♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 29, 2013

လွမ်းမိခြင်း

Filed under: my notes — အိမ့်ချမ်းမြေ့ @ 12:47 pm

ကျမ တစ်ကယ်ကို ဘလောဂ်လောကကို သတိရမိတယ်…။

အဲဒီမှာ ဘယ်သူတွေက အသက်ဘယ်လောက်ရှိလဲ၊ ဘာရာထူးတွေလဲ၊ ဘာအလုပ်အကိုင်တွေလုပ်လဲ၊ ဖြူသလား၊ မဲသလား၊ ရှည်သလား၊ ပုသလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ဘယ်ဘာသာဝင်ကိုးကွယ်လဲ၊ ဘယ်တိုင်းပြည်မှာနေတာလဲ၊ ပညာအဆင့်အတန်းက ဘယ်လောက်ရှိသလဲ၊ ဘာဘွဲ့တွေရလဲ၊ ဘယ်လိုအသိုင်းအဝိုင်းကလာလဲ၊ ဆင်းရဲလား၊ ချမ်းသာလား၊ အပေးအကမ်းရက်ရောရဲ့လား၊ ဘာသာတရားကိုင်းရှိုင်းရဲ့လား စတာတွေကို ဘယ်သူမှ ဂရုမစိုက်ဘူး၊ မသိကြဘူး၊ သိစရာလည်း မလိုဘူး၊ သိလည်း မသိချင်ခဲ့ဘူး (အခုလည်း မသိချင်ဘူး)

ဘလောဂ်မှာ ဘယ်သူမှ ဓာတ်ပုံမတင်ဘူး၊ အကုန်လုံးက ကျောပေးသူပေး၊ နောက်လှည့်သူလှည့်၊ ဝါးသူဝါး၊ အခြားကိုယ်နဲ့ မဆိုင်တဲ့ ပုံတို့၊ ကိုယ်ဆွဲထားတဲ့ ပန်းချီတို့ကိုပဲ ပရိုဖိုင်းအနေနဲ့ တင်ကြပေမယ့်လည်း၊ ဖဘမှာလို ဓာတ်ပုံမတင်ရင်ဘဲ အကောင့်အတု လိုလို၊ unfriend မယ်၊ ဘလောဂ်မယ် ချိန်းခြောက်မှုတွေလည်း မရှိခဲ့ဘူး။ (ကလိုရီ ကဲ့သို့သော friend များကို ပြောချင်းမဟုတ်ပါ။ ယေဘူယျပြောခြင်းသာ ဖြစ်ပါတယ်။ သူကတော့ ဒဲ့ကိုစာရေးပြီး အသက်မကြီးခင်၊ အရေးအကြောင်းတွေ သိပ်မပေါ်ခင် ဖဘ ယဉ်ကျေးမှုအရ ဓာတ်ပုံတင်ပါဆိုလို့ ကလိုရီ ချွတ်မှ မှုန်ဝါးဝါးဓာတ်ပုံတွေ တင်တဲ့ဘဝကနေ စာရေးသက်တမ်း ဂ နှစ်ပြည့်ခါနီးမှာမှ ကျွတ်သွားရလို့ သူမကို တစ်ကယ်ကို ကျေးဇူးတင်ပါတယ်)

ရေးစရာရှိတာကိုလည်း စိတ်လွတ်လက်လွတ် ရေးကြတဲ့အခါမှာလည်း၊ သူ့ကိုပြောတယ်၊ ငါ့ကိုဆော်တယ်လည်း မရှိခဲ့ကြဘူး။ အချင်းချင်း ရိတာတွေ၊ စောင်းတာတွေ၊ ထေ့တာတွေလည်း မမြင်ရဘူး။ ခုလို မနာလိုဝန်တိုစိတ်တွေ၊ ကြိတ်ပြီး မကျေနပ်နေတာတွေနဲ့ ဒေါသတွေကိုလည်း မမြင်ခဲ့ရဘူး… (ကိုယ်ပဲ မသိတာလားတော့ မသိဘူး)

