♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 10, 2014

ခရေသီသူ

Filed under: ♥●••.. မောင်….••●♥, ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 1:55 pm

မွှေးပျံ့တဲ့ သစ်ပင်ကြီးအောက်
ခရေတွေကောက်ဖို့
ကျမ
တစ်ခေါက် ရောက်ခဲ့တယ်…။

ခရေရွက်တွေကြား
လေပြေဖြတ်တိုးသွားသံတွေက
ကျမရင်ကို
အေးမြစေပြန်တယ်…။

လေပြေလေးတွေ
သောကပွေတော့…
ခရေသီးလေးတွေရယ်က
တဖောက်ဖောက်ကြွေရပြန်တယ်….။

ဒီလိုနဲ့…
ခရေပင်ခြေအောက်
မြက်ရှည်တစ်ပင်ကို ကောက်လို့
ခရေမြက်ပန်းကုံးလေးတွေပေါ့…
ကျမ..
သီကုံးနေမိတယ်…။

ကျမလေ…
ဘ၀ရဲ့…
ကျေနပ်ခြင်းနဲ့ မကျေနပ်ခြင်းတွေ
ရင်ခုန်ခြင်းနဲ့ ရင်မောခြင်းတွေ
အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းတွေ
ပူလောင်ခြင်းတွေနဲ့ အေးမြခြင်းတွေ…
အတူတူ ရှိနေခြင်းနဲ့ မရှိနေခြင်းတွေကို
ခရေပွင့်ကုံးတွေနဲ့
ခပ်မျှင်းမျှင်း ခြွေလေ့ရှိတယ်…။

ခံစားချက်တွေကို
ခရေပွင့်ကုံးတွေအဖြစ်
သီကုံးတတ်တဲ့
ကျမရှိနေတတ်ရာ
ခရေပင်အောက်
မောင်ကလည်း..
တစ်ခါတစ်ခေါက်
ဖြတ်လျှောက်တတ်သေးတာ…။

မောင့်ရဲ့
ခပ်တိုးတိုး
ပုဆိုးအနားခတ်သံတွေက
ကျမရင်ကို
တိတ်တိတ်လေး ပြိုစေတတ်တာ….၊
မောင်ရဲ့
အမှတ်တမဲ့
လှည့်ကြည့်တတ်တဲ့
သမင်လည်ပြန်အကြည့်ကလည်း
ကျမရင်ကို
တိုးတိုးကလေး ညိုစေတတ်တာ…။

တစ်ကယ်ဆို…
မောင့်ကို
ရင်လည်း မခုန်ချင်သူ
အိပ်မက်လည်း မမက်ချင်သူ
ဒီခရေသီသူ့ရင်ထဲ
ခံစားချက်တစ်မျိုးလေးက
ပြာဖုံးမီးခဲတွေလို…
တမြေ့မြေ့နဲ့
တသွေသွေ့ပေါ့……၊

ဘာမှန်းမသိတဲ့
ကပိုကရိုနဲ့
ဖမ်းဆုပ်မရ
အဲဒီခံစားချက်ဆိုတာကြီးကို
ကျမကလည်း
သေမလောက်
ကြောက်နေမိတာ………….။

ဒီလိုနဲ့…….

ကျမက
ခရေတွေကိုကောက်
မောင်က
ဖြတ်လျှောက်နဲ့…
နှစ်တွေကလည်း ကြာခဲ့တာ………….။

ဟော….
ပြောရင်းဆိုရင်း
အဝေးက မောင့်ခြေသံလေး
ကျမ ကြားလာရပြန်တယ်…
ခရေသီးလေးတွေ တေးဆိုမယ်ကြံရွယ်
ဌက်ကလေးတွေကလည်း ပြေးကြိုမယ် ဆိုတယ်…………….။

ခေါင်းကို တွင်တွင်ငုံ့လို့
ကျမ ပန်းတွေ ဆက်သီကုံးတယ်…
ရင်ခုန်သံတွေကိုလည်း
ခရေပန်းတွေနဲ့အတူ
ကျမ…
သီကုံးပစ်လိုက်တယ်…။

လမ်းကြုံသွားတဲ့
မောင့်အပြုံးလေး
ခနလေး သိမ်းထားပေးလို့…
အမောင့်အကြင်နာလေပြေလည်း…
မတိုက်ခတ်မိပါစေနဲ့ကွယ်…၊
ဟုတ်တယ်…
မောင်လှည့်မကြည့်ပါနဲ့
ကျမလည်း မငဲ့မိအောင်နေမယ်။

ကျမရဲ့ မီးခဲပြာဖုံး အချစ်တို့
မောင့်အကြင်နာလေပြေတွေထဲ
တရုန်းရုန်းနဲ့
ဝရုန်းသုန်းကား
တောက်လာမှာစိုးလို့….

အို…
တိုးတိုးကလေးပေါ့……..။

(ဒီကဗျာလေးကိုလည်း…
မောင်..
မဖတ်မိလိုက်ပါစေနဲ့)

♫ ♥●••·˙ ♥♥ ˙·••●♥♫

( နွေဦးပန်းရဲ့ ကဗျာလေးတစ်ပုဒ်ကို အသိမပေးဘဲ ယူထားမိခြင်းပါ…)

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------