♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 10, 2014

မျဉ်းပြိုင်ခြံစည်းရိုးလေးများ

Filed under: my notes, Vancouver, Canada, ဆောင်းပါး — မလေး @ 12:13 am

 crony.jpg

နွေရာသီရောက်ပြီဆိုရင် လက်ရှိနေထိုင်ရာ ကနေဒါနိုင်ငံအနောက်ဘက်ဒေသ အနီးအနားပြည်နယ်များနဲ့ မြို့များကို သွားလည်ဖြစ်ပါတယ်။ သွားလည်ဖြစ်တဲ့ အခါတိုင်းလည်း တောတောင်ရေမြေ သဘာဝအလှကို အမြဲရင်သပ်ရှုမော ဖြစ်မိတယ်။

အထူးသဖြင့် ကနေဒါအနောက်ဘက် ဘီစီပြည်နယ်နဲ့ အယ်လ်ဘားတားပြည်နယ်ကြားက တောတောင်တွေဟာ အလွန်နက်ရှိုင်းတဲ့အပြင်၊ ငယ်စဉ်က သင်ကြားခဲ့ရတဲ့ ရော့ကီးတောင်တန်းတွေရဲ့ အစဗဟိုပြုရာနေရာလို့ ဆိုလို့ရပါမယ်။ ကားလမ်းတွေဟာလည်း တောင်တွေကြားက ဖြတ်ပြီးဖောက်ထားတာမို့ ဘ၀မှာ ဒီလောက်ကြီးမားမြင့်မားတဲ့ တောင်တွေကို အဲဒီတော့မှ မြင်ဖူးပါတယ်လို့ ၀န်ခံရပါမယ်။

အဲသလို နက်ရှိုင်းကြီးမားလှတဲ့ တောတောင်လျှိုမြောင်တွေကြားထဲ ဖောက်ထားတဲ့ (အထူးသဖြင့်) ကိုကာဟာလာဆိုတဲ့လမ်းမကြီးရဲ့ တစ်ဘက်တစ်ချက်မှာ၊ ခြံစည်းရိုးတွေကို အမြဲတွေ့ခဲ့ရတယ်။ သစ်ပင်တွေ နည်းနည်းကျဲသွားတဲ့ ကမူလေးတွေ၊ ခင်တန်းကလေးတွေ၊ မြက်ခင်းစိမ်းစိမ်းနဲ့ တောင်ကမူတန်းတွေကို ဖြတ်နေပြီဆိုတာနဲ့ သေသေချာချာ မြင်ရတော့တာပါပဲ။ ခြံစည်းရိုးလေးတွေက ရိုးရိုးလေးတွေပါပဲ။ ကြီးမားခိုင်ခံ့တဲ့ အုတ်တံတိုင်းကြီးတွေနဲ့ ခြံစည်းရိုးကြီးတွေလည်း မဟုတ်ပါဘူး။ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဆောက်ထားတယ်ဆိုတာ သိသာစေနိုင်တဲ့… သစ်လုံးလေးတွေကို စိုက်ပြီး သံစကာစိမ်းစိမ်းလေးတွေနဲ့ ပတ်ထားတဲ့ ခြံစည်းရိုးလေးတွေ။ အဝေးကကြည့်မယ်ဆိုရင် ထိုးဖောက်မြင်နေရတဲ့၊ သဘာဝအလှကိုလည်း မပျက်စီးစေတဲ့ ခြံစည်းရိုးတွေပါပဲ။

ဟိုင်းဝေးလမ်းမကြီးတွေပေါ်မှာ မောင်းခဲ့သော ကာလတစ်လျှောက်လုံးလည်း ခြံစည်းရိုးတွေကို မြင်နေတွေ့နေခဲ့ ရပေမယ့် “လူဆိုတာ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်က ရလာတဲ့ အတွေးတွေနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး…. တွေးခေါ်နှိုင်းယှဉ်တတ်ကြတဲ့ သဘောရှိတယ်” ဆိုတဲ့ အဆိုအတိုင်း သိပ်မှန်ခဲ့တာကိုလည်း ကိုယ့်ကိုကိုယ်နဲ့ပဲ နှိုင်းဆပြီးတော့သိရှိရခဲ့ပါတယ်။

တစ်ကယ်ဆို…. ခြံစည်းရိုးတွေကို မြင်တိုင်း အတွေးတစ်ခု ဖြတ်ဖြတ်ဝင်လာမိပါတယ်။ အဲဒီ အတွေးတစ်ခုနဲ့ မောင်းနှင်နေခဲ့တာလည်း နှစ်တွေ အတော်ကို ကြာခဲ့ပါပြီ။

