♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 16, 2008

လတ်တလော အိမ့်ချမ်းမြေ့

Filed under: tag game — အိမ့်ချမ်းမြေ့ @ 10:07 pm

အမတန်ခူး က တက်ဂ်ထားတာလေး ကိုရေးလိုက်ပါပြီ။

ကိုယ့်ရဲ့နာမည် - ဘယ်လိုပြောရမှန်းတောင်မသိဘူးး)) ဒီအသိုင်းအ၀ိုင်းမှာတော့ တစ်ပြည်သူတဲ့၊ မလေးတဲ့၊ အိမ်ချမ်းမြေ့တဲ့။

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမယ်အရင်းရယ်၊ ပန်းနာမယ်တွေနဲ့ တိရစ္ဆာန်နာမယ်တောင် ပါလိုက်သေး၊ ဥပမာ.. ရင်မွှေးပန်းတို့၊ မြတ်လေးတို့၊ ယုန်လေးတို့ အင်း… ခေါင်ရမ်းပန်းတို့ ကျွဲမ တို့ မခေါ်တာ ကံကောင်း…

ကိုယ်ဒီမှာနေတယ် - စိမ်းမြညိုမှောင်နေတဲ့ တောင်တွေဝန်းရံတဲ့ ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်နေတဲ့ တောင်ကုန်းတွေထူထပ်ပြီး ရှဉ့်လေးတွေပေါများတဲ့ အေးချမ်းတဲ့ မြို့လေးတမြို့မှာနေပါတယ်။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဘယ်သူမှ မဆက်ချင်ဘူးတဲ့… တစ်ကယ်.. အကုန်လုံးကို လိုက်မေးပြီးပြီ

အရောင်ဆိုရင် - ပန်းရင့်ရောင်၊ အစိမ်းရင့်ရောင်၊ အနက်နဲ့အဖြူ

အ၀တ်အစားဆိုရင် - ရိုးရိုးယဉ်ယဉ်လေးတွေကြိုက်တယ်။ အသားတွေ အရမ်းပေါ်နေတာမကြိုက်ဘူး (ချမ်းလို့ပါ :P) နောက်ပြီး သူ့နေရာနဲ့သူလိုက်ဖက်မယ့် အ၀တ်အစားလေးတွေပါ။ brand name နဲ့ ဈေးကြီးအ၀တ်အစားတွေထက် သင့်တင်လျောက်ပတ်တဲ့ အ၀တ်အစားလေးတွေ ကြိုက်တယ်။ ဖိနပ်မြင့်မြင့်တွေတော့ ကြိုက်တယ်။

အစားအစာဆိုရင် - မုန့် ဟင်းခါး၊ လက်ဘက်ရည်နဲ့အီကြာကွေး၊ ရွှေရင်အေး၊ ပဲပြုတ်ထမင်းဆီဆမ်း၊ French toast၊ broccoli keish နောက်ပြီး Cheese Cake!!! :D

