♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 24, 2014

လူကြုံ

Filed under: Vancouver, Canada, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 1:44 am
မိတောသည် မွေးနေ့မတိုင်မှတစ်ရက်၊ မွေးနေ့ရက်နှင့် မွေးနေ့ပြီးသည့်တစ်ရက်တိတိအထိ မိသားစု၊ မိတ်ဆွေ၊ ရုံးမှသူငယ်ချင်းများ ဖဘ/အွန်လိုင်းမှ သူငယ်ချင်းများကြောင့် အလွန်ပျော်ရွှင်နေသော မုဒ်ကို ပျောက်မည်စိုးသဖြင့် ဖဘပေါ်တွင် မိမိ ပေ့ခ်ျမှလွဲ၍ ဘယ်ပေ့ခ်ျကိုမှ မဖတ်ရန် အသက်ရှုအောင့်ပြီး နေနေခဲ့သော်လည်း……………………..ဆိုပြီး ဖဘမှာ အစချီရခြင်းအကြောင်းကတော့…

ဒီကနေ့…

သတင်းချစ်သူဝေဟင်ရဲ့ ရန်ကုန်လေဆိပ်မှာလူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တဲ့အကြောင်းကို ခံစားရေးဖွဲ့ထားတဲ့ facebooker  တစ်ဦးရဲ့ “စင်ကာပူသွားမည့်သူများ သတိထားပါ” ဆိုတဲ့ ပိုစ်လေးကို ဖတ်ရပါတယ်။ မူရင်းပိုစ်ကိုအရင်ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။

ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီ တောင်း တဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ်ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်လာနိုင်တာပါ။ စင်ကာပူ အထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။

လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေး တာဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက် တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီး တစ်ယောက်ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။

ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်းများအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက ဆိုပါတယ်။ သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေတုန်းပါပဲ။
ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီးထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူလက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။

စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်ကုန်တာ မနည်းဘူးလို့ သိရပါတယ်။
ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။

Credit To +++ သတင်းချစ်သူ - ဝေဟင်+++

my credit to: https://www.facebook.com/lsomaungmaung.maung

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

အဲဒီပိုစ်ကိုဖတ်ပြီး ကျမ စဉ်းစားမိပါတယ်။

မြန်မာအများစုက သိပ်သဘောကောင်းလွန်းတဲ့အကြောင်းပါ။

လူအချို့ဟာ နိုင်ငံခြားကို ပစ္စည်းများပို့တဲ့အခါ စာတိုက်ကနေ ပို့လို့ရတာကို မပို့ဘဲ လူကြုံတွေကို အသုံးချပြီး ပို့တတ်ကြတယ်။
ဒါပေမယ့်… အဝေးမှလူတွေအပေါ် စေတနာတကယ်ရှိတယ်ဆို ကိုယ်တိုင်ငွေကုန်ကြေးကျခံပြီး စာတိုက်ကနေ ပို့သင့်ပါတယ်။
လူကြုံတွေကို အသုံးချပြီး ပို့မယ်ဆိုရင်လည်း လူကြုံတွေရဲ့ စေတနာကို အသိမှတ်ပြုသင့်တယ်။ သူတို့ပို့ချင်တဲ့ ပစ္စည်းကို မယူသွားရကောင်းလားဆိုပြီး ဆူပူကြိမ်းမောင်းချင်တဲ့ သဘောမျိုးတွေ မဖြစ်သင့်ပါဘူး။

စာတိုက်ကြီးက ပစ္စည်းပို့ရင် ပျောက်တယ်ဆိုတာလည်း အကုန်မမှန်ပါဘူး။

စားစရာ၊ စာအုပ်မှ အစ တိုလီမုတ်စပစ္စည်းများ… ကနေဒါကို စာတိုက်မှတဆင့်ပို့တဲ့ အထုတ်တွေဟာ တစ်ခုမှ မပျောက်ဘဲ အမြဲရောက်တယ်။

လူကြုံပစ္စည်းသယ်ပေးရသူများဟာ ပစ္စည်း မယူနိုင်ရင် စိတ်ဆိုးခံရသေးတယ်။ ပျက်စီးပျောက်တယ်ဆိုရင်လည်း လူကြုံသယ်ပေးရသူတွေရဲ့ တာဝန်လိုလို ပြောခံရပါတယ်။

