♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..
♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫
♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
September 20, 2009
ကျွန်မရဲ့စာအုပ်နှင့် ပတ်သက်၍…
Filed under: ကြော်ငြာ (Advertisement), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 10:31 pm
cover1.jpgကျွန်မရဲ့ “လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ပုံနှိပ်ပြီးနောက်၊ မြ၀တီက လကုန်မှဖြန့်ချီရန် စီစဉ်ထားပေမယ့်လည်း ကျွန်မက ကိုယ့်ဆိုက်ဒ်မှာ တင်ထားလိုက်တော့ စာအုပ်အားပေးမယ့်သူတွေက တိုက်ကို ဖုန်းတွေဆက်ကြတယ်လို့ သိရပါတယ်။
တိုက်ကလူတွေလဲ မျက်စိတော်တော်လည်သွားတယ်လို့ ပြောပါတယ်။ အခုတော့ ကျွန်မကြော်ငြာပြီးဖြစ်လို့ လကုန်အစား ၂၄ရက် စက်တင်ဘာလ၊ ကြာသပတေးနေ့ မှာစဖြန့်မယ်လို့ သိရပါတယ်။
တစ်အုပ်ကို ဒေါ်လာတစ်ထောင့်ငါးရာဖြင့် ရောင်းချမှာဖြစ်ပါတယ်လို့ :P
ဆိုင်တွေပေါ် မတင်ရသေးဘူး ၀ယ်ရန်ဆိုင်းပြင်းနေသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။
အုပ်ရေ ၅၀၀၊ ရောင်းဈေး ကျပ် တစ်ထောင့်ငါးရာ ပါလို့ အသိပေးအပ်ပါတယ်….
(ဒီတစ်ခါတော့ ထပ်မမှားလောက်ပါဘူး။ ဖုန်းလိုင်းကလဲ အရမ်းကို ကြည်လင်ပြတ်သားနေပါတယ်… :D)
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
kyipyar2.jpg  door2.jpgbrown-eyed-girl2.jpgnina2.jpgcarlakhine2.jpgchitthu-house2.jpgclub2.jpgmg2.jpg
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
ကျွန်မ၏ ၀တ္ထုတိုပေါင်းချုပ် ထွက်ပါပြီ
49 Comments »
  1. Congrats, Sis.
    (ရန်ကုန်သို့ သွားဝယ်ဖို့ရန် အခွင့်မသာလေတော့ကာ.. မေတ္တာလက်ဆောင်တစ်အုပ်လောက် ပို့ပေးမည် ဆိုပါက လွန်စွာ ၀မ်းမြောက်မည်ဖြစ်ကြောင်း။)
    :P။ နောက်တာနော်..အစ်မ။ အတည်။
    Comment by pN — September 20, 2009 @ 10:38 pm
  2. ပန်းနွယ်… အစ်မ အီးမေးလ် tapyaythu2000@gmail.com မှာ လိပ်စာထားပေးပါ.. နီးနီးလေးပဲဟာ ပို့ပေးမယ်။ အတည်ပြောတာ။ ပန်းနွယ်ဖုန်းပေးထားတာ အစ်မ ပျောက်သွားလို့း( ဟိုဘယ်မေးလ်ထဲပါသွားတယ်။
    Comment by မလေး — September 20, 2009 @ 10:50 pm
  3. ဒီကိုလည်း တအုပ်လောက်ဗျို့
    Comment by westcoast22 — September 20, 2009 @ 11:46 pm
  4. မလေးရေ …
    အုပ်ရေ ၅၀၀ ဆိုရင် မေတ္တာလက်ဆောင် ပေးရတာနဲ့ပဲ ကုန်သွားမှာနော် .. :P
    ဒီကိုလဲ တအုပ် … ဟဲဟဲ နောက်တာပါ။
    ရန်ကုန်ရောက်ရင် အားပေးမှာပေါ့ …
    Comment by MDW — September 20, 2009 @ 11:49 pm
  5. westcoast22.. လိပ်စာထားခဲ့၊ ငွေလွှဲရန်… မလေး ဘဏ်အကောင့်နံပါတ်ပို့ပေးဖို့လေ :P ပြီးတော့ စာအုပ်ပို့လိုက်မယ်
    မမေ.. ဟီးးးး မလေး ဂနေ့ မျက်ခုံးတွေလှုပ်နေ၏၊ အလကားပြောတာ တစ်ကယ်ပို့ပေးမယ်..