ပစ္စည်းဆိုရင် - လူလက်နဲ့လုပ်တဲ့ ပန်းပုရုပ်တုတွေ နဲ့ ဂီတပစ္စည်းတွေ။

သီချင်းဆိုရင် - ကိုယ်ပိုင်သံစဉ်တွေကြိုက်တယ်။ သီချင်းဆိုသူတွေထက် သီချင်းတွေကိုကြိုက်တာပါ။ ပန်းနွယ်ကစိမ်း၊ ရင်ခတ်အလွမ်း၊ လွမ်းရတဲ့ညတွေလွန်ပါစေ.. ဗလရဲ့ ကိုယ်တိုင်ကိုယ်ကျ အဲလိုသီချင်းမျိုးလေးတွေ.. ဆိုသူအမည်တွေကို မပြောမဖြစ် ပြောရမယ်ဆိုရင်တော့ စန္ဒယားလှထွဏ်၊ အနိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ဗလ၊ မွန်းအောင်နဲ့ မာရဇ္ဖ။ (မိန်းကလေးအဆိုတော် မပါဘူးနော်.. အတင်းညှစ် စဉ်းစားတာတောင် ထွက်မလာဘူး) အင်း.. ထွန်းအိန္ဒာဗိုလ်ရဲ့ ဝေးခဲ့ကြပြီကိုကြိုက်တယ်။ မြန်မာသီချင်းတွေနဲ့ ဝေးတာ ဆယ်စုနှစ်တစ်ခုကျော်သွားလို့ နောက်ပိုင်းလူတွေကို သိပ်မသိတော့ဘူး။ အင်္ဂလိပ်သီချင်းတွေက မြန်မာသီချင်းတွေလောက် စာသားတွေက ကဗျာမဆန်လို့ သိပ်မစွဲလန်းဘူးရှင့်။

စာရေးဆရာ - R. Tagore, Arundhati Roy.. (အိန္ဒိယ စာရေးသူတွေချည်းပဲနော်)

စာအုပ် - အဲဒီမှာ ကြည့်လိုက်ကြပါနော်။

Life style – အဲ.. အဲဒါကိုဘာရေးရမှန်းမသိလို့ အမတန်ခူးနဲ့ မောင်မျိုးဆီသွားကြည့်တာ သူတို့ရေးထားတာတွေ သဘောကျပေမယ့် ကူးချလို့မဖြစ်တော့.. အင်း.. ဘယ်လိုပြောရမလဲ.. ပူလောင်တဲ့ ပြိုင်ဆိုင်မှုတွေ နဲတဲ့နေရာမှာ အေးအေးလေးကြိုးစားပြီးနေနေတယ်လို့ ဆိုလို့ရပါတယ်။ ဒါဟာ အတ္တပုံဆောင်ခဲတစ်ခုရဲ့ ပြယုဒ်လို့ ဆိုလို့လဲ ရနိုင်ပါတယ်။ (ပြောရင်း စီးရီးယစ်က ဖြစ်လာပြန်ပြီ)

ကိုယ့်ရဲ့ဝါသနာ - စာရေးတယ်၊ ဂစ်တာတီးတယ်၊ သီချင်းရေးတယ်၊ အိမ်ရှင်းတယ်၊ ပန်းပျိုးတယ်၊ အားကစားလုပ်တယ်၊ အလေးမတယ် (၅ ပေါင်အလေး.. အဟွန်း)

အလိုချင်ဆုံးလက်ဆောင် - ရုံးရှေ့မှာ မထင်မှတ်ပဲ အမှတ်တမဲ့မြင်လိုက်ရမယ့် … သူ ….
(ပင်စင်မယူခင်ထိ မျှော်နေမယ်နော်)

ကိုယ့်ရဲ့အချစ်ဆုံးသူက - မျက်လုံးဝိုင်းနဲ့နှုတ်ခမ်းထော်

ကိုယ့်ရဲ့အလေးစားဆုံးသူက - လူတိုင်းက သူ့ဟာနဲ့သူ လေးစားစရာတွေက ရှိနေပါတယ်။

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ရုပ်ရှင်လက်မှတ်လေးနှစ်စောင် ထဲက သူပါ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ညီမလေး (ရှုး တိုးတိုး… သူ မသိပါစေနဲ့)

ကိုယ့်ရဲ့အမုန်းဆုံးသူက - အဲဒါတော့ မရှိသေးဘူး၊

ရင်အခုန်ဆုံးအချိန် - အပြေးလေ့ကျင့်နေတဲ့အချိန်

အကြောက်ဆုံးအချိန် - သူမချစ်တော့မှာစိုးမိတဲ့အချိန်

အမှတ်တရနေ့  - ၂ရက် ၃ရက် ၄ရက် ဂရက် ၁၀ရက် ၁၂ရက် ၁၃ရက် ၂၀ရက် ၂၂ရက် ၂၄ရက် ၃၀ရက်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အချစ်ဆုံးနဲ့ပြန်ဆုံပြီး ထာဝရအတူနေပါရစေ။

