♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 6, 2016

ကိုယ်နှင့်ကိုယ်သာ ယှဉ်ပြိုင်ရာ

Filed under: အတွေးအမြင်, ဆောင်းပါး, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 10:08 am

  me.jpg

ဒီမှာက အစိုးရ ကျောင်းတွေမှာ ကျမတို့ငယ်စဉ်ကလို ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ချီးမြင့်တဲ့ ပညာရည်ချွန်ဆုပေးပွဲတွေ မရှိပါဘူး။
ကြုံလို့ပြောရမယ်ဆိုရင်.. ဆရာကန်တော့ပွဲတွေလည်း မရှိပါဘူး (မရှိရဘူး မဆိုလိုပါဘူး။ သူ့တိုင်းပြည်နဲ့သူ ရှိသင့်ပါတယ်။ မရှိကြောင်းသာ ပြောပြခြင်းပါ.. အဖွားတွေ အဒေါ်ရင်းတွေကိုယ်တိုင် ဆရာမများ၊ ကျောင်းအုပ်များဖြစ်ပါတယ်)
အတန်းတွေထဲမှာလည်း အတော်ဆုံးဆိုတာ မရှိသလို အညံ့ဆုံးဆိုတာလည်း မရှိပါဘူး။ ဘာသာရပ်တစ်ခုချင်းစီမှာ Grade A, B, C စသည်ပဲ ခွဲပါတယ်။ ကိုယ်က သခ်ျာမှာ A ရသော်လည်း Health မှာ C ရချင်ရမယ်။ ကိုယ့်သူငယ်ချင်းဖြစ်သူက သခ်ျာမှာ B ရသော်လည်း သိပ္ပံမှာ A ရချင်ရမယ်။

ရီပို့ကဒ်ပေးရင်လည်း စာအိတ်လေးကိုယ်စီနဲ့ ပေးပါတယ်။ သူငယ်ချင်းတွေကြားထဲ A တွေချည်းပဲရသလား၊ B ဘယ်နှစ်ခုလည်း C ဘယ်နှစ်ခုလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ရှဲချင်ရှဲကြပေမယ့်၊ အတန်းထဲမှာကတော့ ဘယ်သူအတော်ဆုံးဆိုတာ မရှိပါဘူး။
ရှိခဲ့ရင်တောင် ဆရာ/ဆရာမတွေမှာ ကလေးတွေ စိတ်ကြီးဝင်အောင် သို့မဟုတ် စိတ်အားငယ်အောင် ပြုမူပြောဆိုခြင်း မရှိ/မရှိရပါဘူး။

အတန်းသားအချင်းချင်း သူတစ်လူငါတစ်မင်း စာပြိုင်တာ မရှိတော့ပါဘူး။ ပြိုင်မယ့်ပြိုင် ကိုယ့်ပေပါနဲ့ကိုယ်ပြိုင် ရတာဖြစ်ပါတယ်။ ကိုယ့်တီထွင်နိုင်တဲ့ ဥာဏ်နဲ့ကိုယ် ပြိုင်ရတာ ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုယ်သာ ပြိုင်ခြင်း ဖြစ်သွားပါပြီ။

လူ့လောကမှာလည်း ဒီလိုပဲ မဟုတ်ပါလား။ အတော်ဆုံးလူသား.. အညံ့ဆုံးလူသား ဆိုတာတွေထက်
လူတိုင်း ကိုယ်ကျွမ်းကျင်ရာ လိမ္မာကြတဲ့သဘောပါ။
(ကျမ ကလေးဘဝက.. မိဘတွေ/ဆရာသမားတွေကို စကားလုံးတွေနဲ့ တိတိကျကျ မရှင်းပြနိုင်ခဲ့တဲ့.. ကျမနှလုံးသားထဲက ဦးနှောက်သေးသေးလေးထဲက
မတောက်တခေါက် သီအိုရီတွေကို တစ်ကယ်လက်တွေ့ကျင့်သုံးတဲ့ နေရာတွေ ရှိနေတာသိရခဲ့တယ်)

