♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 31, 2013

၂၀၁၃ ဘလောဂ်နေ့

Filed under: tag game — အိမ့်ချမ်းမြေ့ @ 4:21 pm

 blog-day.jpg

ဘလောဂ်ဒေး အမှတ်ရ ပိုစ်ရေးခိုင်းသော မကေသွယ်နဲ့ ကိုရန်အောင် ကြောင့် ဒီပိုစ်လေးကို ရေးပါတယ်။

ဒီနေ့ (သောင်္ကြာ 30-Aug-2013) တစ်နေကုန် အလုပ်မှာ ပင်ပန်းလာသည့်အထဲ.. လေ့ကျင့်ခန်းမလုပ်တာကြာတော့ gym ထဲမှာ အလေးနည်းနည်း သွားမထားမိပါသေးတယ်။ ပြန်လာတော့ လက်တွေအရမ်းကိုက်ခဲနေတာတောင်မှ စိတ်ကူးပေါက်ပြီး ‘တစ်ပြည်သူ မရွှေထား’ ကို ပီယာနိုနဲ့တီးပြီး သီချင်းဆိုမိသေးတယ်။ သောင်္ကြာနေ့မို့ လူက ပင်ပန်းသော်လည်း အရှိန်တက်ပြီး အခြားသီချင်းတွေပါ အရမ်းကို တီးပစ်လိုက်မိတယ်။
ည ၁၁နာရီလောက်ကျတော့ အွန်လိုင်းပေါ်တက်ပြီး ဖဘ သွားကြည့်လိုက်ဦးမယ်လေဆိုပြီး တက်လိုက်တယ်။ အဲဒီမှာ…. ဘလောဂ်ဒေး တက်ဂ်ထားတာ မြင်တော့…. တစ်ယောက်တည်း ကသုတ်ကရက်တွေ ဖြစ်ကုန်တယ်။

‘သူတို့ကလည်းလေ နှစ်စဉ်ဘလောဂ်ဒေးရှိနေတာကို အလုပ်ပင်ပန်းလာပြီး၊ အလေးမ လာမိတဲ့ နေ့၊ စန္ဒယားတွေ နင်းကန်အရှိန်တက်ပြီး တီးမိထားတဲ့ နေ့မှာမှ ဘလောဂ်ပိုစ်တွေ အရမ်းတွေရေးပြီး၊ အရမ်းတွေကို တက်ဂ်နေကြပါလားနော်…’ ဆိုပြီး ပြောမိတဲ့ အထိပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဘလောဂါတွေက ဘလောဂ်နဲ့ သူတို့နဲ့ ဘာမှ မဆိုင်သလိုလို၊ ဘာလိုလို။ နောက်ပြီးပြောသေးတယ်.. ဘလောဂ်ဘက် ခြေဦးလှည့်နိုင်တော့ပါဘူးကွယ်… ဆိုပြီး…. ဒီနှစ်ကျမှ အရမ်းတွေ ရေးနေကြတာရယ်လေ…..

ကိုယ်ကလည်း ဘလောဂ်ကို ချစ်တဲ့သူ၊ ဘလောဂါတွေရဲ့စာတွေကို မြတ်နိုးသူ၊ ဘလောဂါတွေကို မမြင်ဖူးမတွေ့ဖူးသော်လည်း သံယောဇဉ်ရှိသူ၊ နောက်ပြီး ရှေးဦးရေးသူတွေထဲပါတော့ နေရင်းထိုင်ရင်း တာဝန်ရှိသလိုကြီးခံစားလိုက်ရတော့ …. ရေးဦးမှပါပဲ.. ဆိုပြီး အားတင်းချိန်.. မျက်စိက အရမ်းကိုစင်းကျနေခဲ့ပါပြီ။

မျက်နှာစာအုပ်ဟာ မကေသွယ်ပြောသလို အရမ်းမြန်ဆန်တယ်၊ မနည်းလိုက်ရတယ်။ ပြီးရင်.. စတေးတပ်စ်တွေ၊ အမြင်တွေ အတွေးတွေက ချက်ချင်း တိမ်လိုလေလိုလွင့်ပါးပျောက်ကွယ် သွားပြန်တယ်။ ဘလောဂ်ပေါ်ကစာတွေက ခွန်အားစိုက်ထုတ်ရေးကြရတယ်။ ဘလောဂ်ပေါ်မှာ လူမျိုးစုံ၊ အသက်ရွယ်မျိုးစုံ၊ ဘဝအခြေအနေမျိုးစုံနဲ့ လူတွေရဲ့ စာတွေကို — စာအနေနဲ့ပဲ ဖတ်ကြတာများတယ်။ သူတို့ရဲ့ နှလုံးသား၊ ဦးနှောက်ထဲက ထွက်လာတာတွေကို အဆင့်အတန်းမခွဲ ဖတ်ကြတယ်၊ ဝေဖန်ဆွေးနွေးဖလှယ်ကြတယ်။ ဒါပေမယ့် ဖဘနဲ့ယှဉ်ရင် နောက်ပိုင်းမှာ ဖတ်သူလည်းနည်းတယ်လို့ထင်တယ်။ ဖဘပေါ်မှာက လူတွေပိုများပြီး …