    Comment by မလေး — September 21, 2009 @ 12:42 am
  6. အိမ်က ပို့ပေးမယ်ပြောတယ်။ အဲလောက် နာမည်ကြီးလား တဲ့ ။
    ဒီထက်တောင် ပိုပါသေးတယ် မေမေ ရယ်လို့ပြောလိုက်တယ်။
    မျက်နှာမလိုက်ရဘူးနော် မကြီး :P
    Comment by စာချစ်သူ — September 21, 2009 @ 12:48 am
  7. ပြိုက်ကနဲနေမှာဘဲ။
    Comment by kom — September 21, 2009 @ 5:13 am
  8. မအိမ့်ချမ်းမြေ့ရေ
    ဂုဏ်ယူဝမ်းမြောက်ကြောင်းပါဗျာ
    ပန်နစူလာက စာအုပ်ဆိုင်တွေကို ရောက်လာရင် ဝယ်ယူအားပေးမှာဖြစ်ကြောင်း
    :)
    ခင်မင်စွာဖြင့်
    သီဟသစ်
    Comment by ThihaTHit — September 21, 2009 @ 6:03 am
  9. လုပ်ချလိုက်ပြန်ပြီ
    စာအုပ်က ဒီနေ့တင် ရန်ကုန်က ညီလေး တစ်ယောက် ၀ယ်ပြီး ကျွန်တော့်ဆီ ပို့လိုက်ပြီလို့ပြောတယ်
    ရောက်တာနဲ့ ဓာတ်ပုံရိုက်ပြီးကို ပြန်တင်ပေးအုန်းမယ် ..
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 21, 2009 @ 8:48 am
  10. မလေး…
    Congratulation!
    ကိုသားငယ် ကို ၀ယ်ခိုင်းထားမယ်။ အမှတ်တရသိမ်းထားမယ်။ ဖြစ်နိုင်မယ်ဆိုရင်လေ မလေးလက်မှတ်ထိုးထားတာလေးနဲ့ သိမ်းထားချင်တာ။
    ချစ်စု အစ်မကို အက်ထားတယ်နော်..မလေး။
    Comment by ချစ်စု — September 21, 2009 @ 9:32 am
  11. Ma Lay yay,
    I am so proud of you. Your talent, knowledge and ability to write good posts. I will call my sister in law to get one for me. Keep up with your God given talent. Ma Lay’s son is sooo cute. We went back to Rgn last month and had a good time. Bye Ma Lay!
    I found Him……
    Faith, hope, love, these three; but the greatest of these is love.
    1Cor 13:13
    Lin
    Comment by Lynda — September 21, 2009 @ 10:04 am
  12. မလေးရေ… ညီမလေးလည်း လာသွားတယ်.. တနည်းနည်းနဲ့ ဝယ်မလို့ ကြိုးစားနေတယ်နော် မလေး… မြန်မာစာအုပ်ဆိုင်တွေတော့ ရှိပါတယ်…သတိရတယ်နော် မလေး….
