♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 15, 2013

ကျမချစ်တဲ့ လမ်းကလေးတွေပေါ်မှာ..

Filed under: Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 11:37 pm

 leaves.jpgတစ်ခါတစ်လေတော့လည်း………
ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တဲ့ အချိန်တွေရယ်..
ဘယ်တော့မှ ပြန်ဖြစ်လာမှာ မဟုတ်တဲ့ အကြောင်းတွေရယ်….
ဘယ်တော့မှ ပြန်ဆုံခွင့် မရှိနိုင်တော့မယ့် သူတွေရယ်….
ရှိရှိသမျှမျက်ရည်တွေ ကုန်ခမ်းသွားတာတောင်မှ ပြန်မတွေ့နိုင်တော့မယ့်…
ပျောက်ဆုံးသွားတဲ့ ကျမ အသည်းနှလုံးတစ်စုံရယ်ကို….

ပြန်တွေ့လို့တွေ့ငြား…
ဒီလမ်းတွေပေါ်မှာ ရှာကြည့်မိတဲ့ နေ့ရက်တွေ
ကျမ ဘဝထဲမှာ များများလာခဲ့တယ်…..

နေသာတဲ့နေ့…
မိုးအုံ့တဲ့နေ့…
မြူဆိုင်းတဲ့နေ့
မိုးသီးကြွေတဲ့ နေ့…
ရေခဲလေတွေ တိုက်ခတ်တဲ့နေ့…
ကောင်းကင်ကြီး ပန်းနုရောင်သန်းတဲ့ နေ့…
ကောင်းကင်ကြီး ကြည်ပြာရောင်သန်းတဲ့ နေ့…
အဲသလို….
နေ့မျိုးစုံမှာ.. ကျမ ဒီလမ်းတွေပေါ်မှာ လျှောက်ဖြစ်တယ်….။

တစ်ယောက်တည်း လမ်းလျှောက်ရတဲ့ အချိန်တွေဟာ
နှစ်လိုဖွယ် မက်မောဖွယ် ကောင်းလွန်းလှတယ်..
အတွေးတွေကိုလည်း လိုသလိုကွန့်မြူးလို့ရတယ်…
လူရှင်းတဲ့အခါ…. ဌက်ကလေးတွေနဲ့အပြိုင် တေးသီချင်းတစ်ပိုင်းတစ်စကလည်း
နှုတ်ခမ်းဖျားကနေ မတော်တဆ ခုန်ထွက်ကျ လာတတ်သေးတာ…။
အဲသလောက် သာယာလှပတဲ့ အတ္တမဲ့ အချိန်တွေကို
ဖဲ့မပေးနိုင်တာကိုက အတ္တကြီးနေမိတာပဲလား….။

ကျမလိုပဲ.. လမ်းလျှောက်ဝါသနာပါတဲ့ သူငယ်ချင်းမ တစ်ယောက်နဲ့လည်း..
ဒီလမ်းတွေပေါ်မှာ ဆုံဖြစ်တယ်..။
ဌာနတစ်ခုတည်း လုပ်တယ်ဆိုပေမယ့်
သူကော ကျမကော… ကိုယ်စီအတွေးတွေနဲ့ တစ်ယောက်တည်း လျှောက်တတ်သူတွေ….
လမ်းလျှောက်တာကို နှစ်သက်ကြသူတွေပေမယ့် တစ်ခါမှ အတူတွဲမလျှောက်ဖူးကြဘူး။

leaves2.jpg

ထမင်းစားချိန်တွေမှာ..
မိုးသည်းသည်းမည်းမည်းရွာပြီဆိုရင်..
အခန်းတံခါးပိတ်.. စာရေးတတ်တဲ့ ကျမ၊
ဒါမှမဟုတ်… ဂျင်ထဲမှာ အားကစားလုပ်ဖြစ်တဲ့ ကျမ၊
ဒါမှမဟုတ်… စာကြည့်တိုက်ထဲမှာ ကွန်ပြူတာတစ်လုံးနဲ့ စာဖတ်တတ်တဲ့ကျမ၊
မိုးမရွာဘူးဆိုရင်တော့
အဲဒီလမ်းလေးတွေပေါ်
မြတ်နိုးစွာ ခြေချဖြစ်တယ်…။

