♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 24, 2014

မီးပွားတစ်ခုကို ငြိမ်းသတ်ဖို့

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:07 am

 library.jpg
ပါလီမန်ဝင်းထဲမှ စာကြည့်တိုက်

အေရိယာစတုရန်း 9,984,670 km² ရှိတဲ့ ကနေဒါဟာ ၂၀၁၃ စာရင်းအရ လူဦးရေ ၃၅သန်းပဲ ရှိပါတယ်။ ကနေဒါနိုင်ငံရဲ့ မြို့တော်ခန်းမတွေ၊ ပါလီမန်အဆောက်အဦးတွေဟာ ခြံစည်းရိုးမရှိတတ်ပါဘူး။ လူနေအိမ်ခြေတွေဟာလည်း ခြံစည်းရိုးတွေ မရှိတတ်ပါဘူး။ အလှပြခြံစည်းရိုးလောက်ပဲထားတတ်တဲ့ သဘောရှိတယ်။

လမ်းတွေပေါ်မှာ ယူနီဖောင်းဝတ်စစ်သားဆိုတာလည်း မမြင်ရတတ်ဘူး။

ကနေဒါနိုင်ငံရဲ့ မြို့တော်ခန်းမတွေ၊ ပါလီမန်အဆောက်အဦးတွေဟာလည်း မြက်ခင်းပြင်ကျယ်ကြီးတွေနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကအစ၊ မြို့နေလူတို့ပါ တစ်နေကုန်အပမ်းဖြေလှဲလျောင်းလို့ ရတဲ့ နေရာမျိုးပါ။

ကနေဒါမှာ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းက တစ်နိုင်ငံပဲရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံပါပဲ။ အိုက်အက်စ်စစ်သွေးကြွတွေကိုတိုက်ဖို့အတွက် ပါလီမန်မှာ ဆန္ဒမဲပေးကြရာမှာ မဲအရည်အတွက် ၁၅၇-၁၃၄ နဲ့အနိုင်ရပြီး၊ အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ သြဇီ၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီးယူ၊ ဘာရိန်းနိုင်ငံတို့နဲ့အတူ အိုင်အက်စ်စစ်သွေးကြွတွေကို ချေမှုန်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အောက်တိုဘာလဆန်းကတည်းက ကနေဒါနိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ချိန်းခြောက်သတိပေးခြင်းကို ခံရခဲ့တယ်။

ဆန္ဒမဲပေးကြရာမှာ ထုံးစံအတိုင်း ကွန်ဆာဗေးတစ်ပါတီဝင်တို့က အိုင်အက်စ်စစ်သွေးကြွတွေကို ချေမှုန်းဖို့ အားသာခဲ့ပေမယ့် လစ်ဘရယ်တွေကတော့ အားမပေးခဲ့ပါဘူး။ ဒါ့အပြင် စစ်သားတွေကို ရှေ့တန်းကိုစေလွှတ်တဲ့အခါမှာ ကွန်ဆာဗေးတစ်ပါတီက အချက်လက်တွေကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းဘယ်တော့မှ မတင်ပြဘဲ ဖုံးကွယ်ထားတတ်တယ်လို့ လစ်ဘရယ်တွေက စွပ်စွဲပါတယ်။

အဲသလိုအဖြစ်တွေဖြစ်ပြီးနောက်.. မကြာခင်ဘဲ… ပါလီမန်မှာ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တယ်။