    Comment by ရည်မွန်ထိပ်ထား — September 21, 2009 @ 10:56 am
  13. <p>နှစ်အုပ်ရောက်တယ်၊ ၂၅၄ မျက်နှာပါတယ် စာရွက်က တရုတ် woodfree 70 gsm.<br />
    အရည်အသွေးကောင်းပါတယ် စေတနာပါတယ်၊ ထုတ်တာ</p>
    စာအုပ်
    စာအုပ်-၂
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 21, 2009 @ 9:52 pm
  14. လူကြုံရှိတာနဲ့ အတော်ပဲအိမ့်ရေ… အိမ်ကိုမှာလိုက်ဦးမယ်… တို့ ညီမစာရေးဆရာမလေးအတွက် ဂုဏ်ယူမိပါတယ်…
    Comment by တန်ခူး — September 21, 2009 @ 10:01 pm
  15. စာကြွင်း —> ကျွန်တော် စာအုပ်တစ်အုပ်ကို စာကြည့်တိုက်လှူလိုက်တယ်
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 21, 2009 @ 10:20 pm
  16. စာချစ်သူ၊ မခင်ဦးမေ၊ ကိုသီဟသစ်၊ ထိပ်ထား၊ အစ်မတန်ခူး
    ကျေးဇူးအထူးတင်ပါ၏…
    ချစ်စု…
    အစ်မ ပြန်အက်ဒ်ထားတယ်၊ နေကောင်းလားညီမလေး
    Lynda…
    ပျော်ခဲ့တယ်မဟုတ်လားဟင်.. ဒါကြောင့် သူပျောက်နေတာကိုးးး
    ကိုအွန်လိုင်းကျား..
    ကျမစာအုပ်ကိုဝယ်ယူအားပေးတာကော၊ စာကြည့်တိုက်မှာ လှူပေးတာကော၊ ပုံတွေတင်ပေးတာကော ကျေးဇူးတင်ပါတယ်ရှင်။
    Comment by မလေး — September 22, 2009 @ 12:19 am
  17. အိမ်ကိုမှာထားတယ် မပို့ပေးကြသေးဘူး
    Comment by rose of sharon — September 22, 2009 @ 2:45 am
  18. မလေး
    ဒီနေ့ပဲ ၁၇၀၀ နဲ့ အမေ့အိမ် ကနေ ၀ယ်ခဲ့တယ်။ မနေ့ကမှ တင်တာဆိုလို့ တော်သေးရဲ့လို့ (မြို့ထဲ ခြေရာတွေ အရမ်းထပ်နေပြီမို့ပါ)။ အထဲမှာ တန်ဖိုးရေးမထားတော့ ဆိုင်တွေအတွက် အခွင့်သာတာပေါ့။ အထဲက သရုပ်ဖော်ပုံတွေက ဆရာမောင်မောင်သိုက်ဆွဲတာပဲလား။
    စိတ်မရှိနဲ့နော် မလေး၊ အားမနာပ ဝေဖန်ရရင် စာတွေနဲ့ ပန်းချီပုံကလွဲလို့ စာအုပ်တစ်အုပ်လုံးရဲ့ အပြင်အဆင်နဲ့ စာလုံးတွေကို ညီမ မကြိုက်ဘူး။ ဖောင်းပွတဲ့စာလုံးဆိုဒ်နဲ့ ချန်ထားခဲ့တဲ့ စာမျက်နှာအလွတ်တွေဟာ တကယ် စာကိုပဲ တန်ဖိုးထားဖတ်တဲ့ စာဖတ်ပရိသတ်အတွက် နှမြောစရာကောင်းလှတဲ့ ဗလာတွေမို့ပါ။
    မလေး စာတွေကိုပဲ လက်လှမ်းမီသလောက် ညီမ စီထားတာရှိတယ်။ စာအုပ်လေးတစ်အုပ်ပုံစံအတိုင်းပဲ။ တစ်နေ့နေ့ အခွင့်ရှိရင် ပို့ပေးချင်ပါတယ်။
    Comment by ayechanthu — September 22, 2009 @ 5:28 am
