September 28, 2007

ချစ်သူ့အိမ်

Filed under: ဖူးငုံမဂ္ဂဇင်း, ၀တ္ထု — မလေး @ 1:20 am

ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တဖက်တချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ၊ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်က ပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။
မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လဲ အသက်ဝင်နေတယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။

ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တခါတရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့  တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်။

ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တခါတရံ ချစ်သူ တံမြက်စည်းလှဲနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတခုလဲပါတယ်။ တခါတရံ တံမြက်စည်း လှဲပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။ တခါတရံတော့လဲ ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ရောက်နေလို့ ချစ်သူမရှိတဲ့ အိမ်လေးကို အဲဒီတော့မှ ရဲရဲဝင့်ဝင့် ကြည့်မိတယ်။ ယောင်္ကျားလေးတွေ အများကြီးရှိတဲ့ လ္ဘက်ရည်ဆိုင် ဆိုတော့ ချစ်သူရှိနေမလားလို့ လှမ်းမကြည့်ရဲလို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့လဲ အားမကိုးရတဲ့ သူငယ်ချင်းတွေက နင်ကြည့်ပေးလိုက်၊ ငါလဲမကြည့်ရဲဘူး။ နင်ကြည့်ပါလား ဆိုပြီး သူကြည့်ငါကြည့်နဲ့ သူတို့ အချင်းချင်း ငြင်းခုံနေခဲ့ကြသေးတယ်။

မိုးအုံ့နေတဲ့ ညနေလေး တခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်းမတွေရဲ့ လှပနက်မှောင်တဲ့ ဆံကေသာတွေနောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှည့်ကြရင်ကောင်းမလားလို့ ချီတုံခြတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစုံတရာကို(သို့) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုလ်းနံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွှန်တော် “ . . . ” ပါတဲ့၊ တအုပ်လုံးကြီးက ခေါင်းငြိမ့်ကြတယ်။ ဒါ ကျွှန်တော့အိမ်ပါတဲ့၊ တစ်အုပ်လုံးက တစ်ခါ ခေါင်းထပ်ငြိမ့်ကြ ပြန်တယ်။ အားတဲ့အခါ လဲလာလည်နိုင်ပါတယ်တဲ့။ အားလုံး ခေါင်းတွေ ငြိမ့်ကြပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။

ချစ်သူအတွက် ကဗျာလေးတွေကို စွယ်တော်ရွက်လေးတွေပေါ်မှာ စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူအတွက် စပ်ထားတဲ့ကဗျာတစ်ပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းမတွေကတော့ နှစ်မျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။

နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှုင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကိုတပတ်လျှိုတွဲချထားတဲ့ မိန်းကလေးတစ်ယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။

ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ
ဝါးရုံပင်တွေ တရှဲရှဲမြည်သွားတယ်။ ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လေ…ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တခုတော့ မဟုတ်တော့ပါ။

သြဂုတ်လ ၂ဂရက်၊ ၂၀၀၆
(၂၀၀၇ ဇူလိုင်လထုတ် ဆယ်ကျော်သက်မဂ္ဂဇင်း)

teen1.png

 

teen2.png

ကိုလွမ်းလူ၏ ထင်မြင်ချက်…

ချစ်သူဆိုတဲ့ အသုံးအနှုံးတွေ့ရင် ကိုယ့် မသိစိတ်က အလိုလို ဖြတ်ကနဲ ခေါင်းလောင်းသံတွေ မြည်လာတတ်တဲ့အကျင့်ရနေတယ်။ ရှာရတာလည်း မောလှပြီ။ ဘလော့မှာ ကွန်မင့်ရေးဖို့ နမြောတွန့်တိုတတ်တဲ့ ကိုယ်ဟာ လှပချစ်မြတ်နိုးဖွယ် မြန်မာမိန်းကလေး တစ်ယောက် ရဲ့ တိတ်တခိုး ရင်းခုန်သံလေးကို လေးစားမြတ်နိုးတဲ့ အနေနဲ့ ရေးလိုက်တာပါကွယ်။ အမှန်တော့ ကိုယ်ကိုယ်တိုင်လည်း ဒီဘလော့တွေမှာ ဖတ်နေရတဲ့ ၀တ္ထုတိုလေးတွေကို လက်ခံစပြုနေပြီ။ ကိုယ်က စာပေဆိုရင် စာအုပ်မှ။ စာအုပ်တောင်မှ ဟောင်းနွမ်းပြီး ၀ါကျင့်ကျင့်အရောင် ပိုးမှုန်တက်နေတဲ့ စာအုပ်မျိုးမှ။ ဒါအပြင် စာအုပ်တွေဆိုလည်း အပိုင်ရမှာ ဖတ်ချင်တာ။ ပြန်ပေးရလို့ နောင် ကိုယ်အသက်ကြီးလာတဲ့အခါ ဖတ်ချင်ရင် ဘယ်လို လုပ်မလဲ။ ကိုယ့် အတ္တပါ။ Internet ကို သုံးတတ်လာတော့ E-Books ဆိုတာ download လုပ်ကြည့်သေးတယ်။ တခါမှ ဖတ်မကြည့်ဘူး။ ဒါပေ့မယ် ဒီဘလော့ စာမျက်နှာမှာရှိတဲ့ ၀တ္ထုတိုလေးတွေက လင့်ဆိုတာ ကို တစ်ခါ နှိပ်လိုက်တာနဲ တစ်မျက်နှာထဲမှာ အကုန်ဖတ်ရတာကိုး။ တစ်ခုဖတ်ပြီတိုင်း တစ်ခု ခံစားရတယ်။ လှတယ်။ ပန်ချီကားတွေ တစ်ချပ်ပြီး တစ်ချပ် ကြည့်ရသလိုပဲ။