ပြည်နယ်ဂီတပွဲတော်တွေမှာကတော့ Private Music Festival သဘောမျိုးမို့ medal တွေပေးပါတယ်။ ဒါတောင်.. လူရှေ့မှာ ဘယ်သူကရွှေရတယ်၊ ဘယ်သူကငွေရတယ် မကြေငြာပါဘူး။
အချင်းချင်းပြိုင်တာ မဟုတ်ဘဲ.. ကိုယ်တီးတဲ့သီချင်း ဘယ်လောက်မှန်အောင်.. ကောင်းအောင်တီးနိုင်သလဲ အပေါ်မှာ အမှတ်ပေးတာပါ။

ပွဲပြီးရင် စာအိတ်လေးတွေ ကိုယ်စီရတယ်။ ခမ်းမအပြင်ကို အားလုံးအထွက် တန်းစီရင်းမှ စာအိတ် ရတာပါ။ ပြီးမှ ကားထဲဝင်ထိုင် ရင်ခုန်စွာနဲ့ စာအိတ်ကိုဖောက်ကြည့်ရတယ်။ အဲဒီမှာမှ ရွှေဆိုရွှေ၊ ငွေဆိုငွေ၊ ကြေးဆိုကြေး သိရပါတယ်။ ရွှေသမားတွေက medal ချီးမြင့်ပွဲဖိတ်စာတစ်ခါတည်း ရပါတယ်။

သမီးလေးကတော့ ဒီနှစ်
(ဖရေဇာတောင်ကြား) ဂီတပွဲတော်မှာ
သီချင်းနှစ်ပုဒ်လုံးတွက်
ရွှေတံဆိပ်နှစ်ခုရပါတယ်။ အရင်နှစ်တွေတုန်းကရွှေရဖူးသလို၊ ငွေတံဆိပ်လည်းရဖူးပါတယ်။ ပထမဆုံးနှစ် အသက်၅နှစ်တုန်းကတော့ ဘာဆုမှ မရခဲ့ပါဘူး။

ကိုယ်တိုင်က ဆုတံဆိပ်တွေကို တက်မယူချင်လို သီအိုရီတွေတတွတ်တွတ်ရွတ်ပြီး မိဘကို အခါခါ ဂျစ်ကြခဲ့ဖူးပေမယ့် .. ကိုယ့်သမီးလေးအလှည့်မှာတော့ တပြင်ပြင်ဖြစ်တာ ဝန်ခံရင်း..
တလက်စတည်း သူဆွဲထားတဲ့ ပုံလေးတွေကိုပါ ချစ်လို့ တင်ခွင့်ပြုရန်တောင်းပန်ရင်း…။

ပတ်ဝန်းကျင်ကလူတွေနဲ့ ယှဉ်ပြိုင်ပြီး ကိုယ့်လောက်မှ မတော်ရင် မအောင်မြင်ရင် ကိုယ်ကစိတ်ကြီးဝင်၊ ကိုယ့်ထက်အောင်မြင်ရင် ကိုယ်က မနာလိုတဲ့ စိတ်တွေမရှိစေတဲ့.. မိမိကိုယ်နဲ့သာမိမိ ယှဉ်ပြိုင်တဲ့ စစ်မှန်တဲ့ ယှဉ်ပြိုင်ခြင်းတွေနဲ့သာ ဖြစ်ကြပါစေ.. လို့..

~~ ဘယ်သူလာပြိုင်ပြိုင်.. ပြန်ပြီးမပြိုင်နဲ့၊ ကိုယ်ကလည်း သူများကို အရင်သွား မပြိုင်နဲ့၊ Just challenge yourself!! ~~

အိမ့်ချမ်းမြေ့

စာဖတ်သွားသူများရဲ့ မှတ်ချက်လေးတွေ အမှတ်တယ သိမ်းထားပါရစေရှင်..

ss.JPG

ss1.JPG

ss2.JPG

ss3.JPG

ss4.JPG

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------