♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 9, 2015

ကျမ မသိသော..စတော်ဘယ်ရီပင်အောက်က စာရေးဆရာမသို့

Filed under: အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 3:35 pm

စာရေးသူက ငယ်စဉ်ကတည်းက သရက်သီးလောက်ပဲ ကြိုက်တော့ စတော်ဘယ်ရီသီးကို ဂရုမစိုက်မိခဲ့ဘူး။ စတော်ဘယ်ရီချယ်ရီ သီချင်း မူရင်း Summer Wine ကိုတော့ ဖေဖေနဲ့မေမေက ဖွင့်ရင်တော့ ကြုံလို့နားထောင်ဖူးတယ်။ ဒါပေမယ့် စတော်ဘယ်ရီချယ်ရီရောရင် အတော်အတန် ဘာဖြစ်တယ်ဆိုလည်း … အဲဒီသီချင်းကို ခံစားလို့ မရခဲ့ဘူး။

ရန်ကုန်က အချို့သူငယ်ချင်းယောင်္ကျားလေးတွေကိုယ်တိုင်ကလည်း ချယ်ရီသီးဆိုတာတောင် ကောင်းကောင်းမမြင်ဘူးခဲ့တော့ စတော်ဘယ်ရီချယ်ရီဆိုတာ ကာရန်မိအောင် ရောချပြီး စိတ်ကူးယဉ် သီချင်းလုပ်ရေးထားတာ၊ စတော်ဘယ်ရီနဲ့ ချယ်ရီကို ရောပြီး အရည်သောက်လုပ်လို့ မရဘူးတောင် လက်သီးလက်မောင်းတန်း အာဘောင်အာရင်းသန်သန်နဲ့ကို ဆိုခဲ့ကြသေးတာ။

ဒီလိုနဲ့ စတော်ဘယ်ရီတွေ၊ ချယ်ရီတွေ အပြုံလိုက်ပေါက်တဲ့ တိုင်းပြည်ကို ရောက်လာတယ်ဆိုပါတော့။ စာရေးသူအရင်အိမ်ရဲ့ခြံနောက်မှာတင် စတော်ဘယ်ရီပင်တွေ၊ ချယ်ရီပင်တွေ အစုလိုက်အပြုံလိုက်။ မြေသြဇာကလည်း လွှတ်ကောင်းတော့ စတော်ဘယ်ရီပင်တွေဆိုတာ အမြစ်ကလေးကျတာနဲ့ အတန်းလိုက်ကို ပေါက်တော့တာ။ မနိုင်နိုင်အောင်ပဲ။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နောက်က စတော်ဘယ်ရီခင်းထဲမှာ စတော်ဘယ်ရီပင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေးတစ်ခုကို နားစွန်နားဖျားကြားလိုက်တယ်။ စတော်ဘယ်ရီပင်အောက်မှာ စာရေးဆရာမတစ်ယောက်က ထိုင်တယ်ဆိုလား။ စတော်ဘယ်ရီပင်ဆိုတာက ပုပုသေးသေးလေးကို ဘယ်လိုထိုင်မှာလဲ၊ အဲဒီအချစ်ဝတ္ထုရေးတဲ့ စာရေးဆရာမက မဟုတ်တာတွေရေးသလားမသိဆိုတဲ့ အကြောင်းပြောနေတာကို နားစွန်နားဖျား ကြားလိုက်တာပါ။

စာရေးသူကလည်း ပြောရမယ်ဆိုရင် အချစ်ဝတ္ထုကို သိပ်ဖတ်ဖူးခဲ့သူ မဟုတ်ဘူးဆိုတော့ စတော်ဘယ်ရီပင်အောက်က ခုံမှာထိုင်တယ်လို့ ရေးတဲ့ စာရေးဆရာမကို ယခုထိ ဘယ်သူမှန်းမသိသလို၊ ဘယ်ဝတ္ထုမှန်းလည်း မသိဘူး။

ဒီကိစ္စက အဲဒီမှာတင်ပြီးမသွားဘူး။ မျက်နှာစာအုပ်တွေပေါ်လာတော့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ပျိုးခင်းလေးကို ‘ပန်းပျိုးလက်’ လို့ အယ်ဘမ်အမည်တပ်ပြီး၊ ပန်းပင်မျိုးစုံသာမက၊ သခွား၊ ငရုတ်၊ ပူစီနံ၊ အပြင် စတော်ဘယ်ရီပင်လေးတွေပါ ဓာတ်ပုံတင်တယ်။ အဲဒီမှာ ခင်မင်နေတဲ့ အစ်မတွေ အစ်ကိုတွေက ကော့မန့်လာရေးတာမှာ အဲဒီ စတော်ဘယ်ရီစာရေးဆရာမအကြောင်း ပါလာပြန်တယ်။ ဒီလောက်အပင်သေးသေးလေးအောက်မှာ စာရေးဆရာမတစ်ယောက်က ခုံလေးနဲ့ထိုင်တယ် ရေးဖူးတယ်ဆိုတဲ့အကြောင်း။

