October 3, 2009

ခရီး

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 11:12 pm

ဒီလမ်းပေါ်မှာ
ဖျော့တော့လွန်းတဲ့ နေရောင်ခြည်က
ခွန်အားမဲ့စွာ တွားသွားနေတယ်။
ဆောင်းဦးပေါက်ပြီမို့
မေပယ်ရွက်ကြွေလေးက
ကသုတ်ကယက် ခုန်ဆင်းလာတယ်။
…….ဆက်လျှောက်တယ်။

ရှဉ့်ကလေးတစ်ကောင်က
ဆောင်းရာသီမှာ စားသောက်ဖို့
သစ်ဥလေးတစ်ခုကို
မနိုင်မနင်းသယ်ပိုးလာတယ်။
ကြမ်းတမ်းစွာ အက်ရှတဲ့ လေပြင်းတွေကြားမှာ
မြက်ပန်းဖြူလေးတွေ၊ dandelion နဲ့ clover စိမ်းစိမ်းတွေ
လမ်းပေါ်က သစ်ရွက်ခြောက်တွေကို ရက်စက်စွာနင်းဖြတ်ရင်း ….
ပုပ်ပျက်သွားမယ့် ခြေတစ်စုံကို ငုံ့ကြည့်ရင်း…
…….ဆက်နင်းတယ်။

shoes.jpg

အချိန်က ပြောသွားပါလိမ့်မယ်

ဒီလမ်းက ဘယ်မှာဆုံးမလဲ
လေတွေ ပိုပြင်းထန်လာတယ်
ပုစဉ်းလေးတွေ သစ်ခေါင်းပေါက်ထဲ ၀င်ပြေးသွားတယ်
ငှက်ကလေးတွေ အနွေးဓာတ်ကို ရှာတယ်။
နေရောင်ခြည်ရဲ့အားပြတ်မှုအဆုံးမှာ
အမှောင်ထုက အလုံးအရင်း တိုးဝင်လာမလို့…
ကောင်းကင်မှာ ထိန်လင်းတောက်ပနေတဲ့ လမင်းကြီးက
ညို့ချက်ပြင်းစွာ ငုံ့ကြည့်နေတယ်။
…….ဆက်လျှောက်တယ်။

အောင်မြင်ခြင်းတွေကို သောက်စားရင်း
ရှုံးနိမ့်မှုတွေကို ၀ါးမြိုရင်း
နာကျည်းမှုတွေကို အရည်ဖျော်ရင်း
ချစ်ခြင်းတရားတွေကို ပွေ့ဖက်ရင်း
အမုန်းတရားတွေကို ကြိုးစားမျက်ကွယ်ပြုရင်း….
လမ်းအဆုံးကို မျှော်ငေးကြည့်ရင်း….
…………ဆက်လျှောက်တယ်။

shoes2.jpg

တွေ့ပြီ။
ဟိုးအရှေ့မှာ… လမ်းအဆုံး
စိတ်ငြိမ်သက်မှုတစ်ခုကို ရလိုက်တယ်
ပြီးဆုံးပြီ…
ဒီလမ်းလေးအဆုံးမှာ
အမောတွေလည်း ဖြေနိုင်လိမ့်မယ်ဆိုတဲ့ နှလုံးသွင်းမှုတစ်ခုနဲ့
……….. ဆက်လျှောက်တယ်။

garden2.jpg

အို…….
မဟုတ်သေးဘူး
မဆုံးသေးဘူး……..
ဒါဟာ…
ဒါဟာ….
တံခါးပေါက်တစ်ခု
မပြီးဆုံးနိုင်သေးဘူးလား
ဆက်လျှောက်ရဦးမှာလား…
သက်ပြင်းချမိတယ်။
………… ဆက်လျှောက်တယ်
………… ဆက်လျှောက်တယ်
………… ဆက်လျှောက်တယ်။

garden1.jpg

တံခါးတစ်ဘက်မှာ……..ဆုံပါရစေ……။

20 Comments »

  1. မင်္ဂလာပါ မကြီး ။ သီတင်းကျွတ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ…
    ဖတ်သွားပြီနော်။

    Comment by စာချစ်သူ — October 4, 2009 @ 12:22 am

  2. မနင်းနဲ့ လေရှောင်သွားမှပေါ့

    Comment by minthant2009 — October 4, 2009 @ 2:01 am

  3. ဟီးးပထမအပိုဒ်ဘဲဖတ်ပြီး.မန်.လိုက်တာပြီးမှအောက်ကအပိုဒ်တွေတွေ.တယ်..
    တရားသဘောတွေပါလား.ဖတ်ပြီးတော့အတွေးတွေအများကြီးကျန်ခဲ့တယ်ခင်ဗျ..

