♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 31, 2014

‘ငါဟဲ့ စာရေးဆရာ/မ’

Filed under: အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 11:20 pm

arrogant-frog.gif

သေချာတာကတော့ စာတွေရေးနေကြလို့ ကျမတို့က စာရေးသူများပါ။

အခုနောက်ပိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ စာမူတွေပါလာသည့်တိုင် ကိုယ့်ကိုကိုယ်တွေလည်း စာရေးဆရာ/ဆရာမ များလို့ မသတ်မှတ်ပါဘူး။
(ကျမတော့ ကိုယ့်ကိုကိုယ် မသတ်မှတ်ဘူး၊ ဒါ ကိုယ်သတ်မှတ်လို့ရတဲ့ အရာလည်း မဟုတ်ဘူး၊ အသိုင်းဝိုင်းတစ်ခုက သတ်မှတ်လို့ ရတဲ့ အရာလည်း မဟုတ်ဘူး။ စာဖတ်သူတွေက သတ်မှတ်မယ့် အရာလို့ပဲ ကျမ မြင်ပါတယ်)

ကျော်ကြားချင်လို့လည်း စာရေးတာမဟုတ်သလို၊ ဆုတွေရဖို့လည်း စာရေးတာ မဟုတ်ဘူး၊ လူတွေ ချီးမွမ်းတာကို ခံယူ ကျေနပ်ချင်လွန်းလို့လည်း စာတွေရေးတာ မဟုတ်ဘူး။ အထူးသဖြင့် အွန်လိုင်းမှာက ချီးမွမ်းခံရတာ နည်းနည်း၊ တစ်ချက်မှားရင် ပြောခံထိမှာက များများပါ။ လွတ်လပ်ပွင့်လင်းတဲ့ .. အသိုင်းဝိုင်းတစ်ခုပါ။ ဒါကြောင့် သတ္တိရှိဖို့လည်း လိုအပ်သလို၊ ကိုယ့်ဘက်က အမှားနည်းဖို့လည်းလိုတယ်။

ဒီအသိုင်းဝိုင်းမှာ ဆရာ မရှိသလို၊ တပည့်လည်း မွေးလို့ မရပါဘူး။ ဒီအသိုင်းဝိုင်းမှာ ပါမောက္ခပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ပဲပြုတ်သည်ပဲဖြစ်ဖြစ်၊ သန်စွမ်းသူ-မသန်စွမ်းသူပဲ ဖြစ်ဖြစ်၊ ပိန်ပိန်ဝဝ၊ ဖြူဖြူမည်းမည်း၊ ကနေဒါမှာပဲ နေနေ၊ သြဇီမှာပဲ နေနေ၊ ယူအက်စ်မှာပဲ နေနေ၊ ဘာမြူဒါမှာပဲ နေနေ၊ ရွာသာကြီးက ချောင်းဘေးမှာပဲ နေနေ.. အားလုံးဟာ တစ်တန်းစားထဲပဲ။ အသက်ကြီးမှ လေးစား respect ပေးရတာ မဟုတ်ဘဲ၊ တန်းတူ၊ ငယ်သူကိုလည်း respect ပေးရပါတယ်။ မပေးနိုင်သူတွေတော့ သူ့လမ်းသူ လျှောက်ကြရတာ များပါတယ်/ နေရာ မရှိတော့ဘူး။ ဘယ်သူကတော့ ဘယ်သူနဲ့ သိလို့၊ ဘယ်သူကတော့ ဘယ်သူ့ သားသမီးမို့လို့၊ ဘယ်သူ့တပည့်မို့လို့၊ ဘယ်သူ့ဆရာမို့လို့ ဆိုတာတွေ ဒီအသိုင်းအဝိုင်းမှာ မရှိဘူး။ အားလုံးကို လူကိုလူလိုပဲ သတ်မှတ်ပါတယ်။

မြန်မာပြည်မှာ စာအုပ်ထုတ်နိုင်ခဲ့ရင်လည်း ဒါဟာ မှတ်တိုင်လေး စိုက်ကြည့်ရုံထက် မပိုတဲ့ ခံစားချက်နဲ့ပါပဲ။ အလွန်ဆုံးရောင်းရ အုပ် ၂၀၀၀ ပေါ့၊ အုပ် ၃၀၀၀ ပေါ့ (အဲလောက်လည်း မရောင်းရပါဘူး)..။ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်နေကြလို့လည်း ဘာမှ မစိုးရိမ်ပါနဲ့။ ဆရာသစ္စာနီပြောသလိုသာ လက်နက်တွေထုတ်ကြရင်သာ စိုးရိမ်ရမှာပါ။

