November 16, 2009

သံလွင်အိပ်မက် အတွဲ(၃)၊ အမှတ်(၄)

Filed under: သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း, ကြော်ငြာ — အိမ့်ချမ်းမြေ့ @ 12:58 pm

မျှော်လိုက်ရတဲ့ သံလွင်အိပ်မက် ထွက်ပါပြီ….း))
အရင်လိုပဲ.. ရသ၊သုတ စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ပါပဲ…

ဝတ္ထုများ၊ ကဗျာများအပြင်… အက်ဆေးများနှင့် အထူးသဖြင့် ဆောင်းပါးများကို ဖတ်ကြည့်ရန် တိုက်တွန်းလိုပါတယ်ရှင်…

“အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ…”

……..

“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး….”

…….

ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေ..

အဲသလိုအဲသလို.. ရေးထားတဲ့ ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ ဆိုတဲ့ ကျွန်မရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်လည်းပါပါတယ်…

ဖတ်ရှုဝေဖန်ပေးကြပါဦးလို့…
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

3 Comments »

  1. မလေး ရဲ့ စတိုင် အတိုင်း ပါပဲ။ သပ်ရပ်တယ်။ ဆန်းသစ်တယ်။ စွဲဆောင်တယ်။ ကျစ်လစ်တယ်။ အသိ နဲ့ အတွေး ပေးတယ်။

    Comment by K — November 16, 2009 @ 7:10 pm

  2. မလေးရေ ….. သံလွင်အိမ်မက်မှာ သွားဖတ်ခဲ့တယ်နော်။ မလေးရဲ့ အရေးအသားနဲ့ တင်ပြထားတာလေးတွေက အရမ်းကောင်းတယ်နော်။ မသိနိုင်သေးတဲ့ နိုင်ငံတွေက ထူးခြားတဲ့ အကြောင်းအရာလေးတွေနဲ့ ဗဟုသုတလေးတွေကိုလည်း သေချာဖတ်သွားခဲ့ပါတယ်။ လူဖြူတွေကိုမှ အထင်ကြီးတတ်တဲ့ လူတန်းစားတွေကိုလည်း ဒီမှာတွေ့နေရတယ်… ကိုယ့်လူမျိုးတွေက အစ မြင်တွေ့နေရတာ ရင်နာတယ် မလေးရယ်။ ဒီလို အရေးအသားလေးတွေနဲ့ မလေးရဲ့ စာပေတွေကို အမြဲတမ်း အားပေးနေဆဲပါ…။
    ဒီဝထ္ထုလေး ဖတ်ပြီး စိတ်ထဲမှာလည်း တမျိုးလေး ခံစားလိုက်ရတယ်…။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — November 16, 2009 @ 9:24 pm

  3. မလေးရေ…
    သွားဖတ်ပြီးသွားပြီဗျာ….။
    ဗဟုသုတအများကြီးပေးထားတာ…ကျေးဇူးပါဗျာ…။
    စာတွေဒီထက့်များများ ရေးနိုင်ပါစေဗျ…။

    Comment by ဏီလင်းညို — November 17, 2009 @ 8:45 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....