  19. မမအိမ့် အုပ်ရေ ၅၀၀ ပဲရိုက်တာ နည်းလိုက်တာ။ အပေါ်က ကောမန့်တွေဖတ်ပြီး ဝယ်လို့မမီမှာ စိတ်ပူနေပြီ…
    Comment by ရွှေပြည်သူ — September 22, 2009 @ 6:56 am
  20. မရိုစ်… ကျေးဇူးး)
    အေးချမ်းသူ…. ချစ်တဲ့သစ်ပင်က နိုင်နိုင်ဦး၊ မာယာသစ်ပင်က အောင်နိုင်လတ်၊ လမင်းရှိုက်သံက တင်သိန်း၊ သက်တန့်ပိန်းရွက်က မိုးကျော်.. စတဲ့ပန်းချီဆရာတွေလို့ သိရတယ်ညီမလေး..။ အထဲမှာ ပန်းချီဆရာတွေ ဆိုင်းထိုးထားတယ်။ ညီမလေး feedbackကို မလေးတန်ဖိုးထားပါတယ်။ စိတ်မရှိပါဘူး။ သိုးလေးစီထားတဲ့ စာအုပ် တစ်နေ့တစ်ကယ်လိုချင်တယ်..း) လာယူမယ်။
    ရွှေပြည်သူ.. မှီမှာပါညီမလေး..
    Comment by မလေး — September 22, 2009 @ 11:56 am
  21. ဟုတ်တယ် မလေး၊ အထဲက ဆိုင်းတွေကို ရုတ်တရက်ကြည့်ရင် မမြင်ရဘူး (ညီမလည်း ပါဝါထပ်တိုးရတော့မယ်ထင်တယ်)
    တကယ်ပါ၊ တစ်နေ့ မလေးဆီကို ဆက်ဆက်ပို့ပေးမယ်။
    Comment by အေးချမ်းသူ — September 22, 2009 @ 7:36 pm
  22. လက်ဆောင်အဖြစ်ပို့ ပေးပါဗျို့ 
    Comment by minthant2009 — September 24, 2009 @ 5:09 am
  23. မအိမ့်ရေ မအိမ့်စာအုပ်ကတော့လူပြောများနေပီ
    ဒီလငှားဖတ်မလို့စဉ်းစားနေတယ်
    ဆီဇာညီညီ
    Comment by ဆီဇာညီညီ — September 25, 2009 @ 1:57 pm
  24. အစ်မလာလည်သွားပါတယ်။နေကောင်းလားအစ်မ။အစ်မစာအုပ်တွေကိုကျွန်တော်တို့မဖတ်ရတော့ဘူးလားအစ်မ။အစ်မအတွက်ဂုဏ်ယူမိပါတယ်။အစ်မလိုစာတွေအများကြီးရေးချင်တယ်။
    Comment by တောသားလေး — September 25, 2009 @ 3:21 pm
  25. mandalay က စာအုပ်ဆိုင်တွေမှာဒီနေ့ ပဲ ရှာကြည့်တော့မယ်
    Comment by zwesoelwin — September 27, 2009 @ 12:07 am
  26. ဂုဏ်ယူပါတယ် မလေးရေ ……….. ရောင်လည်း အခုမှ လာဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပြောလို့သိရတာ။း)
    Comment by မေတ္တာရောင်ပြန် — September 27, 2009 @ 11:50 pm
  27. မအိမ့်က စာရေးဆရာမှန်: ခုမှသိပါတယ် သံလွင်မှာ တွေ့ပေမယ့် K တို့လို ဝါသနာရှင်ပဲမှတ်လို့ ဒါကြောင့် တိမ်ဖုံးသွားသောငွေလမင်:က
    အရမ်:ကောင်းနေတာကိုး၊ ခင်မင်ပါရစေ၊ စင်ကာပူကပဲလားဟင်?