စာအုပ်က ဘယ်နှစ်အုပ်ရောင်းရမှာမို့လို့လည်း ဆိုတာတွေလည်း ရှိပါသေးတယ်။ ကျမတို့ ကနေဒါ မြန်မာဘားမိစ် ရပ်ကွက်ထဲက ဘာမေးမေး ဆိုးဝှက်တ် (so… what??? ) လို့ ပြန်ပြန်မေးတတ်တဲ့ အဒေါ်ကြီးတစ်ယောက် ပြောသလိုသာပဲ ပြောလိုက်ချင်ပါတော့တယ်။

စာအုပ်လေး ၁၀၀၀ လောက် ရောင်းရချိန်မှာ …. စတေးတပ်စ်တစ်ခု.. အထူးသဖြင့် လေးနက်တဲ့ စတေးတပ်စ် တစ်ခုဆိုရင် လာဖတ်တဲ့သူ သုံးလေးငါးထောင် ရှိပါတယ် ဆိုတာကိုလည်း သိကြပါတယ်။ (ဒီနေရာမှာ မော်ဒယ်တွေနဲ့ အသက် ၂၀ မပြည့်တပြည့် ငယ်ငယ်ချောချောလေးတွေတင်တဲ့ .. ‘ဒီနေ့မွင်းဂါးစားတယ်’… တို့ ‘ကွကိုယ်ကွ ချိတ်ချိုးမိတာပဲ အဟင့်’ ဆိုတဲ့ စတေးတပ်စ်အောက်မှာ လူသောင်းနဲ့ချီ like လုပ်တာနဲ့တော့ မယှဉ်ပါနဲ့ပေါ့နော်.. :))

မဂ္ဂဇင်းတွေကို ဖြတ်ပြီးမှ စာရေးဆရာလို့ သတ်မှတ်ကြတယ်ဆိုရင် ဂျိန်းအော်စတင်တို့ စာရေးဆရာမ မဟုတ်တော့ပါဘူး။ ကမ္ဘာနဲ့ယှဉ်ချင်ကြတယ်ဆိုလို့ ပြောတာပါ။ ရောမလိုရောက်လို့ ရောမလိုကျင့်ဆိုလည်း ဖြစ်ပါတယ်။ ကမ္ဘာနဲ့ယှဉ်စရာမလိုဘဲ၊ ကိုယ်ကျင်လည်ရာ အိုင်ကလေးထဲမှာပဲ သာယာပျော်ရွှင်ကူးခတ်နေကြလို့လည်း ဖြစ်တာပါပဲ။ အဲဒီ နေရာလေးကနေပဲ ကြယ်လလေးတွေကို ကြည့်ပြီး ကျေနပ် နေကြလည်း ဖြစ်တာပါပဲ။

ကမ္ဘာကြီးက အကြီးကြီးဖြစ်နေတာကို မသိချင်ဘူး၊ ဂရုစိုက်စရာ မလိုဘူးဆိုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောက်ခွက်စာမှ ပေစာ အဲသလို ခေတ်ပြောင်းလာတဲ့ ဥပမာကို ပြရမယ်ဆိုရင် ပိတ်ဆို့ခံထားခဲ့ရတဲ့ တိုင်းပြည်မှာ ပေစာအဆင့်မရောက်သေးဘဲ ကျောက်ခွက်စာလောက်မှာ ငါဟဲ့ စာရေးဆရာ/မ ဆိုပြီး သွေးနထင်ရောက်နေကြတဲ့ အခြေအနေဖြစ်နေတာမို့ နားလည်ခွင့်လွှတ်ပေးပြီး ကိုယ်တွေဘက်ကပဲ သဘောထားကြီးကြရတော့မှာပါပဲ။