အချစ်ဆိုတာ - ဟိုမုန်းတွေနဲ့ကယ်မီကယ်လ်တွေပါ။

အမုန်းဆိုတာ - တဒင်္ဂခံစားချက်တစ်ခု

အလွမ်းဆိုတာ - မထွေးနိုင်မမြိုနိုင်တဲ့အရသာ

သံယောဇဉ်ဆိုတာ - ရင်ထဲက ကန့်လန့်ဖြတ် သံတန်းကြီးတစ်ခု

ဘ၀ဆိုတာ - ကစားပွဲတစ်ခု၊ ပြဇာတ်တစ်ခု၊ သုတေသနတစ်ခု၊ စမ်းသပ်မှုတစ်ခု၊ နောက်ဆုံး အိပ်မက်တစ်ခုလဲဖြစ်နိုင်ပါတယ်။

သူငယ်ချင်းဆိုတာ - စိတ်ဆိုးပြီး အဖုအထစ်မရှိ ပြန်ခေါ်ကြတဲ့သူတွေ

ချစ်သူဆိုတာ - ကဗျာတို့ရဲ့ သခင်၊ အသည်းကိုနွေးစေတဲ့ ဘုရင်၊ မွှေးပျံ့တဲ့ပန်း၊ သင်းပျံ့တဲ့လေပြေ၊ အတောင်ပံများအောက်က တွန်းအား၊ နှုတ်ခမ်းမှာ တိတ်တခိုးအပြုံးတစ်ခု ဖန်တီးပေးသူ နဲ့ ကျမရဲ့မျက်လုံးထဲမှာ နူးညံ့ယဉ်ကျေးလို့ အလှပဆုံးသောအရာ

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - အားနာတတ်တယ်၊ စကားပြောရင်လိုရင်းမရောက်ဘူး၊ (စကားကို မပြောချင်တာပါ.. စာပဲရေးချင်တယ်.. ဖြစ်နိုင်ရင် တယ်လီပသီရှိရင်ကောင်းမယ်) ကိုယ့်ကိုဆော်လို့ဆော်နေမှန်းမသိဘူး (ကံကောင်းရင် တပတ်လောက်နေမှ ဟာ.. ဒါ ငါ့ကိုဆော်သွားတာပါလားဆိုပြီးဖြစ်တယ်)။ အရမ်းမြိုသိပ်လို့ ပေါက်ကွဲမှုပြင်းထန်တယ်။ ဒီလိုနဲ့ ဆယ်သုံးနှစ်သမီးဘ၀ထဲက သေနတ်ပစ်လက်ဖြောင့်တော့တာပါပဲ .. အဲဒါကြွားတာ… (မဟုတ်ပါ.. တစ်ကယ်ကြီးပါ မယုံရင် နို့ဆီခွက်တွေကို မေးကြည့်ပါ) နောက်ပြီး သဘာဝအလှအပမှာ တိမ်းမူးတတ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျတယ်။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ကမ္ဘာမှာ ဒီယာယီတဲ့ရဲ့ သက်တမ်းက ရက်ပေါင်းသုံးသောင်းကျော်ကျော်လေးပါ။

အပြောချင်ဆုံးစကားတခွန်း - များလွန်းလို့ ဘယ်က စရမှန်းမသိတော့ပါဘူးရှင်။

သိုးမလေးကို တက်ဂ်တယ်…း))