    Comment by ခရေဖြူ — September 28, 2009 @ 10:12 pm
  28. ဒါနဲ့ မလေးရဲ့ Google account က ဟိုးတစ်ခါသုံးနေတာနဲ့ မတူတော့ဘူးနော်.. ဒီ အိမ်ချမ်းဆိုတဲ့တစ်ခုရော မလေးပဲလား .. http://www.blogger.com/profile/04247242999920525907
    Comment by ShwunMi — September 28, 2009 @ 10:30 pm
  29. ဖတ်ပြီးသွားပြီအစ်မ။ ကြိုက်ပါတယ်။ ရိုးရိုးလေးရေးထားတဲ့ အပုဒ်တွေကိုပိုကြိုက်တယ်။ နီနာတို့ ရုံးကမမများတို့  okanaganလွင်ပြင်ခရီးတို့ ပေါ့။ အပြီးထိမဖတ်ရသေးဘူး။ ဒါပေမယ့်အစ်မကို ရိုးရိုးရှင်းရှင်းအရေးအသားနဲ့ ပိုကျွမ်းကျင်တာတွေ့ ရ
    တယ်။ ဖွဲ့ နွဲ့ ပြီးရေးထားတာတွေက ၀ါကျတည်ဆောက်ပုံတွေ ရှုပ်ထွေးနေတယ်။ ဂျူးဆို ဖွဲ့ နွဲ့ ပြီးရေးတဲ့နေရာမှာ စံပြပဲ။ ဥပမာ (ချစ်သူလား စံကားတစ်ပွင့်ပွင့်ခဲ့တယ်)မှာ ပထမဆုံး စံကားတောထဲရောက်သွားတဲ့အခန်း။ တကယိ့ပညာခန်းပါ။
    နောက်ရိုးရိုးလေးနဲ့  ပါးပါးလေးနဲ့  ဆွဲဆောင်သွာတဲ့ (စောင့်နေမယ်လို့ မပြောလိုက်ဘူး)။ နောက်ဆုံးထုတ်တဲ့ (သူမင်းကိုဘယ်တော့မှ) မှာတော့ကျနော်ဖျားသွားတယ်။ အစ်မကိုလည်းကျနော်က စွယ်စုံရစေချင်တာ။ ကိုယ်ကအဲဒီလောက်မဖြစ်နိုင်သေး
    တော့ အစ်မကို တိုက်တွန်းကြည့် တာပါ။ အစ်မကလက်ဆိပ်ရှိပါတယ်။
    ကျနော်ဝယ်လိုက်တာ1800 ပေးရတယ်။ ဒါတောင်10% လျှော့ဈေးတဲ့။ တကယ်က 2000ဆိုပဲ။ mandalay ကဆိုင်တွေက ရိတ်တယ်အစ်မရေ။
    ခင်မင်လေးစားလျက်
    ဇွဲစိုးလွင်
    Comment by ဇွဲစိုးလွင် — September 29, 2009 @ 12:00 am
  30. အေးချမ်းသူ … မလေးလဲတိုးရမယ် :D
    မင်းသန့်.. လာမည်ကြာမည်း))
    ဆီဇာညီညီ၊ တောသားလေး၊ ရောင်…. ကျေးဇူး
    ခရေဖြူ... စာရေးဆရာမဟုတ်ပါဘူး ခရေဖြူရေ.. ၀ါသနာရှင်ပါပဲ.. ကနေဒါကပါ။ မအိမ့်လဲခင်တတ်ပါတယ်ရှင်။ tapyaythu2000@gmail.com ပါ
    ShwunMi .. ဟုတ်တယ်ရွှန်းမီ ဟိုအီးမေလ်း လက်လွန်ပြီးပျက်သွားလို့… အဲဒီအိမ်ချမ်းက အစ်မပါ။ ဘလော့ဂ်တွေမှာ ကော့မန့်ရေးရန်လုပ်ထားတာပါ။
    ဇွဲစိုးလွင် …. တစ်ကယ့်ဈေးသတ်မှတ်ထားတာက ၁၅၀၀ ထဲပါ။ ဒါပေမယ့် ဆိုင်ရှင်တွေပါးစပ်မှာဈေးကရှိနေတယ်ထင်တယ်။ အစ်မ အဲဒီ ဂျူးစာအုပ်တွေ မဖတ်ရသေးဘူး။ မရှိမဖြစ်မိုးနဲ့ လိပ်ပြာတွေအကြောင်းရေးထားတာပဲ နောက်ဆုံးဖတ်ရသေးတယ်။ အစ်မစာအုပ်ကို အားပေးတာကျေးဇူးပါ.. ဆက်လက်ပြီးကြိုးစားပါမယ်..
