♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 7, 2009

ကမ္ဘာမပျက်ခင် တစ်လ အလို….

Filed under: tag game — အိမ့်ချမ်းမြေ့ @ 5:38 pm

တောသားလေးက တက်ဂ် လို့ပါ…။

၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…
ပထမ ၂ပတ်မှာ သိပ်တွေ့ချင်တဲ့သူတွေကို အမြန်သွားတွေ့မယ်။ သိမ်းထားတဲ့စကားတွေကို ပြောမယ်။
ကျန်တဲ့ ၂ပတ်မှာတော့ သာယာလှပတဲ့ ပင်လယ်ကမ်းစပ်လေးတစ်ခုမှာ မိသားစုနဲ့ တဲထိုးပြီးနေမယ်။ နောက်ဆို မမြင်ရတော့မှာဖြစ်တဲ့ ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေကို ငေးမယ်။ သဲပြင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေကို မော့ကြည့်မယ်။ လေပြေရဲ့အထိအတွေ့ကို နောက်ဆုံးအနေနဲ့ ခံစားမယ်။ လှိုင်းပုတ်သံတွေကို နောက်ဆုံးအနေနဲ့ နားထောင်မယ်။ ငှက်တွေပျံသန်းနေတာကို နောက်ဆုံးအနေနဲ့ ငေးမောမယ်။ သိပ်လှတဲ့ ကမ္ဘာကြီးကို နောက်ဆုံးအနေနဲ့ ဂါဝရပြု နှုတ်ဆက်မယ်။

(၂) ဘာတွေခံစားနေရလဲ…
ဒီလောက်လှပတဲ့ သဘာဝအလှတရားတစ်ခု အငွေ့ပျံပျက်စီးသွားမှာတော့ နှမြောမိမယ်။ ဒါပေမယ့် လူသားတွေ အသုံးချနိုင်သလောက် အသုံးချပြီးခြင်းခံခဲ့ရတဲ့ ဒီကမ္ဘာက၊ ပျက်စီးဖို့ အချိန်တန်တာ ကြာပါပြီ။ ဒီကမ္ဘာဟာ အစကတည်းက ထာဝရတည်နေမယ့် အရာတစ်ခု မဟုတ်ခဲ့လို့ သိပ်တော့ ပူဆွေးမနေပါဘူး။

(၃) ဘာတွေပြင်ဆင်ထားမလဲ…
ဘာမှ ပြင်ဆင်စရာကို မလိုတော့ပါဘူး။ ဘ၀မှာ လိုချင်တာ သိပ်များများ မရှိခဲ့ပါဘူး။ အဲဒီလိုချင်တာ နည်းနည်းလေးတွေထဲက အကုန်နီးပါးလည်း ရခဲ့ပြီးပြီ။ လှူသင့်တာတွေလှူပြီးပြီ။ ပေးသင့်တာတွေ ပေးပြီးပြီ။ ကျေးဇူးဆပ်သင့်တာတွေ ဆပ်ပြီးပြီ။ ပေးဆပ်သင့်တာတွေ ပေးဆပ်ပြီးပြီ။ လူသားတစ်ယောက်အနေနဲ့ ခံစားလို့ရသမျှ လူပီသစွာ ခံစားနေထိုင်ပြီးပြီ။ ပြီးပြည့်စုံနေတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့်လည်း၊ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့အတွက်.. သေဆုံးဖို့ အဆင်သင့်ဖြစ်နေတာ ကြာပါပြီ။

(၄) ၀မ်းနည်းမိမှာက…
မတောက်တခေါက် ရှိနေတဲ့ ကိုယ့်ရဲ့ ပညာလေးနဲ့ အစွမ်းအစတွေဟာ မြန်မာပြည်အတွက် ရာခိုင်နှုန်းအနည်းငယ်သာ ဖြစ်နေခဲ့မှုအတွက်တော့ နောင်တတွေနဲ့အတူ ၀မ်းနည်းမိမယ်။

(၅) ကြောက်လန့်မိတာက…
မသေမရှင်ဖြစ်နေမှာ… နာကျင်နေမှာတော့ ကြောက်တယ်။ တစ်ခါတည်း ဖြုန်းဆို သေသွားချင်တယ်။

(၆) ဆောင်ထားချင်တာ…
ကျမ ဘာကိုမှ ဆောင်မထားချင်ပါ။

(၇) ဘာတွေရေးမိမလဲ…
သဲသောင်ပြင်ပေါ်မှာ “ဒီကမ္ဘာမြေ အတွက်၊ ဒီဘ၀ဖြစ်တည်မှုတစ်ခုအတွက် ကျေးဇူးတင်ပါတယ်” ဆိုတဲ့ တစ်ကြောင်းလောက်တော့ ရေးမိမယ် ထင်တယ်။

