♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 14, 2009

တစ်ခါတစ်လေမှာ ဒီသီချင်းလေးတွေ ဆိုတတ်၏

Filed under: tag game, သီချင်း (Songs) — အိမ့်ချမ်းမြေ့ @ 5:47 pm

ညီမလေး နှင်းဟေမာက ခုတစ်လောဆိုဖြစ်တဲ့သီချင်းလေးတွေကို တင်ပေးဖို့တဂ်ထားတယ်။

ငယ်ငယ်တုန်းကတော့ မောင်နှမတွေစုပြီး စန္ဒယားတီးရင်းဖြစ်ဖြစ်၊ ဂစ်တာစုတီးရင်းဖြစ်ဖြစ် ဆိုဖြစ်ခဲ့တဲ့ သီချင်းတွေကတော့ တစ်ထောင့်ကိုးရာရှစ်ဆယ်ခုနှစ်တွေတုန်းက သီချင်းတွေဖြစ်တဲ့… ခိုင်ထူး၊ ထူးအိမ်သင်၊ စိုးလွင်လွင်၊ မွန်းအောင်… အဲဒါတွေကို ဆိုဖြစ်တယ်။ မိန်းကလေးသီချင်းတွေကတော့ အဲဒီခေတ်က ကိုကိုတွေ၊ မောင်တွေ၊ အချစ်တွေနဲ့ နွဲ့လွန်းလို့ မဆိုရဲဘူး၊ သိပ်လည်းနားမထောင်ဖြစ်ဘူး။ အိမ်နောက်က မန်းကျည်းပင်အောက်မှာ လသာညတွေမှာ မောင်နှမတွေစုတိုင်းလည်း ယောင်္ကျားသီချင်းတွေပဲ ဆိုနေတာနဲ့ ယောင်္ကျားသံကြီး ဖြစ်မသွားတာ ကံကောင်းလို့ ပြောရမလိုဖြစ်နေပြီ။

အဲဒီတုန်းကတော့ အဖေဖွင့်လို့ ဆိုင်းထီးဆိုင်ကို စိတ်မပါဘဲ နားထောင်ဖူးတယ်။ ဦးလေးဖွင့်တဲ့ ရေဒီယိုက စန္ဒယားလှထွတ်တို့ တွံတေးသိန်းတန်တို့ကို ပြုံးရယ်ခဲ့တယ်။

ကနေဒါကို ရောက်စကတော့ အနောက်တိုင်းသီချင်းတွေထဲက ပေါ့ပ်ဂီတကို နှစ်သက်စွာနားထောင်ဖြစ်တယ်၊ ဆိုဖြစ်တယ်။ မြန်မာသီချင်းတွေထဲမှာတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို တဖြည်းဖြည်း နှစ်သက်လာတယ်။ အနေဝေးတာကြာတော့ အခုခေတ်ပေါ်နေတဲ့ မြန်မာသီချင်းတွေကိုနားထောင်ပေမယ့်လည်း ငယ်စဉ်ကသီချင်းတွေလို ရင်မှာစွဲကျန်မနေတော့ဘူး။ နောက်ပိုင်းအဆိုတော်တွေကိုလည်း သိပ်မသိတော့ဘူး။ အရွယ်ကလည်း စကားပြောလာတာဖြစ်မှာပါ။ ဒီမှာ အနေကြာလာလေလေ.. တစ်ကယ်နားထောင်ဖြစ်တဲ့ မြန်မာ သီချင်းတွေက သက္ကရာဇ်တွေရဲ့ ဟိုးဘက်က သီချင်းတွေဖြစ်လာတယ်။