ဒီနေရာမှာ မလေးက အွန်လိုင်းပဲရေးတယ်၊ ပရင့်မရေးဘူးလို့ မထင်ပါနဲ့၊ မလေး ကျောက်ခွက်စာကော၊ ပေစာမှာပါ ရေးတယ်၊ ရေးမယ်။ ဘယ်မှာပဲ ရေးရရေးရ ကျေနပ်တယ် ဂုဏ်ယူတယ်။ မလေးက ရုပ်ရှင်မင်းသမီး မို့မို့မြင့်အောင် မဟုတ်ဘူး။ ‘တို့တွေကတော့ တစ်သက်လုံးဗီဒီယို မရိုက်ဘူးဟေ့’ ဆိုပြောတာ.. ရုပ်ရှင်ခေတ်တုံးတော့ ဗီဒီယိုချည်းပဲ လှိမ့်ရိုက်နေရတာမျိုး မဖြစ်စေရဘူး။ (သဘောပြောပြတာပါ.. nothing personal) ခက်တာက ကိုယ်က နေတာက အဝေးကြီး..၊ ကိုယ့်မှာက မိသားစုတာဝန်၊ အလုပ်တာဝန်၊ အိမ်တာဝန်၊ အခြားလူမှုရေးတာဝန်တွေနဲ့မို့ ကိုယ်အချိန်ပေးရေးထားတဲ့ စာမူတစ်ပုဒ်ကို ရွေး-မရွေး မသေချာတဲ့ အလုပ်ကို စာရေးဆရာမဘွဲ့ ပခုံးပေါ်တင်ဖို့တစ်ခုအတွက်တော့ မလုပ်နိုင်တာမို့ပဲ။ ဒါပေမယ့် ကိုယ့်ကို အပြန်အလှန် လေးစားတန်ဘိုးထားတဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်၊ စာစောင်သတင်းစာတွေမှာ အလျှင်းသင့်သလို၊ အချိန်ရသလို ရေးသွားမှာပဲ ဖြစ်တယ်။

ဒီပိုစ့်လေးက မဆိုင်တဲ့သူတွေကတော့ မလေး ဘာတွေရေးနေလည်း သိမှာ မဟုတ်ပေမယ့် …. သက်ဆိုင်သူတွေက သိကြမှာပါ။
တစ်နွယ်ငင် တစ်စင်ပါတွေတော့ ဖြစ်ကုန်မှာစိုးပေမယ့် ပြောစရာရှိတာကိုတော့ ပြောရတော့မယ်။ ကိုယ်လေးစားခင်မင်တဲ့ သူတွေနဲ့တော့ မဆိုင်ပါဘူး။ သဘောထားကြီးသူတွေ၊ စိတ်ထားကျယ်ပြန့်သူတွေ၊ အဝေးကြီးနဲ့အရှည်ကိုမြင်သူ၊ အမျှော်မြင်ရှိသူတွေ အများကြီးပါ။ သူတို့တွေ ဘယ်သူဆိုတာ ထုတ်မပြောတော့ဘူး၊ သူတို့ကိုယ်တိုင်ကလည်း သိချင်မှသိမယ်။

လူအမျိုးမျိုး စိတ်အထွေထွေပါ။ ကိုယ်ပဲသိ ကိုယ်ပဲတတ်တွေလည်း အများကြီးပါ။ စာပေဟောပြောပွဲတွေမှာ စင်ပေါ်တက်ပြီး ဟိုလူ့စောင်း၊ ဒီလူ့စောင်း၊ တက်ကြွားနေတဲ့ မိမိကိုယ်ကို စာရေးဆရာ တံဆိပ်ကပ်သူများ ရှိသလို၊ ဘလောဂါ and/or online writers တွေထဲမှာလည်း ငါပဲသိ၊ ငါပဲတတ်၊ ငါပဲနိုင်ငံခြားရောက်၊ ငါပဲမာဂျရင်းနဲ့ချိစ် စားဖူး၊ အဲသလို.. သွေးနထင်ရောက်သူတွေ အများကြီးပါ။

