♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 22, 2014

စိန်ပွင့်နဲ့ ပဲကြီးလှော် လဲမစားမိစေဖို့…

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 12:32 am

 moneytree.jpg

 ဒီကနေ့ ကတော့ မင်္ဂလာရှိတဲ့ နေ့လေးပါပဲ။ ဆရာဦးသန်းမြင့်ဦး page ကနေတဆင့် ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုပါ။ မြန်မာ့သစ် (raw timber logs) တွေကို ဧပြီလ ၁ရက်နေ့မှစပြီး တင်ပို့ခွင့်တွေကို ကန့်သတ်တားဆီးတော့မယ့် သတင်းပါပဲ။

 

ဟိုတစ်လောက မြန်မာ့သနပ်ခါးထုတ်လုပ်မှုနည်းတစ်မျိုးကို ဂျပန်ကမူပိုင်ခွင့်တင်တဲ့ ကိစ္စနဲ့ဆက်နွယ်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ Paclitaxel အတွက် မြန်မာ့ကျောက်ထင်းရူးတွေကို တရုတ်တွေကတဆင့်၊ အနောက်နိုင်ငံတွေမှ pharmaceutical giants ကြီးတွေဟာ တရုတ်သစ်ကုမ္ပဏီတွေမှ တရားဝင်ဝယ်ယူတဲ့ ကိစ္စပါ။

သစ်တွေကို မြန်မာပြည်တွင်းကနေ ခုတ်ထွင်ရောင်းချခဲ့ကြတာ ကြာပါပြီ။ ရွှေထက်အဆ ၄၀ တန်ဘိုးရှိတဲ့ ပစ္စည်းထွက်တဲ့ ထင်းရူးပင်တွေဟာ ထင်းဈေးနဲ့နိုင်ငံခြားကို အရောင်းခံခဲ့ရတဲ့ ကိစ္စဟာ တစ်ကယ်တော့ ရင်နာစရာအဖြစ်ပါ။ Paclitaxel ဆိုတာ ကုန်ကြမ်းအဆင့်ပဲ ရှိသေးတဲ့ ဓာတ်တစ်မျိုးပါ။ ဆေးဝါးအဆင့်ရောက်ရင် ရွှေထက်အဆ ၄၀၀ လောက်ထိ ဈေးရှိပါတယ်.အဲဒီအတွက် တိုင်းပြည်က တန်ရာတန်ကြေးရတယ်ဆိုခဲ့ရင် ကျမ မပြောပါဘူး။

ဆရာဦးသန့်မြင့်ဦးရဲ့ ပိုစ်အောက်မှာလည်း တစ်ယောက်က ကော့မန့်ပေးသွားပါတယ်။ ကျွန်းသစ်တွေ ဒီလောက်ထွက်တဲ့ တိုင်းပြည်မှာ ကမ္ဘာ့အရှည်ဆုံး ကျွန်းတံတားရယ်လို့ ကမ္ဘာအနှံ့က ခရီးသွားတွေ လာကြည့်ရတဲ့ ဦးပိန်တံတားကတော့ ခနော်ခနဲ့ ဖြစ်နေရတဲ့အဖြစ်မျိုးကလည်း  မသင့်တော်လှပါဘူး။