ခုတစ်လောတော့ ဆိုဖြစ်နေတဲ့သီချင်းလေးတွေထဲက ရင်ထဲ စွဲစွဲနစ်နစ်ရှိနေတဲ့ နှစ်ပုဒ်… ပထမ တစ်ပုဒ်ကတော့ ဖွင့်ပြီးဆိုရတာဆိုတော့ အရမ်းအားရတယ်။ ဒုတိယတစ်ပုဒ်ကတော့ အသက်အောင့်ပြီး ဆိုရတဲ့သီချင်း။ ညီမလေးနှင်းဟေမာအတွက် တင်ပေးလိုက်ပါတယ်။ အစ်မ ပြောထားသလိုပဲ မငိုရဘူးနော်…
ဘာဖြစ်လို့လဲဆိုတော့ ဒီ ပထမသီချင်းကို ပန်းကန်ဆေးရင်းဖြစ်ဖြစ်၊ ဟင်းချက်ရင်းဖြစ်ဖြစ် အော်အော်ဆိုတိုင်း အိမ်မှာရှိတဲ့လူကုန် အိမ်အောက်ကို သိသိသာသာဘဲဖြစ်ဖြစ်၊ မသိမသာဘဲဖြစ်ဖြစ် ဆင်းဆင်းသွားကြလို့…
ဒီမှာပါ…..


တွံတေးသိန်းတန် - ပန်းနွယ်ကစိမ်း

ပန်းနွယ်ကစိမ်း….
ပန်းနွယ်ကစိမ်း.. စိမ်း…တယ်။
စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့ရယ်.. ရင်နင့်အောင် ချစ်ရှာလွန်းသူ အပူတပြင်းရှာဖွေ
ရေမြေဆုံးဆုံးစေ့ တစ်ကယ်၊ လှဂမုန်းနွယ် ချစ်သက်ဦးရယ်
ဘ၀ဆုံးတကယ် မပစ်ရက်ဘူးရွယ်၊ ရူးတယ်ဆိုစေဦးတော့
ဘုန်းကြော့မေ ပန်းနွယ်ပျိုရယ်
မဆုံးတော့လေ မှန်းရွယ်ရှာမယ်
မုန်းတော့စေ ပန်းနွယ်ကညာရယ်…

အဲဒီသီချင်းဆိုမိတိုင်း ပြည်တော်ကို သိပ်လွမ်းတယ်။ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ဖွင့်ပြီးဆိုလိုက်ရရင် တစ်နည်းတစ်ဖုံလဲ ပြည်တော်ပြန် အလွမ်းပြေတယ်။ (အိမ်သားတွေကတော့ ပြေးတော်မြန်ပေါ့) မြန်မာ့တူရိယာတွေနဲ့ ဖွဲ့သီထားတဲ့ ဒီတေးသွားဟာ သိပ်ကိုနူးညံ့လှပတယ်။ စာသားတွေကလည်း သိမ်မွေ့တယ်။ ဒီဗီဒီယိုထဲမှာ မြင်နေရတဲ့ နေရောင်ကွက်ကျားလင်းနေတဲ့ တောလမ်းလေးတွေ၊ မြန်မာဆန်ဆန် ဆင်ယင်ထုံးဖွဲ့ပုံလေးတွေ က ရင်ကိုအေးမြစေတယ်။

နောက်တစ်ပုဒ်ကတော့ ….

Oh, can’t anybody see,
We’ve got a war to fight,
Never found our way,
Regardless of what they say.

 

How can it feel, this wrong,
From this moment,
How can it feel, this wrong.

 

Storm,
In the morning light,
I feel,
No more can I say,
Frozen to myself.

 

I got nobody on my side,
And surely that ain’t right,
Surely that ain’t right.

ဒီသီချင်းကတော့ ဒီအတိုင်းနားထောင်ရင်… တယောသံတွေ… Wah Wah effect… တွေ echo တွေနဲ့ အထူးသဖြင့် စပီကာကောင်းကောင်းနဲ့ ဖွင့်ရင် သီချင်းအစမှာ၊ effect တွေက နားထောင်သူကို လေပေါ်မှာ ပျံသန်းနေသလို ခံစားရစေတယ်။ အထူးသဖြင့်… ဟိုင်းဝေးပေါ်လမ်းက အရှိန်ပြင်းပြင်းမောင်းနေတဲ့ ကားတစ်စင်းထဲမှာ စပီကာကို ခပ်ကျယ်ကျယ်ဖွင့်ပြီးနားထောင်ရင်… လမ်းဘေးမှာ တရိပ်ရိပ်ကျန်ခဲ့တဲ့ သစ်ပင်တွေလိုပဲ သီချင်းသံတွေက ကားရှေ့ကနေ ကားနောက်ခန်းကို အရှိန်နဲ့ ပဲ့တင်ထပ်ပြီး ပြေးသွားသလိုမျိုး…..
ဒါက သံစဉ်ပိုင်း…

စာသားတွေရဲ့ အပိုင်းကတော့….