စိတ်မကောင်းဖြစ်နေကြတဲ့ discriminate/bully လုပ်ခံရတဲ့ စာရေးဆရာ/မ ပေါက်စများ နဲ့ ကိုယ့်ကိုကိုယ်ပဲ သတိပေးရမှာကတော့…..
ကိုယ့်ကိုကိုယ်တွေ စာရေးဆရာ/မ တွေဆိုပြီး သိပ်ပြီးတော့ သွေးနထင်ရောက်ပြီး စာဖတ်သူတွေကို သိပ်လျော့ တွက်သူ အချို့လို မဖြစ်အောင် ကိုယ့်ကိုကိုယ်ပဲ သတိချပ်ဖို့.. ။

ရဲရင့်တဲ့ ကလောင်တွေကို ကိုင်ထားဖို့၊ တစ်စုံတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုအောက်မှာ ကလောင်ထိန်းခံလိုက်ရတဲ့အခါ၊ အချုပ်ခံလိုက်ရတဲ့အခါ… မန္တလေးမြို့ကြီး ကျဆုံးခဲ့ရသလို မဖြစ်စေဖို့… ။

ကိုယ့်ထက် အဆပေါင်းများစွာ ပိုသိပိုတတ်တဲ့ စာဖတ်သူတွေ (silent readers တွေ) က ကိုယ့်ခြေလှမ်းကို အမြဲကြည့်နေတာပါပဲ ဆိုတာ အမြဲသိထားဖို့… ပါ။

ကျွမ်းကျင်ရာ လိမ္မာတဲ့ … ကမ္ဘာအနှံ့က လူတန်းစားမျိုးစုံ၊ အတွေးခေါ်မျိုးစုံ၊ အသက်ရွယ်မျိုးစုံ၊ ပညာအရည်ချင်းမျိုးစုံရှိနေတဲ့…. စာဖတ်သူပေါင်း သောင်းဂဏန်းနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ open society တစ်ခုရှေ့မှာ ကိုယ့်လမ်းကိုယ်သာ မှန်မှန်ဆက်လျှောက်ရင်း….
စာဖတ်သူတွေကသာလျှင် ကိုယ်တွေကို အဆုံးဖြတ်ပေးသွားပါစေ….။

Happy Blog Day 2014

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

29 Comments »

  1. မွင်းဂါးသွားစား လိုက်ဦးမယ်နော် အဲဒါလာပြောတာ

    Comment by Moe Aung San — September 10, 2014 @ 11:40 pm

  2. အားလုံးကို လူကိုလူလိုပဲ သတ်မှတ်ပါတယ်။
    likeeeee

    Comment by U Kyaw Kyaw — September 10, 2014 @ 11:40 pm

  3. ဒို့ကတော့ သွေးနထင်ရောက်နေတယ်
    မနေ့က ပုဇွန်ချဉ်စားပြီးသွေးတက်နေလို့
    just kidding MaLay မလေး အိမ့်ချမ်းမြေ့, you are absolutely right!

    Comment by May Nandar — September 10, 2014 @ 11:41 pm

  4. အင်းး အားလုံးက လူထဲကလူတွေကြီးပါဘဲ
    ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်လာကြတဲ. လူထဲကလူတွေကြီးပါဘဲ ချစ်မရယ်

    Comment by Hay Ko — September 10, 2014 @ 11:41 pm

  5. အိမ်သာတက်နေတယ်ဆိုတဲ့ စတေးတပ်လေးအောက်မှာ like တွေသောင်းချီနေကတည်းက ကိုယ့်ပြည်က လူငယ်တွေရဲ့ အတွေးအခေါ်တွေ သိနေပြီပေါ့ မရယ် ။ တခါတခါမြင်ရတာ စိတိပိန်သလို အနာဂါတ်အတွက်ရင်လေမိတယ်။

    Comment by Susu Hlaing — September 10, 2014 @ 11:41 pm

  6. ကျေးဇူးမလေးရေ —အသံလွှင့်ဌာနကပြောသလို စာပေမြှင့်ပီး လူမျိုးတင့်နိုင်ပါစေ

    Comment by San San Aye — September 10, 2014 @ 11:42 pm

  7. “မလေး ရုပ်ရှင်မင်းသမီး မို့မို့မြင့်အောင် မဟုတ်ဘူး”…ဒါပေမဲ့ မိုမို့မြင့်အောင်ထက်ချောတယ်…