8 Comments »

  1. စာချင်း ရင်းနှီးတဲ့ မလေးက တက် တယ်ဆိုလို့ ၀မ်းသာမိတယ်။ ရင်ထဲမှာတစ်မျိုးပဲ… မလေးရေ… ပေါ့ပေါ့ပါးပါးလေး ရေးရမှာတွေကိုပဲ လက်တွန့်နေသလိုမျိုး၊ ထူးခြားမှု သိပ်ရှိမှာမဟုတ်ပေမဲ့ ဒီနေရာမှာပဲ ကော်မန့်အနေနဲ့ ပြန်ရေးပါရစေနော်။ အဲဒါလေးတော့ ခွင့်ပြုပါ။

    Comment by အေးချမ်းသူ — September 17, 2008 @ 4:25 am

  2. ကြိုက်တာရေး ညီမလေးရေ ဂိမ်းပဲဟာနော်.. အဆင်ပြေသလိုလုပ်ပါရှင်။

    Comment by မလေး — September 17, 2008 @ 7:31 am

  3. မလေးက အိမ်ပြောင်းသွားတာ ကြာလှပေါ့။ အကြောင်းလည်း မကြား။

    Comment by ponyate — September 17, 2008 @ 6:23 pm

  4. ကိုယ့်ရဲ့နာမည် - *** ၊ ဒီရပ်ဝန်းထဲမှာတော့ မလေးလိုပဲ အများစုက သိုးလေး လို့ ခေါ်ကြတယ်။

    ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမည်ရဲ့ ထပ်ဆုံးအလုံးကို နှစ်ခါဆင့်ခေါ်တယ်။ တစ်ယောက်ကတော့ ရှေ့ဆုံးတစ်လုံးပဲ ခေါ်တယ်။

    ကိုယ်ဒီမှာနေတယ် - ကိုယ့်ရဲ့အိမ်အပြန်ကို မျှော်လင့်စောင့်ကြိုနေတဲ့ မေမေ့ကို မြင်လိုက်ရတာနဲ့ စိတ်ပင်ပန်းမှုတွေ ပြေပျောက်သွားစေတဲ့အတွက် ကိုယ့်အတွက်တော့ တစ်ခုတည်းသော ချမ်းသာဘုံလေးပေါ့။

    ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - အဲဒီလိုရှိမှဖြင့် ကိုယ်က စခေါ်လိုက်တာ ကြာပေါ့ :)

    အရောင်ဆိုရင် - အဖြူ၊ အရောင်ဖျော့ဖျော့လေးတွေနဲ့ အနက်။

    အ၀တ်အစားဆိုရင် - တီရှပ်ပွပွနဲ့ ရှော့ပင် ဒါမှမဟုတ် ဂျင်းပင်ဟာ အိမ်မှာနေတဲ့ အမြဲလိုလိုဝတ်စုံပေါ့။ ကျန်တဲ့အချိန်တွေမှာတော့ သင့်လျော်ရာ ၀တ်တယ်။ ဘယ်တော့မှမရိုးအောင် နှစ်သက်တာတော့ မြန်မာဆန်ဆန်ဝတ်စုံ။

    အစားအစာဆိုရင် - အသီးအရွက်ကို ကြိုက်တယ်။ အမြဲပဲ စားတယ်။ အသားငါး သိပ်မစားဖြစ်ဘူး။ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ လက်ဖက်သုပ် ကြိုက်တယ်။

    ပစ္စည်းဆိုရင် - အစွဲအလမ်းနဲ့ သုံးလေ့မရှိဘူး။ အဆင်ပြေသလိုပဲ။

    သီချင်းဆိုရင် - နှစ်သက်တဲ့သီချင်းတွေကတော့ အများကြီးပဲ။ အဆိုတော်အနေနနဲ့ဆိုရင် မာရဇ္ဖ၊ မဒီ။ မဒီရဲ့ “အသည်းကွဲမြို့တော်” နဲ့ “စွန်” သီချင်းနှစ်ပုဒ်ကိုတော့ အမြဲလိုလို ညည်းဖြစ်တယ်။