သယ်ပေးသူတွေက စေတနာနဲ့ သယ်ပေးတာကို တရားမဝင်ပစ္စည်းများဖြစ်နိုင်တဲ့ ရွှေကြိုး၊ ပိုက်ဆံနဲ့ အခြားပစ္စည်းတို့ကိုလည်း၊ သယ်သွားပေးတဲ့လူ မသိအောင် ထိုးသိပ်ထည့်ပေးလိုက်တာတွေကတော့ ဆိုးတယ်လို့ ထင်တယ်။ အစကတည်းက ပိုက်ဆံဘယ်လောက် ယူသွားပေးနိုင်လား မေးပြီးမှ ထည့်ပေးလိုက်ဖို့ သင့်ပါတယ်။

“အစ်မ နားက နားကပ်ကိုဖြုတ်ပြီး ကျမအစ်မအတွက် ဒီနားကပ်ကို သယ်သွားပေးလေ၊ ကျမ အစ်မ နိုင်ငံခြားမှာ နားပေါက်ဟောင်းလောင် အဖြစ်မခံနိုင်ဘူး”လို့ အပြောခံရတာက ကိုယ်ညံ့တာလို့ပဲ သတ်မှတ်ပါတယ်။ ပါးစပ်အဟောင်းသားနဲ့ စေတနာနဲ့သယ်ပေးမယ့်ကိုယ်က၊ တောင်းဆိုနေတဲ့သူကို ပြန်ကြောက်နေခဲ့ရတဲ့ ဘဝမျိုးကိုလည်း စိတ်ကုန်နေမိပါတယ်။

အဝေးကြီး ၂ရက်ခရီး လေယာဉ်စီးလာလို့ မောပန်းလာချန်၊ နေ့ညမှားနေချိန်တွေ၊ ရေခဲသေတ္တာထဲကနေ မီးလင်းဖိုထဲ ချက်ချင်း ခုန်ဝင်လိုက်ရသလိုဖြစ်လို့ အပူချိန်ကို adjust လုပ်နေရချိန်၊ နေမကောင်းဖြစ်လာတာမျိုးတွေ ဖြစ်ချိန်တွေမှာ၊ လူကြုံပစ္စည်းကို ကိုယ်တိုင်ချက်ချင်းသွားမပေးရဘူးလားရယ်လို့ အိမ့်ချမ်းမြေ့မှာ စိတ်ဆိုးခံလည်း ထိဘူးပါတယ်။ လူကြုံပစ္စည်းမှာတာကို မှာတဲ့ပုံစံအတိုင်း ရ မလာလို့ ပြောခံထိတာလည်း အိမ့်ချမ်းမြေ့ ခံရဘူးပါတယ်။

လူကြုံပစ္စည်းကို ဟိုတယ် (သို့မဟုတ်) အိမ်မှာလာထားသွားတာ ရ-မရ အကြောင်းချက်ခြင်း မပြန်လို့ဆိုပြီးလည်း တစ်ခါမှ မသိဘူး မမြင်ဘူးသူများရဲ့ ဖုန်းဆက်ကြိမ်းတာလည်း ခံရဘူးပါတယ်။
မြန်မာပြည်မှာ ဆွေမျိုးမိတ်ဆွေ သောင်းခြောက်ထောင်ရှိလို့ ဟိုတယ်ကို သန်းခေါင်လောက်မှ ပြန်ရောက်လို့ လူကြုံပစ္စည်းရကြောင်း ဖုန်းဆက်မပြောနိုင်သေးတာပါ။

လူကြုံပစ္စည်းဆိုလည်း တရားမဝင်တာတွေ ထည့်ပေးတာမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ အထူးသဖြင့် ဒီဘက်တွေမှာ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိတာများတော့ တစ်ခုခုဆို သယ်ပေးသူတွေပဲ ခံရမှာဖြစ်တယ်၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းရတာများပါတယ်၊ ဘယ်သူမှ လာမကယ်နိုင်ပါဘူး။

