခဏရောက်တယ်။
အပန်းဖြေရန်ပဲဖြစ်ဖြစ်၊ အပြေးလေ့ကျင့်ရန်ပဲဖြစ်ဖြစ်…
တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်….
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မောင်နှမတွေနဲ့ပဲဖြစ်ဖြစ်.
ခဏခဏ ရောက်တယ်။
ရောက်တိုင်းလည်း ဒီကျောက်တုံးလေးတစ်တုံးပေါ်မှာထွင်းထားတဲ့ ဘုန်းတော်ကြီးတစ်ပါး ရေးဖွဲ့ထားတဲ့ ဒီကဗျာလေးက စိတ်ကိုညွတ်နူးစေတယ်။ ဒီကျောက်တုံးလေးရှိတဲ့နေရာဟာ ပန်းခြံကြီးထဲက ဂျပန်ပန်းခြံလေးတစ်ခု။ ဂျပန်တွေနဲ့ကနေဒီယန်တွေ ချစ်ကြည်ရေးအရ အမှတ်တရဆောက်ထားတဲ့ ၊ ဂျပန်နိုင်ငံက သစ်ပင်၊ ပန်းပင်တွေနဲ့ ဖန်တီးထားတဲ့ ပန်းခြံငယ်လေး။
ဒီနေ့ကတော့ ဆောင်းရာသီကာလရဲ့ ပန်းဖူးလေးတွေ ထူးခြားစွာပွင့်နေတဲ့နေ့…
နေရောင်ခြည်က မရဲတရဲနဲ့ တိမ်တွေနောက်မှာ ပုန်းနေတဲ့နေ့…
ပကာသန မဖက်တတ်တဲ့ ချစ်သူစုံတွဲလေးတွေ လက်ထပ်ထိမ်းမြားတတ်ကြတဲ့ ဆေးအဖြူသုတ် အမိုးမဲ့ chapel လေးကလည်း အရင်နေ့တွေလိုပဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့.. နေ့။
ဒီနေ့လေးမှာတော့ ဒီကဗျာလေးကို ချစ်သောစာဖတ်သူများနဲ့ ဝေမျှမယ်လို့ ဆုံးဖြတ်လိုက်တယ်။
Mere Water Am I
Becoming vapour
Cloud
rain drops
returning
Mere water am I
Drop by drop
making streams
flowing to oceans
not returning
Mere water am I
Filling a cup for the thirsty
moving factory machines
washing workers’ mops
then discarded
Mere water am I
Clinging to evening grass
soaking daylight soil
blood of tree roots
seeping deep into earth
buried tributary
of an enduring river
Mere water am I
By Dr. Rev. Byung Sub Van
ဒီကဗျာလေးဖတ်ပြီး တစ်ယောက်တည်း အဓိပ္ပာယ်တွေ အမျိုးမျိုးဖွင့်ဆိုခဲ့ဖူးတယ်။
သစ်ပင်တွေရဲ့ ခြေရင်းမှာ ရောက်နေတဲ့ ရေ တွေ ရှိသလို…၊မြက်ပင်လေးတစ်ပင်ပေါ်မှာ ရောက်နေတဲ့ ရေ တွေ ရှိတယ်။
မြေကြီးကိုစိုစွတ်စေဖို့ မြေပြင်ပေါ်ရောက်နေတဲ့ ရေတွေရှိသလို၊ တိမ်တွေပေါ် ရောက်နေတဲ့ ရေ တွေလည်းရှိတယ်။
ကြမ်းတိုက်တဲ့ နေရာမှာ အသုံးချခံရတဲ့ ရေ တွေရှိသလို၊ ရေသန့်ဗူးထဲက ရေ တွေ လည်းရှိတယ်။
ဘယ်နေရာမှာ ဘယ်လိုပဲ ကျင်လည်ခဲ့သော်ငြားလည်း… ရေဟာရေပါပဲ။
ဒီလိုပဲ……
လူဟာ… လူပါပဲလားလို့… တွေးနေမိတာလေးပါ။
AinChannMyay ~ Jan 22, 2010



























Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — January 22, 2010 @ 1:54 am
http://www.bcdailybuzz.com/media/3815/Poetry_Rock/
အစ်မ.. အဲဒီ့လင့်မှာ ရေးတဲ့သူပုံ ရှိတယ်..။ ညီမတို့နဲ့ ဝေးတယ်။ :)။
Comment by pN — January 23, 2010 @ 1:35 am
ပန်းနွယ်… ကောင်းလိုက်တာ ပန်းနွယ်.. ကျေးဇူးအထူး.. အိပ်သေးဘူးလား တစ်နာရီထိုးတော့မယ်နော်
you guys living in Burnaby now?