    Comment by minthant2009 — October 4, 2009 @ 2:08 am

  4. ပထမဆုံး ခြေထောက်လေးက ချစ်စရာလို့ တွေးမိတယ်။ နောက် “ပုတ်ပျက်သွားမယ့်”ဆိုတဲ့ စာကြောင်းနဲ့အတူ တစ်ပုဒ်လုံး ဆက်ဖတ်မိတယ်… အတွေးတွေရော တရားအသိတွေပါ ခေါင်းထဲကို ဆက်တိုက်ရောက်လာတယ် မမအိမ့်ရယ်..

    Comment by ရွှေပြည်သူ — October 4, 2009 @ 2:35 am

  5. ကဗျာကလွမ်းစရာလေး အစ်မ..။ ခြေထောက်ကိုအကြီးချဲ့ပြီး ကြည့်သွားတယ်.. အစ်မအဲလိုဖိနပ်တွေစီးမယ်လို့မထင်မိဘူး…။ Enya ရဲ့သီချင်းလေးနားထောင်ပြီး ဖတ်ရတာ..စိတ်ထဲမှာတစ်မျိုးလေးဘဲ..။

    Comment by Evergreen Phyo — October 4, 2009 @ 4:30 am

  6. မလေးရေ…
    ကောင်းတယ်ခင်ဗျာ…။
    သီချင်းလေးကိုတော့ ခိုးထားလိုက်တယ်…။ အဟဲ…။
    ကြိုက်လို့…။

    Comment by ဏီလင်းညို — October 4, 2009 @ 5:15 am

  7. ပုံထဲက ခြေထောက်က လျှောက်ဖို့ ကြောက်နေပုံပဲ ။
    လိုအင် ပြည့်စေဗျား ၊၊ ဆုတောင်း ပေးသွားပီ။

    Comment by Republic — October 4, 2009 @ 6:07 am

  8. ပုံထဲက ခြေထောက်က လျှောက်ဖို့ ကြောက်နေပုံပဲ ။
    လိုအင် ပြည့်စေဗျား ၊၊ ဆုတောင်း ပေးသွားပီ။

    Comment by Republic — October 4, 2009 @ 6:07 am

  9. မမအိမ်ချမ်းမြေ့.. အဲဒီပန်းလေးတွေ dandelion လို့ခေါ်မှန်းမသိဘူး.. လှလို့.. တွေ့တိုင်း ထိုင်ပီးပုံလေးတွေရိုက်ရိုက်ထားတယ်..း)
    ကဗျာလေးကိုသေချာဖတ်ပီးခံစားသွားပါတယ်..
    ကိုယ့်အတွေးနဲ့ကိုယ်ဘဲ ခံစားတော့မယ်နော်..

    Comment by စန္ဒကူး — October 4, 2009 @ 7:45 am

  10. အစ်မပျော်ရွင်ချမ်းမြေ့ပါစေလို့ဝါကျွတ်မှာဆုတောင်းပေးခဲ့ပါတယ်။ကျွန်တော်လာလည်သွားပါတယ်အစ်မ။

    Comment by တောသားလေး — October 4, 2009 @ 2:28 pm

  11. မမအိမ့်ရေ….
    မင်္ဂလာပါ …. ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါလေးဖြစ်ပါစေ…..
    မမအိမ့် ရဲ့ ကဗျာလေးဖတ်ပြီး ကိုယ့်ကိုယ်ကို ရှဉ့်လေးတစ်ကောင်အဖြစ် မြင်လိုက်မိတယ်း)
    ညီမလေးဆီကို လမုန့် လာစားဦးနော် … မမအိမ့် အတွက် ဦးဦးဖျားဖျား ဖယ်ထားပေးတယ်းp
    ချစ်ခင်စွာဖြင့်
    ညီမလေး နှင်း

    Comment by နှင်းဟေမာ — October 5, 2009 @ 2:34 am

  12. Ma Lay,

    What a coincident! I said to my husband that ” I see you at the gate” when I was really sick last week. I am getting better again by the grace of God.

    Whom have I in heaven but You?
    PS 73 (25)

    Lin

    Comment by Lynda — October 5, 2009 @ 9:20 am

  13. မေ့လို့ ဘန်နာလေးလှတယ်.. ဒါပေမယ့် Fall နဲ့မလိုက်ဘဲ အရောင်စိုလွန်းနေတယ်.. :D :D

    Comment by Evergreen Phyo — October 5, 2009 @ 9:50 am

  14. ခြေထောက်လေးကလှတယ်… ဒါပေမဲ့ ပုတ်ပျက်သွားမဲ့ ခြေထောက် လို့ပြောထားတော့ တရားသဘောနဲ့ ဆင်ခြင်မိတယ်…. အရာရာဟာ ဘုရားလက်ထဲမှာ…. တခါတခါ ဒီလိုဘဲ ဘယ်တော့ဆုံးမှန်း မသိနိုင်တဲ့ လမ်းပေါ်မှာ မောပန်းနွမ်းနယ်လှတယ်….