အပေါ်ယံနားထောင်တာမျိုးမဟုတ်ဘဲ၊ သေသေချာချာတွေးကြည့်မယ်ဆိုရင်…. စစ်တွေကို မြင်လာရတယ်။
စစ်ဆိုတာ လက်နက်တွေနဲ့ ကိုင်တိုက်ရတဲ့ စစ်တွေမျိုးချည်းပဲ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ အဇတ္တနဲ့ စစ်တိုက်မှုတွေ၊ အမှန်အမှားဆိုတဲ့ ခံယူချက်တွေနဲ့ စစ်တိုက်ရတာတွေ…စတဲ့ နက်နဲမှုတွေ။

အောက်မှာ ဗားရှင်းနောက်တစ်ခု..
ပထမတော့ တက်ဂ်တဲ့ ညီမလေး စိတ်ညစ်သွားမှာစိုးလို့ မတင်တော့ဘူးလို့…
ဒါပေမယ့်…
“ရင်ထဲက ခံစားချက် အစစ်အမှန်လေးတွေပါ ထည့်ပေးစေချင်ပါတယ်” လို့ သူက ဆိုလာတော့….
အဲဒီသီချင်းနားထောင်တိုင်း…
ဒီလို မြင်ယောင်လာတဲ့ စစ်ပွဲတွေထဲမှာ ဒီလိုစစ်ပွဲမျိုးတွေလည်း ပါပါတယ်လို့…
ခံစားကြည့်ကြပါလို့……..

hut1.png

အရင်ကတော့ တက်ဂ်ဂိမ်းတွေမှာ ဆက်ပြီး မတက်ဂ်ဖြစ်ဘူး။
ခု….
မမေနဲ့ အစ်မတန်ခူးကို တက်ဂ်ပါသည်။

24 Comments »

  1. မလေး…ရေ
    မနှင်းဟေမာတော့မသိဘူး…
    ကျွန်တော်တော့ မြန်မာပြည်ပြန်သွားကြပြီဖြစ်တဲ့ ကျွန်တော့်အိမ်ကသူငယ်ချင်းတချို့ကိုသွားသတိရမိတယ်…။ သူတို့က တွံတေးဦးသိန်းတန်ကိုသိပ်ကြိုက်ကြတာလေဗျ…။

    Comment by ဏီလင်းညို — October 14, 2009 @ 7:26 pm

  2. လာဖတ်သွားတယ်… စိုင်းထီးဆိုင် သီချင်းတွေကို ကြိုက်တယ်…. ဒါနဲ့စကားမစပ်… ရန်ကုန်က အမကို အိမ့်ချမ်းရဲ့ဝထ္တုပို့ခိုင်း ထားတာ ရပြီ…အခုဖတ်နေတယ်

    Comment by rose of sharon — October 14, 2009 @ 7:33 pm

  3. ကျွန်တော်ကတော့ ကိုထီးကိုအကြိုက်ဆုံးဘဲ

    Comment by miinthant2009 — October 14, 2009 @ 7:56 pm

  4. အစ်မ ပန်းနွယ် သီချင်းကို ကြိုက်မှန်း.. “မီးရောင်မှိန်မှိန် အခန်းထဲတွင် လူသုံးယောက် ထိုင်နေသည်။” ဆိုတဲ့ ၀တ္ထုတိုလေးလား..မသိဘူး။ အဲဒါကို ဖတ်ပြီးကတည်းက သတိထားမိတယ်။
    :)။

    Comment by pN — October 14, 2009 @ 9:28 pm

  5. အိမ့်ရေ… လွမ်းတတ်တဲ့အထဲမှာ တွံတေးသိန်းတန်လဲပါတယ်…
    ဟိုတလောဆီက ညဘက်ကြီး လူခြေတိတ်ချိန် ရုံးက အိမ်စာတွေ လုပ်တာ တွံတေးသိန်းတန် သီချင်းလေးနားထောင်ရင်းလုပ်တာ စိတ်ထဲ မြန်မာပြည်ရောက်သွားသလို ခံစားရတယ်… ဟိုးအဝေးကလွင့်လာတဲ့ တွံတေးသိန်းတန်သီချင်းသံကို တခါတခါ တမ်းတမိတယ်…
    ခိုင်ထူး၊မွန်းအောင်က ခုထိနားထောင်ဖြစ်တုန်း…. အမတခါ အိမ့်ဆီမှာ ကော်မန့် ရေးခဲ့သလိုပဲ စိုင်းထီးဆိုင်ကို အသက်ကြီးမှ ကြိုက်တာတူတယ်… အင်္ဂလိပ်သီချင်းတွေကတော့ နဲနဲဝေးတယ်ညီမရေ… ကယ်လီကလပ်စင်၊ ခရစ်တီးနား၊ အလစ်ရှာကီး၊ ရှနိုင်းရား တို့  သီချင်းလေးတွေတော့ ရင်ထဲငြိတယ်… တခါတခါ နားထောင်ရင်းမျက်ရည်တောင်ဝဲမိတယ်…

    “ကိုယ့်ရဲ့ အဇတ္တနဲ့ စစ်တိုက်မှုတွေ၊ အမှန်အမှားဆိုတဲ့ ခံယူချက်တွေနဲ့ စစ်တိုက်ရတာတွေ…” တဲ့လား… စစ်ပွဲတွေဆို ကိုယ်နဲ့ အဝေးမှာလို့  ထင်နေခဲ့မိတာ… အိမ့်ထောက်ပြတာလေး ဖတ်မိမှ တခါတခါ ကိုယ်လဲ စစ်ပွဲတွေထဲ ရောက်နေပါ့လားဆိုတာ သတိထားမိတယ်…

    အမှတ်တရတက်ဂ်တာ ကျေးဇူးပါအိမ့်ရေ… ရေးပေးမယ်နော်…

    Comment by တန်ခူး — October 14, 2009 @ 10:06 pm

  6. မမအိမ့်ရေ…..
    သီချင်းလေးတွေကို တစ်ပုဒ်ချင်စီကို သေသေချာချာနားဆင်မိတယ်……..

    စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့ရယ်.. ရင်နင့်အောင် ချစ်ရှာလွန်းသူ အပူတပြင်းရှာဖွေ
    ရေမြေဆုံးဆုံးစေ့ တစ်ကယ်၊ လှဂမုန်းနွယ် ချစ်သက်ဦးရယ်…..ဆိုတဲ့ သီချင်းလေးကို
    တော်တော်ကြိုက်သွားတယ်
    အင်း … ဘာလိုလိုနဲ့ နှင်းလဲ အသက်တွေမငယ်တော့ပါဘူး
    သူများနိုင်ငံမှာနေမှ မြန်မာ သီချင်းကြီးတွေကို အရင်ကထက် တော်တော်ခံစား သီဆိုတက်နေပြီလို့ တွေးလိုက်မိတယ်…..
    မမအိမ့် ရင်ထဲက ကျလာတဲ့ ခံစားချက်လေးကိုပါ ထပ်တူခံစားသွားပါတယ်….

    ( ကျမ နှစ်သက်လေးစားခဲ့သော အတုယူ အားကျမိသော အိမ့်ချမ်းမြေ့ ဆိုတဲ့ ကလောင်ရှင်တစ်ယောက်ဆီကနေ
    ခုလို လေးနက်စွာဖြေကြားပေးလာသော တဂ်ပို့တစ်ခုကို ကျမ အရမ်း မြတ်နိုး တန်ဖိုးထားမိပါသည် …..)