သေနတ်သမားဟာ ကနေဒီယန်တစ်ဦးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ကို ကူးပြောင်းသွားသူဖြစ်တယ်လို့ဆိုတယ်။ သူရဲ့မိခင်ဖြစ်သူဟာ ပြင်သစ်ကနေဒီယန်ဖြစ်ပြီး ဖခင်ကတော့ လစ်ဗျားနိုင်ငံမှ ကနေဒါကိုပြောင်းရွှေ့လာသူဖြစ်တယ်။ မိခင်ဖြစ်သူဟာ ကနေဒါလူဝင်မှုကြီးကြပ်ရေးမှ ပညာတတ်အရာရှိတစ်ဦးဖြစ်တယ်။ မိခင်နဲ့ဖခင်ဟာ ကွဲနေကြပြီး သေနတ်သမားဟာ မူးယစ်ဆေးစွဲနေသူဖြစ်တယ်လို့လည်းဆိုတယ်။ သူဟာ အစ္စလာမ်ဘာသာကိုပြောင်းပြီးနောက် ဘလီတစ်ခုထဲ သော့ခိုးပြီးနောက် ဝင်ဝင်အိပ်တယ်လို့ ဗလီအကြီးအကဲတွေကဆိုတယ်။ ထို့အပြင် သေနတ်သမားဟာ ဓားပြမှုနဲ့တရားစွဲခံရတာတွေရှိခဲ့တဲ့အပြင် သူဟာထောင်ကျချင်ကြောင်း၊ ထောင်ထဲမှာ သူ့ကို မူးယစ်ဆေးစွဲတာကို ပျောက်အောင် ကုသပေးကြမယ်လို့ ယုံကြည်ကြောင်းလည်း ဆိုခဲ့တယ်။

နေစရာနေရာမရှိဘဲ စိတ်ဓာတ်ကျနေတဲ့၊ သေမထူးနေမထူးလို့ ခံစားနေရရှာပုံရတဲ့ လူတစ်ယောက်ရဲ့ သွေးရူးသွေးတန်းလုပ်ရပ်တစ်ခုကြောင့်၊ ပါလီမန်ဝင်းထဲက ကျောက်တိုင်တစ်တိုင်ရှေ့က တာဝန်ကျစစ်သားလေး ကျဆုံးသွားခဲ့ရတယ်။ သေနတ်သမားဟာ ပါလီမန်ထဲကို ဆက်ပြီးပြေးဝင်သွားခဲ့တယ်။ အတိုချုပ်ပြောရရင် ပါလီမန်ထဲမှာ သေနတ်သံတွေကို ဆူညံနေခဲ့တယ်။ သေနတ်သမားလည်း သေဆုံးခဲ့ရတယ်။

parliamenthill.jpeg
ပါလီမန်ဝင်းကြီးထဲက အဆောက်အဦးတစ်ခု

ပါလီမန်ထဲကို သေနတ်တစ်လက်နဲ့ ပြေးဝင်လို့ရအောင်ကို ဖွင့်ပေးထားတဲ့ကိစ္စကို ဒီကနေ့ ပါလီမန်မှာ အကြီးအကျယ် ဆွေးနွေးကြတယ်။ အချို့ကတော့…. ၂၃ရက်နေ့က ဖြစ်ရပ်တစ်ခုကြောင့် ပါလီမန်ကို တံခါးတွေ ပိတ်မပစ်နိုင်ဘူးလို့ ကြွေးကြော်ကြတယ်။ သူတို့တွေ အမြဲပြောပြောနေတဲ့… “This is a free country” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ကြွေးကြော်ကြတယ်။ (This is a free country ဆိုတဲ့ကိစ္စကို ကျမ နောက်ဆောင်းပါးမှာ ရေးပါဦးမယ် - ည ၁၂နာရီကျော်ရင် ကိုယ့်အိမ်မှာတောင်ကိုယ် လေကျယ်ကျယ်လည်လို့ မရတဲ့ တိုင်းပြည်လို့ စာဖတ်သူတစ်ဦးရေးသွားတဲ့ ကော့မန့်ကို သတိရသွားတာလည်း ပါပါတယ် - ခွင့်လွှတ်ပါ.. တစ်ခါတစ်ရံ ပွင့်လင်းစွာရေးမှ လိုရင်းရောက်လို့ပါ)

ကျသွားတဲ့ စစ်သားလေးဟာ ကလေးတစ်ယောက်အဖေဖြစ်ပြီး ခွေးလေးနှစ်ကောင်လည်းရှိတယ်။ သူ့ရဲ့ခွေးတွေဟာ သူပြန်လာမယ်ထင်ပြီး ယနေ့ထိ မျှော်နေတယ်လို့ ဆိုကြတယ်။