‘ဒီကနေ့ ပန်းကလေးကို ရှုနေတုန်း နှာခေါင်းကိုပျားတုပ်သွားတယ်’
‘ဒီကနေ့ ထမင်းသုံးလုပ်စားတယ်’
အဲသလို မက်စေခ်ျတွေတောင် လူက ထောင်ချီပြီး လိုက်ခ်လုပ်ရင်လုပ်တာကလား။
အထူးသဖြင့် စတေးတပ်စ်ပိုင်ရှင်က ချောလှငယ်ရွယ်ပြီးဂုဏ်ရှိတယ်ဆိုရင်တော့ မနိုင်တော့ဘူးရယ်။

အဲသလို.. မကေသွယ်ရဲ့ ဘလောဂ်ဒေးပိုစ်လေးဖတ်ပြီး အဲသလိုခံစားနေရင်းက၊ ဘလောဂ်ဒေးပိုစ် အကြောင်းပြောဆိုနေကြတဲ့ အခြားအကြောင်းတွေကိုလည်း မနည်းလိုက်ဖတ်၊ လိုက်ခ်တွေ လိုက်နှိပ်ရသေးတာ။ လက်က ပိုကိုက်လာတယ်။

ဒါနဲ့ လိုတိုရှင်းပြောရရင် ဘလောဂ်အကြောင်းပြောကြတဲ့ ဖေ့ဘွတ်ကာတွေကို လိုက်ခ်လုပ်ရင်း ဖုန်းလေးဘေးကျလို့ အိပ်ပျော်သွားတယ်ဆိုပါတော့….
ဖုန်းလေး ဘေးကျသွားပေမယ့်… စတေးတပ်စ်နိုတီဖီကေးရှင်းတွေကတော့ တဒီဒီဆက်တက်နေတာပေါ့နော်…. လူကတော့ ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်သွားခဲ့တယ်။

ဒါနဲ့ ဒီနေ့ နိုးလာတော့ ဘလောဂ်ဒေးကိစ္စ မပြီးသေးဘူး။ ကနေဒါစံတော်ချိန်နဲ့ဆို ညထိ အချိန်ရတယ်ဆိုပြီး ကသုတ်ကရက် မရေးခင်၊ တက်ဂ်ထားတဲ့ ဘလောဂ်ပိုစ်တွေ အကုန်လိုက်ဖတ်တယ်။

ရေးနိုင်လိုက်ကြသော စာတွေဖတ်ပြီး သမိုင်းကိုပြန်ပြောင်းသတိရ၊ မျက်ရည်တောင် လည်ချင်သလိုလိုဖြစ်လာတယ်။

သူတို့ ဘလောဂ်မရေးနိုင်တာကိုတောင် ကျေးဇူးတင်ရမလိုဖြစ်နေတယ်။ လိုက်ခ်လုပ်ရတာနဲ့တင် လက်တွေညောင်းချိမတတ်။ ကွန်နက်ရှင်မကောင်းတာကိုလည်း ကျေးဇူးတင်ရမလိုဖြစ်နေတယ်၊ ကွန်နက်ရှင်ကောင်းပြီး ရေးနိုင်ကြမယ်ဆို … မတွေးရဲစရာပါပဲ။ မုဒ်တွေ၊ အကြည်ဓာတ်တွေပျောက်၊ ကွန်နက်ရှင် မကောင်းပေလို့သာပဲ၊ အကြည်ဓာတ်တွေဝင်၊ ကွန်နက်ရှင်တွေများသာ ကောင်းလို့ကတော
့……… ………..
……….