    Comment by Yan Min Aung — September 10, 2014 @ 11:42 pm

  8. စာဖတ်နေသူကြီးကလည်းပြောတယ် စောင့်ကြည့်နေပါတယ်တဲ့

    Comment by Kyawzin Maung — September 10, 2014 @ 11:42 pm

  9. ရဲရင့်တဲ့ ကလောင်တွေလိုတယ်၊ တစ်စုံတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုအောက်မှာ ကလောင်ထိန်းခံလိုက်ရတဲ့အခါ၊ အချုပ်ခံလိုက်ရတဲ့အခါ… မန္တလေးမြို့ကြီး ကျဆုံးခဲ့ရသလို မဖြစ်စေချင်ဘူး။

    Comment by Aung Ye Kyaw — September 10, 2014 @ 11:42 pm

  10. အမြဲတမ်းသိထားရမှာက ကိုယ့်ထက် အဆပေါင်းများစွာ ပိုသိပိုတတ်တဲ့ စာဖတ်သူတွေ (silent readers တွေ) က ကိုယ့်ခြေလှမ်းကို အမြဲကြည့်နေတာပါပဲ ဆိုတာ။
    ဒီစာကြောင်းလေးကို အရမ်းပဲ သဘောကျမိတယ်။ ပြီးတော့ ဒီဆောင်းပါးတစ်ပုဒ်လုံးကိုလည်း အရမ်းပဲ နှစ်သက်မိတယ် မလေးရေ။

    Comment by Yadanar Soe — September 10, 2014 @ 11:43 pm

  11. agreed! ဒီကိစ္စဟာ ယုန်ကလေး နှာစေးနေလို့ မရတဲ့ ကိစ္စပဲ….
    ကိုယ်ပိုင်အယူအဆကို ကျိုးကြောင်းဆီလျော်စွာ၊ ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ရဲတာကို လေးစားပါတယ် မလေး…

    Comment by Win Pyae Phyoe — September 10, 2014 @ 11:43 pm

  12. မှန်တယ် မလေး..စာေ၇းတယ်ဆိုကထဲက စာဖတ်တဲ့သူကသာလျှင် အဆုံးအဖြတ်ပေးလိမ့်မယ်..
    အဲဒီအဆုံးအဖြတ်က တရားအမျှတဆုံးနဲ့ အမှန်ကန်ဆုံးဘဲ…

    Comment by Black Roze — September 10, 2014 @ 11:43 pm

  13. မန္တလေးမြို့ကြီး ကျဆုံးခဲ့ရသလို မဖြစ်စေချင် တဲ့ဥပမာစေတနာ ကိုလေးစားသလို။ silent reader တွေကိုအလေးထားတဲ့ မလေးရဲ့စိတ်ဓာတ်။ကို မလေးစားဘဲမနေနိုင်ဘူး။တချို့စာရေးဆရာတွေက(ပေါ်ပင်)ဂီတဘက်မှာပိုစီုးသေးတယ် အထူးသဖြင့် နောက်ပိုင်းလူငယ် တေးဆိုရှင်လေးတွေက silent reader.silent listener. တွေရှိမှန်းတောင်သိကြဘူး။အာ့လာပြောတာ တူများရဲ အလူအိမ်မှာ မွင်းဂါး သွားစားမရို။။။။။ဟီး…just kidding…u Wright. Ma lay.

    Comment by Van Ruatta — September 10, 2014 @ 11:43 pm

  14. ဘယ်နေရာမှာပဲ ရေးရေးပါ မလေးရယ်။ စာဖတ်တဲ့သူတွေထဲမှာ ကိုယ့်ထက် တွေးခေါ်နိုင်စွမ်းရှိသူတွေ ရှိတယ်ဆိုတာ မေ့မထားသင့်တာ အမှန်ပါပဲ။
    ဒီပို့စ်လေး သဘောကျတယ်။

    Comment by ဏီလင်း ညို — September 10, 2014 @ 11:44 pm

  15. မို့ကတော့ ဆီးထုပ်ကြော်ငြာ ဘယ်တော့မှ မရိုက်ဘူး…
    အဲဒီမှာ စပြီး ကွဲတော့တာပါပဲဗျာ…