ပို့ပေးရတဲ့ သူတွေဘက်ကိုလည်း နားလည်ပါတယ်။ လူကြုံသယ်ပေးတဲ့ လူအတွက်လည်း လက်ဆောင်ထည့်ပေးရကောင်း .. မပေးရကောင်း ဖြစ်တာတွေကိုလည်း နားလည်ပါတယ်။ နိုင်ငံခြားမှ လူအများစုက အိုက်တင် မခံပါဘူး။ အထူးသဖြင့် အိမ့်ချမ်းမြေ့ အိုက်တင်မခံပါဘူး။ လက်ဆောင် မလိုချင်ဘူးဆို တစ်ကယ်မလိုချင်တာပါ။ လိုချင်တယ်ဆို တစ်ကယ်ကို လိုချင်တာပါပဲ။ ဘာလို့ဆို ကိုယ်တန်ဘိုးထားတာတွေကိုသာ သယ်သွားချင်တာဖြစ်ပါတယ်။ (လူဆိုတာ တန်ဘိုးထားမှုခြင်း မတူဘူးဆိုတာလည်း နားလည်ပါတယ်)

ပြည်တွင်းမှလူတွေမှာလည်း နိုင်ငံခြားမှလူတွေ မစားရရှာဘူးထင်ပြီး ချက်ရပြုတ်ရတာ မလွယ်ပါဘူး။ နိုင်ငံခြားရောက် သူတို့ရဲ့ဆွေမျိုးသားခြင်းများအတွက်သာ မက၊ လူကြုံအတွက်ပါ မျက်နှာလုပ်ပြီး ချက်ရပြုတ်ရတယ်။

ဒါပေမယ့်… ကျမနေသော ကနေဒါမှာတောင် ဒညင်းသီး၊ မျှစ်ချဉ်၊ ငါးခြောက်၊ ဌက်ပျောအူ၊ ချဉ်ပေါင်ရွက် အကုန်ရပါတယ်။ ရေခဲစိမ် မဟုတ်ဘူး။ မှန်လုံအိမ်တွေနဲ့ စိုက်ပြီး လတ်လတ်ဆတ်ဆတ် ခူးရောင်းတာတွေဖြစ်တယ်။ စီးပွားရေးကို ရှေးရှုတဲ့ နိုင်ငံကြီးတွေပဲ market ရှိရင် ဘယ်နေလိမ့်မလဲ။ market ကလည်း နည်းတာ မဟုတ်ပါဘူး။ ကမ္ဘာအနှံက လူမျိုးစုံနေတာ ဖြစ်ပါတယ်။ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ အသီးအနှံတွေတောင် ရှိပါတယ်။ မုန့်လက်ဆောင်းတောင်မှ ဘယ်လိုအမျိုးစားချင်သလဲ အကုန်ရပါတယ်။ ရေခဲသုပ်ဆိုလည်း ထိုင်းစတိုင်လား၊ ဗီယက်နမ်စတိုင်လား၊ ဖိလိပိုင်စတိုင်လား… စသဖြင့်ပါ။ ကမ္ဘာပေါ်မှ လူမျိုးပေါင်းစုံနေတာပိုများတဲ့ ပြည်တွေမှာဆိုရင်၊ စားစရာအမျိုးအမည်တွေကလည်း ပိုတောင်စုံတတ်ပါတယ်။ ကြံရည်၊ ဇောင်းခါးသီးဖျော်ရည်၊ ရှားစောင်းရွက်ဖျော်ရည် စသည့်ထူးထူးဆန်းဆန်းများအပြင်၊ ရေမှော်၊ ရေခူမှ အစ၊ တရုတ်လူမျိုးများစားသော ကျားရဲ့အချို့သောပါစင်နယ်အစိတ်အပိုင်းများတောင် ရောင်းသောဆိုင်တွေရှိပါတယ်။ ခိုးချောင်ခိုးဝှက်ရောင်းခြင်း မဟုတ်ဘဲ၊ ဆိုင်ကြီးဆိုင်ကောင်းမှာ ခင်းကျင်းရောင်းခြင်းဖြစ်ပါတယ်။ ( တရားဝင်လား တရားမဝင်လားတော့ သေချာမစုံစမ်းရသေးပါဘူး ) စားသောက်ဆိုင်တွေဆိုတာ အလျှံပယ်နေရာအနှံ့လည်း ရှိပါတယ်။ မြန်မာအစာစားချင်သူများလည်း ကိုယ့်ဟာကိုယ် ချက်တတ်မယ်ဆို အကုန်နီးပါးရပါတယ်။

