♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 19, 2015

စိမ့်ဝင်စီးမျောခြင်းများ (၂)

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 3:05 pm

 osmosis3.jpg

 Working hand in hand: Training & Cultural Exchange Programs
(အရပ်သားများအတွက် စစ်ဘက်မှ တံခါးဖွင့်ထားပေးခြင်း)

စစ်မှုထမ်းတွေ အရပ်ဘက်ပြောင်းရွှေ့လာကြတဲ့အခါပဲဖြစ်ဖြစ်၊ အရပ်ဘက်ကလူတွေ စစ်တပ်ဘက်မှ အတွေ့အကြုံရယူကြတာပဲဖြစ်ဖြစ်၊ အပြန်အလှန်ဖလှယ်မှုတွေအတွက် နှစ်ဘက်လုံးက တံခါးတွေဖွင့်ထားကြတာကို တွေ့ရတတ်ပါတယ်။
MEWDCOM (United States Army Medical Command) ဆိုတဲ့အဖွဲ့အစည်းထဲမှာ အရပ်သားဆရာဝန် သုံးသောင်းခန့် ပါရှိတယ်ဆိုတယ်။ ထိုအဖွဲ့အစည်းဟာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်သားတွေကိုသာမက၊ တပ်မှအနားယူသွားတဲ့ စစ်သား ၅သန်းကို ကုသပေးနေတဲ့ ဆရာဝန်တွေဖြစ်တယ်။ MEWDCOM သို့မဟုတ် Army Medicine Civilian Corps အဖွဲ့အစည်းဟာ အမေရိကန်ကြည်းတပ်လက်အောက်မှာ ရှိနေပေမယ့်လည်း အရပ်သားဆရာဝန်များဟာ စစ်ယူနီဖောင်းဝတ်စရာ မလိုသလို၊ အမိန့်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းစေမှုတွေမှ ကင်းလွတ်သူတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် အရပ်သားကျောင်းသူ/ကျောင်းသားတွေထဲမှာ တက္ကသိုလ် တက်ရင်း စစ်စည်းကမ်းလေ့လာလိုသူ၊ စစ်ထရိန်နင်တွေကို သင်ယူလိုသူတွေရှိတယ်။ အချိန်ပြည့် စစ်သား စစ်သမီးလည်း မဖြစ်ချင်ဘူး၊ စစ်သင်တန်းလည်း အချိန်ပြည့်မတက်နိုင်ဘူး၊ ဒါပေမယ့် စစ်တပ်ရဲ့အတွေ့အကြုံတွေကို လိုချင်တဲ့ ကျောင်းသူကျောင်းသားလူငယ်တွေကို အချိန်ပိုင်း စစ်သား/စစ်သမီးလုပ်ခွင့်ပေးတာတွေကိုလည်း တွေ့ရတတ်တယ်။ တစ်ပတ်မှာ နာရီဘယ်လောက် စစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သတ်မှတ်ထားတဲ့အတွက် စစ်တပ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို သင်နိုင်သမျှသင်ယူပြီး အရပ်ရဲ့လုပ်ထုံးလုပ်နည်းများနဲ့ပေါင်းစည်းကာ ပိုမိုထက်မြက်လာအောင် ကြိုးစားချင်တဲ့ လူငယ်တွေကိုလည်း စစ်တပ်မှ အခွင့်အရေးပေးတတ်တာကို တွေ့ရပါတယ်။

Working hand in hand: Transition Courses & NOC Codes
Transition Courses

စစ်တပ်ထဲမှ အရပ်ဘက်ကူးပြောင်းချင်တဲ့ အရာရှိတွေအတွက်လည်း transition courses တွေ ပေးထားတယ်။ ထိုသင်တန်းများကို အရာရှိသင်တန်းကျောင်းစတက်ကတည်းက ပို့ချတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ထွက်များအတွက် အလားတူသင်တန်းများကို အရပ်သား တက္ကသိုလ်ကျောင်းများမှာလည်း ပို့ချပေးပါတယ်။