    Comment by Han Kyi — September 10, 2014 @ 11:44 pm

  16. Please let me share

    Comment by Reader Pho Thar — September 10, 2014 @ 11:44 pm

  17. That’s great!
    အမြဲတမ်းသိထားရမှာက ကိုယ့်ထက် အဆပေါင်းများစွာ ပိုသိပိုတတ်တဲ့ စာဖတ်သူတွေ (silent readers တွေ) က ကိုယ့်ခြေလှမ်းကို အမြဲကြည့်နေတာပါပဲ ဆိုတာ။

    Comment by အရှင်သာမိ မုံရွာ — September 10, 2014 @ 11:45 pm

  18. အားပေးဖတ်ရှု့ ခဲ့ပါတယ်။ ရေးသင့်ရေးထိုက်တဲ့ စာတစ်ပုဒ်လို့လည်း ထင်ပါတယ်။
    အခြေနေ အချိန်အခါ အရပေါ့။ ပို့စ် ကို ကြိုက်လို့ ပြန် ရှယ် သွားပါတယ်။
    စိတ်မဆိုးဘူးလည်း ထင်မိပါတယ်။

    Comment by Ro Ck Er — September 10, 2014 @ 11:45 pm

  19. တန်ဖိုးရှိတဲ့ စာဖြစ်ကြောင်း အမမလေး ကို Comment အားဖြင့်ပါ like & respect ပေးသွားပါတယ်။

    Comment by Aung Ko Ko — September 10, 2014 @ 11:45 pm

  20. ဝိုး။ဒီစတေးတဂ်အရမ်းကြိုက်တယ်။

    Comment by Nadi MA Kha — September 10, 2014 @ 11:46 pm

  21. အရမ်း လိုက်ခ်

    Comment by Zun Moe Sett — September 10, 2014 @ 11:46 pm

  22. ပဲပုတ်နဲ့ ငပိရည်ကိုပဲ ကိုက မြတ်နိုးမိသူပါ။ မာဂျရင်းနဲ့ချိစ် စားရင် ရင်ခံတယ်။ စာရေးဆရာတဲ့လား?၊ ကလေက၀၊ အုတ်ကြားမြက်ပေါက်၊ ဓါတ်တိုင်သေးပန်း ၊ ကြံဖတ်ချေးကုန်း၊ ကြမ်းကြားဝှေးညှပ်၊ ဓမ္မတာလာဖက်နဲ့ သုတ်၊အရက်ဖြူ အကြွေးသောက်၊ ရပ်ကွက်အနွံတာပေး၊ စင်ပေါ်ရောက်တိုင်း အရှင်နှစ်ပါးမျှော်သူနဲ့ ဟိန္ဒူ ယဉ်ကျေးမှုကိုအဟုတ်ထင် ဟောပြောသူ သေခါနီးကြီးများနဲ့  ရေမြောကမ်းတင်တွေမဟုတ်လို့တော်သေးတာပေါ့။ print media နဲ့ online ရေးသားသူများဆိုပြီး ခွဲခြားတယ်ဆိုမှဖြင့် ဆရာအောင်ခြိမ့်ပြောခဲ့သလိုပြောလိုက်ချင်ပါတယ်။ မင်းတို့  print media က ဆြာကြီးတွေဆြာမကြီးတွေ ရေးတာလောက်ကတော့ -ီးမှင်သုတ်ပြီးရမ်းလိုက်ရင်တောင်တနေ့ အပုဒ်တထောင်ပြီးတယ်ဟေ့လို့  ။ ဒါငြိမ်းဇေဦးပြောတာပါ။ အဲဒီအတိုင်းအမြဲပဲ ရပ်တည်တယ်။စာရေးဆရာလဲမဟုတ်ဘူး ကဗျာဆရာလဲမဟုတ်ဘူး ။ တမင်ကို ပြောချင်လို့ ဝင်ပြောတာဖြစ်တယ်။ မကျေနပ်တဲ့ စာရေးဆရာ ၊ ဆရာမအားလုံး အား သွားကြားထိုးတံတစ်ချောင်းနဲ့ ဦးချိန်တီဆေးတစ်ဗူး လက်ဆောင်ပေးပါမည်။ Oh by the way, Burmese language is very limited language compared to English… So , may I propose you whoever claimed that they are the mighty authors in Burmese language.. please do shut the fuck up….! including ရွှေအမှုပွေ bitches….