    Comment by မလေး — September 29, 2009 @ 12:49 am
  31. ဖုန်းဆက် မေုးကတဲ့သူတွေထဲ ကျနော်မပါဘူးနော့်း) အိမ်မှာဖုန်းမရှိလို့ စတာ ရန်ကုန်သွားဖြစ်မှပဲ ရှာကြည့်ရမှာ ။
    Comment by မောင်မျိုး — September 29, 2009 @ 5:52 am
  32. မောင်မျိုး.. မောင်လေးသူငယ်ချင်းတစ်ယောက်၂ကို လှမ်းမှာကြည့်ပါလား။ ဒါမှမဟုတ် တိုက်ကိုဖုန်းဆက်ပြီးအော်ဒါမှာကြည့်။ သူများကိုသာပြောတာ ကိုယ်တိုင်မရသေးဘူး :p
    Comment by မလေး — September 30, 2009 @ 12:48 am
  33. ကျေးဇူး မလေးအိမ့်.. ခုတလော နာမည်တု ခေတ်စားနေလို့ ကိုယ့်အစ်မကို စိတ်ပူသွားတာ =)
    Comment by ShwunMi — September 30, 2009 @ 6:57 am
  34. မကြီး အိမ်ကပို့ပေးလိုက်တဲ့ မကြီး ရဲ့ စာအုပ်လေး ရောက်လာပြီ။ ဖတ်ရတာအရမ်းကောင်းတယ်။ “မောင်” ဆိုတဲ့ အဖွင့်ကဗျာလေးက ရင်ထဲကို ထိတယ်။
    ကဗျာတွေအကုန်လုံးဖတ်ပြီးပြီ။ ၀တ္ထုတိုထဲက လမင်းရှိုက်သံ ကို ရွေးဖတ်ထားတယ်။ ကျန်တာတွေစာမေးပွဲပြီးမှ ဆက်ဖတ်ရမယ်။ မကြီးကို အားကျတယ်။
    မကြီးလိုလဲ ရေးတတ်ချင်တယ်။ စာအုပ်မှာ မကြီး ရဲ့ အမှာစာလေး မပါတော့ တစ်ခုခုလိုနေသလိုတော့ ခံစားရတယ်။ ဒုတိယအကြိမ်မှာ မကြီး ရဲ့ အမှာစာလေးကို ဖတ်ချင်တယ် …။ မကြီး ကျန်းမာပျော်ရွှင်ပါစေ…………။
    Comment by စာချစ်သူ — October 1, 2009 @ 4:35 am
  35. Mexican Chicken ကိစ္စတော့မပြောပါနဲ့တော့… ဒီမှာစာတစ်ပုဒ်ရေးဖို့ တစ်ပတ်လောက်အချိန်ယူနေရတာကို…ဒါတောင် ၅ ကြောင်းလောက်ပဲပြီးတယ်..။ ဘယ်လိုဖြစ်နေတယ်မသိပါဘူး…။ စာအုပ်တော့ဝယ်ထားပြီလိုတော့ အိမ်ကပြောတယ်.. ဒီကိုမရောက်သေးဘူး.. ဒီစာရေးဆရာနာမည်မကြားဖူးဘူးတဲ့.. :D..။
    Comment by Evergreen Phyo — October 1, 2009 @ 11:15 am
  36. GOOD…. အားပေးတယ်ဗျို့
    Comment by လင်းဦး(စိတ်ပညာ) — October 1, 2009 @ 1:43 pm
  37. အစ်မရေ short story တစ်ခုရေးဖို့ ကြိုးစားနေတာ အခုထိ တစ်ကြောင်းတောင်မပြီးသေးဘူး။ intro မှာကိုပဲကကြိုးကကြောင်ဖြစ်နေတယ်။
