ဒီဇင်ဘာမီးလေးများ…
ဟိုနေ့က Stanley Park မှာ ခရစ်စမတ်မီးတွေ သွားကြည့်စဉ်က ဘက်ထရီကုန်ခါနီး ကင်မရာနဲ့ အမြန် ရိုက်ထားတာလေးတွေ ဝေမျှလိုက်ပါတယ်ရှင်။
စိန်ပန်းပြာနဲ့ မတူဘူးလားး))
တစ်ကယ်စားလို့ရတဲ့ gingerbread house…
အစိမ်းရောင် ရေတံခွန်လိုပဲနော်…
တောထဲက အပြာရောင်နတ်သမီးအိမ်ကလေးတွေလိုပဲ…
ဒီလောက်ပါပဲနော် …
ပျော်ရွှင်သော ခရစ်စမတ်အခါသမယ ဖြစ်ကြပါစေရှင်။




























ဓာတ်ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာလိုက်တာ.
နောက်ဆုံးက အပြာရောင် တဲလေးတွေကို သဘောကျတယ်.
အစိမ်းရောင်ရေတံခွန်လေးလည်း လှတာပဲ.
နောက်ကျရင် ဘက်ထရီအပိုဆောင်သွား.း)
မတွေ့တာလည်း အတော်ကြာသွားပြီ. သာပါစ မာပါစ မလေးရေ…
Y.
Comment by Yan — December 16, 2009 @ 2:14 am
မလေးရေ…
အားပါးပါး.. မီးတွေထွန်းထားတာ…လှမှလှ… မိုက်မှမိုက်ပဲ…။ ပျော်စရာကြီးဗျာ…။
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — December 16, 2009 @ 3:56 am
Electricity ကို Waste လုပ်နေကြတယ်ဗျို့….:D။ ပုံတွေလှတယ်အစ်မ…. Gingerbread အိမ်လေးတွေနဲ့..။ ရေတံခွန်ရော၊ နတ်သမီးအိမ်တွေရော စိန်ပန်းပြာရောအားလုံးလှနေတယ်..။
Comment by Evergreen Phyo — December 16, 2009 @ 8:43 pm
စိန်ပန်းပြာပင်ကြီးကို ကြိုက်တယ်… ကြည်နူးမှုပေးနိုင်စွမ်းတဲ့ ပုံလေးတွေကို မှတ်တမ်းတင်ပေးတဲ့ အိမ့်ကို ကျေးဇူးပါ…
Comment by တန်ခူး — December 16, 2009 @ 9:55 pm
မရေ..ပုံတွေအားလုံးကြိုက်တယ်။ စကားမစပ် မရဲ့ “လမင်းရှိုက်သံ” သူငယ်ချင်း ရန်ကုန်ပြန်တုံးကမှာလိုက်တာ ခုရပြီ။

ညီမ မဖတ်အားသေးလို့ အိမ်က ညီမလေးကိုအရင်ပေးထားတာ သူကကြိုက်လို့တဲ့။ မအိမ့်ပရိတ်သတ် နောက်တစ်ယောက်တိုးပြီနော်။ ၀မ်းသာရအောင်လာပြောတာ။
Comment by ဇှန်မိုးစက် — December 17, 2009 @ 8:07 am
ပုံတွေလာကြည့်သွားတယ်မလေးရေ .. လှမှလှပဲ .. မလေးလည်း ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းသွားတယ်နော်
Comment by winkabar — December 17, 2009 @ 9:58 am
ဓာတ်ပုံတွေ လှလိုက်တား) ပျော်စရာကြီး။
အစ်မရေ ကျနော် ရန်ကုန်ရောက်ဖြစ်တယ် တစ်နေ့က အစ်မစာ အုပ်ဝယ်ဖြစ်ခဲ့တယ် ဟိဟိ စာအုပ်ဆိုင်ေ၇ာက်တယ် အစ်မစာအုပ်ရှေ့မှာ ရပ်ရင်း “အိမ့်ချမ်းမြေ့……” ရှိလားသွားမေးနေတယ် ။ စာအုပ်ဆိုင်က ကောင်မလေးက ဒီမှာလေးတဲ့ ဟီး ကန်တာ ကြောင်တောင်ကန် ဘယ်လိုခံစားချက်လဲတော့မသိဘူး အစ်မစာအုပ်ကို ဆရာမ ခင်ခင်ထူး ဆရာမ ဂျူးတို့နဲ့ တစ်တန်းထဲတွေ့လိုက်ရတော့ စိတ်ထဲကြည်နူးပြီး ဂုဏ်ယူမိတယ် ။ အားလူံးဖတ်ပြီး ရင် ကျနော်မေးလ်ပို့လိုက်မယ် အစ်မရေ ။
Comment by မောင်မျိုး — December 29, 2009 @ 5:03 am