    Comment by rose of sharon — October 5, 2009 @ 10:50 pm

  15. မမရေ မဆုံးတဲ့ခရီးကို လျှောက်နေကြတဲ့မေလေးတို့တွေ ဘယ်ထိရောက်မှ ဆုံမှာလဲ ဆုံးမှာလဲ မသိ ။ မမကဗျာလေးဖတ်ပြီး တွေးသွားတယ် မမ ။ ကျန်းမာပျော်ရွှင်ပါစေ

    Comment by maylay — October 7, 2009 @ 1:14 am

  16. kha yee myar a sone a hti shauk :P

    Comment by dewaing — October 8, 2009 @ 12:38 pm

  17. ဒီလမ်းလေးအဆုံးမှာ
    အမောတွေလည်း ဖြေနိုင်လိမ့်မယ်ဆိုတဲ့ နှလုံးသွင်းမှုတစ်ခုနဲ့
    ……….. ဆက်လျှောက်တယ်။
    ×××××××××××××××××××××××××××××××
    ကျွန်တော်လည်း လမ်းတစ်ခုပေါ်မှာ အဲဒီလို မျှော်လင့်ချက် မြင့်မိုရ်တောင်နဲ့ လျှောက်နေမိတယ်၊
    လမ်းတူညီချင်မှ တူညီမှာဖြစ်ပေမဲ့ မျှော်လင့်ချက်ကတော့ ယေဘုယျအားဖြင့် တူညီနေတယ်၊
    ကျွန်တော်တို့တင်ပဲလား …. လူသားအားလုံးရော ဒီလိုပဲ လျှောက်လှမ်းနေကြမှာပါ၊
    ကဗျာလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကဗျာလို မခံစားတတ်ဘူးဗျ၊ ကျွန်တော် ထူ ပြန်ပြီ၊ နားလည်အောင်ရေးပေးစေချင်ပါတယ်ဗျာ၊

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — October 8, 2009 @ 6:31 pm

  18. အမေ၇……….
ှီနှလုးံသွင်းမှု.တစ်ခုနဲ. ဆက်လျှောက်ကြတယ်
    ………..ဆက်လျှောက်ကြတယ်……………….
    ဟိုး အောင်မြင်ချင်းဆိုတဲ့ တောင်ထိပ်ဆီကိုရောက်ဖို.
    ကျဆုးံခြင်းတွေက တတောင်ပြီး တတောင်ဆင့်
    ဘ၀ ဟာပင်လယ် ဆိုပေမဲ့
    အမှားအယွင်းတွေနဲ့  ပဲ တလှေထဲစီးခဲ့ကြရတယ်
    “ကမ်ကြမာ ဆိုတာ ရွေးချယ်မှု့  တစ်ခုပါ” လို့ ပြောကြပေမဲ့
    ကျွန်တော်တို့  ရွေးခွင့်ရခဲ့ တာ
    ဖြစ်ချင်တာကိုလား
    ဖြစ်သင့်တာကိုလား
    ဘာတွေ ကိုနှလုးံသွင်း ရမလဲ
    ဘာတွေ ကို မျော်လင့် ရမလဲ
    အမရေ…………………..
    ကျွန်တော်တို့ ဟာ
    “ဘ၀ရဲ့  သယ်ဆောင်ရာ
    လမ်း ရဲ့  ခေါ်ဆောင်ရာ”
    မဆုံးနိုင်…………………
    ဆက်လျှောက်တယ်………….
    ဆက်လျှောက်တယ်………………………..
    အမ ကျန်းမာပါစေ….
    ခင်မင်လေးစားစွာဖြင့်
    နောင်နောင်

    Comment by naung.naung — October 15, 2009 @ 2:10 am

  19. ဟုတ်တယ် မလေးရေ ……. ဆက်လျှောက်ရမယ်နော် ………… ဒီလမ်းတွေကို ခွန်အားတွေနဲ့ ဆက်လျှောက်ရနေအုံးမှာပါ။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — October 19, 2009 @ 10:34 pm

  20. မရေကျွှန်တော်လဲမြေနီလမ်းလေးပေါ်မှာတယောက်ထဲပုစဉ်းလေးတွေလိုသစ်ခေါင်းပေါက်ထဲဝင်ပြေးလို့လဲမရဘူးကျွန်တော်ဘ၀ရဲ့အလင်းရောင်အဆုံးမှာအမှောင်ထုက၀င်ရောက်လာလို့ချစ်ခြင်းတရားကိုမုန်းနေမိပြီ…………………………………………..တောင်ပေါ်သားလေး

    Comment by moewaiyan865 — December 14, 2009 @ 4:49 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....