(မြန်မာပြည်ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေထဲမှာ ပညာရှင်တွေ အများကြီးပါတတ်ပါတယ် - ဒါကိုလည်း ကျမအနေနဲ့ မကြာခဏပြောမိပါတယ်။ တော်ရုံခရီးသွားတွေအနေနဲ့က ငွေတွေဒီလောက်အကုန်ခံပြီး အာရှကို လာတဲ့အခါမှာ၊ ဒီငွေပမာဏကုန်ရမှာချင်းအတူတူ၊ ဝန်ဆောင်မှုပိုပေးနိုင်တဲ့ အဲယားကွန်းတက္ကစီတွေပြည့်နေတဲ့၊ ချောမွေ့တဲ့လမ်းမကြီးတွေရှိတဲ့၊ five-star hotel တွေပြည့်နေတဲ့၊ စားစရာသောက်စရာအလျှံပယ်၊ ပျော်ရွှင်စရာ nightlife တွေရှိတဲ့၊ သုံးဖြုန်းပျော်ပါးလို့ကောင်းတဲ့ အနီးဆုံးတိုင်းပြည်တစ်ပြည်ကို ဥပမာအနေနဲ့ပြရရင် - ထိုင်းလောက်မှာ ငွေသွားဖြုန်းမှာဖြစ်တယ်။ ကျမတို့တိုင်းပြည်မှာ resort တွေ၊ beach တွေ သူများတိုင်းပြည်တွေလို မရှိသေးပါဘူး။ ရေငုပ်ဖို့ရေငုပ်ကိရိယာတွေ၊ အပျော်တောင်တက်ချင်ရင်တောင် တောင်တက်ဖို့တောင်တွေ မရှိဘူး။ တောင်တွေရှိရင်တောင် facility တွေ မရှိဘူး။ တောင်တက်တယ်ဆိုရာမှာ ခြေလျှင်တက်တာကို ပြောတာမဟုတ်ပါဘူး။ rock climbing တို့ Alpine climbing တို့ကို ဆိုလိုခြင်းပါ။ ဒါကြောင့် ကျမတို့တိုင်းပြည်ကို လာလည်ချင်သူတွေဟာ ကမ္ဘာကြီးရဲ့ယဉ်ကျေးမှုကူးစက်ပြန့်ပွားခြင်းနဲ့ဝေးရာ preserved culture တွေကို လေ့လာချင်သူတွေ များပါတယ်။ အဲသလိုလူတွေဟာ ဥပမာ ပြရမယ်ဆိုရင် ဦးပိန်တံတားထံကို လာလည်ချင်လို့ နှစ်ရှည်လများ မျှော်လင့်ချက်နဲ့ လာတာဖြစ်တယ်။ တော်ရုံပျော်ရုံပါးရုံလောက်၊ အာရှရောက်ဖူးချင်ရုံလောက် ခရီးထွက်တဲ့သူတွေက ငွေကုန်ရမယ့်အတူတူ… ကျမတို့တိုင်းပြည်ထံ မလာပါဘူး)

သစ်တောရေးရာ ဝန်ကြီးဌာန ရဲ့ပြောကြားချက်အရ မြန်မာပြည်ရဲ့ ၄၇%နှုန်းက သစ်တောတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ အဲဒါက သက္ကရာဇ် ၂၀၁၀ တုန်းက ဒေတာဖြစ်တယ်။ ၁၉၉၀ ခုနှစ်တုန်းက ၅၈% တောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ Himalayas တောင်တန်းကြီးကနေတဆင့် သွယ်ကျလာတဲ့ သစ်တောတွေဟာ မြန်မာပြည်မှာ အများကြီးကျန်နေသေးတယ်။ ဒါတွေကို ဘေးကတိုင်းပြည်တွေက အကုန်သိတဲ့အတွက် သူတို့အတွက်က တစ်ကယ်ကို သွားရည်ယိုစရာပါ။

သာမန်လူတစ်ဦးအနေနဲ့ ဂူဂဲကမ္ဘာကို ဖွင့်ကြည့်လိုက်မယ်ဆိုရင်တောင် ဂြိုလ်တုကနေရိုက်ထားတဲ့ စိမ်းစိုလန်းဆန်းနေတဲ့ မြန်မာပြည်ကို မြင်ရမှာပဲဖြစ်တယ်။ ကျန်တဲ့ တိုင်းပြည်တွေက ခြောက်ကပ်နေပြီ။ အထူးသဖြင့် ကိုယ့်အထက်က တိုင်းပြည်တွေကို ပုံပါအတိုင်းကြည့်တဲ့အခါမှာ အတော်လေးကို ခြောက်ကပ်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီတော့ သစ်အတွက်၊ အခြားသံယံဇာတအတွက်ဆိုရင် မြန်မာပြည်ကိုပဲ မျက်စောင်းထိုးချင်ကြတဲ့ သဘောရှိနိုင်ပါတယ်။