အခုတောင် တက်ကြွစည်းလုံးမှုကို အံ့သြကြည်နူးနေမိတာ အရမ်းပါပဲ။

ဘလောဂ်ဒေးအရှိန်ကို မြှင့်ပေးလိုက်တာကတော့ ၂၀၁၃ မှာ အစ်မသက်ဝေရဲ့ အိတ်ဖွင့်ခိုင်းတဲ့ ပိုစ်ဖြစ်မယ်ထင်တယ်။ စစချင်းကတော့ ဆရာမ မနော်ဟရီ စတာထင်တယ်.. အဲဒီကနေ မသက်ဝေက အားလုံးကို အိတ်ဖွင့်ခိုင်းတာကနေ ဘလောဂ်တွေလူစည်ပြီး၊ ဘလောဂ်ဒေးက ၂ရက်အတွင်းဆိုတော့ ဘလောဂ်ဒေးပိုစ်တွေ ဆက်လက်ရေးဖြစ်ကြတာ ပျော်စရာကောင်းလှပါတယ်။

ဘလောဂါတွေဟာ များသောအားဖြင့် အပြင်မှာ သဘောပိုကောင်းတယ်လို့ထင်တယ်။ တစ်ခါက ပိုစ်လေးတစ်ပုဒ်ထဲကလိုပေါ့..။

ကျွန်ုပ်တို့ ဘလောဂါများသည် အွန်လိုင်းများပေါ်တွင် ကိုယ်နှင့်သဘောမတူပါက စာတစ်ပုဒ်အပေါ်တွင် ငြင်းခုန်ဖြစ်ချင် ငြင်းခုန်ဖြစ်မည်၊ အာဘောင်အာရင်းသန်သန် ဆွေးနွေးဖြစ်ချင် ဆွေးနွေးဖြစ်မည်။ အွန်လိုင်းပေါ်မှာ ဆွေးနွေးငြင်းခုန်သော်လည်း၊ အခြေအတင်ဖြစ်ကြသော်လည်း၊ အပြင်မှာ မောင်လေးနှင့် မမ ဖြစ်ကောင်းဖြစ်နေမည်၊ အစ်ကိုနှင့်ညီမလေး ဖြစ်ကောင်းဖြစ်နေမည်၊ မမနှင့်ညီမလေး ဖြစ်ကောင်းဖြစ်နေမည်။
ဆိုသလိုပါပဲ….။

အလွန်ခင်မင်စရာကောင်းသူတွေပါ။

ဖန်သားပြင်ပေါ်မှာရင်ဖွင့်ရုံ စာရေးတာပါဆိုပြီး ကြွေးကြော်ခဲ့တဲ့ ကိုယ်လည်း ဒီဘလောဂါတွေကို နင့်နင့်သည်းသည်းကြီး သံယောဇဉ်ရှိနေတာကို သိလိုက်ရတယ်။ အရင်တစ်ခါတုန်းက ရေးခဲ့တဲ့ ပိုစ်ထဲကလိုပါပဲ… ဟိန္ဒူအယူတစ်ခုအရ “ကိုယ်နဲ့ကိုယ်စားတဲ့ဆန်စေ့တောင် ရေစက်ပါမှ ဆုံရတယ်” ဆိုသလို.. ကျမတို့တွေဟာ ရေစက်ပါလို့ အခုလို လာဆုံနေကြရတာပါ။ ဒီတက်ဂ်ဂိမ်းတွေဟာလည်း ဘလောဂါတွေကြားမှာ ပိုမိုရင်းနှီးစေတဲ့ ဂိမ်းလေးတွေဖြစ်တာမို့ ကျမ ကြိုးစားရေးလိုက်ပါတယ်။ ဒီတက်ဂ်ဂိမ်းကို ဘလောဂါတွေကြားထဲမှာ ပထမဆုံး မိတ်ဆက်ပေးလိုက်တဲ့ ကဗျာဆရာ ကိုတက်စ်လာကိုလည်း အမှတ်တယ ရှိနေပါကြောင်း ထပ်မံပြောကြားရင်း ဘလောဂ်ဒေးအမှတ်တယ ပိုစ်လေးရေးလိုက်ရပါသည်ရှင်။

ဘလောဂါဖြစ်ရတာ ဝမ်းသာတယ်၊ ဂုဏ်ယူပါတယ်။ ဘလောဂါတွေ စာတွေများကြီးဆက်ရေးနိုင်ပါစေ…။

ရှေ့ရှောက်လည်း အများကြီး စာပေအကျိုး၊လူတွေအကျိုးသယ်ပိုးနိုင်ကြပါစေ… လို့။

ချစ်ခင်စွာဖြင့်…
မလေးအိမ့်ချမ်းမြေ့
သြဂုတ်လ ၂၀၁၃ ဘလောဂ်ဒေးနေ့

သက်ဆိုင်တာလေးတွေ….