(ဂ) တွေးမိတွေးရာ..
တစ်ကယ်တော့ လူတွေဟာ ပျှမ်းမျှ အသက် ၈၀ နေကြတယ်ဆိုရင်တောင် ရက်ပေါင်း သုံးသောင်းကျော်ကျော်လေးပဲ အသက်ရှင်ကြတာပါလား။ ရှင်သန်ခြင်းနဲ့သေခြင်းဆိုတာ အစနဲ့အဆုံးမဟုတ်ဘူး၊ transition periods တွေလို့ ယုံကြည်တဲ့အတွက်.. ဘာတွေဆက်ဖြစ်လာဦးမလည်း။
သေဆုံးခြင်း တဘက်မှာ နတ္ထိဆိုရင်တော့ ဘ၀ဖြစ်တည်မှုနဲ့ ဆုံခဲ့ရတဲ့သူတွေ၊ အဖြစ်တွေဟာ လွမ်းစရာကြီးပါလား။ လူ့သမိုင်းတစ်ခုလုံးမှာတည်ဆောက်ခဲ့ကြတဲ့ ငြင်းခုံခဲ့ကြတဲ့၊ တွေးခေါ်ကြတဲ့ အရာတွေဖြစ်တဲ့ တွေးခေါ်မှုဆိုင်ရာအသိတွေ၊ သိပ္ပံအတတ်တွေ၊ ဘာသာတရားတွေ အားလုံးဟာ အချည်းနှီးအရာတွေပဲ။

(၉) ဂုဏ်ယူချင်တာက…
ကိုယ့်ကိုကိုယ် ဂုဏ်ယူရလောက်အောင် ဘာတစ်ခုမှတော့ မလုပ်ခဲ့ဖူးဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သင့်လုပ်ထိုက်လို့၊ ကိုယ်လည်းလုပ်ချင်လို့ လုပ်ခဲ့တာပဲရှိပါတယ်။ ဂုဏ်ယူချင်လို့ ဂုဏ်ရအောင်လို့ လုပ်တဲ့အတွက် မဟုတ်လို့ ကျမသေခါနီးအချိန် မိမိကိုယ်ကို ဘာကိုမှ ဂုဏ်ယူလိမ့်မည် မထင်ပါ။

(၁၀) ရှာကြံဖြေသိမ့်မိတာက…
ကမ္ဘာပျက်မှာကို ၀မ်းမနည်းတဲ့အတွက်.. ဖြေသိမ့်စရာမလိုပါ။

(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..
I’ve enjoyed my life, I have lived my life and I am more than ready to go (die).

အမြဲစိမ်းဖြိုး နဲ့ ဏီလင်းညိုကို တက်ဂ် ချင်ပါတယ်….
အားရင်ရေးပေးကြပါနော်..

hut1.png

related post that i want to share ခရီး

13 Comments »

  1. ကမ္ဘာပျက်မှာကို ဝမ်းမနည်းဘူး… ဟုတ်တယ်…ဒို့ရောဘဲ

    Comment by rose of sharon — November 7, 2009 @ 6:30 pm

  2. အစ်မရေကျေးဇူးဘဲဗျာ။လာဖတ်သွားပါတယ်။အစ်မဟိုဆိုဒ်လေးမှာလည်းစာများလာပြီးရေးသား
    ပေးပါအုံးခင်ဗျာ။အစ်မပျော်ရွင်ချမ်းမြေ့ပါစေ။

    Comment by တောသားလေး — November 7, 2009 @ 6:47 pm

  3. ကမ္ဘာပျက်မယ်ဆိုတော့ အဖော်အပေါင်းနဲ့ သေရမှာဆိုတော့ ပျော်စရာကြီးပေါ့ဗျာ။ ခရစ်ယာန်လိုဆို ဘုရားသခင်နိုင်ငံတော်ကို အမြန်ရောက်မယ်။ ဗုဒ္ဓဘာသာလိုဆို အမြန်ဆုံးနည်းနဲ့ နောက်ဘဝ မြန်မြန်ရောက်မယ်။ ကျွန်တော်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာကို ဂုဏ်ယူမိမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားကို လောကကို အရှုံးပေး လက်လျော့နေရတဲ့ အချိန်မှာ ရင်ဆိုင်ရတာထက် အခုလို ကျန်းမာ သန်စွမ်းနေတဲ့ အချိန်မှာ ရင်ဆိုင်ရတာ ပိုအဆင်ပြေမယ် ထင်တယ်။ :) Thanks for your post.