Comment by မလေး — January 23, 2010 @ 1:42 am
မင်္ဂလာပါ… လာလည်တယ်နော်.. စာတွေဖတ်ပြီး ကနေဒါကို လာချင်လိုက်တာ အရမ်းဘဲ.. ဗင်ကူးဗားကို တစ်ချိန်က အိပ်မက် မက်ခဲ့ဖူးတယ်.. အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး
အရမ်းလှမယ်ဆိုတာတော့ သိတယ်.. ခုလိုပုံတွေမြင်ရတော့ ပိုပြီး စိတ်ဝင်စားတယ်..
ပျော်ရွှင်ပါစေနော်……..
Comment by ချော — January 23, 2010 @ 5:17 am
ကဗျာလေးက အဓိပ္ပါယ်ရှိလိုက်တာနော်…။ ဟုတ်တယ် ရေဆိုတာ သက်ရှိတွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အရာပဲနော်။ ဒါပေမယ့် သူ့နေရာနဲ့သူတော့ တန်ဘိုးရှိကြတာပဲလေ.။ ပန်းခြံလေးကလည်း အေးချမ်းမဲ့ပုံလေးပဲ chapel လေးကလည်း လှတယ်..။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — January 23, 2010 @ 5:38 am
ဂျပန်ကဗျာတွေက သဘာဝကို ဖွဲ့တာများတယ်နော်။
ကဗျာဆရာက စိတ်အေးချမ်းမယ့်ပုံပဲ။
နူးညံ့သိမ်မွေ့မူလို တစုံတရာ ခံစားမူကို အမြဲပေးတဲ့ မလေးရဲ့ စာမျက်နှာဆီ အမြဲ ရောက်ဖြစ်ပါတယ်။
Comment by အပြုံးပန်း — January 23, 2010 @ 7:03 am
တကယ်တော့ ရေဆိုတာ အသုံးချခံ ၊ အခြယ်အလှယ်ခံရတဲ့ အရာတစ်ခုပါ…။
ကောင်းတဲ့သူ ဆိုးတဲ့သူရှိပေမယ့် အပေါ်က ပြောသလို လူဆိုတာ လူပါပဲ..။
ဒါပေမယ့် လူတွေဟာကိုယ့်ကိုကိုယ် လှည့်စားနေတာလား..
လူတွေကို ဘယ်အရာတွေက စိုးမိုးခြယ်လှယ်နေသလဲ မတွေးတတ်ဘူး….။
Comment by Evergreen Phyo — January 23, 2010 @ 9:19 am
ဟယ်…၂၂ရက်က မအိမ့်မွေးနေ့လား။ ခုမှရောက်ဖြစ်လို့။ Happy belated b’day! Have a wonderful life ahead!
ပန်းခြံလေးထဲ အလည်သွားပြီး ကဗျာလေးခံစားသွားတယ်။
Comment by ဇွှန်မိုးစက် — January 23, 2010 @ 9:49 am
မလေးရေ….
ဟုတ်ပါတယ်နော်….
ရေဟာရေပါပဲ….လူဟာလူပါပဲဗျာ…။
ဒါပေမယ့် ချွန်ဒေါ်ကတော့ တစ်ခါတစ်လေဆို လူတွေမမြင်နိုင်တဲ့ ရင်အတွင်းပိုင်းထဲမှာဂျိုပေါက်နေတတ်တယ်ဗျ သိလား….ခွိခွိ….။ လူနဲ့တူသေးရဲ့လားလို့ ပြန်တွးကြည့်ယူရတယ်…ကိုယ့်ကိုယ်ကိုလေ….း)
ပြီးတော့ စက်ရုံမှာလေ…ရေနှစ်မျိုးရှိသေးတယ်…။ စီးတီးဝါတာ နဲ့ ဒီအိုင်ဝါတာတဲ့ဗျ….
