December 2, 2009

အခွံ

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 2:11 am

myegg3.jpg

ရင်ခွင်မှာ ထွေးပိုက်လို့
နွေးထွေးမှုတွေပေးအပ်ခဲ့တယ်။

ရှိသမျှခွန်အားတွေကိုလည်း
စုပ်ယူစားသုံးစေခဲ့တယ်။

တစ်သားတည်းဖြစ်ခဲ့ပေမယ့်
အချိန်တန်တဲ့တစ်နေ့
မေ့ပစ်လို့ ထွက်ခွာသွားတော့မှာကိုလည်း
သိနှင့်နေခဲ့တယ်။

ဒီလိုနဲ့ …….
အခွံချည်းပဲ ကျန်တာတောင်မှ….
ခြေနင်းခံရဖို့အတွက်လည်း
မကြောက်တတ်ခဲ့ဘူး….

…………..
နူးညံ့လွန်းစွာနဲ့ ချစ်ရသူအတွက်ဆိုရင်လေ….။

14 Comments »

  1. ကဗျာငတ်နေတုန်း လှလိုက်တဲ့ ကဗျာလေးတစ်ပုဒ် ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။။။။

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — December 2, 2009 @ 2:29 am

  2. သဘာဝ ဟာ သဘာဝပါ…
    ဂျီးဒေါ် နေကောင်းလား

    Comment by westcoast22 — December 2, 2009 @ 3:26 am

  3. နူးညံ့တဲ့ကဗျာလေးကို နှလုံးသားနဲ့ဖတ်သွားပါတယ်………….

    Comment by rose of sharon — December 2, 2009 @ 3:29 am

  4. မလေးရေ…
    အဆုံးစွန်ထိ ဖြည့်ဆည်းပေးရင်း..ချစ်တတ်မှုလေးတစ်ခုကို..မျက်စိထဲမှာတောင် မြင်ယောင်လာမိတယ်ဗျာ…။

    Comment by ဏီလင်းညို — December 2, 2009 @ 5:41 am

  5. အစ်မရေ လာလည်သွားပါတယ်။ကဗျာလေးကိုဖတ်သွားပါတယ်။အစ်မအဆင်ပြေပျော်ရွင်ချမ်းမြေ့ပါစေခင်ဗျာ။

    Comment by တောသားလေး — December 2, 2009 @ 4:43 pm

  6. မလေးရေ … နူးညံ့စွာ ရေးဖွဲ့ထားတဲ့ ချစ်ရသူအတွက် ပေးစပ်နိုင်တဲ့ ချစ်ခြင်းမေတ္တာကို လေးစားစွာ ဖတ်သွားပါတယ်နော်။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — December 3, 2009 @ 3:39 am

  7. အမေ့ကို သတိရလိုက်တာ မလေးရယ်…း(

    Comment byဲjeujue — December 3, 2009 @ 6:25 am

  8. ကဗျာလေးကို လာဖတ်ပေးကြသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်နော်.. ခုတလော စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ ဘယ်မှ မရောက်ဖြစ်လို့ပါ။

    Comment by မလေး — December 3, 2009 @ 9:04 am

  9. ကဗျာလေးကလှတယ်.. ဖတ်လိုက်တာနဲ့ ကွက်ကွက်ကွင်းကွင်းကို တွေးမြင်လို့ရတယ်..
    ကူးက နဲနဲတုံးတော့ တစ်ချို့ ကဗျာတွေဆို ၃-၄ခါဖတ်တောင် နားမလည်ဘူးရယ်..

    Comment by ကူးကူး — December 4, 2009 @ 3:18 am

  10. Why are you cast down oh my soul?
    Why are you disquieted within me?
    Hope in God.
    For I shall yet praise Him.

    Psalm 42:11

    Lin

    Comment by lynda — December 5, 2009 @ 5:38 pm

  11. ကဗျာစဖတ်တုန်းက အစ်မသားလေးအတွက်များရေးထားတာလားလို့…။
    ဘယ်လို စိတ်ထောင်းကိုယ်ကြေဖြစ်နေတာလဲ……?

    Comment by Evergreen Phyo — December 6, 2009 @ 12:54 am

  12. ချစ်ရသူအတွက် လက်ကျန်ခွန်အားလေးရှိသေးရင်တောင် တိုးဖွဖွလေးနဲ့ ချစ်ကြောင်းပြောချင်သေးတာ သို့သော်လည်းပဲ……………………..။

    ကဗျာလေးကြိုက်တယ် ကုံရာသီဖွားတွေက အဲ့လိုပဲနော့် ဖျော့ရင်သံချောင်း မာရင် ဖယောင်း ဟိဟိ ပြောင်းပြန်ယူ happy december အစ်မရေ ပျော်ရွှင်ပါစေ ဒါမဲ့ ကနေဒါမှာတော့ နှင်းလမ်းကြီးဖြစ်လို့ စိတ်ညစ်နေရပြီထင်ပါ့ ။

    Comment by မောင်မျိုး — December 6, 2009 @ 5:55 am

  13. ကူးကူး.. lynda.. ကိုဖြိုး.. မောင်မျိုး..
    သတိရတယ်။
    အားလုံး.. ပျော်ရွှင်ဖွယ်ရာ ဒီဇင်ဘာ ဖြစ်ကြပါစေ..

    Comment by မလေး — December 7, 2009 @ 3:01 pm

  14. ကျွန်တော်လဲချစ်သူအတွက်ဆိုချနှင်းခံဖို့မကြောက်ခဲ့ပါဘူးမေ့ပစ်ထွက်ခွါသွားရင်တော့မပြောတတ်ဘူးမမ

    Comment by moewaiyan865 — December 14, 2009 @ 4:38 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips