♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..
♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫
♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
October 7, 2009
အင်တာနက်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်
Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 3:55 pm
privacy.jpg“Dwelling online is a cowardly and utterly enjoyable alternative to real interaction.”
စစ်မှန်တဲ့ လူမှုဆက်ဆံရေးတွေကို ရှောင်လွှဲချင်ကြတဲ့အတွက် လူတွေအွန်လိုင်းတွေပေါ်မှာ အချိန်သုံးနေကြတယ်။ အဲလိုအချိန်တွေသုံးနေတာဟာ သူရဲဘောဆန်လွန်းစွာ နဲ့ အတိုင်းထက်လွန်စွာ ပျော်စရာကောင်းတယ်လို့ New York Times ရဲ့ Op-Ed writer ဖြစ်တဲ့ Alice Mathias ကဆိုပါတယ်။
အဲဒါက အရင်ကတော့ ဖြစ်ကောင်းဖြစ်မယ်။ အခုချိန်မှာတော့ ဖြစ်နိုင်ချေက အလွန်နည်းလာပါပြီ။ လူတွေက facebook၊ my space၊ twitter၊ tagged တွေကို အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့ အခါမှာ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အကုန်လုံးကိုပဲ ဖြစ်ဖြစ် ချပြလာကြတယ်။ အဲသလိုချပြလာတဲ့အခါမှာ real interaction တွေဖြစ်လာတယ်၊ အကောင်းတွေကော အဆိုးတွေကော ဖြစ်စေတယ်၊ အဆိုးတွေဖြစ်လာတဲ့အခါမှာ တစ်ကယ်ပဲ ပျော်စရာကောင်းသေးလားဆိုတာလည်း စဉ်းစားစရာဖြစ်လာပါပြီ။
အွန်လိုင်းစာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ facebook ဆိုတာပေါ်နေတာ ငါးနှစ်လောက်ရှိပါပြီ။ ဒါပေမယ့် မနှစ်က မြန်မာပြည်ပြန်တော့မှ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် အကောင့်လေးတစ်ခုကို အဲဒီတော့မှ ဖွင့်ဖြစ်ခဲ့တယ်။ အကောင့်ထဲမှာ ကျောင်းတုန်းက ရင်းနှီးတဲ့ သူငယ်ချင်း အယောက်သုံးဆယ်ထက် မပိုတဲ့ကျွန်မ၊ သိပ်အရေးကြီးတဲ့ သတင်းကို သူငယ်ချင်းတွေကို သိစေချင်တဲ့အခါကလွဲပြီး အခြားဘာဓာတ်ပုံမှကို မတင်တဲ့ ကျွန်မလို လူမျိုးတွေသာ များနေရင်တော့ facebook လဲ စီးပွားရေးကျမှာ အမှန်ပါပဲ။
ကျွန်မ အမြင်မှာတော့ လူသန်းသုံးရာလောက်သုံးနေတဲ့ facebook မှာ သုံးသူတော်တော်များများမသိတဲ့ အချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဈေးကွက်အမြတ်အတွက် အသုံးချနေတာကိုပါပဲ။ facebook အနေနဲ့ နာမယ်ကြီးကွန်ပြူတာဂိမ်းတွေနဲ့ quizzes တွေကို ဒေါင်းလုပ်ချတဲ့ third-party developers တွေကို facebook သုံးတဲ့လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကြိုက်သလိုယူခွင့်ပေးထားပါတယ်။ ဒီအချက်ကိုပြုပြင်ပေးရန် ကနေဒါနိုင်ငံသက်ဆိုင်ရာများက တောင်းဆိုထားပါတယ်။ နောင်နှစ်နွေရာသီအထိ ဒါကိုပြင်ဆင်ပေးရန် facebook ကို အချိန်ပေးထားတယ်လို့သိရပါတယ်။ အချို့တွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စီးပွားရေးမှာဖြစ်ဖြစ်၊ အခြားနေရာတွေမှာဖြစ်ဖြစ် third-party တွေက အသုံးချနေတာ အရေးမကြီးနိုင်ပေမယ့်၊ ကျွန်မအတွက်တော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒီလိုအသုံးပြုနေတာကို သိပ်မနှစ်သက်လှပါဘူး။ ဒါဟာလည်း လူတစ်ဦးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အချို့က ပွင့်လင်းတယ်။ အချို့က ပရိုက်ဗိတ်ဖြစ်တတ်တယ်။ သိပ်ပွင့်လင်းရင်လည်း မကောင်းသလို၊ သိပ်ပြီးလျှို့ဝှက်လွန်းခြင်းဟာလည်း မကောင်းပါဘူး။ သိပ်ပွင့်လင်းလွန်းတဲ့အခါမှာ အောက်ကအဖြစ်မျိုးလေးတွေလည်း ဖြစ်တတ်ပါတယ်။
ဟိုတစ်လောက မိန်းကလေးတစ်ယောက် ယဉ်တိုက်မှုဖြစ်ပြီး အာမခံငှာနမှ ဒေါ်လာငွေ ငါးသောင်း အလျော်တောင်းတယ်။ ယဉ်တိုက်မှုကြောင့် သူအလုပ်လုပ်နေတဲ့ cashier အဖြစ် အကြာကြီး မတ်တပ်မရပ်နိုင်ကြောင်း၊ အရင်တုန်းကလို တောင်တက်၊ စက်ဘီးစီး၊ ကခုန်တာမျိုးတွေ မလုပ်နိုင်တော့ကြောင်း၊ ဒေါက်ကလပ်ကောလိပ်ကျောင်းနဲ့ ဆိုင်မွန်ဖရေဇာတက္ကသိုလ်ကျောင်းတွေမှာ စာသင်နေရင်း ထိုင်နေရင်းမှာ ကိုယ်လက်တွေ နာလွန်းလို့ စာတောင် မသင်နိုင်တော့ကြောင်း စတဲ့ အချက်တွေနဲ့ အာမခံငှာနမှ ငွေတွေရအောင် ကြိုးစားပါတယ်။ အဲဒီမှာ အာမခံငှာနမှ ရှေ့နေတွေက အဲဒီမိန်းကလေးရဲ့ facebook ကို စစ်လိုက်တော့၊ တောင်တက်နေတဲ့ပုံတွေ၊ ကခုန်နေတဲ့ပုံတွေ၊ စက်ဘီးစီးနေတဲ့ ပုံတွေကို တွေ့ရတော့တာပါပဲ။
နောက်တစ်ဦးကတော့ ယဉ်တိုက်မှုတစ်ခုမှာ တစ်ဘက်မှလူ သေဆုံးသွားတာကို၊ အလွန်အမင်းနောင်တရ ၀မ်းနည်းကြောင်း တရားရုံးမှာ ထွက်ဆိုပြီး ပြစ်မှုလျော့ပေါ့အောင် ကြိုးစားပေမယ့်၊ သူ့ရဲ့ဆိုက်မှာ ယဉ်တိုက်ပြီး နှစ်ရက်လောက်မှာ ပါတီတစ်ခုမှာ ပျော်ပါးမူးယစ်နေတဲ့ ပုံတွေကို ရဲတွေက တွေ့တော့တာပါပဲ။
အခုနောက်ပိုင်း ရဲတွေ ပုလိပ်တွေက လူတစ်ယောက်ကို လိုက်ပြီဆိုရင် facebook တို့ my space တို့လိုနေရာတွေကိုပါ မွှေနှောက်ရှာဖွေတယ်လို့ သိရပါတယ်။ ကောလိပ်ကျောင်းဝင်းတွေရဲ့ ရဲတွေကလည်း အသက်မပြည့်ဘဲ အရက်သေစာသောက်စားနေလား၊ အခြားတရားမ၀င်တာတွေ လုပ်နေလားကို ထိုနေရာမျိုးတွေမှာ သွားရှာပြီး ပြစ်မှုထင်ရှားရင် ကျောင်းသားတွေကိုလည်း အပြစ်ပေးတတ်ပါတယ်တဲ့။ တိုရန်တိုကောလိပ်တစ်ခုမှာ ကျောင်းအုပ်ကြီးကို facebook မှာ ဝေဖန်ထားလို့ ကျောင်းသားအချို့ အပြစ်ပေးခံရဖူးပါတယ်။ facebook မှာ cyber bullying ကိုလဲ မြင်တွေ့ရတယ်လို့ဆိုပါတယ်။ အုပ်စုဖွဲ့ပြီး တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တဲ့ cyber bullying ကတော့ အွန်လိုင်းအဖွဲအစည်းတွေတိုင်းမှာ တွေ့ရတတ်ပါတယ်။  ဘလောဂ်စဆောက်စဉ်မှာ စီနီယာဘလောဂါတွေရဲ့ ဂျူနီယာဘလောဂါတွေကို (အဲဒီဂျူနီယာဘလောဂါတွေဟာ သူတို့တွေထက် အသက်အရွယ်ကအစ၊ ပညာကအစ ကြီးနိုင်မြင့်နိုင်ပါသော်လည်း - ဂါရတောစ နိဝါတောစ - ငြင်းချက်တွေကိုလက်ကိုင်ထားပြီး) ပညာပြမှုလေးတွေမှ စတဲ့ အသေးအမွှားကိစ္စလေးတွေကအစ၊ အုပ်စုလိုက်အနိုင်ကျင့်လို့၊ စိတ်အနှောက်အယှက်ပေးလို့ ဘလောဂ်ပါပိတ်လိုက်ရတဲ့ ဘလောဂါတွေကိုလည်း မြင်ဖူးပါတယ်။ အမည်အတုတွေနဲ့ အနှောက်အယှက်ပေးမှုတွေဟာလည်း ကွယ်ဝှက်ထားလို့မရတော့ပါဘူး။ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက Keeley Houghton ဆိုတဲ့ အသက် ၁၈နှစ်အရွယ် ဗြိတိန်နိုင်ငံက ကျောင်းသားလေးတစ်ယောက်ဟာ facebook ပေါ်မှာ အတန်းသားတစ်ယောက်ကို cyber bullying လုပ်မှုနဲ့ ထောင်သုံးလ ကျသွားပါတယ်။
အာမခံငှာနတွေက ရဲငှာနတွေက လိမ်လည်လှည့်ဖျားမှုတွေနဲ့ ပြစ်မှုကျူးလွန်မှုတွေကို facebook မှာသွားပြီး အနံ့ခံတတ်ကြသလို၊ လူတစ်ဦးကို အလုပ်ခန့်တော့မယ်ဆိုရင်လည်း ကုမဏီတွေက facebook တို့ my space တို့မှ တဆင့် ခန့်မည့်သူကို လေ့လာတယ်လို့လဲ သိရပါတယ်။ ထိုနည်းတူပဲ အလုပ်ဖြုတ်ချင်လို့ အကြောင်းရှာတော့မယ်ဆိုရင်လည်း ထိုနေရာတွေမှာ သွားပြီးမွှေနှောက်တတ်ကြပါတယ်။
facebook-privacy.jpg“ဆယ်ကျော်သက်တွေဟာ မိမိရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အွန်လိုင်းစာမျက်နှာတွေမှာ ဝေမျှတဲ့အခါမှာ နှစ်ခါစဉ်းစားပြီးမှ ဝေမျှသင့်တယ်” လို့ Canada နိုင်ငံရဲ့ privacy commissioner ဖြစ်တဲ့ Jennifer Stoddart က privacy-sector privacy law နဲ့ပတ်သက်ပြီး ပါလီမန်မှာ annual report မှတဆင့် ကနေဒါနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်များကို ကြပ်ကြပ်မတ်မတ် တိုက်တွန်းသွားပါတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အများနဲ့ဝေမျှပုံတွေကို မိဘတွေအတွက် မယုံနိုင်လောက်အောင်ဖြစ်ရတယ်၊ အဘိုးအဘွားတွေအတွက်တော့ မတွေးဝံ့လောက်စရာ၊ စဉ်းကိုမစဉ်းစားရဲစရာ ဖြစ်ရတယ်လို့ သူမ ကဆက်ပြောပါတယ်။ ငယ်ရွယ်စဉ်အခါမှာ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ စိတ်ထဲရှိသလို ပြုမှုကျင့်ကြံတာတွေဟာ အသက်ကြီးလာတဲ့အခါမှာ အရှက်ရစရာတွေ ဖြစ်ရတယ်လို့လည်း သူမက ဆိုပါတယ်။
ကိုယ်က မမှန်တာလုပ်မထားရင် စိုးရိမ်စရာဘာမှ မရှိပေမယ့်လည်း၊ ကိုယ်ဘယ်လိုလူလဲဆိုတာကို ဓာတ်ပုံများများကြည့်စရာမလိုပါဘူး၊ တစ်ပုံနှစ်ပုံလောက်ကြည့်တာနဲ့ကို သိနိုင်ပါတယ်။ facebook မှာသွားလိုက်ရင် အချို့တွေက ရှုခင်းလေးတွေပဲတင်တယ်၊ အချို့တွေကတော့ မိသားစုပုံတွေတင်တယ်၊ အချို့တွေကတော့ စားကောင်းသောက်ဖွယ်တွေစားနေတာ၊ ပါတီပွဲတွေဆင်နွှဲနေတာတွေကိုတင်တယ်၊ အချို့တွေကျတော့လဲ မားစီးဒီးတွေ၊ ဘီအမ်ဒဗလျူတွေ၊ အိမ်ကြီးတွေ၊ ပိုင်ဆိုင်မှုမှန်သမျှဖြစ်တဲ့ ခွေး၊ကြောင်၊ကြက်၊၀က်၊ နွား၊ တစ်တီတူးကအစ တင်တယ်။ အချို့ကျတော့လည်း ကိုယ်ချစ်တဲ့ သူနဲ့တွဲရိုက်တာတွေတင်တယ်။ အဲ…. အဆင်မပြေလို့ကွဲတော့ နောက်တစ်ယောက်.. နောက်တစ်ယောက်…. ဒီလိုနဲ့.. အလွန်ရည်းစားများသူ ဖြစ်ပါပကော။ အချို့တွေကျတော့လည်း သောက်စားမူးယစ်နေတာတွေ တင်တယ်။ တင်လိုက်တိုင်း အမြဲ ဆေးလိပ်မီးခိုးတလူလူနဲ့ သောက်စားမူးယစ်တဲ့ ပုံတွေတင်မိရင်၊ အပြင်မှာ ကိုယ်က အမြဲတမ်းမူးယစ်ပျော်ပါး မနေသော်လည်း ဓာတ်ပုံလေးတစ်ခုတည်းနဲ့ ကိုယ့်ကိုတံဆိပ်ကပ်သွားနိုင်တယ်။ “ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ…တင်ချင်တာတင်မယ်၊ မကျေနပ်လည်းဘာအရေးလဲ” လို့ ဆိုနိုင်ပေမယ့်လည်း၊ ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲကလို “လောကကြီးကိုအရွဲတိုက်ရင် မင်းဘဲဒုက္ခရောက်လိမ့်မယ်” ဆိုသလို ဖြစ်မှာစိုးပါတယ်။
အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်ရှင်က ၀င်မွှေလို့ စိတ်အခန့်မသင့်တာတွေ့သွားရင် အလုပ်ကိုင်ကောင်းကောင်းတစ်ခုကို လက်လွတ်သွားစေနိုင်ပါတယ်။ အလုပ်ကောင်းကောင်းရှိပြီးသူတွေ အနေနဲ့လည်း မိမိ အကြောင်းခရေစေ့တွင်းကျကို အွန်လိုင်းစာမျက်နှာတွေပေါ်မှာ အလုပ်ရှင်တွေက မြင်နေရလို့၊ သူတို့စိတ်အခန့်မသင့်တာနဲ့ကြုံလို့ အလုပ်ဖြုတ်ခံရသူတွေလည်း အများကြီးရှိပါတယ်။ ပရိုဖက်ရှင်နယ်ကျောင်းတွေကို ၀င်ရရန် အခွင့်အလမ်းတွေ ဆုံးရှုံးရတာတွေလည်း ရှိပါတယ်။ မိမိအကြောင်းတွေ လိုအပ်တာထက် ပိုပြီးဝေမျှမိရင်လည်း မိမိရဲ့ identity ကို ခိုးယူအသုံးချမည့်သူတွေကလည်း အမြဲတမ်း စောင့်ကြည့်နေတာကို သတိပြုစေလိုပါတယ်။
ဆက်ပါမယ်…..
မှီငြမ်းမှု၊ ကူးယူအသုံးပြုမှုတွေ ပြုကြရာဝယ်..
အွန်လိုင်းပေါ်က ဆက်ဆံရေးများ
pictures taken from www.valuemyhouse.com
33 Comments »
  1. ဖတ်သွားပြီနော် မကြီး။ ဗဟုသုတတွေအများကြီးရပါတယ်။ မကြီး ပျော်ရွှင်ပါစေ…
    Comment by စာချစ်သူ — October 7, 2009 @ 7:25 pm
  2. (ကောင်း၏။) ဥပဒေ လက်တစ်လုံးခြားလုပ်ဖို့စဉ်းစားရင်တော့ တရားလိုဖက်က ဦးနှောက်ကောင်းကောင်း ကစားတက်မှပဲကောင်းပါတယ်။ ဝမ်းမနိုင်ပဲ ပဲဟင်းစားသလိုဖြစ်တော့ ဒုက္ခများရတာပေါ့။ ဆက်လက်မျှော်နေလျက်
    Comment by ရှေးစာဆို — October 7, 2009 @ 7:27 pm
  3. ဟုတ်တယ်အဲဒီမှာ ဓာတ်ပုံတွေတင်ချင်သလိုတင်နေကြတာကိုတော့ သိပ်သဘောမကျဘူး…။ ကျွန်တော်လည်းကိုယ်ဘယ်သူလဲဆိုတာ သူများတွေသိလောက်အောင်ဘဲ info ပေးထားတယ်..။ ကိုယ့်အကြောင်းလည်းမသိချင်ဘူး..သူများအကြောင်းလည်းစိတ်မ၀င်စားဘူး..။ စကားမစပ် အစ်မ FB အကောင့်ကိုသိချင်ထှာ..။ :P
    Comment by Evergeen Phyo — October 7, 2009 @ 7:38 pm
  4.ှုမှန်တယ်ဗျ၊ကျွန်တော်လည်းဒီလိုဘဲယူဆတယ်…
    လမ်းပေါ်ကလူတွေကိုဓါတ်ပံရိုက်ရင်ထားရမည့် Ethic လေးတွေအကြောင်းရေးပါဦး
    ကျွန်တော်တရားစွဲခံရမှာစိုးလို့ …
    Comment by miinthant2009 — October 7, 2009 @ 8:27 pm
  5. အင်တာနက်ဆိုတာမျိုးကတော့ သုံးတတ်ရင် အကျိုးအများကြီးရှိပါတယ်။ တဖက်သားအပေါ်မှာ ရိုးသားတဲ့စိတ်ထားမယ်ဆိုရင် မိမိကိုယ်တိုင်ရော၊ သူများအပေါ် ၂ဦး၂ဖက်လုံးအတွက် အကျိုးရှိစေတယ်။ အထူးသဖြင့် မိန်းကလေးတိုင်း မိမိတို့ရဲ့ဓါတ်ပုံတွေကို အများကြည့်ရှုလို့ရတဲ့ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ မတင်တာ အကောင်းဆုံးပါပဲ။ ပြည့်ပြည့်စုံစုံ ရှင်းပြထားတာလေးတွေ ကောင်းပါတယ်။ ဆက်လက်ရေးသား အသိပေးနိုင်ပါစေ။
    ခင်လျက်
    Comment by Waing — October 7, 2009 @ 9:17 pm
  6. ဖေ့ဘုတ်ခ်ထဲမှာ ပြန်share လိုက်မယ်
    Comment by နန်းညီ — October 7, 2009 @ 10:07 pm
  7. ကျေးဇူးတင်ပါတယ် မလေး…
    Comment by SDL — October 7, 2009 @ 10:26 pm
  8. ဆင်ခြင်သင့်တာလေးကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
    Comment by july Dream — October 7, 2009 @ 10:38 pm
  9. very interesting post… it’s horrible…it opens my eyes and don’t know how do they find out u have facebook ..it’s out of my league :)
    Comment by westcoast22 — October 8, 2009 @ 12:08 am
  10. အင်း…စဉ်းစားစရာဘဲ…. ခုထိတော့ facebook မှာရော blogမှာပါ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေ ကို ပွင့်ပွင့်လင်းလင်း ဘာမှ ထိန်ချန်မထားဘူး….. ဘာအမှားမှမရှိဘူးရယ်လို့ ကိုယ့်ဟာကိုယ် ယုံကြည်စိတ်ချမှုတွေ လွန်ကဲနေတယ်ထင်ရဲ့….
    Comment by rose of sharon — October 8, 2009 @ 3:02 am
  11. ပြောသင့်ပြောထိုက် ရေးသင့်ရေးထိုက်တယ် ပို့စ်လေးပါ မလေး
    စောင့်ဖတ်နေမယ်
    Comment by ပန်ဒိုရာ — October 8, 2009 @ 5:17 am
  12. အိမ့်ရေ… ရည်ရွယ်ချက်ကောင်းတဲ့ပို့ စ်လေးမို့  ကျေးဇူးပါ… အမကတော့ ဘာရယ်မဟုတ် နဲနဲထိန်းထိန်းသိမ်းသိမ်း လုပ်ဖြစ်တယ်…
    Comment by တန်ခူး — October 8, 2009 @ 6:37 am
  13. လာရောက် ဖတ်ခဲ့ပါတယ်။
    ကျနော်လည်း facebook စွဲလမ်းခြင်းပြဿနာကို ရေးထားဘူးတယ်။ http://khet-yint-yint.freehostia.com/?p=149
    တန်ဖိုးရှိတဲ့အချက်အလက်တွေ မျှဝေတဲ့အတွက် ကျေးဇူးပါ အမ။
    Comment by khet myint myint — October 8, 2009 @ 9:28 am
  14. ကျွန်တော်တို့ ဒါနဲ့ ယှဉ်ပြီးတွေ စဉ်းစားသင့်တာလေးတွေ များကြီးရှိတယ်။
    ဥပမာ free services တွေ ပေးနေတယ် ဘာဖြစ်လို့လည်း နောက်ဆုံးဗျာ blogspot လို ဟာမျိုးကိုပါထည့်စဉ်းစားကြည့်ပါ.. အလကားပေးထားတယ် ကိုယ်က resign လုပ်ပါပြီ သူတို့ဆီမှာ ဘာမှ မကျန်တော့ဘူးလား၊ နောက် Private ပေးထားတာ စိတ်ကြိုက်လုပ်ချင်တာလုပ်ပါဆိုတာတွေ၊ user တစ်ဦးဟာ လျှို့ဝှက်ချက်မှန်သမျှကို web ပေါ်တင်ပါပြီတဲ့၊ နောက် ပြန်ဖျက်ပါပြီတဲ့ ၊ ဘယ်လိုလုံခြုံမှုမျိုး ရှိမလည်း။ ကိုယ်သိသလို အက်ဒမင်တွေ သိချင်တာနဲ့ တစ်ပြိုင်နက်သိနေမှာဘဲလေ..စည်းမဖောက်တဲ့အက်ဒမင်တွေ ရှိနေသလို စည်းကမ်းမရှိတဲ့ အက်ဒမင်/အသင်း/အုပ်စုတွေ ကျွန်တော်တို့မြန်မာပြည်မှာပါ ရှိခဲ့ဖူးတယ်၊
    နောက်ဆုံးအဆင့်အဖြေကတော့ ဘာမှ စိတ်မချရဘူးဆိုတာရယ် ဒီလိုနေရာတွေမှာ ဘာတစ်ခုကိုမှ တင်မထားသင့်တာရယ်၊ ကိုယ်နဲ့ မကွာသိမ်းတာအကောင်းဆုံးဆိုတာရယ် ထွက်လာမယ်လို့ ယူဆပါတယ်။
    ဒီ့အပြင် ကိုယ် သုံးတဲ့မေးလ် ဒေတာအားလုံး ထည့်ထားတဲ့မေးလ် ဒါကိုရော ကျန်တဲ့မှတ်ပုံတင်အသုံးပြုရတဲ့ နေရာ ( ဖိုရမ်၊ ဂိမ်း… စသည် စသည် တွေမှာ) တူညီတဲ့ စကားဝှက် ( password ) မသုံးသင့်တာ လေးပါပြောပါရစေ.
    အများသတိချပ်မိအောင် ထောက်ပြနိုင်တဲ့ စာရေးသူကို ကျေးဇူးတင်သလို အဲဒီလို စဉ်းစားနိုင်မှုတွေအတွက် ချီးကျူးမိပါတယ်ဗျာ ………..
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — October 8, 2009 @ 6:26 pm
  15. စာကြွင်း ; မေ့သွားလို့ တစ်ခေါက်ထပ်ရေးလိုက်ရတယ် ကွန်ပျူတာကြီး သော့မခတ်ထားနဲ့လေ မရဘူးဗျ၊ System No Safe ! တဲ့၊ :D ( အပေါ်က ကွန်ပျူတာကြီးကို သော့ခတ်ထားတာကိုပြောတာပါ )
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — October 8, 2009 @ 6:37 pm
  16. good day..I visiting your home. so good.
    Comment by yamin — October 8, 2009 @ 8:37 pm
  17. cyber bulling က မျက်နှာသိအချင်းချင်းတောင် နောက်သလိုပြောင်သလိုနဲ့ အမြီးဆွဲခေါင်းပုတ်လုပ်လာကြတာများနေပါပြီ မလေးရေ..
    အပေါင်းအသင်းများလာတဲ့အခါ add as friend တွေလည်း များလာ.. ပြီးတော့.. ကိုယ်သိတဲ့သူတွေထဲမှာကို ခပ်ချောင်ချောင်တွေက ထထပေါက်ရင် စိတ်ဆင်းရဲရတယ်..
    နိုဗယ်ဆုရင် သမ္မတကြီးကအစ သုံးတဲ့ facebook ဆိုတော့လည်း . . . .
    information share ရင်တော့ ဘယ်လိုမျိုးကို share မိသလဲဆိုတာ လူတိုင်းသတိထားရမှာပါပဲ..
    ကိုယ့်ကြောင့်သူများမထိခိုက်စေအောင် Responsibility မစောင့်ထိန်းနိုင်တဲ့ လူတွေ များလာလို့ ခက်နေတာ..
    Comment by ShwunMi — October 9, 2009 @ 8:15 am
  18. မမအိမ့်ရေ….
    နှင်း လာလည်ပါတယ်နော်…ဗဟုသုတလေးတွေ ယူသွားပါတယ်
    တဂ်ပို့လေးတစ်ခု ရေးထားတယ်
    မမအိမ့်ကို ထိပ်ဆုံးကနေ တဂ်ထားတယ် သိလား
    အားရင်လာဦးနော် …. နှင်းကို ခင်ရင် မမအားတဲ့အခါ ဖြေပေးနော် …း)
    ညီမလေး နှင်း
    Comment by နှင်းဟေမာ — October 9, 2009 @ 10:27 am
  19. hello
    how are u
    thank alot ur article
    very good
    good luck
    may u be happy
    Comment by monk — October 9, 2009 @ 8:16 pm
  20. pls can u share ur article
    Comment by monk — October 9, 2009 @ 8:17 pm
  21. စာချစ်သူ… စာချစ်သူလည်းပျော်ရွှင်ပါစေ။
    ရှေးစာဆို… တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာ ဒီနေ့ ကြက်သားနဲ့ပဲ ချက်တယ်။ ရယ်စရာပြောတာမဟုတ်ပါ။ အတည်။
    ကိုဖြိုး… အစ်မ fb အကောင့်က ဒီထက်ပျင်းစရာကောင်းသေးတယ်။ ဘာမှကို မရှိ။ ဒါဆို… ကိုဖြိုးအကောင့်အရင်ပြလေ.:D။
    miinthant2009 … မလေးတော့ သူတို့မျက်နှာတွေကို ၀ါးပစ်လိုက်တယ်။ blur လုပ်လိုက်တာကို ပြောတာပါနော်.. စားပစ်လိုက်တယ်ထင်မှာစိုးလို့။ ခုတစ်လော အင်္ဂလိပ်ကော၊ မြန်မာစာကော စာလုံးပေါင်းမှန်သမျှ အကုန်ကို မှားနေတော့တာပဲ။
    နန်းညီ … ဟုတ်ကဲ့။ ကျေးဇူးပါနန်းညီ။
    SDL… ကြိုဆိုပါတယ် စန်ဒါလင်းး)))
    july Dream … ကျေးဇူးပါ ဇူလိုင်အိပ်မက်ရေ…. မလေး သိသလောက်လေး ဝေမျှတာပါ။
    westcoast22 … အိမ့်ချမ်းမြေ့မှာ fb မရှိဘူး။ အမည်ရင်းနဲ့ဘဲ ရှိတယ်လို့ အပေါ်မှာဖော်ပြထားသည်ကို သေချာမဖတ်ဘူး။ ဟွန်းဟွန်း
    rose of sharon …. မရိုစ်အနေနဲ့က မမှားလောက်ပါဘူး။ အချို့လူငယ်တွေကျ အလုပ်ရှင်တွေ မျက်စိစပါးမွှေးစူးလောက်အောင် တင်မိတာပဲဖြစ်ဖြစ်၊ ဥပဒေကြောင်းဆိုင်ရာ ညှိစွန်းတာပဲဖြစ်ဖြစ် ဒုက္ခရောက်ကုန်မှာ စိုးလို့ပါ။
    ပန်ဒိုရာ .. မပန်.. မလေးရဲ့ ဆက်ပါမယ်တို့ ရေးပါဦးမယ်.. တို့ရဲ့ အကြောင်းကို သိတယ်ဟုတ်? :P
    တန်ခူး … ဟုတ်.. မလေးရောပဲ.. မ။
    khet myint myint … ကျမ သွားဖတ်ပြီး ကော့မန့်လေးပါ ထားခဲ့ပါတယ်။ ကျေးဇူးပါရှင်။
    ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … ကျွန်မလို မေ့တတ်သူ၊ စကားဝှက်တွေကို တစ်နေရာမှာ မှတ်ရမှာပျင်းတဲ့သူဆိုရင်တော့ ဘာမှကို မှတ်မိမှာမဟုတ်တော့ဘူး… အဲ.. သော့မခတ်နဲ့ဆို သော့ပါပျောက်နေပြီ။
    ယမင်း… ကျေးဇူး။ ယမင်းဆိုက်လေးလဲ ကောင်းတယ်။
    ShwunMi… အစ်မသိတယ်.. ခံစားနားလည်ပေးပါတယ် ညီမလေး။
    နှင်းဟေမာ… အစ်မ မကြာခင်ရေးပေးမယ်နော်…
    Monk… ကျေးဇူးတင်ပါတယ်ရှင်။
    Comment by မလေး — October 10, 2009 @ 12:10 am
  22. အစ်မ ဗဟုသုတတွေရပါတယ်ဗျာ။အင်တာနက်အသုံးပြုခြင်းနဲ့ပက်သက်တာတွေကိုရေးထားတာကောင်းတယ်ဗျာ။တစ်ချို့တွေက
    အင်တာနက်ကိုလွဲမှားစွာအသုံးပြုနေတာတွေ့ရပါတယ်။အခုလိုပညာပေးစာတွေအစ်မအများကြီးရေးသားနိုင်ပါစေ။အစ်မ ပိုစ်အသစ်
    တင်တိုင်းလာဖတ်ပါတယ်။ကျန်းမာပျော်ရွင်ပါစေ။
    Comment by တောသားလေး — October 10, 2009 @ 3:38 am
  23. Evening…. မလေး…
    ဒီပို့စ်လေးကို ကျွန်တော် သဘောကျပါတယ်. Cyber-bullying ဆိုတဲ့ Terms လေးကို ကျွန်တော် ယူသုံးမယ်နော်. ကျေးဇူး
    ကျွန်တော်မြင်တာလေး နည်းနည်းဝင်ပြောကြည့်မယ်နော်. :)
    FB ကို တော်တော်လေး ဝေဖန်လာကြသလို သူ့ကြောင့် အကျိုးရှိတယ်လို့ ဆိုကြတဲ့သူတွေလည်း အများကြီးပါ.
    Social Networking Site ဖြစ်လို့ လူတွေအများကြီးနဲ့ ဆက်ဆံပြောဆိုရတဲ့ Campaign လိုမျိုး၊ ကာလအတော်ကြာကြာ ကွဲကွာအဆက်အသွယ်ပြတ်နေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေကို ပြန်တွေ့နိုင်တာမျိုး၊ အဲဒီ့ကမှတဆင့် အလုပ်အကိုင်အခွင့်အလမ်းနဲ့ Community Group လေးတွေ တည်ထောင်နိုင်တာမျိုး စတာတွေလည်း ရှိပါတယ်.
    ကျွန်တော်ကတော့ ဓားတစ်လက်ကိုပဲ ဥပမာ ပေးချင်ပါတယ်.
    ဓားထက်ထက်ကို အကိုင်အတွယ်မတတ်လို့ ရှတာ ဓားရဲ့ အပြစ်လည်း မဟုတ်သလို ဓားကို ထက်အောင်လုပ်ပေးလိုက်တဲ့ ဓား Company ရဲ့ အပြစ်လည်း မဟုတ်ပါဘူး.
    အကိုင်အတွယ်မတတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ.
    ဒါကြောင့် FB တင်မကပါဘူး. My Space, Friendster, Linked, Twitter…. စတဲ့ Site တွေ… ယုတ်စွအဆုံး Gtalk, Gmail နဲ့ အခုဆို Blog တွေမှာ အထိပါ သတိရှိရှိနဲ့ သုံးတတ်ဖို့ လိုပါတယ်လို့ ကျွန်တော်မြင်ပါတယ်. Public ဖြစ်တဲ့နေရာမှာ ကိုယ့် သတင်းအချက်အလက်တွေ ပေးတုန်းက ပေးထားပြီးမှ ဘာကြောင့် အခိုးယူခံရတာလဲ၊ ယူသုံးခံရတာလဲဆိုပြီး ဝေဖန်တာကတော့ သိပ်သဘာဝ မကျလှဘူးလို့ ကျွန်တော်ထင်ပါတယ်.
    FB ဟာ အစကတော့ ကျောင်းသားကျောင်းသူတွေ အချင်းချင်းပဲ ဆက်သွယ်ကူးလူးခဲ့ကြတဲ့ ကွန်ယက်တစ်ခုပါ. ကျွန်တော် ကျောင်းမှာတုန်းက ကျွန်တော်တို့ ကျောင်းနာမည် FB မှာ မပါလို့တောင် ကျောင်းသားတွေ စုပြီး FB ကို စာရေးလို့ Request တောင်လုပ်ခဲ့ကြရပါသေးတယ်. အဲဒီ့လို Private Site ကနေပြီး အခုလိုမျိုး နောက်ပိုင်းမှာ Commercial Site တစ်ခုလို ဖြစ်သွားတာကို သဘောမကျတဲ့အထဲမှာ ကျွန်တော်လည်း ပါပါတယ်. တစ်ချိန်ချိန်မှာတော့ FB အနေနဲ့ သူ့ရဲ့ Policy ကို ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်.
    Anyway, နောင်ခါလာနောက်ဈေးပါ. လောလောဆယ် ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့၊ သတိရှိဖို့ကတော့ ကိုယ့်အပိုင်းပါပဲ.
    စကားမစပ်… မလေးရဲ့ စာအုပ်လေးကို ကျွန်တော်ရန်ကုန်ကို မှာထားတယ်ဗျ… စာရေးဆရာမကိုယ်တိုင်ရဲ့ လက်မှတ်ရရင်တော့ ကောင်းသား… FB မှာ မလေးရဲ့ လက်မှတ်ကို တင်ပေးထားပါလား. ဒေါင်းလုပ်ချလိုက်မယ်လေ. ဟတ်ဟတ်…
    ခင်မင်လျက်
    Y.
    Comment by Yan — October 10, 2009 @ 5:40 pm
  24. တောသားလေး… ကျေးဇူးတောသားလေး၊ အစ်မလဲ မကြာခဏရောက်ပါတယ်. တောသားလေးလည်း ကျန်းမာပျော်ရွှင်ပါစေ။
    Yan … မြောက်အမေရိကမှာတော့ FB ကို ခုနောက်ပိုင်း အများဆုံးသုံးလာသူတွေက အသက်၅၀ကျော်တွေလို့ သိရပါတယ်။ ကိုရန်ပြောသလို ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေနဲ့ ကျောင်းသွားတက်နေတဲ့ ကလေးတွေနဲ့ အလွယ်တကူ ဆက်သွယ်ချင်လို့ဖြစ်တယ်လို့လဲဆိုတယ်။ အဲဒီထက်တဲ့ ဓားကော ဓားထက်အောင်လုပ်ပေးတဲ့ Company ကြောင့်၊ ကလေးတွေ ဓား မရှ စေချင်တဲ့ စေတနာနဲ့ မလေးလဲ ဒီပိုစ်ကိုရေးရခြင်းပဲဖြစ်ပါတယ်။ စာအုပ်လေးကို အားပေးသောကြောင့် ကျေးဇူး။ ဖြစ်နိုင်ရင် ဘလောဂါသူငယ်ချင်းများအားလုံးကို လက်ဆောင်တစ်ကယ်ပေးချင်တာပါ။ လူတွေယုံမလားမသိ.. ခုထိ စာအုပ်ကို မမြင်ရသေးဘူး။ လေယာဉ်ပျံစီးနေတုန်း ….
    Comment by အိမ့်ချမ်းမြေ့ — October 12, 2009 @ 12:10 am
  25. ကောင်းလိုက်တာဗျား။ ကိုယ်တွေ့တွေ ကြုံနေရတော့ စိတ်ပျက်ချင်နေတာ။ ဒီလို ဂဃနဏ သိရတော့ ၀မ်းသာပါတယ်။
    Comment by စောထူးပွယ် — October 12, 2009 @ 7:48 am
  26. အစ်မလေးကြောက်လိုက်တာအစ်မရယ် သတိထားမှ လျှိ့ ဝှက်သင့်တာလျှိ့ ဝှက်မှပါ။ အခုထိတော့သိပ်မဆိုးသေးဘူး။ တော်ပြီဓာတ်ပုံတင်တာ ဂရုစိုက်မှပါ။ ကိုယ်ရေးထားတဲ့story လေးတွေအတွက်တော့အသုံးဝင်ပါလို့ တော်သေးတာပေါ့။ဒါပေမယ့် သတိဝင်သွားပါပြီ
    Comment by zwesoelwin — October 12, 2009 @ 11:53 pm
  27. ဟုတ်ကဲ့ အစ်မ။ ဒီဆောင်းပါးကို ဖတ်ဖြစ်တာ ကြာပြီ။ အပြင်မှာ မလျှောက်ဖူးတဲ့ အဓိပတိလမ်းကို ဒီနေရာလေးမှာ လာလာနားထောင်ဖြစ်တယ်…။ ကျေးဇူး…း) ♪
    Comment by တေဇာ — October 23, 2009 @ 3:14 pm
  28. အစ်မရဲ့စာတွေဒီနေ့ထိုင်ဖတ်ဖြစ်နေတာ……….
    ကျေးဇူးတွေအများကြီးတင်ပါတယ်အစ်မ…. နောက်အားတဲ့ရက်တွေလည်းဆက်ဖတ်သွားပါဦးမယ်…..
    Facebookမှာလည်း သူငယ်ချင်းတွေသိအောင် share လုပ်သွားပါတယ်မမ….
    Comment by မိုးတိမ်သူ — September 30, 2011 @ 2:56 am
  29. အစ်မရဲ့ Site ကတော်တော်ကောင်းလာပါတယ်..။ စာတွေဖတ်ရတာ အင်မတန်ကောင်းပါစေ။ နောက်လဲဒီထက်ကောင်းတဲ့ စာတွေရေးနိုင်ပါစေ….
    Comment by Kyi Win — November 17, 2011 @ 6:57 pm
  30. စာတွေ ကဗျာတွေကကောင်းပါတယ်ခုလိုဖက်ရလို့ကျေးဇူးတင်ပါတယ်
    Comment by အောင်ဝင်းထွန်း — February 19, 2012 @ 7:07 am
  31. မမရေတဲ့စာလေးက ဗဟုတ အများကြီးရပါတယ်။ နောက်ထပ် လည်းအများကြီးပညာပေးနိုင်ပါစေနော်။
    Comment by rose — August 7, 2012 @ 1:15 am
  32. လာရောက်လေ့လာဖတ်ရှု့ပါတယ်။
    Comment by icefirester — January 21, 2013 @ 9:37 am
  33. စာအရေးအသားလေးတွေကတော့ကောင်းပါတယ်။..ဒါပေမယ့်စာကိုဖတ်ပြီး…ကိုယ်ဘယ်ခေတ်ပြန်ရောက်သွားတာလဲဆိုတာ…ပို့စ်တင်ထားတဲ့အချိန်ကိုပြန်ကြည့်ရသေးတယ်…မှန်သင့်သလောက်တော့မှန်သလိုလို…ဒါပေယ့်…အကောင်းမြင်စိတ်လေးနဲကသွန်သင်တာတာလားဆိုပြီးတွေးပေးပါတယ်…သဇင့်လိုအပြစ်မျိုးကျူးလွန်ရင်တော့…သဇင့်လိုအဖြစ်မျုး ဘယ်လိုမဆိုကြုံရမှာပဲ…ရိုးသားပွင့်လင်းပြီး…အမှန်ကိုအမှန်အတိုင်းအရှိကိုအရှိအတိုင်း…စိတ်ကူးကိုလက်တွေ့ဆန်ဆန်…တင်ပြရတာပါလား…ဆိုပြီးတော့လည်းတွေးပေးလို့ရတာပဲလေ…
    ဘာပဲပြောပြော…ဗိဿနိုးမြို့ကြီးကတော့…မြေကြီးထဲမှာပဲလေ…မြေပြင်ပေါ်မှာမှမဟုတ်တော့တာ…ပန်ထွာဘုရင်မအတွက်တော့…ကျွန်တေ့်စာသားတွေက…ဆေးခါးကြီးတလက်ဖြစ်နေမှာကိုတော့…
    မြင်ယောင်နေမိပါသေးတယ်ဗျာ…..အမှားပါရင်ခွင်လွှတ်ပါနော
    Comment by ကိုခိုင် — April 4, 2013 @ 9:38 am
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။
♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif
---------------