နိုင်ငံခြားတွေမှာ စားစရာတွေ ဘယ်လောက်ပေါများနေလဲဆိုတာ သိအောင် တင်ပြရပါတယ်။ ဒါတောင် အကုန် လိုက်မရိုက်နိုင်ပါဘူး။ မြန်မာပြည်မှလူတွေ စေတနာနဲ့ပင်ပန်းခံချက်ပြုတ်၊ လူကြုံရှာရတဲ့ ဒုက္ခအေးငြိမ်းစေချင်တာလဲ ပါပါတယ်။ နိုင်ငံတိုင်း ဒီလောက်အမျိုးစုံချင်မှ စုံနိုင်သော်လည်း သူ့အထွာနဲ့သူ ရှိသင့်သလောက်ရှိကြမှာဖြစ်ပါတယ်။

 

market4.jpg

 

market6.jpg

 

market7.jpg

market9.JPG

market2.jpg

အထက်ပုံမှာ တွေ့တဲ့အတိုင်း ဆန်ဆိုလည်း၊ ဆန်သစ်လား ဆန်ဟောင်းလား။ ထိုင်းဆန်လား၊ ဂျပန်ဆန်လား၊ ဆန်စေးလား၊ ကောက်ညှင်းဆန်လား၊ basmati လား၊ ကောက်တိုလား ကောက်ရှည်လား၊ အိတ်သေးလား၊ အိတ်ကြီးလား၊ အလှပြအိတ်လား၊ ဂုံနီအိတ်နဲ့လား၊ အာဖရိကဆန်လား၊ အိန္ဒိယဆန်လား အကုန်ရပါတယ်။ (လူရှင်းတုန်း အမြန်ရိုက်ရတာမို့ ပုံက သိပ်တော့ မကြည်ပါဘူး)

ဒါကြောင့် နိုင်ငံရပ်ခြားတွင်နေသောသူများအတွက် သိပ်အရေးကြီး ကိုယ်တန်ဘိုးထားတဲ့ တရားဝင်ပစ္စည်းတွေကလွဲလို့ ဘယ်သူ့ဘယ်သူမှ လူကြုံမသယ်ပေးသင့်သလို သယ်ခိုင်းဖို့လည်း မသင့်တော့ပါဘူး။ အဝေးမှလူတွေအပေါ် စေတနာတကယ်ရှိတယ်ဆို ကိုယ်တိုင်ငွေကုန်ကြေးကျခံပြီး စာတိုက်ကနေ ပို့သင့်ပါတယ်။ နိုင်ငံရပ်ခြားမှလူတွေကလည်း စားစရာတွေ အလျှံပယ်ရှိနေရဲ့နဲ့ ကိုယ့်ဟာကိုယ် မချက်ချင်လို့/မချက်တတ်လို့ စတဲ့အကြောင်းတွေကို မပြောဘဲ၊ အိမ်ကချက်ပို့တာတွေကို လူကြုံကနေတဆင့် မျှော်မယ်ဆိုလည်း မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ဘယ်လိုမှ မရနိုင်တဲ့ ပစ္စည်းများကို မဆိုလိုပါ။

