♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 18, 2013

နှင်းမြူတွေထဲမှာ

Filed under: Vancouver, Canada, ဓာတ်ပုံ (Pictures), ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 12:07 am

မိုးများတဲ့ …
ကျမမြို့ကလေးရဲ့ အောက်တိုဘာနေ့တွေဟာ
ဒီတစ်နှစ်ထူးခြားစွာနဲ့
နေပူလို့ နေတယ်… ။

နံနက်ခင်းမှာတော့
မြူတွေက သိပ်သည်းစွာ ကျနေလို့
နေလုံးကြီးဟာ…
မြူကန့်လန့်ကာကို
လက်ကလေးနဲ့အတင်းတွန်းလို့ ထွက်ချင်ပေမယ့်
ထိုးဖောက်ဖို့တောင် မလွယ်တော့ဘူး။

မြူတွေထူထပ်လို့
တိတ်ဆိတ်တဲ့ လမ်းကလေးတွေဟာ
အတ္တမဲ့နေတတ်တယ်…..။
အဲဒီလမ်းကလေးတွေပေါ်မှာ
ဦးတည်ရာမဲ့ လျှောက်သွားရတာဟာလည်း
ကျမအတွက် အတ္တမဲ့လွန်းတယ်။

အဲဒီလမ်းကလေးတွေပေါ်ကို
ဖြတ်တိုက်လာတဲ့
ရေခဲငွေ့ပါတဲ့လေကို ရှုရှိုက်ရတဲ့ အရသာဟာလည်း
လတ်ဆတ်လွန်းလှပါတယ်…..။

ဟော….
ရောင်စုံသစ်ရွက်တွေကတော့ ဆောင်းကိုကြိုဖို့
သူတို့အရွက်တွေကို ချွေချမြေခလို့ ကြိုဆိုနေကြပြီ…
ကျမလား…
ဟင့်အင်း….
ရွက်ကြွေတွေကို မကောက်တော့ပါဘူးကွယ်..။
အသိမှတ်ပြု ခေါင်းငဲ့ပြရုံလေးပါပဲ..။

နေတက်လာလို့ မြူကွဲသွားရင်တော့ ရာသီဥတုက ပြန်နွေးလာတတ်တယ်။
ဒါပေမယ့် ညနေစောင်းပြန်ရင် မြူတွေက ပြန်ထလာပြန်ရော….။
အဲဒီတော့… မြူကန့်လန့်ကာနောက်က လရောင်ကလည်း တိုးလို့ မပေါက်တော့ဘူးပေါ့။
အဲဒါကြောင့်…
လမင်းဟာတိတ်တဆိတ် နှုတ်ခမ်းစူလိုက်တယ်။

ထင်းရူးပင်တွေကတော့ နှင်းငွေ့အောက်မှာ..
ငြိမ်ငြိမ်သက်သက်.. အချင်းချင်း ခပ်တိုးတိုး စကားဆိုလို့ရယ်….
သူတို့လည်း…
ဆောင်းကို ကြိုကြတော့မယ် ထင်ရဲ့..။

သြော်…
တစ်ဆောင်းသစ်ပြန်ဦးမယ်….။

fog.jpg

fog2.jpg

fog3.jpg

fog4.jpg

fog6.jpg

fog7.jpg

fog8.jpg

fog9.jpg

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

2 Comments »

  1. ကဗျာလေး ချစ်စရာကောင်းလိုက်တာ. ဆောင်းငွေ့ လေးတောင် ဖတ်ရင်းနဲ့ ရလိုက်သလို. အမှန်ပြောရရင် အိမ့်ကို အဲဒီကဗျာဆန်တဲ့ လက်ရာလေးတွေနဲ့  တိတ်တခိုးစွဲလန်းမိခဲ့တာ

    Comment by တန်ခူး — October 18, 2013 @ 4:48 pm

  2. လှလိုက်တာ မလေးရယ်

    Comment by Adora — October 21, 2013 @ 6:45 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------