အမှတ်တရလေးများ (၂၀၁၁ ဘလောဂ်နေ့အတွက်)
ကျွန်ုပ်နှင့် အချို့သော ဘလောဂါများအကြောင်း

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

20 Comments »

  1. အလေးမ’သောလက်သည် ဘလော့ရေးနိုင်၏။ :)
    မလေးရဲ့ အမှတ်တရပို့စ်လေးက ချစ်စရာ … တပြည်သူမရွှေထား ပီယာနိုတီးပြီးဆိုတာ နားထောင်ချင်တယ် နော် … မလေး။

    ချစ်တဲ့
    မမေ

    Comment by မေဓာဝီ — August 31, 2013 @ 4:43 pm

  2. https://soundcloud.com/tapyaythu/thi-par

    ဒီမှာ… မမေ..
    သိပ်တော့ မကောင်းဘူးရယ်..
    ခွန်အားမရှိတဲ့ အသံဖြစ်နေတယ်… :D

    Comment by မလေး — August 31, 2013 @ 4:51 pm

  3. Happy Blogger’s Day!

    Comment by rose of sharon — August 31, 2013 @ 7:53 pm

  4. blogဆန်စေ့လေးတွေနဲ့ ရေစက်မကုန်ရပါစေနဲ့ဗျာ :)

    Comment by နတ္ထိ — August 31, 2013 @ 11:03 pm

  5. မလေး ရေးတာလေးဖတ်ပြီး ပြုံးချင်ချင်ဖြစ်သွားတယ်..
    အို တစ်နာရီခွဲမဟုတ်ဘဲ ည၁၂ နာရီအထိ အေးဆေးရေးခွင့်ရလို့ကတော့ ဘာပြောကောင်းမလဲ ဟင်းးးးဟင်းးးး :P

    Happy Blog Day ရယ်ပါ မလေး :))

    Comment by သူသူ — September 1, 2013 @ 12:00 am

  6. မလေးရဲ့ လက်ရာက မိတောဝိညာဉ်စီးနေပြီ ထင်ပါတယ်။ အဆီအငေါ်မတည့်တာတွေကို တော်တော်ကို သွက်သွက်လက်လက်နဲ့ ထေ့တတ်ငေါ့တတ်လာတယ်။ :D
    ဒီပို့စ်လေး ရေးပေးတဲ့အတွက် ကျေးဇူးပါ။ Myanmar Blogs Digest ဆိုတဲ့ FB က Fan Page လေးအတွက် မသွားပါတယ်.

    Yan.

    Comment by Yan — September 1, 2013 @ 2:22 am

  7. မလေး မလေးးး))

    ဘလောဂါဖြစ်ရတာ ဝမ်းသာတယ်၊ ဂုဏ်ယူပါတယ်

    Comment by MgMyo — September 1, 2013 @ 9:28 am

  8. တပြေသူ ကို ညက နှစ်ခါတောင် နားထောင်ထားတာ…နော်မမ .. :)
    မမရေးထားတာ ဖတ်ရပြီးတော့ ဘလော့ဂါဖြစ်ရတာ ကျေနပ်စရာအတိ.. ;)
    Happy Blog Day ပါမမရေ..

    Comment by အိန်ဂျယ်လှိုင် — September 1, 2013 @ 9:35 am

  9. ဆန်စေ့လေးတစ်စေ့ ဖြစ်ခွင့်ရတာ ကျေးဇူးတင်မိပါ၏။ ပုံရိပ်လည်း ဘာကြောင့်မှန်း မသိ လက်ကိုက်နေပါသည်။

    Comment by ponyate — September 1, 2013 @ 9:38 am

  10. မလေးလည်း အပြင်မှာ
    သဘောကောင်းမယ့်ပုံပါ ..
    နော် ..
    ဟုတ်တယ်မလား ?