Transition courses တွေပို့ချပေးတဲ့ အမေရိကန်နိုင်ငံမှ ကျောင်းအချို့ကတော့ George Washington University, West Virginia University, Cleveland State University, Collin College in Texas, University of Iowa စသည်တို့ ဖြစ်တယ်။
Transition courses တွေရဲ့ သဘောသဘာဝကတော့ စစ်ဘက်မှ အရပ်သားဝန်ထမ်းဘဝကိုပြောင်းတဲ့အခါ အဆင်ပြေချောမွေ့အောင်၊ အရပ်သားတွေနဲ့ စစ်သားတွေ လုပ်ထုံးလုပ်နည်း မတူတဲ့အခါ နှစ်ဘက်လုံးအတွက် ချောမွေ့စွာလုပ်ငန်းတာဝန်တွေအတူတကွထမ်းဆောင်နိုင်ဖို့ ပို့ချတဲ့ သင်တန်းတွေပါပဲ။ အဲဒီအထဲမှာ Hard skills ဖြစ်တဲ့ technical skills များသာမက soft skills တွေဖြစ်တဲ့ public speaking (လူထုရှေ့ စကားပြောနည်း)၊ communication skills (လှုမှုဆက်ဆံရေး) စသည်တို့အပါအဝင်လည်း ဖြစ်တယ်။

Transition courses သင်တန်းဆရာတွေထဲမှာ စစ်ဘက်ဆိုင်ရာ အရာရှိတွေရှိသလို အရပ်သားတက္ကသိုလ်ကျောင်းဆရာတွေလည်း ရှိတယ်။ အဲဒါမှလည်း အဘက်ဘက်မှ အတွေ့အကြုံတွေကို လေ့လာသင်ယူနိုင်မှာဖြစ်တယ်။ ထို သင်တန်းတွေမှာ အရပ်ဘက်ကို ပြောင်းခဲ့မယ်ဆိုရင် ကိုယ့်ကိုကိုယ် ‘စစ်သား’ ဆိုတဲ့ အမြင်ကိုဖျောက်နိုင်ဖို့၊ ‘စစ်သား’ ဆိုတဲ့ ခံယူချက်ကို စွဲကိုင်ထားပြီး အလုပ်အင်တာဗြူးသွားထိုင်တာထက် မိမိဟာ သာမာန်လူတစ်ဦး ‘person’ အနေနဲ့ သွားဖို့၊ အရပ်သားတွေနဲ့ အလုပ်အတူတူတွဲလုပ်တဲ့အခါမှာ အရပ်သားတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း လေးစားတတ်ဖို့ အကြံပေးတတ်ကြတာကိုလည်း တွေ့ရတတ်တယ်လို့ ဆိုကြတယ်။

အရပ်သားအဖွဲ့အစည်းများမှ အကြီးအကဲတွေဟာလည်း စစ်ဘက်မှ အရပ်သားဝန်ထမ်းအဖြစ်ပြောင်းလာသူတွေကို အင်တာဗြူးထိုင်ပြီးနောက် သင့်တော်သလို ရွေးချယ်ကာ လက်ကမ်းကြိုဆိုတဲ့ သဘောရှိတယ်လို့ ဆိုကြတယ်။ အရပ်သားဝန်ထမ်းအကြီးအကဲများဟာ စစ်သားတစ်ယောက်လို့ မြင်တာထက်၊ သူတို့ရဲ့ စီးပွားရေး၊ လုပ်ငန်းခွင်ကို အထောက်ကူဘယ်လိုပြုနိုင်မလဲ၊ ဘယ်လို skills တွေပါလာမလဲ… ဘယ်လို အတွေ့အကြုံ၊ စည်းကမ်း၊ အနစ်နာခံမှုတွေ ယူဆောင်လာတဲ့ ‘လူ တစ်ဦး’ ဖြစ်မလဲ ဆိုတာကိုပဲ ကြည့်တယ်လို့ ဆိုတယ်။

NOC codes/ အသက်မွေးဝမ်းကျောင်း ကုဒ်

NOC ကုဒ်ရဲ့ အဓိပ္ပာယ်ကတော့ National Occupational Code ဖြစ်ပါတယ်။

ကနေဒါနိုင်ငံနဲ့ အမေရိကန်မှ NOC ကုဒ်အချိုကို ဥပမာပြုလိုပါတယ်။

အသက်မွေးဝမ်းကျောင်းကုဒ် 0011 (ကနေဒါကုဒ်) အောက်မှာ Legislators များ၊ အမတ်များ၊ cabinet minister၊ city councillor၊ မြို့တော်ဝန်၊ ဝန်ကြီး၊ senator စသည်တို့ ပါဝင်ပါတယ်။

အသက်မွေးဝမ်းကျောင်းကုဒ် 3233 (ကနေဒါကုဒ်) အောက်မှာ သူနာပြု၊ ခွဲစိတ်ဆောင် licensed practical nurse (L.P.N.)၊ operating room technician၊ registered nursing assistant (R.N.A.) စသည်တို့ပါဝင်ပါတယ်။