    မမအိမ့်ရေ..ခုလို ဖြေကြားရေးသားမှုအားလုံးအတွက် ပြောမပြတက်အောင် ကျေနပ်မိပါတယ်နော်
    ညီမလေး နှင်းဟေမာ

    Comment by နှင်းဟေမာ — October 14, 2009 @ 10:12 pm

  7. မင်္ဂလာပါ.. မကြီး ရေ… တွံတေးသိန်းတန် ကတော့ မြန်မာတို့အတွက်တော့ မရှိမဖြစ်ပေါ့….ပြေးကြိုတော့ ထွေးညို ရေ…လို့သာ ဟစ်လိုက်လို့ကတော့
    လွမ်းပြီးလွမ်း ပဲ။ အသီးတရာအညှာတစ်ခု သီချင်းထဲကလို့ ရောက်ရာနေရာဒေသတွေမှာ ပျော်ပျော်နေပြီး ဘ၀ရဲ့ကျရာတာဝန်ထမ်းဆောင်နေကြရပြီလေ…
    အော် ….လွမ်းမိပါပေါ့…ကိုသိန်းတန် ရေ…

    Comment by စာချစ်သူ — October 15, 2009 @ 12:04 am

  8. သီချင်းနှစ်ပုဒ်လုံးကို သေချာနားထောင်တယ် မလေး။
    ပထမအပုဒ်အတွက် အမေနဲ့ရွာကို လွမ်းသွားတယ်။
    ဒုတိယအပုဒ်ကတော့ စိတ်မကောင်းဖြစ်ရတာပေါ့မလေးရယ်၊ အဆိုရှင်က ခံစားသလို ခံစားမိတယ်။
    ဒါပေမယ့် မလေးရယ်၊ နားထောင်ရင်းတွေးနေမိတာက
    စစ်ဆိုတာ မကောင်းဘူးဆိုတာ သိပေမယ့် စစ်တွေ ဖြစ်နေကြတုန်းပဲနော်၊ တစ်ဦးတယောက်ချင်းကောင်းဖို့လိုတာ သိကြပေမယ့် အတ္တတွေ မာနတွေကို လျော့လို့မရ၊ ကိုယ်က အလျှော့ပေးပေမယ့် အလျှော့ပေးတဲ့အပေါ် လိုက်နင်းနေတာ သိနေတော့ မခံချင်ပြန်၊ ဒါနဲ့ စိတ်တွေက မကြည်လင်၊ ကိုယ်က မကြည်လင်တော့ ပတ်ဝန်းကျင်က လိုက်ပြီး မကြည်လင်၊ အားလုံး ကူးစက်ကုန်တာပဲ၊ ဘယ်လိုမှ ကယ်တင်လို့မရတော့တာ ဒီနေ့ထိပါပဲလားနော်။
    (ခံစားရင်းတွေးမိတာလေး ရေးသွားတာပါနော်)။

    Comment by အပြုံးပန်း — October 15, 2009 @ 1:39 am

  9. မသီတာ တယောက်လည်း စစ်ပွဲတွေထဲရောက်နေလို့ ဘလော့ဘက် အားနည်း … အားနည်းရကောင်းလားလို့ ကိုယ့်ကိုကိုယ် အားမရ…
    ဘလော့ဂ် မိတ်ဆွေ သူငယ်ချင်းများကို အားပေးလျက်

    Comment by S-C — October 15, 2009 @ 3:23 am

  10. အစ်မရေလာလည်သွားပါတယ်ခင်ဗျာ။ပန်းနွယ်ကစိမ်းသီချင်းကိုကြိုက်တယ်။သီချင်းအေးတွေကိုပိုကြိုက်တယ်။အမေနဲ့ရွာကိုတောင်လွမ်းမိတယ်ဗျာ။

    Comment by တောသားလေး — October 15, 2009 @ 4:30 pm

  11. မလေး ဘလော့ဂ်ကို တနေ့က လာခဲ့တယ်။ အဲဒီနေ့က အကြာကြီး နားထောင်ဖြစ်ခဲ့တဲ့ သီချင်းက ပန်းနွယ်ဖြစ်သွားတယ်။

    စိမ်းကားတဲ့မလေးကိုလည်း အီးမေးလ်လိပ်စာအသစ်မသိတော့ ဘယ်လိုရှာဖွေရမှန်း မသိတော့ဘူးလေ။