တစ်နေ့တော့…
ကျမကို.. သူငယ်ချင်းမ က …
ဇတ်လမ်းတစ်ပုဒ်ကို ပြောပြလေတော့တာ…

ကျမတို့ လမ်းလျှောက်တတ်တဲ့ အဲဒီနားတဝိုက်မှာ
မိန်းမတစ်ယောက်ကို တွေ့ရတတ်တယ်လို့ ဆိုကြတယ်။
သူ့ကိုတွေ့တိုင်းလည်း မြင်ရသူတွေ စိတ်ထဲမှာ တစ်မျိုးဘဲလို့လည်း ဆိုကြတယ်…။
တစ်ခါတစ်ရံ လှည့်ကြည့်လိုက်မှ ချက်ချင်းကို ပျောက်သွားတာ..
မြူဆိုင်းတဲ့ လမ်းတွေပေါ်မှာလည်း မတွေ့ရတတ်တော့ဘူး…
လေပြေချွေလို့ ကြွေတဲ့သစ်ရွက်တွေကြားလည်း မရှိတော့ဘူး…
ထင်းရူးပင်တွေအောက်မှာလည်း…
ရှာမတွေ့တော့ဘူးလို့လည်း ဆိုကြတယ်…။

leaves3.jpg

အဲဒီနားက လမ်းကလေးဘေးက ထင်းရူးပင်တွေအောက်မှာ…
အဲဒီမိန်းမအတွက် ရည်စူးပြီး ပန်းကလေးတွေကို..
တစ်စုံတစ်ယောက်က လာလာချထားပေးတတ်တယ်လို့လည်း
ဆိုတယ်…..။

ဘာဖြစ်လို့ အဲဒီမိန်းမ သေဆုံးသွားလည်း…
ဘာလို့ ဒီနားမှာမှ သေဆုံးသွားလည်း ဆိုတာ…
သိနေတဲ့အကြောင်းတစ်ခုကြောင့်ပဲ ဆိုတာ..သေချာပေမယ့်…
ဘယ်သူကမှ အဲဒီအကြောင်းကို မပြောဖြစ်ကြဘူး…
မပြောရက်ကြဘူး…။
သေဆုံးသွားတဲ့ သူတစ်ဦး…
ငြိမ်းချမ်းစွာ ရှိပါစေတော့…
ကိုယ်တိုင်တွေလည်း တစ်နေ့ ဒီလမ်းလျှောက်ကြရမှာ…။

ကျန်ခဲ့တဲ့သူတွေမှာသာ..
နေရာလေးတစ်ခုမှာ..
အမှတ်တယနဲ့ ပန်းကလေးတွေ ချထားပေးတတ်တော့တာ…။

သူမအတွက်…
ပန်းကလေးတွေ ရှိတယ်ဆိုတဲ့
လမ်းကလေးနားက…
အခြား… လမ်းကလေးတွေကလည်း…
ရုံးသူရုံးသားတွေ တစ်ယောက်စ နှစ်ယောက်စ
လမ်းလျှောက်ထွက်တယ်ဆိုတာတောင်မှ
လွမ်းမောဘွယ်ရာ ကောင်းလွန်းလှတတ်တာ…

အဲဒီမိန်းမအတွက် …
ပန်းကလေးတွေ
တစ်စုံတစ်ယောက်က
လွမ်းဆွတ်ရည်စူးလို့ ချထားတဲ့ နေရာကို…
ကျမ သွားသွားရှာမိတယ်…

ဒါပေမယ့်…
လူတွေကသာ အဲဒီနေရာကို တွေ့တယ်ဆိုပေမယ့်…

leaves4.jpg

ကျမကတော့…
ကျမကတော့…
အခုထိ…
မတွေ့မိသေးတာပါပဲ….။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

1 Comment »

  1. အမရယ်..
    ရေးထားတာလေးဖတ်ပြီး ပစ်တောင် စိတ်ထဲ မြင်ယောင်ကြည့်မိတယ်..
    ပန်းလာချတာဘယ်သူများပါလိမ့်လို့

    Comment by ပစ်ပစ် — November 23, 2013 @ 11:13 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------