ယခုလို သစ်တွေထုတ်တာကို ကန့်သတ်မှာဖြစ်တဲ့အတွက် မြန်မာ့သစ်ထုတ်လုပ်ရေးကို ထိခိုက်မယ်၊ ဝင်ငွေလျော့မယ်။ အကြီးစားလုပ်ငန်းတွေ၊ အခြားသစ်နဲ့ဆိုင်တဲ့ အသေးစားလုပ်ငန်းတွေ ထိခိုက်နိုင်မှုတွေရှိမှာ ဖြစ်တယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ သဘာဝသစ်ပင်တွေကို ခုတ်ချင်တိုင်းခုတ်ပြီး အလုံးလိုက်ရောင်းနေတာ မြန်မာပြည်တစ်နိုင်ငံပဲ ရှိတယ်ဆိုတာပါပဲ။ ငွေနောက်ကို လိုက်ရတဲ့ ရင်နာစရာအဖြစ်ပါ။ ဘယ်တိုင်းပြည်မှ သဘာဝသစ်တောကြီးတွေကို ခုတ်ထွင်ပြီး တိုင်းတစ်ပါးကို မရောင်းဘူး။ ကမ္ဘာပေါ်မှာ တိုင်းပြည်တစ်ခုပဲရှိတယ်။ အဲဒါဟာ… မြန်မာပြည်ဆိုတဲ့ ကျမတို့တိုင်းပြည်ပဲ။

ကနေဒါမှာ လက်ရှိအလုပ်လုပ်ကိုင်နေထိုင်နေသူမို့ ကနေဒါကို ဥပမာပေးပြီးပဲ ပြောခွင့်ပြုပါ။ ဒီမှာ…. အစိုးရတွေက ပုဂ္ဂလိကသစ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို နှစ်အစိတ်တန်သည် နှစ်ငါးဆယ်တန်သည် စာချုပ်နဲ့ မြေဌားတယ်။ စိုက်ပျိုးပြီး ခုတ်ထွင်ရောင်းချရတယ်။ စိုက်ပျိုးပြီးခုတ်ထွင်ရောင်းချပြီးတဲ့အခါမှာလည်း အဲဒီမြေမှာ သစ်ပင်တွေ အကုန်ပြန်စိုက်ပေးခဲ့ရတယ်။ ပြောင်တလင်းခါပြီး အစိုးရလက်ကို အပ်လို့ မရဘူး။ သစ်ခုတ်လို့ ပျက်စီးသွားတဲ့ စမ်းချောင်းကအစ ပြန်ပြင်ပေးခဲ့ရတယ်။ ဖြစ်ချင်တိုင်းဖြစ် ထားခဲ့လို့ မရပါဘူး။ (မြန်မာပြည်မှာလည်း ဒီလိုဥပဒေစည်းမျဉ်းတွေ ရှိခဲ့/ရှိ ပါတယ်။ အခုလည်း လက်တွေ့အကောင်ထည် ထိထိရောက်ရောက် ဖော်နိုင်ဖို့ ကြိုးစားလာတာ အားရစရာပါ)

အပေါ်မှာ ပြောခဲ့သလို မြန်မာပြည်ဟာ အာရှမှာ သစ်တောတွေ အများဆုံးကျန်နေသေးသော တိုင်းပြည်ဖြစ်တယ်။ ဒါကို ဂုဏ်ယူဝင့်ကြွားနေလို့လည်း မဖြစ်ပြန်ဘူး။ ကနေဒါအနောက်ဘက်၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ မြေဧက ၉၅မီလျှံha ရှိပါတယ်။ သစ်တောက ၅၅မီလျှံha ရှိပါတယ်။ သစ်အလွန်ပေါတဲ့ တိုင်းပြည်ဖြစ်ပေမယ့် ထွက်တဲ့သစ် ၉၁% က သစ်ပျော့တွေဖြစ်ပါတယ်။ မြန်မာ့သစ်တွေလို တန်ဘိုးရှိသစ်မာတွေ မဟုတ်ဘူး။ ဒါတောင်မှ ကနေဒါအစိုးရက သစ်တောတွေရဲ့ ၉၅% ကို သူတို့ပဲ ကိုင်ထားပါတယ်။ ပုဂ္ဂလိကသစ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို သစ်တောကြီးတစ်ခုလုံးရဲ့ ၅% ပေးထားပြီး အလွန်ကြပ်မတ်ထားပါတယ်။ ဒါတောင် သစ်ပျော့တွေပဲ ထွက်နေလို့သာပဲဖြစ်ပါတယ်။