    Comment by zwesoelwin — October 1, 2009 @ 8:25 pm
  38. ဆိုင်တွေက ဈေးတင်ပြီး ရောင်းနေ လားမသိသေးဘူး ရန်ကုန် ရောက်မှဘဲ စာအုပ်ဆိုင်သွားရမှာဘဲ။
    ဒါမှမဟုတ် မလေးကို ဘဲ ၁၅၀၀ ပေးလိုက်လို့ရမလား မသိဘူးနော် ဟီး
    Comment by ပရင့်စ် — October 2, 2009 @ 5:36 pm
  39. ShwunMi … အစ်မလည်းကြားပါတယ်.. စာရေးဆရာကြီး သာဂဒိုးတောင် ဒါမျိုးခံရဖူးတာကြားတယ်။ :D
    စာချစ်သူ ... စာမေးပွဲမှာ ကံကောင်းပါစေ။ အစ်မရဲ့ကျန်သောစာများလည်း ရင်ကိုထိစေသားး))
    Evergreen Phyo … ၅ ကြောင်းပြီးလည်း ၅ ကြောင်းသာ တင်တော့။ ဒီစာရေးဆရာက ဟိုးမြောက်ဝင်ရိုးစွန်းက အသစ်ကလေးပါလို့ ပြောလိုက်တော့ကွယ်။
    လင်းဦး(စိတ်ပညာ) … ကျေးဇူးတင်ပါတယ်ရှင်။
    zwesoelwin … စိတ်ထဲရှိရာချရေးပြီးမှာ အစကပြန်ဖတ်ပြီး ပြန်ပြင်ကြည့်ရင်ကော?
    ပရင့်စ် … ကျုန်ုပ်တွင်ရောင်းရန်စာအုပ်မရှိသေးပါ. :D
    Comment by မလေး — October 2, 2009 @ 11:29 pm
  40. စာအုပ်မရမှာကိုမစိုးရိမ်ကြပါနဲ့နော်.
    အုပ်ရေ ၅၀၀ ကို အကြိမ် ၅၀၀၀ ထုတ်ဝေပေးရန် စာရေးသူတာဝန်ဖြစ်ပါကြောင်း။
    ထိပ်ထားမှာထားသောစာအုပ်မရသေးသောကြောင့်စာအုပ်ရပြီးသူများအားအလွန်အမင်းအားကျ(မနာလို)ပါကြောင်း။
    Comment by Htate Htar — October 12, 2009 @ 10:54 am
  41. အစ်မပေးတဲ့အကြံအတွက် ကျေးဇူးပါပဲ။ စာမေးပွဲပြီးရင်လုပ်ကြည့်မှာပါ။ ဒါနဲ့ ကျနော်facebookမှာ ကျနော်now မှာပါတာလေးတင်ထားပြီးပါပြီ။ အစ်မဖတ်ကြည့်လိုက်ပါဦး။
    Comment by zwesoelwin — October 12, 2009 @ 11:42 pm
  42. Htate Htar …. :D
    zwesoelwin … အစ်မလင့်ခ်ကိုသွားလို့မရဘူး။ ဘာမှကို မမြင်ဘူး။ အီးမေလ်းကနေ ပို့ပေးလို့ရမလား
    Comment by မလေး — October 13, 2009 @ 11:08 pm
  43. I’m so happy and impressed. Whatever you wish to get, God gives! It’s so amazing that your book is published!! I’m so happy and proud.