သေချာတာကတော့ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးက ငြိမ်နေတယ်။ အစ္စလာမ်ဘာသာကိုကူးပြောင်းသွားတဲ့ လူတစ်ယောက်ရဲ့ မလုပ်သင့်တဲ့လုပ်ရပ်ကြောင့် မဆိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ကျန်သူတွေက ပြဿနာသွားမရှာဘူး။ အစ္စလာမ်ဘာသာဝင်တွေကလည်း ဗလီထဲမှာပဲ ဘုရားရှိခိုးနေကြတယ်၊ သူတို့ရဲ့အကြီးအကဲတွေကလည်း ဒီလုပ်ရပ်ကို တရားဝင်ရှုံ့ချကြောင်း ကြေငြာတယ်။ ကျန်တဲ့ ကနေဒါ သတင်းဌာနတွေကလည်း သွေးဆွတဲ့စကားတွေ၊ သွေးထိုးတဲ့စကားလုံးတွေကို မသုံးမိအောင် ထိန်းတယ်။ ကျသွားတဲ့စစ်သားလေးတာဝန်ကျခဲ့တဲ့ ကျောက်တိုင်နားမှာ ပန်းတွေ၊ ဆီမီးတွေ၊ အရုပ်လေးတွေနဲ့ ပြည့်နေတယ်။ စစ်သားလေးရဲ့ သူငယ်ချင်း အခြားစစ်သားတွေထဲမှာလည်း အစ္စလာမ်ဘာသာဝင်တွေပါတယ်။ သူတို့ မျက်ရည်လည်ရွှဲနဲ့ ယူကြုံးမရဖြစ်ရတာတွေကို သတင်းတွေထဲမှာ မြင်နေရတယ်။

သေနတ်သမားရဲ့မိခင်ဖြစ်သူဟာ သူမရဲ့သားလုပ်ရပ်ကို ကနေဒါတစ်နိုင်ငံလုံးအတွက် တောင်းပန်စာထုတ်တယ်။ သူမရဲ့သားဖြစ်ပေမယ့် မကောင်းတာလုပ်တဲ့အတွက် ရှုံ့ချကြောင်းဆိုတယ်။ ဒီနေရမှာ ကိုယ့်သားသမီးမို့လို့၊ ကိုယ့်ဆရာသမားမို့လို့၊ ဆရာဝန်အချင်းချင်းမို့လို့၊ ရှေ့နေအချင်းချင်းမို့လို့၊ စစ်သားအချင်းချင်းမို့လို့၊ အတိုက်ခံအချင်းချင်းမို့လို့၊ အင်ဂျင်နီယာအချင်းချင်းမို့လို့ ဆိုတဲ့ အုပ်စုစိတ်ဓာတ်တွေ နည်းတာကို တွေ့ရပါတယ်။

ဒီလိုကိစ္စတွေ ကနေဒါမှာဖြစ်ခဲ့ဖူးပါတယ်။ အပြစ်ကျူးလွန်ရင် အပြစ်ကျူးလွန်သူနဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ မလိုလားအပ်တဲ့ တစ်နွယ်ငင်တစ်စင်ပါတဲ့ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်မှုတွေကို ကာကွယ်နိုင်တဲ့ သဘောရှိပါတယ်။

အုပ်စုစိတ်ဓာတ်ဟာ လိုတာထက်ပိုပြီးရှိတဲ့အခါ… သွေးခွဲထိုးဆွဖို့ သပ်လျှိုပြီးဝရုန်းသုန်းကားဖြစ်အောင်လုပ်ဖို့၊ ပြဿနာသေးသေးလေးကို အကြီးကြီးလုပ်လိုသူတွေအတွက်က ဂွင်ကြီးပဲဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်တဲ့ဆရာဝန်တွေရဲ့စာရင်းကို.. ဆရာဝန်အချင်းချင်းကပဲ လူထုကိုတင်ပြတဲ့အခါ… ၊ ဘုန်းကြီးတွေ၊ ဘာသာရေးဆရာတွေရဲ့ ဆိုးဝါးမှုကို သူတို့အချင်းချင်းကပဲ ဖော်ထုတ်တဲ့ခါ..၊ ရှေ့နေတွေရဲ့ယုတ်မာမှုကို ရှေ့နေတွေအချင်းချင်းကပဲ လူထုအကျိုးတွက် ဖော်ထုတ်လာတဲ့အခါ.. ထိုလူ့အသိုင်းအဖွဲ့ဟာ နေပျော်စရာကျေနပ်စရာအသိုင်းဝိုင်းဖြစ်လာတတ်တဲ့ သဘောရှိပါတယ်။