တိုင်းပြည်တွင်းမှာ ရှိသမျှလူတွေကလည်း ရှိတဲ့သစ်ပျော့တွေနဲ့ပဲ ပရိဘောဂမှ အစ အိမ်အထိ ဆောက်တယ်။ နိုင်ငံခြားတိုင်းပြည်မှ ဖြစ်နိုင်ရင် နိုင်ငံခြားဖြစ်ပစ္စည်းများကို မသုံးဘဲ ကိုယ်ရှိတာကို သုံးချင်သူတွေဖြစ်ပါတယ်။ သူတို့တိုင်းပြည်မှာ ရှိတာနဲ့ မရ-ရအောင် အိမ်ဆောက်တယ်။ ကားလမ်းဆောက်တယ်၊ ရထားလမ်းဆောက်တယ်၊ တံတားဆောက်တယ်။ အိမ်တစ်လုံးဆောက်ပြီးတဲ့ အခါမှာလည်း ကျန်တဲ့သစ်တိုသစ်စတွေကို ကြိတ်ပစ်ပြီး treat လုပ်၊ အပြားတွေပြန်လုပ်ပြီး ဖိနပ်စင်၊ အသေးစားပရိဘောဂ အကုန်ပြန်သုံးပါတယ်။ သူတို့သစ်တွေဟာလည်း သစ်ပျော့တွေဖြစ်လို့ treat လုပ်ရလွယ်ပါတယ်။

ကျမရောက်ခါစက သူတို့တိုင်းပြည်မှ အိမ်တွေကို ကြည့်ပြီး တော်တော်စိတ်ညစ်သွားပါတယ်။ မီးခြစ်ဆံပုံးကလေးတွေလို ခနော်ခနဲ့လို့ မြင်ပါတယ်။ မြန်မာပြည်မှာလို ကျွန်းသစ်တွေ၊ ပျဉ်းကတိုးတွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးရခိုင်တွေ မရှိသလောက်ကို ရှားပါတယ်။ ဖိနပ်စင်လေးတွေဆိုလည်း သံကို လက်ကလေးနဲ့ ဖိလိုက်တာနဲ့ သစ်ထဲကို သံဝင်သွားတာမျိုးပါ။ အိမ်မှာကျန်ခဲ့တဲ့ စာအုပ်စင်တွေ၊ ကျွန်းသစ်ကြောင်အိမ်ကြီးတွေ၊ ထမင်းစားပွဲတွေကို မြင်ယောင်ပြီး နှမျောရမှန်း အဲဒီတော့မှ သိခဲ့တယ်။ သစ်မာနဲ့သစ်ပျော့ဘယ်သစ်က ပိုတန်ဘိုးရှိလည်းဆိုတာ အထူးပြောစရာမလိုပါဘူး။ မီးလောင်ခံ၊ ရေရှည်ခံတဲ့ သစ်မာတွေထုတ်ပေးတဲ့ သစ်တစ်ပင်ဖြစ်ဖို့ဟာလည်း မလွယ်ပါဘူး။ ဒီဘက်ကလူတွေကတော့ သူတို့ကတော့ ရှိတဲ့ သစ်ပျော့လေးတွေ အလွန်တန်ဘိုးထားတတ်သူတွေ ဖြစ်နေခဲ့တယ်။ သူတို့ရဲ့အိမ်တွေဟာ သစ်ပျော့သားတွေဖြစ်ပြီး အဲဒီသစ်ပြားတွေကြားထဲမှာ ဂွမ်းတွေဖိသိပ်လို့ အပူဓာတ်ကို ထိန်းသိမ်းနိုင်တဲ့ အိမ်တွေလည်း ဖြစ်ပါတယ်။  သဘာဝက လိုက်လျောညီထွေစွာ သစ်ပင်တွေကို ပေးနေတဲ့ သဘောပါပဲ။

နောက်တစ်ခုက…. ကနေဒီယန်တွေ ဆိုလေ့ရှိတဲ့ စကားရှိတယ်။ “ကြွားချင်ရင် ပိုက်ဆံကုန်တယ်” တဲ့….။

