♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 5, 2015

ထိုက်တန်ရာ

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:02 am

 deadtree.jpgအသံမကြားရတဲ့အခါ..
ပတ်ဝန်းကျင်က စိမ်းစိုလန်းဆန်းနေတဲ့
မြက်ခင်းပြင်တမျှော်တခေါ်ကြီးဟာ
ကြွပ်ဆတ်ခြောက်သွေ့လို့ အေးခဲသွားသလို..

မမြင်ရတဲ့အခါ….
ကောင်းကင်ပြာကြီးပေါ် တဟုန်ထိုးပျံသန်းနေတဲ့
အင်အားပြည့်ဌက်တွေ..
အတောင်ပံတွေကျိုး
မြေပြင်ပေါ် တဖုတ်ဖုတ်ကြွေကျသလို….

ဆံပင်တွေကို နမ်းခွင့်မရတဲ့အခါ..
တသွင်သွင်စီးနေတဲ့ မြစ်ရေပြင်ဟာ
အေးခဲတင်းမာလို့
ဆက်လက်စီးဆင်းဖို့ အားကုန်ရုန်းကန်နေရသလို….

အဲသလို ခံစားချက်တွေကိုလေ….
ညတွေထဲက
စတော်ဘယ်ရီချယ်ရီဝိုင်ရယ်..
ဖက်လို့မဝနိုင်အောင် နူးညံ့လွန်းတဲ့ ခေါင်းဦးပြာပြာရယ်..
မထိနိုင်မကိုင်နိုင်တဲ့ အမြင့်က မျက်နှာကြက်ပြင်ရယ်.. နဲ့အတူ..
စကားလုံးတွေကိုပဲ…
ရူးမူးစွာတွယ်မိုက်… ခဲ့မယ် ဆိုရင်…..။

ဟုတ်တယ်…။

ကျမသိပ်ချစ်ခဲ့တဲ့ စကားလုံးတွေထဲမှာပဲ နစ်မြုပ်ရူးသွပ်စီးမျောရင်း…
စကားလုံးတွေနဲ့ … စီချင်းထိုး
စကားလုံးတွေနဲ့…. ဖလှယ်
စကားလုံးတွေနဲ့…… နွယ်
စကားလုံးတွေနဲ့…. တွယ်
စကားလုံးတွေနဲ့…. ရူး
စကားလုံးတွေနဲ့…. မူး
စကားလုံးတွေနဲ့…. ချစ်
စကားလုံးတွေနဲ့…. နှစ်
စကားလုံးတွေနဲ့…. နမ်း
စကားလုံးတွေနဲ့…. ကြမ်း

ကိုယ်ထိုက်တန်ရာ နေရာလေးမှာ…
အဲဒီ စကားလုံးတွေနဲ့ပဲပေါ့…
ကျမနှလုံးသားကို ရစ်ပတ်နှောင်တွယ်တတ်ခဲ့မယ်ဆိုရင်…

ကျမ……
ခုလို ..
နာကျင်ခဲ့ရမှာ မဟုတ်ဘူး။

~အိမ့်ချမ်းမြေ့~

___

1 Comment »

  1. ကောင်းပါ့ဗျားကောင်းပါ့ဗျား

    Comment by soe kyi — September 13, 2015 @ 9:22 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------