အဲဒီအတွေးကတော့….. “ဒီလောက်ကျယ်တဲ့ မြေကြီးတွေကို ပိုင်ဆိုင်ထားတဲ့ ကနေဒါက ခရိုနီတွေကတော့ တော်တော့ကို ချမ်းသာမှာပဲ” ဆိုတဲ့ အတွေးပါပဲ။

ကိုယ်မွေးဖွားကြီးပျင်းလာတဲ့ ဒေသမှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ခြံစည်းရိုးတွေခြားပြီး နေခဲ့ကြတယ်။ အုတ်တံတိုင်းကြီးတွေ၊ သစ်သားခြံစည်းရိုး၊ ၀ါးခြံစည်းရိုး စသည်ဖြင့် အခြေအနေပေါ်မူတည်လို့ အိမ်နီးချင်းတွေကြား အစည်းတားကိုယ်စီ နေခဲ့ကြတဲ့သဘောလည်း ရှိတာမဟုတ်ပါလား။ ဒီဘက်မှာကျတော့လည်း ခြံစည်းရိုး မရှိတဲ့ အိမ်တွေနဲ့ နေရတာကြာတော့ စည်းရိုးတွေ မြင်ရင် တွေးမိတဲ့ အတွေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါမယ်။

မြေတွေကို မျက်စိတစ်ဆုံးခြံစည်းရိုးခတ်ထားလို့…. ခရိုနီတွေပိုင်တဲ့ မြေကြီးတွေမို့ ကာရံထားတယ်လို့ ထင်မိခဲ့တာ ….
တစ်ကယ်တော့ ဒီမြေကြီးတွေကို ခြံစည်းရိုးခတ်ထားတာ မသမာသူတွေ ၀င်လာနေမှာစိုးလို့ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးကပဲ အကျယ်ကြီးယူထားလို့ ခြံခတ်ထားရတာလည်း မဟုတ်ပါဘူး။ တစ်ကယ်တော့ အဲဒီခြံစည်းရိုးတွေဟာ တောကောင်တွေ လမ်းမကြီးကိုပေါ်ကို တက်မလာအောင် ကာကွယ်ထားတဲ့ ခြံစည်းရိုးတွေပဲ ဖြစ်ပါတယ်။

wildlife_underpass.jpg

ဟိုင်းဝေးလမ်းမကြီးတွေဖောက်ပြီဆိုတာနဲ့ ဟိုင်းဝေးလမ်းမကြီးတွေရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ မျှဉ်းပြိုင်ခြံစည်းရိုးတွေ ဆောက်ကြရမယ့် ကုန်ကျစရိတ်ကလည်း မနည်းမနောပဲဖြစ်မယ်။

ဟိုင်းဝေးတွေရဲ့ အပေါ်တွေမှာ တောကောင်တွေအတွက် ဖြတ်လမ်းတံတားတွေ။ ဟိုင်းဝေးလမ်းတွေရဲ့အောက်မှာ သားကောင်တွေ ကားလမ်းဖြတ်ကူးဖို့ မြေအောက် လှိုင်ခေါင်းတွေ.. စသည်.. ဆောက်ကြပါတယ်။

wild.jpg

ဒီလိုကာကွယ်ထားတဲ့ အတွက်လည်း လူတွေအတွက်ကော တိရိစ္ဆာန်တွေ အတွက်ကော ထိပ်တိုက်ရင်ဆိုင်မှုတွေနည်းပြီး… အန္ထရာယ် နည်းစေတာပါပဲ။

လူတွေကိုသာ မက … သဘာဝတရားကြီးတစ်ခုလုံးကို ကြိုးစားထိန်းသိမ်းကြတတ်တဲ့ အကြောင်းလေးတွေ မြင်ရတဲ့အခါ..

ပီတိဖြစ်မိတာလေးကို မျှဝေခြင်းသာ ဖြစ်ပါတယ်ရှင်…။

montana-wildlife-crossing-kylie-paul.jpg

ရွှေဒေါင်းတောင်မှ မလေးရဲ့ ဖြတ်လမ်း ဆိုတဲ့ အလားတူ ဆောင်းပါးလေးပါ

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

1 Comment »

  1. ပုံတွေလှလိုက်တာမလေးရယ်။ ကနေဒါကိုလာလည်ချင်သွားပြီ။

    Comment by Adora — June 15, 2014 @ 8:30 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------