ဒီကလူအများစုဟာ ကြွားကြွားဝါဝါ မနေဘဲ တိုင်းပြည်မှာ ရှိတာကို သုံးသွားတတ်သူတွေဖြစ်တယ်။ နိုင်ငံခြားမှ ပစ္စည်းတွေကို တော်ရုံဝယ်မသုံးကြပါဘူး။ အရင်တုန်းကတော့ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ကျောင်းစာအုပ်ထဲက ဆုံးမစာတွေကိုဆိုရင် ကျမကိုယ်တိုင် “ငါတော့ brainwash လုပ်ခံနေရပြန်ပြီ” လို့ ထင်ခဲ့တယ်။ ကျမတို့ လူငယ်တွေကြားထဲမှာလည်း “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတာ ရယ်စရာ၊ လှောင်စရာ စကားဖြစ်ခဲ့ဖူးတယ်။ အဲသလို လှောင်နေချိန်မှာ တစ်ကယ်ကို ပြည်တွင်းဖြစ်ကိုတန်ဘိုးထား အားပေးတတ်တဲ့ တိုင်းပြည်တွေကတော့ တပမ်းသာတတ်တဲ့ သဘောတွေရှိပါတယ်။

ကျမရုံးမှအသိတွေဆိုရင်…. ကားတောင်မှ သူတို့တိုင်းပြည်ဖြစ်ကိုပဲ ဝယ်စီးတာများတယ်။ ကျမတို့သာ ဂျပန်လုပ်ကားတို့ ဂျာမဏီလုပ်ကားတို့ကို ဝယ်စီးပေမယ့် သူတို့ကတော့ သူတို့တိုင်းပြည်ဖြစ်ကားကို ဝယ်စီးတယ်။ အဲသလို တစ်ဦးချင်းစီကနေစပြီး… အနေအထိုင်ကျစ်လစ်ပြီး စည်းကမ်းရှိတဲ့အခါမှာ …. တိုင်းပြည်ဟာ ရှေ့ကိုပိုရောက်တဲ့ သဘောရှိသလားလို့ တွေးမိပါတယ်။

ပြည်တွင်းဖြစ်တွေကို တန်ဘိုးမထားဘဲ…. ကျမတို့ဟာ.. တိုင်းပြည်မှာတော့ ရှိတဲ့ သစ်အကောင်းစားတွေကို ဘေးတိုင်းပြည်တွေကို ထင်းဈေးလောက်နဲ့ ရောင်းချတဲ့အခါ၊ တိုင်းပြည်ထဲက တန်ဘိုးရှိပစ္စည်းတွေနေရာမှာ အိမ်နီးချင်းကလာရောင်းတဲ့ အပေါစား ပလတ်စတတ်ခုံတွေ၊ ပလတ်စတစ် ခွက်တွေ၊ ပလုံးတွေ၊ အပေါစားထမင်းစားပွဲ အုပ်ဆောင်းတွေ အစားထိုးဝင်ရောက်လာပြီး၊ ထိုအပေါစားပစ္စည်းများနဲ့ နေလာရတဲ့ အခြေအနေဖြစ်လာနေပါပြီ။

ဒါကြောင့်…. အခုလို…. စိန်ပွင့်နဲ့ ပဲကြီးလှော် လဲစားနေရတဲ့ အဖြစ်မျိုး မဖြစ်ရအောင်၊ သစ်တွေကိုခုတ်ချင်တိုင်းခုတ်၊ ရောင်းချင်တိုင်းရောင်းနေတာကို တားမြစ်ဖို့ ကြိုးစားလာတာကို ဝမ်းသာမိတယ်။ လက်တွေ့လည်း ထိရောက်စေချင်ပါတယ်။
ထိန်းသိမ်းစောင့်လျှောက်နိုင်ကြပါစေ…။

အောက်ဖော်ပြပါ လင့်ခ်ကတော့ ကနေဒါ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှ သစ်တောဝန်ကြီးဌာနမှ သစ်တော၊ သစ်ထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ အက်ဥပဒေများ၊ စည်းမျဉ်းများပဲဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ရန်အတွက်ပါရှင်။
http://www.sfmcanada.org/images/Publications/EN/BC_info_Provinces_and_territories.pdf

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

2 Comments »

  1. Dear Malay

    I am your silent reader who appreciate all of your post!
    Thanks so much for your this post & website address sharing !

    Best Regards,
    Esther ( Singapore )

    Comment by Esther — March 25, 2014 @ 3:38 am

  2. အတွေးအမြင်ကို မှန်စေမယ့်၊ သဘောပေါက်လာစေမယ့် တန်ဖိုးရှိ ပို့စ်တစ်ပုဒ်ပါပဲ မလေး…၊
    သဘောတူ နှစ်ခြိုက်စွာနဲ့ ဖတ်သွားခဲ့ပါတယ်…။

    Comment by ညီလင်းသစ် — March 25, 2014 @ 4:49 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------