November 13, 2009

ရာသီဖွဲ့ကဗျာတစ်ပုဒ်

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 2:56 pm

 tb_fiji_sunset.jpg
နတ်တော်ဆန်း၍
လျှံထွန်းရောင်ဝါ
သူရိယာလျှင်
အ၀ါမမူ
အဖြူအနီ
စုံစီခြယ်လွင်
ပြင်ထပ်တွင်နှိုက်
နေ၀င်မြင်သည်
ဝရွှေပြည်ကား
ဆီးရည်ပတ်ချုပ်
မှိုင်းအုပ်ပျပျ
ပုညတောင်ဆီ
ရီလျှက်မလင်း
မ၀င်းအုံ့မှိုင်း
စစ်ကိုင်းတဘက်
သန်လျှက်ပေါ်ထွန်း
ကျွန်းများတံခွန်
နန်းဗိမာန်မှာ
လေသွန်ပြည့်လှည့်လိမ့်တကား…..

+ ရှင်ထွေးနာသိန် +

နတ်တော်လ ရောက်ရန် ရက်အနည်းငယ်လိုသေးသော်လည်း.. ကိုယ်ရေးတဲ့ ပိုစ်တွေကို ကိုယ်မကြိုက်လို့ (ပူလောင်လာသလိုဖြစ်နေလို့).. အရင်လို ကဗျာတွေ၊ စာတွေ၊ မောင်.. တွေ :P ရေးပါဦးလို့ ပြောပြောနေကြတဲ့ မောင်နှမများအတွက် (အရင်လို နူးညံ့သောစာတွေလည်း မဖွဲ့နိုင်သေးလို့) ရှင်ထွေးနာသိန်ရဲ့ ရာသီဖွဲ့လေးတင်ပေးလိုက်ပါတယ်…

10 Comments »

  1. ကဗျာလေးလာဖတ်တယ်ဗျ…။
    ဟုတ်တယ်..ခရေရှင်တို့လို… အကြောင်းလေးတွေဖတ်ချင်တယ်ဗျ…။
    များများရေးနော်..မလေး…။

    Comment by ဏီလင်းညို — November 13, 2009 @ 5:28 pm

  2. ကဗျာလေးကြားဖူးသလိုဘဲ… ။ ကျွန်တော်လည်းအစ်မရေးပေးသွားတဲ့စာကြောင်းလေးအဓိပ္ပာယ်ကိုသေချာစဉ်းစားမိတယ်။
    ကျွန်တော်ရေးထားတဲ့စာကြောင်းက တစ်နေရာရာကဖတ်မိတဲ့စာသားလေး..ကြိုက်လွန်းလို့ စိတ်ထဲအမြဲစွဲနေတာ..။

    Comment by Evergreen Phyo — November 13, 2009 @ 9:16 pm

  3. အော်.. ပြောရင်းနဲ့မှသတိရပြီ.. Natasha Bedingfield ရဲ့ Soulmate သီချင်းထဲကစာသားလေး.. သူ့သီချင်းတော်တော်များများကြိုက်တယ်..။

    Comment by Evergreen Phyo — November 13, 2009 @ 9:19 pm

  4. ရာသီဖွဲ့ကို လာနွှေးသွားတယ်…

    ခင်မင်စွာဖြင့်
    လင်းဦး(စိတ်ပညာ)

    Comment by လင်းဦး(စိတ်ပညာ) — November 14, 2009 @ 11:04 am

  5. စာလာဖတ်သွား၏…………..

    Comment by minthant2009 — November 14, 2009 @ 2:22 pm

  6. ရာသီဖွဲ့ ကဗျာလေး ပြန်ဖတ်ရတာ ကောင်းလိုက်တာ..

    Comment by သိင်္ဂါကျော် — November 15, 2009 @ 1:28 am

  7. ကဗျာတော့မသိဘူး ဓာတ်ပုံလေးကိုတွေ့ပြီး ဟက်စ်ထိသွားတယ် ကျနော်ရေးဖူးတဲ့ နေညိုချိန်ပို့စ်လေးနဲ့ ရာဇ၀င်ထဲမှာ ကျန်ခဲ့တဲ့ ချစ်သူကို လွမ်းမိလို့ :(

    Comment by မောင်မျိုး — November 15, 2009 @ 7:29 am

  8. မလေးရေ … အဲဒီကဗျာလေး ဖတ်လိုက်ရတာ ပြည်တော်ကို လွမ်းသွားတယ်။ စစ်ကိုင်းတောင်နဲ့ ပုညရှင်ကိုလည်း သတိရသွားတယ်။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — November 15, 2009 @ 8:21 pm

  9. စစ်ကိုင်းပုညတောင်ကို အရမ်းလွမ်းသွားပြီအိမ့်ရေ… ဒီမှာလဲ မှိုင်းအုံပျပျ… ဒါပေမယ့် တစက်ကလေးမှ မလှ… လွမ်းလို့ လဲမရတဲ့ နတ်တော်မပီတဲ့လပါ…

    Comment by တန်ခူး — November 16, 2009 @ 5:52 am

  10. အခုတစ်လော မလေး အပျင်းထူနေပါသဖြင့် ခွင့်လွှတ်ကြပါလို့…. :)

    Comment by မလေး — November 17, 2009 @ 12:45 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....