စတော်ဘယ်ရီပင်အကြောင်းကောင်းကောင်းသိပုံမရ ရေးတယ်လို့ လူတွေက ဆိုကြကြောင်း ကြားရပြန်တယ်။ အဲဒါကတော့ နှစ်ထောင့်ဆယ့်တစ် ခုနှစ်တုန်းကပါ။

ဒီလိုနဲ့ မနေ့က …. ဆရာမပုညခင်ရဲ့ ခေတ်ထဲက ရသ၊ ရသထဲက ခေတ် စာတမ်းလေးကို သဘောကျနှစ်သက်စွာ တပြုံးပြုံးဖတ်နေတုန်း စတော်ဘယ်ရီပင်အောက်က စာရေးဆရာကို သွားတွေ့လိုက်ပြန်တယ်။ အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာ/ဆရာမတွေကို အလှောင်ပြောင်မခံရဘို့ စတော်ဘယ်ရီပင်ဘယ်လိုပုံစံမသိဘဲ၊ စတော်ဘယ်ရီပင်အောက်ထိုင်တယ်လို့ ရေးမိသလို မဖြစ်စေဖို့ လူတွေက ထိုဆရာမအဖြစ်ကို ဥပမာပေးပြီး အချစ်ဝတ္ထုရေးသူတွေကို ဆိုတတ်ကြတယ်ဆိုတဲ့အကြောင်းလေးပါ။

အဲဒီမှာ…. စတော်ဘယ်ရီပင်အောက်မှာ ထိုင်တယ်ရေးမိတဲ့ ဘယ်သူမှန်းမသိတဲ့ အဲဒီအချစ်ဝတ္ထုရေးတဲ့ ဆရာမက တော်တော်ကိုနေနိုင်တယ်လို့ တွေးလာမိတယ်။

လူတွေဘယ်လိုထင်ထင် ထားလိုက်တတ်တဲ့ စာရေးသူတောင်မှ အဲဒီဆရာမကို အံ့သြလာမိတယ်။ လှောင်ပြောင်နေသူတွေကို ဥပေက္ခာပြုနေနိုင်တဲ့ ခံနိုင်ရည်စွမ်းကိုလည်း အတုယူလိုက်မိတယ်။

စာရေးသူဟာ ကနေဒါရဲ့သစ်သီးသစ်နှံတွေ အလျှံပယ်စိုက်ပျိုးတဲ့ အိုကာနာဂန်တောင်ကြားဆိုတဲ့ တောင်ကြားမြို့တစ်မြို့ကို နွေရာသီတိုင်းလိုလို အပမ်းဖြေခရီးထွက်ဖြစ်တယ်။ အဲဒီမြို့ကိုရောက်တိုင်း ပူနွေးတဲ့ရာသီနဲ့ မွှေးပျံ့တဲ့ သစ်သီးရနံ့တွေဟာ စာရေးသူရဲ့စိတ်ကို အေးငြိမ်းစေလို့ပဲ။ တစ်မြို့လုံးဟာ ပန်းရနံ့တွေ မွှေးထုံသင်းလိုက်တာဆိုတာ ညလေတွေ တဝူးဝူးမှာ ဆွတ်ပျံ့မိန်းမူးဖွယ်ရာ ဆံပင်တွေထဲအထိတောင် မွှေးပျံ့နေတာ။

အဲဒီမြို့ရောက်တိုင်း ဆွေစဉ်မျိုးဆက် ခြံစိုက်စားတဲ့ ခြံသမားတွေနဲ့ စကားစမည်ပြောဖြစ်တော့ ဘာပြောဖြစ်တယ်လို့ ထင်ကြပါသလဲ။ စာရေးသူလို လူမျိုးက ရင်ထဲမှာ တအုံနွေးနွေးဖြစ်နေရတဲ့ စတော်ဘယ်ရီပင်အကြောင်း မမေးဘဲ နေပါ့မလားနော်။ ဟုတ်ကဲ့၊ မေးမိပါတယ်။
အဲဒီမှာ သိလာခဲ့ရတာ စတော်ဘယ်ရီ tree နဲ့ စတော်ဘယ်ရီ plant နဲ့ မတူဘူးဆိုတဲ့ အကြောင်းလေးပါပဲ။

စတော်ဘယ်ရီပင်အောက်မှာ ထိုင်တဲ့ အချစ်ဝတ္ထုဆရာမရေးတဲ့ အပင်ကြီးတွေဟာ အပင်မျိုးစားပေါ်မူတည်ပြီး
အရောင်သွေး အနံ့အရသာမတူတဲ့ ဘယ်ရီသီးမျိုးစုံသီးတတ်တဲ့ စတော်ဘယ်ရီလို့ခေါ်တဲ့ အပင်ကြီးမျိုးတွေ…လား ဆိုတာ….။

အနောက်ဥရောပ နဲ့ မြေထဲပင်လယ်ထဲက Arbutus unedo (Ericaceae) ဆိုတာ အမြင့်ပေ ၂၀ ထိရှိနိုင်တဲ့ စတော်ဘယ်ရီပင်။