    Comment by ပန်ဒိုရာ — October 16, 2009 @ 11:19 am

  12. သီချင်းအကြောင်းပြောမလို့မဟုတ်ဘူး. အစ်မရဲ့စာအုပ်အကြောင်းပြောမလို့ပါ..။ စာအုပ်ကိုအိမ်ကပို့ပေးလိုက်တာရပြီ… ၄၊ ၅ ပုဒ်လောက်တော့ပြန်ဖတ်ပြီးပြီ..အရင်ဖတ်တုန်းကလောက်တော့ ခံစားချက်မလာသလိုဘဲ..။ ဘာဘဲဖြစ်ဖြစ် စာအုပ်ဆိုတော့ အင်တာနက်မရှိလဲ ဖတ်ချင်တဲ့အချိန်ဖတ်လို့ရသား…။
    စာတွေပြန်ဖတ်ကြည့်တော့ စာကြောင်းတိုင်းလိုလိုဘဲ “တယ်.. ပါတယ်..ကြပါတယ်.. ကြတယ်” နဲ့အဆုံသတ်ထားတာတွေ (တော်တော်) များနေတော့ တစ်မျိုးကြီးဘဲ..အရင်တုန်းကသတိမထားမိဘူး..။ စာတစ်ကြောင်းနဲ့တစ်ကြောင်း အချိတ်အဆက်လေးတွေ နည်းနည်းလိုနေသလားလို့..ပြီးတော့
    တစ်ကြောင်းတည်းပေါင်းရေးလို့ရတဲ့စာတွေမှာ နှစ်ကြောင်းစီဖြစ်ဖြစ်နေတာတွေရယ် နောက်ပြီး စာကြောင်းတွေကအရမ်းတိုနေတယ်..။
    (:P)

    Comment by Evergeen Phyo — October 17, 2009 @ 6:39 am

  13. ခံစားမှုအပြည့်နဲ့ ရေးဖွဲ့ခဲ့တဲ့သီချင်းတွေက အချိန်အတော်ကြာအောင် လူတွေရဲ့စိတ်ထဲ စွဲထင်နေစေတယ်နော်.. မလေးကြိုက်တဲ့ သီချင်းငြိမ့်ငြိမ့်ညောင်းညောင်းတွေကို နားထောင်သွားပါတယ်.. ပန်းနွယ်ကစိမ်း စာသားတွေ သိပ်လှတယ်.. Road က ရိုးရိုးလေးနဲ့ ပေးချင်တဲ့ message ကို သေချာနားလည်လိုက်တယ်.. မိုက်တယ်..
    ညီမလည်း သီချင်းအော်ချင်စိတ်ပေါက်သွားတယ်.. ဘယ်သူမှအနားမရှိတုန်း
    “ပန်း နွယ် က စိမ်းးးအိမ်းးးဟိမ်းးး စိမ်းး တယ်”

    Comment by ShwunMi — October 17, 2009 @ 8:59 am

  14. ဟိုနေ့ က အိမ်မှာဆိုတော့ ရဝေရဝေအော်မြိုင်စောင်းမှလ ဆို…
    ကျန်သေးတယ်အိမ်ချမ်းမြေ့ ကြိုက်တာ..
    ကြယ်လေးတွေချစ်စရာ အပြာရောင်ကောင်းကင်မှာလေ…

    Comment by Htate Htar (ူလ့ရိပ်သာ) — October 17, 2009 @ 5:10 pm

  15. မမအိမ့်ညည်းတဲ့ သီချင်းလေးတွေကို စိတ်ဝင်တစား နားထောင်မိပါတယ်။ “စစ်ဆိုတာ လက်နက်တွေနဲ့ ကိုင်တိုက်ရတဲ့ စစ်တွေမျိုးချည်းပဲ မဟုတ်ပါဘူး။
    ကိုယ့်ရဲ့ အဇတ္တနဲ့ စစ်တိုက်မှုတွေ၊ အမှန်အမှားဆိုတဲ့ ခံယူချက်တွေနဲ့ စစ်တိုက်ရတာတွေ…စတဲ့ နက်နဲမှုတွေ။” ဆိုတဲ့ စကားက အတွေးတွေ အများကြီးကို ပေးပါတယ်။ ထုံးစံအတိုင်း စာကြောင်းတိုင်းကို တန်ဖိုးထားပြီး ဖတ်မိပါတယ်…

    Comment by ရွှေပြည်သူ — October 18, 2009 @ 8:32 am

  16. ဖျားနေ၍ တစ်ယောက်ချင်းစီကို စာမပြန်တော့ပါနော်..
    အကုန်ုလုံးကို သတိရပါတယ်…
    ချစ်ခင်လျှက်….