    Comment by aye — September 1, 2013 @ 11:00 am

  11. စာလာလာဖတ်ပြီး အသာလစ်ပြေးဖြစ်တာ များနေပြီ…အကျင့်ပါနေတဲ့ ဗီဇအတိုင်း ရုံးလုပ်ငန်းနဲ့တူတဲ့ မေးလ်တွေ ဖြည့်ရတာ ပျင်းလို့း) ဖဘမှာ ရေးတဲ့စာဆိုတာ တိမ်ပေါ်မှာ ရေးတဲ့အရုပ်တွေပါ မလေးရယ်…လေတစ်ချက်ဝေ့ရင် ပြယ်တာပါပဲ…ဘလော့မှာ ရေးတဲ့စာကမှ ကျောက်မှာထွင်းတဲ့စာ…နှလုံးသားနဲ့ရင်းပြီး ကျောက်မှာထွင်းတဲ့ နှလုံးသား ကျောက်ထွင်းအက္ခရာ…

    ချမ်းမြေ့သော ဘလော့နေ့ဖြစ်ပါစေဗျာ…

    Comment by ဟန်ကြည် — September 1, 2013 @ 11:14 am

  12. Happy Blog Day ပါ မလေးရယ်..း)

    Comment by ဆုမြတ် — September 1, 2013 @ 8:22 pm

  13. မလေးလဲ အသံကောင်းတယ်။ စာရေးလဲကောင်းတယ်။ ခုဘဲ ကိုဏီဆီကလာတာ။ :)))

    Comment by လရိပ်အိမ် — September 2, 2013 @ 8:28 am

  14. ရေးဖို့အားယူရင်းနဲ့ မလေးရဲ့ ဘလော့ဒေးအကြောင်းကို ခံစားသွားပါတယ်ခင်ဗျာ … ပျော်ရွှင်ပါစေ မလေးးးးးးးးးရေ

    Comment by မျှားပြာ — September 2, 2013 @ 9:20 am

  15. ဘလော့အကြောင်းပြုလို့  ချစ်စရာစာရေးကောင်းတဲ့ ညီမလေးတယောက်ရခဲ့တာပါ. သစ္စာရှိရှိစာကောင်းလေးတွေပုံမှန်ရေးနေတဲ့ ဘလော့ဂါညီမလေးရေ. Happy belated blog dayပါနော်

    Comment by တန်ခူး — September 2, 2013 @ 2:43 pm

  16. မထေ့ငေါ့ရပါဘူး ကိုရန် ရေ….
    ရယ်စရာရေးတာပါရှင်…. :))

    Comment by မလေး — September 3, 2013 @ 2:13 am

  17. မလေးရေ..
    အစ်မကွန်မန့်က နောက်ဆုံးဖြစ်မယ် ထင်ပါတယ်…စာမရေးခင်ထဲက အားပေးခဲ့တဲ့ မလေးတို့လို
    စီနီယာဘလော့ဂါများနဲ့ အခုအချိန်မှာ ခင်မင်ခွင့်ရနေတာ ဘလော့ရေးခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။
    စာတွေ အတူတူ ဆက်ရေးကြရအောင်နော်..။ လက်နာတာကိုလဲ ဂရုစိုက်ဦး..။

    Comment by မြသွေးနီ — September 3, 2013 @ 4:02 am

  18. အမှတ်တရ တွေဖြစ်နေမှာပါ။ မလေးပြောတဲ့ ကော်ပီရိုက် တို့ ပေးတန့်တို့ အကြောင်း တွေကိုတော့ ထူးထူးခြားခြား စိတ်ထဲမှာ စွဲပြီး မှတ်မိနေတုန်း..။ ခင်မင်စွာဖြင့်

    Comment by AATO — September 4, 2013 @ 1:21 am

  19.ံHappy Belated Blog Day !
    စီနီယာ မလေးတို့  ပြောပြလို့ ပဲ ဘလောဂါတွေကြားထဲမှာ ပထမဆုံး မိတ်ဆက်ပေးတာ ကဗျာဆရာ ကိုတက်စ်လာ ဆိုတာကို သိခွင့်ရလိုက်ပြီ…
    စာတွေ အများကြီး ရေးနိုင်ပါစေ..

    Comment by စန်းထွန်း — September 4, 2013 @ 12:11 pm

  20. Happy belated Blog Day , Ma Lay !!!
    မျက်စေ့သူငယ်နားသူငယ်နဲ့ အဝေးတစ်နေရာကို ရောက်နေတာမို့
    အခုမှ ဘလော့ရွာကြီးထဲ တစ်အိမ်တက် တစ်အိမ်ဆင်းရင်း
    ကြည်နူးစရာ ပို့စ်လေးတွေလိုက်ဖတ်ဖြစ်တယ် မလေးရေ…
    နောက်ကျဖတ်ပေမယ့်လဲ မှတ်သားစရာတွေက မပြောင်းမလဲရှိနေဆဲပါ… :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — October 3, 2013 @ 11:37 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------