အမေရိကန်အပူပိုင်းဒေသတွေမှာပေါက်တတ်တဲ့ Muntingia calabura (Malvaceae) ဆိုတာ အမြင့်ပေ ၆၅ပေထိ ရှိနိုင်တဲ့ စတော်ဘယ်ရီပင်။

မြောက်အမေရိကတိုက်မှာ ပေါက်တဲ့ Pacific Madrone လို့ခေါ်တဲ့ Arbutus menziesii (Ericaceae) ဆိုတာ ၈၂ပေထိ အမြင့်ရှိနိုင်တဲ့ စတော်ဘယ်ရီပင်။

Myrica rubra (Myricaceae) ဆိုတဲ့ Chinese strawberry tree တောင် ရှိလိုက်သေးသတဲ့။

ခြံသမားတွေပြောပြတဲ့ အမျိုးပေါင်းများစွာသော စတော်ဘယ်ရီပင်တွေရဲ့အကြောင်းတွေကြားမှာ စာရေးသူလည်း မူးဝေသွားခဲ့တယ်။ စာရေးသူအပါအဝင် လူအများသိတဲ့ စတော်ဘယ်ရီဆိုတာ မြေပြင်မှာ ကပ်ပေါက်တဲ့ အသီးနီနီလေးတွေ သီးတဲ့ ခပ်ပုပု စတော်ဘယ်ရီပင်တွေ..။

အနောက်နိုင်ငံက ကဗျာဆရာတစ်ဦးကလည်း စတော်ဘယ်ရီပင်တွေအကြောင်း ကဗျာစပ်ဖူးတာလေး အမှတ်ရမိတယ်။ အလွတ်တော့ မရတော့ဘူး။
စတော်ဘယ်ရီပင်တွေကို လူတွေက စတော်ဘယ်ရီပင်လို့ မခေါ်ကြတော့ဘဲ၊ စတော်ဘယ်ရီနဲ့ ဘာမှမဆိုင်တဲ့ အပင်တွေဟာ စတော်ဘယ်ရီလို့ အခေါ်ခံလာကြရတယ်ဆိုတဲ့ ကဗျာလေး။ အဲဒီတော့လည်း စတော်ဘယ်ရီပင်တွေကို စတော်ဘယ်ရီပင်လို့ မသိတော့ဘဲ၊ စတော်ဘယ်ရီပင်မဟုတ်တဲ့ စတော်ဘယ်ရီ plant တွေဟာ စတော်ဘယ်ရီ tree တွေနေရာမှာ နေရာယူလာခဲ့ကြတာပေါ့။

စတော်ဘယ်ရီပင်အောက်ကခုံမှာထိုင်တယ်လို့ ရေးလို့ လှောင်ပြောင်ခံခဲ့ရတဲ့ အချစ်ဝတ္ထုရေးသူ စာရေးဆရာမဟာ……

အမြင့်ပေ ၂၀ ထိရှိနိုင်တဲ့ အသီးချိုချိုတွေသီးတဲ့ Arbutus unedo စတော်ဘယ်ရီပင်အကြောင်း ရေးခဲ့တာလား….

st.jpg

အမြင့်ပေ ၆၅ပေထိ ရှိနိုင်တဲ့ Muntingia calabura စတော်ဘယ်ရီပင်အကြောင်း ရေးခဲ့တာလား….

st2.jpg

၈၂ပေထိ အမြင့်ရှိနိုင်တဲ့ Pacific Madrone လို့ခေါ်တဲ့ စတော်ဘယ်ရီပင်အကြောင်း ရေးခဲ့တာလား……

 

st3.jpg

ဆိုတာကိုတော့ ဘယ်သူ့ကိုမှ ဖြေရှင်းပြဖို့ မကြိုးစားတော့တဲ့ သူမကလွဲလို့ ဘယ်သူမှ သိနိုင်လိမ့်မယ် မထင်တော့ပါဘူးရှင်..။

အိမ့်ချမ်းမြေ့
9th September 2015

2 Comments »

  1. အဲ… စတော်ဘယ်ရီဆိုလို့ မြေမှာတွားသွားတဲ့ အပင်လောက်သာ သိခဲ့တာ မလေးရဲ့ အခုတော့ စတော်ဘယ်ရီမျိုးပေါင်းစုံကို သိလိုက်ရလို့ ကျေးဇူးပါ … ၀၃

    Comment by တီတင့် — September 9, 2015 @ 7:24 pm

  2. ခုမှသိတယ် အဲလို စတော်ဘယ်ရီ အပင်ကြီးတွေရှိတာကို.. တစ်သက်လုံးသိလာခဲ့တဲ့ အသိတစ်ခုကနေ နောက်ထပ် အမှန်တရားအသစ်တစ်ခုကို သိခွင့်ရတဲ့အတွက် ကျေးဇူးပါ.

    Comment by ငြိမ်းမိန်းကလေး — December 7, 2016 @ 7:36 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------