အသက်မွေးဝမ်းကျောင်းကုဒ် 6663 (ကနေဒါကုဒ်) ဆိုရင် သန့်ရှင်းရေးသမားများ၊ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းများ စသည်တို့ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အရပ်သား NOC ကုဒ်များလိုပဲ စစ်တပ်မှာလည်း အလားတူ NOC codes များ ရှိပါတယ်။

စစ်တပ်မှ NOC codes နဲ့ အရပ်သားရဲ့ NOC codes နံပါတ်တွေက မတူပါဘူး။ NOC လို့လည်း မခေါ်ပါဘူး။ အမေရိကန်ကြည်းတပ်က Military Occupational Specialty code (MOS code) လို့ခေါ်ပြီး၊ ရေတပ်မှာလည်း လစာအဆင့် စသည်ပေါ်မူတည်ပြီး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

3 – Petty Officer Third Class (paygrade E4)
2 – Petty Officer Second Class (paygrade E5)
1 – Petty Officer First Class (paygrade E6)
C – Chief Petty Officer (paygrade E7)
CS – Senior Chief Petty Officer (paygrade E8)
CM – Master Chief Petty Officer (paygrade E9)

ဒီစာမှာတော့ NOC ကုဒ်လို့ပဲ ယေဘူယျသုံးခွင့်ပြုပါ။

စစ်တပ် ရဲ့ NOC ကုဒ်နဲ့ အရပ်သား NOC Code တွေ မတူညီသော်လည်း ညှိထားကြတတ်ပါတယ်။

ဥပမာ.. 36B(အမေရိကန်ကုဒ်) ကြည်းတပ် ငွေစာရင်းကိုင်တစ်ယောက် ဟာ အရပ်ဘက်မှာ NOC 2011 - 1431 စာရင်းကိုင်ကုဒ်တွေနဲ့ သွားညီမျှတဲ့ သဘောရှိပါတယ်။

နောက် ဥပမာ.. M-3385 နယူကလီးယားလက်နက်ကိုင် ရေပေါ်စစ်သဘောင်္mate နဲ့ MM-3355 နယူကလီးယားလက်နက်ကိုင် ရေငုပ်စစ်သဘော mate တို့သည်.. MM Machinist’s Mate အောက်မှာ ရှိပြီး … အရပ်သားလုပ်ငန်းခွင်တွေမှာ Merchandise Installation Leader, Access Control Officer, HVAC Chiller Service Technician, Install Technician, power plant superintendent စသည်တို့နဲ့ ညီမျှတဲ့ သဘောရှိပါတယ်။

အဲဒီတော့ စစ်သားတွေ.. စစ်မှုထမ်းဟောင်းတွေ အနေနဲ့ စစ်တပ်ဝက်ဆိုက်တွေ military code translator ၀က်ဆိုက်တွေမှာ မိမိရဲ့ NOC Code ကို ကွန်ပြူတာပရိုဂရမ်ထဲ ရိုက်ထည့်လိုက်တာနဲ့ ဘယ်အရပ်သားအသက်မွေးဝမ်းကြောင်းနဲ့ ကိုက်ညီတယ်ဆိုတာကို သိနိုင်တဲ့သဘောရှိပါတယ်။ အဲဒီအတွက် ကိုယ်နဲ့ သင့်တော်မယ့် အရပ်ဘက် လုပ်ငန်းတွေကို လေ့လာနိုင်တဲ့ သဘောရှိပါတယ်။ ကိုယ်နဲ့ သင့်လျှော်ရာ လုပ်ငန်းခွင်တွေကို ပြောင်းရွှေ့ဖို့ လွယ်ကူနိုင်သလို.. အရပ်ဘက်က လူတွေအတွက်လည်း လက်ခံဖို့ အဆင်ပြေချောမွေ့နိုင်ပါတယ်။

*** ကုဒ်နံပါတ်များရဲ့ တိကျမှုဟာ အတိအကျ ဖြစ်ချင်မှ ဖြစ်ပါမယ်။ တိုင်းပြည်တွေနဲ့ အဖွဲ့စည်းတွေပေါ်မှာ မူတည်ပါတယ်။
ဥပမာပေးခြင်းသာဖြစ်ပြီး ကုဒ်နံပါတ်များ အတိအကျသိလိုပါက NOC ၀က်ဆိုက်များမှာ ဆက်လက်လေ့လာနိုင်ပါတယ်ရှင်။***
(ဆက်ရန်…….)

ref: http://www.usma.edu
http://www.civilianmedicaljobs.com/
http://www.army.mil/
http://www.esdc.gc.ca

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------