ရေချင်းတူပေမယ့် ဒီအိုင်ဝါတာ သုံးရတဲ့နေရာတွေမှာ စီးတီးဝါတာ သုံးလို့မရဘူးဗျ…။ အကုန်လွဲကုန်ရောလေ….း)
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — January 23, 2010 @ 6:57 pm
ဟက်ပီးဘက်ဒေး အစ်မ ဒီပို့်စ်က 22 ဆိုတော့နောက်မကျသေးဘူး =)
ဒီနှစ်တော့ ဘာလက်ဆောင်မှမပေးနိုင်တော့ဘူးနော့်
ထာဝရပျော်ရွှင်ပါစေ ဟိုတစ်ခါပေးဖူးအန်ချီတွေပဲပြန်ကြည့်လိုက်တော့ ။
Comment by မောင်မျိုး — January 26, 2010 @ 3:41 am
Where do you find this place again. Now I am so confused.Do I know this place??????
I feel like I’ve never been there. But you said “With relatives”. Am I included??????
HELP ME!!!!!!
Comment by Htate Htar — January 26, 2010 @ 1:38 pm
ကဗျာလေးကို လာရောက်ဖတ်ရှုအားပေးကြတဲ့ မောင်နှမများ.. ကျေးဇူး..
ညီမလေးက သူများတွေ ဂရုမပြုမိလောက်တဲ့ မှုန်မှုန်ဝါးဝါးလေးတွေကို သတိပြုမိတာ ဖြစ်လို့ဖြစ်ပါလိမ့်မယ်ကွယ်..
မောင်မျိုး.. အစ်မလည်း ဒီကပဲ နှုတ်ဆက်လိုက်တယ်နော်…
Htate Htar … You made me laugh…..lol.. မင်္ဂလာဆောင်ပုံတွေရိုက်ဖို့ အဲဒီနေ့က Burnaby ကပန်းခြံတစ်ခုမှာ လူတွေရှုပ်နေလို့ အဲဒီအထိ တစ်ပြုံကြီးသွားပြီး ဓာတ်ပုံရိုက်ကြတာ ဘယ်သူတွေလည်းးးးးးးး။ You better check your wedding pictures
Comment by မလေး — January 27, 2010 @ 12:15 pm
ကဗျာလေးက ရေလိုပဲအေးတယ် မလေးအိမ့်..
thanks for sharing..
Comment by shwunmi — January 27, 2010 @ 12:59 pm
shwunmi … သတိရတယ်ညီမ။
Comment by မလေး — January 27, 2010 @ 11:45 pm
Ma Lay…..”Happy Birthday”!
I will give you a long life and show you my salvation.
(Ps 91)
Lin
Comment by lynda — January 29, 2010 @ 2:11 pm
ဟုတ်တယ်နော် မလေး
ရေဟာ ရေပါပဲ
လူဟာ လူပါပဲ
Comment by aye — January 30, 2010 @ 9:53 am
အစ်မ ရေလာရောက်ဖတ်ရှု့သွားပါတယ်။အစ်မအဆင်ပြေကျန်းမာပျော်ရွင်ပါစေ။
Comment by တောသားလေး — January 30, 2010 @ 5:26 pm
Linda… Thank you Linda :))
aye … မလေး မလေးပါပဲ
တောသားလေး — သတိရတယ် တောသားလေးရေ..
Comment by မလေး — February 1, 2010 @ 12:29 am
လွမ်းလို့ လာလည်သွားပါတယ် အမရေ။ ကဗျာလေးကလည်း ကြည်နူးစရာပါပဲ။ အဲဒီလို နေရာလေးက ဘယ်လောက်စိတ်ငြိမ်ပြီး နှစ်သက်ဖို့ ကောင်းမလဲ ဗျာ။
Friends18.com Picture Comments
Comment by zwesoelwin — February 2, 2010 @ 4:34 am
အမရေ။ လာအားပေးသွားပါတယ်။ ဆက်လဲ အားပေးနေပါ့မယ်။
Friends18.com Picture Comments
Comment by zwesoelwin — February 2, 2010 @ 4:36 am
အမရေ လာအားပေးသွားပါတယ်။
Comment by zwesoelwin — February 2, 2010 @ 4:37 am
လူကြီးတွေပြောစကားလိုဖြစ်ကုန်ပါပြီ။ မရယ်နဲ့ ဦးနော်။ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားလို့ ကျောက်တုံးမတွေ့တာဘဲဖြစ်မယ်။ ဟီး
Comment by Htate Htar — February 5, 2010 @ 3:05 pm