    Comment by Nge (Y.C.A.) — October 19, 2009 @ 3:29 pm
  44. ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် မရဲ့ ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ဆိုတဲ့ စာလေးကို beauty max မှာ ဖတ်လာခဲ့တယ်။ မစာလေးတွေကို ကြိုက်တာ ဟိုးတည်းက။
    ဒီလိုစာအုပ်လေးထုတ်နိုင်တဲ့အတွက် မနဲ့ ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါတယ် မ။
    Comment by မယ်ကိုး — October 24, 2009 @ 4:07 am
  45. အိပ်မက်အရ သတိတရ လာလည်ပါကြောင်း…. စာအုပ်အတွက် ၀မ်းမြောက်ဂုဏ်ယူမိကြောင်း.. တနေ့နေ့ တချိန်ချိန် အပြင်မှာများ ဆုံခွင့်ရခဲ့လျှင် စာရေးဆရာမ လက်မှတ်ထိုးပေးလိုက်တဲ့ စာအုပ်တစ်အုပ်လောက်တော့ လိုချင်မိကြောင်း.. :).. မအိမ့် ကျန်းမာပျော်ရွှင်ပါစေ…။
    Comment by Tesla — October 25, 2009 @ 9:44 am
  46. Nge (Y.C.A.)… thanks nge..
    မယ်ကိုး … ကျေးဇူးနော် မယ်ကိုး… မယ်ကိုးစာလေးတွေလည်း မလေး ကြိုက်တယ်။
    Tesla … အင်.. ကိုတက်စ်ကလည်း အိပ်မက်မက်မှပဲ ပေါ်တော်မူလာတော့၏… ကိုတက်စ်ချန်ထားရစ်နိုင်သော.. ကျန်ရစ်ခဲ့ရသော ကျုန်ုပ်တို့ ဘလောဂါများ ကိုတက်စ်အား မကြာခဏ အိပ်မက်ပေးမှပဲဖြစ်မည်ထင်သည်။း))) သတိရတယ်ကိုတက်စ်ရေ… လက်မှတ်ကျင့်ထားပါမယ်နော်..
    Comment by မလေး — October 26, 2009 @ 12:53 am
  47. အစ်မကို email ကနေပဲကျနော်အသစ်ရေးထားတဲ့ခွဲခွာခြင်းကို ပို့ ပေးလိုက်တော့မယ်။ အလွမ်းကော်ဖီက scan ဖတ်ထားတာဆိုတော့အစ်မ မျက်လုံးမှုန်သွားလိမ့်မယ်
    Comment by zwesoelwin — October 27, 2009 @ 9:05 pm
  48. tapyaythu2000နဲ့ ပဲပို့ လိုက်တယ်နော်အစ်မရေ။ ဒါနဲ့ ဒေါက်တာရဲမြင့်ကျော်ရေးတဲ့ ကြိုးကြာတောင်ပံခတ်သံများ နဲ့ ဒေါက်တာရွှေသွေး ကို ဖတ်ပြီးပြီလား။ ဒေါက်တာဝင်ဝင်းလတ်ရေးတဲ့ ချစ်ခြင်းရဲ့နောက်ဆက်တွဲစာမျက်နှာများကို ရောဖတ်ဘူးလားအစ်မ။ အစ်မရဲ့ ဝေဖန်ချက်လေးနားထောင်ချင်လို့ ပါ။ အဲဒီ သုံးအုပ်ကို ယှဉ်ပြီးတော့လေ။
    Comment by zwesoelwin — October 27, 2009 @ 9:26 pm
  49. ဝမ်းသာပါတယ်၊ မျက်နှာဖုံးပန်းချီ မောင်မောင်သိုက် မှတ်တယ်။ ကောင်းပ့ါ။
    Comment by mmthinker — November 14, 2009 @ 1:36 am
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။
♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif
---------------