ဒါတွေအားလုံးထား၊ လူကြုံနဲ့ပို့ပေးသူ ကျေနပ်ကြတယ်ဆိုရင်တောင်မှ တရားဝင်ပစ္စည်းပဲ ပေးသင့်တဲ့အပြင်၊ လူကြုံတွေရဲ့ စေတနာကို အသိမှတ်ပြုသင့်ပါတယ်။ ဆူပူကြိမ်းမောင်း၊ ငြူစူရန်တွေ့ခြင်းတွေ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ တစ်ခါတစ်လေ တစ်ခါမှ မမြင်ဘူးတဲ့ လူကြုံသယ်ခိုင်းသူတွေ အိမ်ရှေ့ခန်းမှာ ကိုယ်အည့်ခံသော မုန့်တို့ကော်ဖီတို့စားအပြီး၊ သူတို့သယ်ခိုင်းတာ အကုန်မသယ်နိုင်လို့ပါလို့ ပြောမိလို့ ဆောင့်အောင့်ထွက်သွားတဲ့ ကြံကြံဖန်ဖန် အဖြစ်မျိုးတွေလည်း ကြုံဘူးပါတယ်။ လေယာဉ်ပျံပေါ်မှာ သယ်ခွင့်ရတဲ့ အလေးချိန်ထဲက ဖဲ့ပြီး စေတနာနဲ့ သယ်ပေးကြတာဖြစ်ပါတယ်။ တစ်ခါတစ်ရံ မိမိသယ်ယူသွားမယ့် ပစ္စည်းတွေကိုတောင် ချန်ထားတတ်ခဲ့ကြတာပါ။ အခုနောက်ပိုင်းတော့ အရေးကြီးစာရွက်စာတမ်းကလွဲလို့ ဘာမှ မသယ်ပေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတစ်ပါးအတွက် မစဉ်းစားဘဲ ကိုယ့်အတ္တ(selfishness) နှင့် သူများမရနိုင်တာ ကိုယ်ရတယ်၊ သူများမရှိနိုင်တာ ကိုယ့်မှာရှိတယ်ဆိုတဲ့ လောဘ (greed) ကိုသာကြည့်ပြီး၊ လေယာဉ်ကွင်းမှာလာစောင့်ကာ လက်ထဲအတင်းထိုးထည့်တဲ့ လူကြုံပေးသူတွေကိုလည်း၊ ခေတ်စနစ်အလိုက် ပြောင်းသင့်ပါပြီလို့ ပြောလိုပါတယ်။

ကျမကို လူကြုံပစ္စည်းသယ်လာပေးဖူးသော သူများအားလုံးနဲ့၊ လက်ဆောင်လေးတွေထည့်ပေးဘူးသော သူများအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောကြားလိုက်ရပါတယ်ရှင်။

အိမ့်ချမ်းမြေ့

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

3 Comments »

  1. ကျေးဇူးတင်ခံ၇တဲ့အထဲ ထိပ်ထားပါသွားပြီ။ အ ဟိ။ ဖျားနေလို့စိတ်ညစ်တယ်ကွာ။ မလွမ်းချင်ဘူး -၇ ဆက်ေ၇းလေ။ ဒီမှာအပြတ်အားပေးနေတယ်။ဧည့်ခန်းထဲတယောက်ထဲထိုင်စာဖတ်နေတာ။

    Comment by ထိပ်ထား — January 24, 2014 @ 11:43 am

  2. အမျိုးတွေကို ကျေးဇူးတင်ဘူး။ တစိမ်းတွေကို တင်တာရယ်…
    ကိုယ်တိုင်လည်း… အမျိုးတွေကို သယ်ပေးလာတာ အနှစ် ၂၀ ရှိပြီလေ….. :p
    ဂရုစိုက် မကြီး …. drink lots of water & juice <3

    Comment by မလေး — January 24, 2014 @ 11:52 am

  3. အဲ့ဒါတော့ ဟုတ်တယ်။ ငံပြာရည်ကျော်တွေ ဘာတွေကို ထည့်ပေးတတ်ကြတာ တချို့က…။ ဆီတွေယိုပြီး ရွှဲစိုလို့ တချို့ဆို… :D
    မြန်မာအစားအစာကို တကယ် ချက်စားတတ်ရင်၊ ချက်စားချင်စိတ်ရှိရင် ဖြစ်တာပါပဲ။
    အရင်တုန်းကဆို…ပြည်ပက အခန်းမှာ အတူတူနေတဲ့ သူငယ်ချင်းတွေက ငရုပ်သီးဆားထောင်း စားချင်တယ်ဆိုတာနဲ့ ကျွန်တော် ဘာလုပ်တယ်မှတ်သလဲ။
    မုန့်ထည့်တဲ့ အိတ်ထူထူထဲမှာ ငရုပ်သီး ကြော်ပြီးသားတွေ၊ ဆီတွေ၊ ဆားတွေ၊ အချိုမှုန့်တွေ၊ ကြက်သွန်နီ/ဖြူတွေထည့်ပြီး အိတ်ကိုပိတ်၊ အပေါ်က တူသေးသေးလေးနဲ့ ထုပြီးတော့တောင် လုပ်ကျွေးခဲ့ဖူးသေးတယ်…။ ငရုပ်ဆုံမရှိလို့လေ…အိမ်မှာ။ အဲ့သလို… :P

    ခင်မင်ခြင်းအားဖြင့်….
    ကိုဏီ

    Comment by ဏီလင်းညို — January 26, 2014 @ 3:52 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------