    Comment by Nyein Zay OO — September 10, 2014 @ 11:46 pm

  23. အကုန်လုံးတော့ မဟုတ်ပါဘူး ကိုမွှေး..

    Comment by မလေး အိမ့်ချမ်းမြေ့ — September 10, 2014 @ 11:47 pm

  24. ဘာ က၀ိလဲ ချီးထုတ်က၀ိတွေလား အင်မတန်ကြီးကျယ်တဲ့ကောင်တွေ ကောင်မတွေ။
    လူငယ်တွေ နောက်ပေါက်တွေ ကိုချိုးဖို့ နှိမ်ဖို့ လောက်တွေးနေတာ တလွဲ ဆံပင်ကောင်းပေါက် ချိုင်းမွှေးပေါင်ကြားရောက်နေတဲ့ဟာတွေ

    Comment by Nyein Zay OO — September 10, 2014 @ 11:47 pm

  25. မလေး..share.လိုက်ပြီနော်..အရမ်းကြိုက်တယ်..

    Comment by Cho Honey — September 10, 2014 @ 11:47 pm

  26. အကုန်တော့ မဟုတ်ဘူးပဲ ပြောတော့မယ်.. ကိုမွှေး…

    Comment by မလေး အိမ့်ချမ်းမြေ့ — September 10, 2014 @ 11:48 pm

  27. ကိုမွှေး… မလေးပြောသလိုပဲ အကုန်တော့ မဟုတ်ပါဘူး။ ဥယျာဉ်မှူးတွေက အပင်ပျိုးတုန်းကတော့ စေတနာလက်နဲ့ပေမယ့်လည်း အပင်ပေါက်လာလို့ အညွန့်တက်လာပြီးမှ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ့်အာကိုယ်ကိုး၊ ကိုယ့်ဘာသာ အေးအေးဆေးဆေးရှင်သန်တဲ့ ဘေးကအပင်တွေကို ပတ်ရမ်းတဲ့ အဖြစ်မျိုးတွေ ရှိတတ်တာ။
    သည်းညည်းခံလာခဲ့တာ လည်း ကြာပါပြီ။ ဂျာနယ်တွေကလည်း အတင်းပြော အကြွေးတောင်းတဲ့ အဆင့်ဖြစ်ရုံမက မဆိုင်သူ တွေကိုပါ ပတ်ရမ်းတဲ့ စာတွေကို ဆောင်းပါးလုပ်ထဲ့လာတော့……
    မြန်မာစကားကျွမ်းကျင်တတ်မြောက်၊ တွေးတတ် ရေးတတ်တာ၊ မီဒီယာကို ကိုင်ထားတာ သူတို့လောက်ပဲ မဟုတ်ဘူးဆိုတာ၊ စာဖတ်သူတွေကလည်း အရူးတွေ မဟုတ်တဲ့ အပြင်၊ စာတွေရေးနေတဲ့ လူတွေထက် ပိုပြီးသိတယ် တတ်တယ် ဆိုတာ…..remind လုပ်တဲ့သဘောပါပဲ။

    စာရေးဆရာ/မ ဆိုသူတွေ ဖန်တီးတဲ့ စာပေအဆင့် ဘယ်နေရာမှာလဲ ဆိုတဲ့ မေးခွန်းတော့ ထုတ်ချင်မိတယ်။

    ကိုမွှေး ကော့မန့်က စာလုံးရွေးချယ်မှုက ကြမ်းလွန်းအားကြီးတယ်။

    Comment by မလေး အိမ့်ချမ်းမြေ့ — September 10, 2014 @ 11:48 pm

  28. မမရယ် ညီမရင်ထဲကခံစားချက်ကိုသိနေသူတစ်ယောက်လို ခံစားမိတယ်။
    ထိမိတဲ့အရေးအသားလေးမို့ ညီမတော့ သိပ်ခိုက်သွားပြီ

    Comment by Yekyi Thu — September 10, 2014 @ 11:49 pm

  29. အရမ်းကြိုက်တယ်ဗျာ ဘယ်ထိန်းချုပ်မှုအောက်မှာ မှ မရှိဘဲ လွတ်လပ်ရဲရင့်တဲ့ကလောင်ဖြစ်အောင်ကြိုးစားရမယ်

    Comment by Thu Ta Mg — September 10, 2014 @ 11:49 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------