ဥပမာပေါ့. ကျမက ဒီနိုင်ငံက ဆရာဝန်တစ်ဦးအကြောင်းကို ရေးမယ်… ရှေ့နေတစ်ယောက်ရဲ့ ချစားအကျင့်ပျက်မှုကို ရေးမယ်၊ ကျောင်းဆရာမတစ်ဦးရဲ့ ဘက်လိုက်မှုကို ရေးမယ်…
ထို ပရိုဖက်ရှင်ထဲက ကျန်သူတွေက ပါစင်နယ် မယူကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူတွေက ဘာပရိုဖက်ရှင်မှန်းကို မသိဘူး။ သိစရာလည်း မလိုဘူး။ Most of the people don’t take things personal here in the blog world.

ကျမ…
ဘလောဂ် လောကကို တစ်ကယ်ကို သတိရမိပါတယ်…။

(အိမ့်ချမ်းမြေ့)

(p.s.) မလေးသည်.. ဒီကနေ့ကစပြီး စာကို စိတ်ထဲမှာ မုဒ်ဝင်သလို ဘလောဂါဘဝကအတိုင်း ပြန်ရေးပါတော့မယ်။ ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ပါစင်နယ် မရေးဘူး။ နောင်လည်း ကိုယ်စိတ်ရှိသည်အတိုင်း အကြောင်းအရာများ၊ အတွေးအခေါ်များကို စိတ်လွတ်ကိုယ်လွတ် ဆက်ပြီး ရေးသွားမှာ ဖြစ်ပါတယ်။

မလေးသည် လူတွေရဲ့ ပါစင်နယ်ကိစ္စများကို စိတ်မဝင်စားပါ၊
အကြောင်းအရာ နဲ့ အိုင်ဒီယာများကို ပိုပြီး စိတ်ဝင်စားပါတယ်လို့ ပြောလိုပါတယ်ရှင်..။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

3 Comments »

  1. မမချစ် ကိုလည်း သတိရတယ်
    မျှားပြာ နဲ့ ကိုစိုးထက် ကို သတိရတယ်
    ကိုတက်စ်စလာ နဲ့ မဂျစ် ကို သတိရတယ်
    စာမရေးတာကြာရင် နေကောင်းရဲ့လား မေးလ်ပို့တတ်ကြတဲ့ ဘလော့ဂါတွေကို သတိရတယ်
    ဆရာလိုလို နပြားလိုလို မလုပ်ကြတဲ့ ဘလော့ခေတ်ဦး ကို သတိရတယ် :)

    မျက်ခွက်မာမာနဲ့ သောက်ဂရုမစိုက်သလိုနေ အစ်မ ပေါ်တင်မပြောရဲပဲ အုံပုန်းတွေကို အရေးမထားနေနဲ့ ။ ကိစ်စရှိ ကျနော့်ကို စာပို့ ။

    Comment by မောင်မျိုး — October 29, 2013 @ 7:18 pm

  2. အပြည့်အ၀ ထောက်ခံပါတယ် မလေး။ လူထက် အတွေးအခေါ်၊ အရေးအသားကိုပဲ အာရုံပြုပါတယ်။

    Comment by ponyate — November 3, 2013 @ 9:50 am

  3. မလေးရေးတာတွေအားလုံး မှန်တယ် .. တီတင့်လဲ ဘလော့ကိုချစ်သလို ဘလော့ဂါတွေကိုချစ်တယ်
    ဘလော့ဂါတစ်ရာကျော်ကို သိခွင့်ရခဲ့ပေမယ့် ဘလော့နာမည်တွေပဲခေါ်လေ့ရှိတယ် မလေးရေ…နာမည်ရင်းမသိတာများတယ် :P
    ပါစင်နယ်ကိစ္စကိုစိတ်မ၀င်စားဘူး တစ်ယောက် တစ်မျိုး မတူညီတဲ့ အတွေးအခေါ် အိုင်ဒီယာလေးတွေ သဘောကျတယ် .. :)
    စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — November 16, 2013 @ 9:58 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------