    Comment by Minn Yoon Thit — November 7, 2009 @ 11:25 pm

  4. အတွေးအမြင်သစ်တွေရသွားပါတယ်… နောင်များလဲလာပါအုံးမယ်.. ခွင့်တောင်းပါရစေ..အိမ့်ချမ်းမြေ့။
    လေးစားစွာဖြင့်

    Comment by အယ်ကို — November 8, 2009 @ 4:34 am

  5. ပန်းတိုင်ဆိုတာ နည်းမျိုးစုံနဲ့ ကွယ်ပျောက်ဖူးတဲ့ သူတွေအဖို့ ကမ္ဘာ ဖြစ်တည်/ပျက်သုဉ်းမှု ဆိုတာတွေဟာ သိပ်အရေးပါမယ်မထင်ဘူး၊
    အဆိုးထဲက အကောင်းရှာပြီးနေထိုင် ပြုကျင့်ရသူတစ်ဦးအတွက် အကောင်းတွေရှာစရာမလိုတော့ဘူးပေါ့ :D :D :D
    စာရေးသူပြောပြတဲ့အချက်တွေထဲကမှ ဖြစ်ချင်တာတွေတော့ ရှိတယ် တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်သလို ဆွေးနွေးလည်း မီးစာကုန်ဆီခန်းသွားမယ်ထင်တယ်ဗျ
    အင်း . … . . . ရှာကြံတွေးပြီး ရေးတတ်ပြန်ပြီ။ ။ ။

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — November 8, 2009 @ 9:53 am

  6. Dear sis,

    I’ll write your tag as soon as possible. My laptop has broken down and is in service center. It may take may be more than a week. I’m sure I’ll get back to blogging ASAP. Thanks for tagging me :D

    Comment by Evergreen Phyo — November 8, 2009 @ 3:59 pm

  7. မလေးရေ…
    သေချာဖတ်သွားကြည့်ပါတယ်ဗျာ….
    ရေးကြည့်မယ်ဗျနော်….
    (မရရင် မလေးရေးထားတာတွေ ခိုးချဖို့လေ…အဟီး….)

    Comment by ဏီလင်းညို — November 8, 2009 @ 4:26 pm

  8. သာမန်ကာ လျှံကာ ဖတ်သွားပါတယ်

    Comment by ဂျေဂျူဝိုင် — November 8, 2009 @ 11:48 pm

  9. Ma Lay have you read “Purpose driven life” by Rick Warren before? If not, I encourage you to read it. I just did and it was awesome.

    Ordinary housewife,
    Lin

    Comment by lynda — November 9, 2009 @ 11:49 am

  10. မလေးရဲ့ အတွေးလေးက ကောင်းပါတယ်။ ဒီပိုစ့်လေးတွေကို လိုက်ဖတ်ခဲ့ဘူးတယ်။ သေရမှာကို မကြောက်အောင် အပျော်သဘောနဲ့ ရေးထားတာတွေလည်း ဖတ်ရတယ်၊ တချို့ကတော့ သေခါနီးမှာ နေတတ် သေတတ်ဖို့ကို တရားသဘောတွေနဲ့ မြင်နိုင်အောင် ရေးခဲ့ကြတယ်။ မလေးရဲ့ အရေးအသားလေးကြတော့လည်း တမျိုးလေးပဲနော်။ သေရမှာကို မကြောက်တဲ့အပြင် ဒီကမ္ဘာကြီးပေါ်မှာ လူဖြစ်ခွင့်ရခဲ့တာလေးကို ကျေးဇူးပြန်တင်သွားတယ်။ ဖြစ်လာမယ့် အရာတွေကိုလည်း ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတာလည်း တွေ့ရတယ်။
    အတွေးကောင်းလေးနဲ့ အရေးအသားလေးကို မှတ်သားသွားပါတယ်နော်။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — November 9, 2009 @ 6:41 pm

  11. မလေး…ရေ…
    ရေးပြီးသွားပါပြီခင်ဗျာ…။
    လာဖတ်ကြည့်ပါဦး…

    Comment by ဏီလင်းညို — November 10, 2009 @ 8:30 pm

  12. လာလည်ဖတ်ရှုကြသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..

    Comment by မလေး — November 13, 2009 @ 12:40 am

  13. ဗုဒ္စဘာသာ မို့လားတော့မသိဘူး အစ်မရေ့ တစ်နေ့ကျရင် သေရကြမှာကြီးပဲမို့ သေခြင်းတရားအတွက် ကမ္ဘာ ပျက်မှာကိုလည်း တွေးပူမနေတော့ပါဘူးး) ဒါတောင် ဘုရားသုံကြိမ်ပဲ ချလို့နော့် ဘုန်းကြီးဝတ်လိုက်ရင် ဘယ်လိုနေမလဲမသိ ဟဟား ။

    Comment by မောင်မျိုး — November 15, 2009 @ 7:26 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------