(အပိုမှတ်ချက်။ နှစ်တွေကြာလာတော့ ကျောက်စရစ်ခဲလေးတွေလည်း ဘယ်ရှိတော့ မလဲနော့။ လမ်းလျှောက်ရတာ ဘယ် ခက်ခဲတော့ မလဲ။)

……..အိမ်မက်ဒေါ့ကွန်းမှ စာဖတ်သူများ၏ မှတ်ချက်အချို့……

သိပ်လှပတဲ့ ကဗျာတစ်ပုဒ်ပါပဲ တပြည်သူ။
#1 reader on 2006-05-01 10:17

so sad… if i were her i would had tell the guy my feelings hehe
#2 Anonymous on 2006-05-01 10:20

ကောင်းထယ်ဗျာ ။ တကယ့်အဖြစ်အပျက်လားလို့ မေးလာရင် ဘယ်လို ဖြေ မှာလဲ :-)
#3 TT (Link) on 2006-05-01 12:39

for reader 1:
ကျေးဇူးတင်ပါတယ်နော်

for reader 2:
အဲလိုပြောလိုက်ရင် နောက်တခါ
မျက်နှာချင်းဆိုင်ဖို့ခက်သွားမယ်ထင်တယ် :-P

for brotun:
ကိုထွန်းကသမ္ဘာပဲ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြည့်လိုက်နော.. ;-)
#4 tapyaythu on 2006-05-01 15:55

တစ်ပြည်သူက RIT ကလား
#5 Anonymous on 2006-05-01 21:08

မဟုတ်ပါဘူး :-)
#6 tapyaythu on 2006-05-01 23:16

mama aye theit theit kyite dae
ah kyite sone pae
the way u present the story is perfect
ur much better then me

sweet
#7 Anonymous on 2006-05-02 02:54
ရ ပါ တယ် မ မ ရယ် မျက် နှာ ပြောင် နဲ့  ပဲ သူ ငယ် ချင်း စက် လုပ် မှာ ပေါ့ ဟီး ဟီး

reader #2
#8 Anonymous on 2006-05-02 16:32

Sis Sweet, thanks par naw..
no.. I didn’t make them up :)like i said, about 85 - 90% are based on real events.
my မောင် is 100% real though
(လူတွေတော့သိကုန်ပါပြီ
အဲဒီ မောင် ကိုသိတဲ့လူတွေ ဒီမှာ စာ လာလာဖတ်ကြတယ်)
“မောင်”ကမထင်မရှားမဂ္ဂဇင်း
လေးတခုမှာ ပါခဲ့ဘူးပါတယ်..
အားပေးတာကျေးဇူးတင်ပါတယ်.
love,
mama
#9 tapyaythu on 2006-05-03 03:01

thamee yet mg net mama mg ga bar lo tu ya dar lae hin?
thamee mar lae mg shi bu dae. thi lar?

heee…………..
el di ah kyaung tway naut mha pyaw pya mae
#10 sweet on 2006-05-03 20:44

ဟီးဒီတခါလဲကောင်းပြန်ပြီဗျာ
တကယ်တော်တဲ့တပြည်သူပါဗျာ
စာဖက်ရတာ..တကယ်ဖြစ်နေသလိုပဲ
ကောင်းမှကောင်းပဲ
ရေးအုံးဗျာ..မျှော်နေတယ်
#11 kingpeacock (Link) on 2006-05-09 05:33

Lovely short story with kind words. Love is hard, yeah. But does your feeling of no longer tensed walking in front of him mean victory?
#12 YYK on 2006-08-28 03:03

I can feel such a love story.
Great work.
Keep on writng.
#13 MZN on 2007-01-03 20:06

ကောင်းတယ်ဗျာ၊ ဆက်ရေးပါဦး၊
#14 MgPhoeThar on 2007-02-15 06:59

ဘ၀ဆိုတာကဗျာတပုဒ်ပန်းတခင်းမဖြစ်လေသမျှ လွမ်းမောမှု့တွေ ရှိနေလိမ့်ဦးမယ်
#15 Anonymous on 2007-03-16 17:13