    အစ်မလရိပ်သာ… ရဝေရဝေ အော်မြိုင်စောင်းမှလ ရဲ့ သီချင်းခေါင်းစဉ်က ဘာတဲ့လဲဟင်…

    Comment by မလေး — October 19, 2009 @ 12:27 am

  17. မလေးရေ ……….. ခေတ်မမှီဘူးပဲ ပြောပြော တုံးတယ်ပဲ ပြောပြော၊ အဲဒီလို ဟိုတုန်းက သီချင်းလေးတွေကို နားထောင်ရတာ နှစ်သက်တယ်။ စာသားတွေကလည်း အဓိပ္ပါယ် အပြည့်ရှိတယ်လေ။ မလေးရဲ့ စာပေတွေကို အစဉ်အားပေးနေပါတယ်။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — October 19, 2009 @ 1:30 am

  18. မလေး ဖျားနေတယ်လား ခုရော နေကောင်းသွားပြီလား ကျန်းမာရေး ဂရုစိုက်နော့.. သားသားရော နေကောင်းရဲ့လား … အဖျားကူးမှာ စိုးလို့ မလေးရေ..

    ချစ်ခြင်းဖြင့်

    လှိုင်

    Comment by ခွန်မြလှိုင် — October 20, 2009 @ 6:43 am

  19. မလေး…ရေ …
    သံစဉ်မဲ့အလင်္ကာများ ကို လာလည်ပါတယ် ..

    Comment by aye — October 21, 2009 @ 10:09 am

  20. ဒဏ္ဍာရီ … ကျေးဇူးတင်ပါတယ် ဒဏ္ဍာရီ
    ခွန်မြလှိုင် … ခု သက်သာပြီ လှိုင်ရေ..
    aye.….. အဝေးကြီးက လာလည်သော အေးကို ကြိုဆိုပါတယ်။ အေးလာတာ.. ပျော်တယ်။

    Comment by မလေး — October 22, 2009 @ 8:34 am

  21. ညီမလေးရေ.. လွယ်လွယ်လေး ရယ် ခေါင်းစဉ်က ဥဒေါင်းတွေ တွန်သံ တွန်သံ ကြားရင်ပေါ့ ကွယ်..ဟဲ ဟဲ။နောက်ထပ် မ မေးနဲ့ နော်။
    သခင်မြင်လာ အော်ကြင်ပါဦး လို့ ထပ်ဖြေမယ်။

    Comment by Htate Htar(လရိပ်သာ) — October 25, 2009 @ 9:15 pm

  22. aye

    Comment by aye ko — July 16, 2010 @ 12:25 am

  23. မမလေးရေကျွန်တော်လည်း သံစဉ်မဲ့အလင်္ကာများ ကို လာလည်သွားပါတယ် မအိမ့်ချင်းရေးတဲ့ စာသားတွေက အရမ်းကောင်းပြီး အရမ်းလတ်ဆတ်တဲ့ စာသားတွေဖြစ်လို့ လူတိုင်းက ကြိုက်ကြတယ်ဆိုတာ ကျွန်တော်အခု လာလည်မှ ကိုယ်တိုင်ကိုယ်ကြ သိရတော့တယ်ဗျာ…….. မရေးတဲ့စာအုပ်တွေကို ကျွန်တော် စာကြည့်တိုက် မှာ အမြဲငှားဖတ်တယ်……. မအိမ့်ချင်းစာအုပ်တွေအများကြီးရေးနိုင်ပါစေ…ဒါမှလည်း ကျွန်တော်တအုပ်ပြီးတအုပ်ဖတ်ရမှာ…………………

    Comment by aye ko — July 16, 2010 @ 12:35 am

  24. ရေးချင်ဇောနဲ့ရေးလိုက်တာ ချင်းလေးအပိုပါသွားတာကိုခွင့်လွှတ်ပါ……………….

    Comment by aye ko — July 16, 2010 @ 12:38 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------