လောလောလတ်လတ်ဖြစ်သွားတဲ့ ကနေဒါနိုင်ငံရဲ့အဖြစ်ကိုကြည့်ပြီး သင်ခန်းစာယူမိတာပါ..။

(ဘာသာရေးနဲ့ပတ်သက်တဲ့ ကော့မန့်များ တင်ခြင်းသည်းခံပါရှင် - မီးပွားတစ်ခုကို သူတို့..ဘယ်လိုငြိမ်းသတ်ဖို့ ကြိုးစားကြတယ်ဆိုတာကို တွေးမိပြီးဝေမျှခြင်းသာဖြစ်ပါတယ်)

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

6 Comments »

  1. စိတ်ဝင်စားစရာ ကနေဒါနိုင်ငံအကြောင်းကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်က တီတင့်ရဲ့ မန်နေဂျာ (မက်ကာအိုနိုင်ငံသား) ပြောတာကြားဘူးတယ်။
    လေးစားဘို့ကောင်းပြီး သင်္ခန်းစာယူသင့်တဲ့ ပို့စ်လေးတစ်ပုဒ်ပါ မလေးရေ။
    ပြဿနာတစ်ခုရဲ့ အရင်းမြစ်ကို သိပြီးရင် တွေးဆချင့်ချိန် သုံးသပ်ပြီးမှ ဆုံးဖြတ်သင့်တယ်။

    Comment by တီတင့် — October 24, 2014 @ 4:25 am

  2. နားလည်နိုင်စွမ်းမရှိသူကို (အချစ်)သီချင်းချိုချိုလေးတွေ …
    wc22

    Comment by Anonymous — October 24, 2014 @ 5:00 am

  3. တန်ဘိုးရှိတဲ့ ဆောင်းပါးတစ်ခုပဲ။
    မြန်မာပြည်က စစ်အုပ်စုနဲ့အတိုက်အခံအုပ်စုက လူညီရင် ဤ ကို ကျွဲ ဖတ်လို့ ဖြစ်တယ်ဆိုတဲ့ ဂိုဏ်းဂဏသမားတွေ ခွဲခြမ်းစိတ်ဖြာ လက်ခံနိုင်စွမ်းရှိနိုင်သေးရင် ဒီဆောင်းပါးဖတ်ပြီး ယဉ်ကျေးမှုမြင့်မားလာနိုင်တဲ့ဆောင်းပါးတပုဒ်ပဲ။
    နောက်ဆောင်းပါးတစ်ဆောင်လဲဆက်ရေးပါ။
    ဘရာဗို ဆရာမရေ။

    Comment by ကိုမောင်ဦး — October 24, 2014 @ 8:08 am

  4. သိပ်ကောင်းတဲ့ ပို့စ်တပုဒ်ပါပဲ မလေးရေ … ပြဿနာတခုကို ဖြေရှင်းတဲ့နေရာမှာ မှန်မှန်ကန်ကန် မဖြေရှင်းဘဲ မီးလောင်ရာ လေပင့်တဲ့အပြင် ဓာတ်ဆီလောင်းတဲ့ အဖြစ်မျိုးတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်နေရတာ မြင်တိုင်း …..

    Comment by May — October 30, 2014 @ 12:54 am

  5. ဖတ်ပြီးရင်ထဲမှာမောသွားတယ်မလေးရယ်

    Comment by မဒမ်ကိုး — October 31, 2014 @ 12:26 am

  6. မြန်မာ ပြည်မှာလည်းအဲလိုဖြစ်စေချင်တာမလေးရယ်
    တခုခုဆို ဖွမယ် ချမယ် ကများနေတယ်…

    Comment by ပစ်ပစ် — November 7, 2014 @ 11:14 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------