ဖတ်ရတာ ရင်ထဲမှာ စွဲငြိကျန်သွားစေတဲ့ စာစုလေးတစ်ပုဒ်ပါပဲ ခင်ဗျာ..
တစ်ခါဆိုဆိုသလောက် တစ်ပြည်သူရဲ့ စာလေးတွေက အင်မတန်မှကို လွမ်းမောနှစ်သိမ့်ဖွယ် ကောင်းလှပါတယ်…
ဆက်လက်ပြီး စာကောင်းလေးတွေ ရေးသားပြုစုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် တစ်ပြည်သူရေ….
~ ရေခဲငှက် ~
#16 ရေခဲငှက် on 2007-05-16 20:01

10 Comments »

  1. နှစ်တွေ အကြားကြီး ရှိမှ တော့ လမ်းလျှောက်ဖို့ ဘယ်ခက်တော့ မလဲ နော်။
    ကျနော့ ဘုရားသခင်လေး အလို အရဆို အချစ်တစ်ခု ရဲ့ သက်တန်းက ၂ နှစ်ပဲ ရှိတယ်ဆိုတာပဲ။

    Comment by မိုးထက်နေ — October 4, 2007 @ 12:31 pm

  2. ပြောဖို့ မေ့သွာတယ်….
    ကျနော်တော့ မယုံပါဘူး

    Comment by မိုးထက်နေ — October 4, 2007 @ 12:37 pm

  3. ပြဿနာ အသေအချာပဲ
    ထပ်မေ့ ပြန်တယ်
    ချစ်ခြင်းက အသက်ထက်ပို ရှည်မယ်လို့ လတ်လတ်ဆတ်ဆတ် ယုံလို ရနေပါတယ်။

    Comment by မိုးထက်နေ — October 4, 2007 @ 12:44 pm

  4. အိုး……… ဒီစာစုလေးကိုလဲ ချစ်မိပြန်ပြီ
    လောကမှာ ကိုယ့်ခံစားချက်ကိုမြိုသိပ်ပြီး
    ချစ်ရတဲ့သူတွေအတွက် နှလုံးသွေးထုတ်ပေးခဲ့ရတာတွေပေါ့
    ဒါပေမယ့် …….. ပျော်ခဲ့မယ်၊ ပျော်နိုင်ခဲ့မယ်ထင်ပါတယ်

    Comment by ဂျူ — May 22, 2008 @ 2:06 am

  5. ဒီဝတ္တုလေးကိုဒီနေ့မှအိမ်မက် webside ကဖတ်ဖူးတာပါ…
    အရမ်းကောင်းပါတယ်….
    အမရေးသမျှထဲမှာအကြိုက်ဆုံးပါ…

    Comment by အေးချမ်း — September 10, 2008 @ 10:46 pm

  6. ဒီဝတ္ထု အသက်ဝင်လွန်းလွန်းတယ် မလေး။ ဆယ်ကျော်သက်မဂ္ဂဇင်းဆိုတာ ညီမလေး မသိလို့။ မြန်မာပြည်က မဂ္ဂဇင်းလား၊ အွန်လိုင်းမဂ္ဂဇင်းကို ပြောတာလား။ မလေး တခြား ဘယ်မဂ္ဂဇင်းတွေမှာ ရေးသေးလဲ။ မလေးရဲ့ ဘလော့စပေါ့က ၀င်တာ ဘာမှ မပေါ်ဘူးနော်။ Show all posts ဆိုတာပဲ ပေါ်တယ်။ လင့်ကို နှိပ်လည်း ဘာမှမပေါ်ဘူး။

    Comment by အေးချမ်းသူ — September 13, 2008 @ 8:40 pm

  7. ညီမလေး အေးချမ်းသူ..
    မလေး ဒီဘက်မှာပဲ ပြန်တင်ပေးမယ်… ဟိုတလောကမုဒ် မ၀င်ဘူးဖြစ်နေလို့ပါကွယ်.. ။
    ရေးပေးနော်..
    သိချင်လို့
    :)

    ဖူးငုံက မြန်မာပြည်က မဂ္ဂဇင်းပါညီမလေး..

    Comment by အိမ့်ချမ်းမြေ့ — September 16, 2008 @ 10:03 pm

  8. လှလိုက်တဲ့စာလေးဗျာ တစ်ကယ် ဒီလင့်လေးကို မမျှော်လင့်တဲ့ နေရာတစ်ခုကနေရတာပါ။ ဘလော့ ရေးတဲ့ မမကလည်း အရမ်းကို လှပတယ် ဆိုတာ သိရတယ် အပြင်မှာ မိတ်ဆွေ ဖြစ်ချင်လိုက်တာဗျာ

    Comment by Anonymous — June 5, 2009 @ 11:28 am

  9. ချစ်သူ့အိမ်တဲ့လား…ခဏခဏဖြတ်လျှောက်ခဲ့တဲ့အချိန်တွေ ချစ်သူသိပါလေစ..မသိလဲ ရှိပါစေတော..ဒီဘ၀ ဒီမျှနဲ့ပဲရှိပါစေတော့လေ..

    Comment by ကိုသန့်စင် — July 17, 2009 @ 10:44 am

  10. very good!

    Comment by sandar — September 2, 2009 @ 1:52 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....