    စာရေးဆရာ - စာရေးဆရာနဲ့ စာအုပ်တွေကတော့ အကြိုက်ဆုံးတွေ အများကြီးပဲ။ အိမ်မှာတောင် လူနေစရာမရှိလောက်အောင်ကို များနေလို့။ နာမည်မကြီး မထင်ရှားပေမဲ့ တစ်ခါတစ်ခါ သူတို့ထဲက အသိအမှတ်ပြုရလောက်တဲ့ စာကောင်းလေးတွေလည်း တစ်ကြောင်းတလေ ပါတတ်တာပဲ။ ဒါကြောင့် ဘယ်သူရယ်၊ ဘာရယ်လို့ အတိအကျ မပြောတော့ပါဘူး။

    စာအုပ် - ။ ။

    Life style – လောကကြီးမှာ ဘာတွေ ဘယ်လိုဖြစ်မယ်ဆိုတာ ကြိုတင်မသိတဲ့အတွက် ဘ၀ပုံစံကိုလည်း ဘယ်လိုဖြစ်ချင်ပါတယ်လို့ အတိအကျ မရည်ညွှန်းလိုပါဘူး။ ဒါပေမဲ့ အဆုံးတစ်နေ့ရောက်ရင်တော့ မြန်မာပြည်ရဲ့ မေမေရော၊ ကိုယ်ပါ နှစ်သက်တဲ့နေရာလေးမှာ ခရီးဆုံးကို အေးချမ်းစွာ တူတူဖြတ်သန်းချင်တာပါပဲ။

    ကိုယ့်ရဲ့ဝါသနာ - ချက်ထိုးတာ။ (ဒါပေမဲ့ 1998 ခုနှစ်နောက်ပိုင်းကစပြီး ခုချိန်ထိ မကစားဖြစ်တော့သလို နောင်လည်း ဘယ်တော့မှ ကစားဖြစ်တော့မယ်မထင်ဘူး)

    အလိုချင်ဆုံးလက်ဆောင် - ဘလော့မှာ ရေးခဲ့ဖူးတဲ့ “အသံတိတ်ညည်းချင်း” ထဲကလို ဆုတောင်း။

    ကိုယ့်ရဲ့အချစ်ဆုံးသူက - မေမေ

    ကိုယ့်ရဲ့အလေးစားဆုံးသူက - ကောင်းတဲ့အချက်လေးတွေကိုပဲ ကြည့်ပြီး အကောင်းမြင်တတ်တဲ့ စိတ်ကို မွေး လို့ မေမေက သင်ပေးထားလို့ …

    ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - နာမည်ခေါ်ရင် ရှေ့ဆုံးတစ်လုံးပဲခေါ်တဲ့ မိတ်ဆွေ။

    ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - မေမေက လွဲရင် သူပဲ။

    ကိုယ့်ရဲ့အမုန်းဆုံးသူက - တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင် ဖြစ်နေတာကလွဲလို့။

    ရင်အခုန်ဆုံးအချိန် - ပထမဆုံးအကြိမ် သူ့ရှေ့မှာထိုင်ပြီး သူပြောတာတွေ နားထောင်မိတဲ့အချိန်။

    အကြောက်ဆုံးအချိန် - ဖေဖေ့ရင်ဘတ်ပေါ် ပါးအပ်ပြီး ရင်ခုန်သံတွေ နားထောင်ခဲ့တဲ့အချိန်။ (ရင်ခုန်သံ တချက်ချက်လေး ဘယ်အချိန် ရပ်တန့်သွားမလဲဆိုတာကို ကြောက်ရွံ့ခြင်းကြီးစွာနဲ့ပေါ့)

    အမှတ်တရနေ့  - မရှိခဲ့ဘူးလိုပဲ။

    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမယ့်ဆု - နောက်ဆုံးအသက်ရှူချိန်လေးမှာ မေမေ့ကို မြင်ချင်တယ်။

    အချစ်ဆိုတာ - ခုချိန်ထိ ကောင်းကောင်းနားမလည်သေးပါဘူး။

    အမုန်းဆိုတာ - မရှိသင့်တဲ့အရာ။

    အလွမ်းဆိုတာ - ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့ အဆိုးဆုံး ပညတ်ချက်တစ်ခုပဲ။

    သံယောဇဉ်ဆိုတာ - မသိလိုက်မသိဘာသာနဲ့ တငွေ့ငွေ့လောင်ကျွမ်းတဲ့ မီး

    ဘ၀ဆိုတာ - အိပ်မက်သံသရာ

    သူငယ်ချင်းဆိုတာ - ရှိသင့်ပါတယ်

    ချစ်သူဆိုတာ - သိပ်နားမလည်ပါဘူး (အဲဒီလိုပဲ ယူဆထားလိုက်တယ်)

    ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - အရမ်းသီးခြားဆန်တယ်။ သနားတတ်တယ်။ (စကားကို မပြောချင်တာပါ.. စာပဲရေးချင်တယ်.. ဖြစ်နိုင်ရင် တယ်လီပသီရှိရင်ကောင်းမယ်) အဲဒီ မလေးရဲ့အဆိုကို အပြည့်အ၀ ထောက်ခံတယ်။

    ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - Benevolence, above all else.

    အပြောချင်ဆုံးစကားတခွန်း - အပြောချင်ဆုံးပါပဲ။

    Comment by အေးချမ်းသူ — September 20, 2008 @ 5:48 am

  5. သိုးလေးရေ..
    ရေးပေးတာကျေးဇူးအရမ်းတင်တယ်နော်..

    မလေးလဲ မာရဇ္ဖအရမ်းကြိုက်တယ်..
    ချက်စ် တစ်နေ့လောက် ပြိုင်ထိုးရအောင်လားး))

    ဘ၀ဆိုတာ တစ်ကယ့် အိပ်မက်သံသရာဆိုရင်…
    အင်းးး
    တချို့အရာလေးတွေ အိပ်မက်တော့ မဖြစ်ချင်ဘူးကွယ်..
    တစ်ကယ်ကို ကြုံဆုံထိတွေ့ ခံစားခဲ့ရတော့လေ…

    Comment by မလေး — September 20, 2008 @ 9:11 pm

  6. ဒီပို့ စ်လေးမှာ မအိမ့်ရေးထားတာ ကော မအေးချမ်းသူ ရေးထားတာပါ ကောင်းလိုက်တာ ၂ ယောက်စလုံး မောင်နှမတွေအောင့်မေ့ရအောင် ခံစားချက်တော်တော်များများတူနေကြပါလားး အကြောက်ဆုံးအချိန်လေးဖတ်ပြီးရင်ထဲမှာတစ်မျိုးလေး ခံစားလိုက်ရတယ် မအေးချမ်းသူ ……။

    Comment by မောင်မျိုး — September 25, 2008 @ 7:16 am

  7. ဟုတ်တယ်.. မလေးစိတ်ထဲမှာလဲ အဲလိုပဲခံစားရတယ်.. အနည်းဆုံးတော့ အရင်တုန်းက ညီအစ်မဖြစ်ခဲ့လိမ့်မယ်ထင်တယ်..
    သိုးလေးရဲ့ Benevolence, above all else ကိုဖတ်မိတိုင်း it renews my belief in humanity.

    Comment by မလေး — September 26, 2008 @ 7:36 am

  8. အွိ.. သေနတ်ပစ် လက်ဖြောင့်တယ်တဲ့.. တူသွားပြီ.. အဖော်ရလို့ ပျော်သွားပြီ။ မလေး လက်ဖြောင့်တာ stable target, floating target နဲ့ flying target သုံးခုလုံးလားဟင်… လှိုင်ကတော့ နောက်ဆုံး target ကို မထိတချက် ထိတချက်ပဲ … လိုသေးတယ် ဟဲဟဲ

    Comment by ခွန်မြလှိုင် — September 28, 2008 @ 10:49 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------