♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 29, 2013

ကမ္ဘာ့အကောင်းဆုံး နဲ့ အဆိုးဆုံးမြို့များ

Filed under: သတင်း (News), Vancouver, Canada — အိမ့်ချမ်းမြေ့ @ 5:50 pm

နှစ်စဉ် ကမ္ဘာပေါ်က မြို့ပေါင်း ၁၅၀ကို ယူပြီး အဆင့်လိုက်သတ်မှတ်ကြည့်တာကို The Economist က ဖော်ပြထားတာပါ။

cairo.jpg

(civil unrest) ဖြစ်နေလို့ … အာဖရိကတိုင်းပြည်များနဲ့ အရှေ့အလယ်ပိုင်းတိုင်းပြည်များက မြိုကြီးများလိုပဲ အောက်ဆုံးမှာ ရှိနေရတဲ့ ကိုင်ရိုမြို့ကြီး –ပြဿနာကို ဖြေရှင်းနိုင်မှု ဥာဏ်ရည်နဲ့ဆိုင်မယ်ထင်တယ်။ အကုန်လုံးနဲ့ ရန်လိုက်ဖြစ်ဖို့ကလွယ်ပါတယ်။ မတိုးတက်တဲ့ တိုင်းပြည်တွေဟာ စစ်ဖြစ်နေတာနဲ့ ရန်ဖြစ်နေတာနဲ့ ဆဲဆိုနေတာနဲ့ပဲ အချိန်ကုန်နေတတ်တယ်။

new-guinea.jpg

Port Moresby, Papa New Guinea
အပေါ်ပုံမှာ စီးပွားရေးလဲကျ၊ နိုင်ငံရေးလည်း မလှတဲ့  Papa New Guinea ကတော့ Harare နဲ့ Lagos ထက်ကို နိမ့်တယ်လို့ ဆိုပါတယ်။
သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိန်းသိမ်းနိုင်တဲ့ အပြင်.. မိမိပိုင်တဲ့ ယဉ်ကျေးမှုတောင် ပျက်သုန်းလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကွန်ကရစ်တိုက်တွေထိုးထိုးထောင်ထောင်ဖြစ်တိုင်း မကောင်းတဲ့အပြင်၊ မိမိယဉ်ကျေးမှုထက် အခြားသူများရဲ့ ယဉ်ကျေးမှုကို အထင်ကြီးလိုက်တုပခြင်းဟာလည်း မကောင်းပါဘူး။

 

zimbabwe.jpg

အပေါ်ပုံ - ဇင်ဘာဘွေမြို့ကြီးပါ…  သူလည်း  စာရင်းရဲ့ အောက်နားမှာပါ…

dhaka1.jpg

 ရောဂါတွေအရမ်းဖြစ်ပြီး infrastructure တွေ အိုဟောင်းနေပြီဖြစ်တဲ့ ဒက်ကာမြို့ (အပေါ်ပုံ)

calgary.jpg

နံပါတ် (၅) ချိတ်တဲ့ ကနေဒါနိုင်ငံ.. ကယ်ဂါရီမြို့ပါ (အပေါ်ပုံ)

vancouver-skyline.jpg

Vancouver, Canada! Again. Vancouver is one part Hollywood, one part Pacific Northwest beauty of EIU’s most livable. Vancouver is No. 3 and is only surpassed by these two cities, far, far away…

နံပါတ် သုံးချိတ်တဲ့ ဗင်ကူးဗားမြို့ပါ။ မြို့ကလှလွန်းတော့ ဟောလီးဝုဒ်ရုပ်ရှင်သမားတွေ ရုပ်ရှင်ရိုက်ရန် ကျင်လည်တဲ့မြို့ပါပဲ။ (ရုံးမှာ ရုပ်ရှင်သမားတွေလာတဲ့အခါ ဖြစ်တာလေးတွေ မိတော အနေနဲ့ ကြုံရင် ရေးပါဦးမယ်ရှင်)

vie.jpg

Vienna, Austria (အပေါ်ပုံ)  Vienna, Austria က နံပါတ်၂ ချိတ်ပါတယ်။

ထိပ်တန်းမြို့တွေရဲ့ စာရင်းပါ…  သိတဲ့အတိုင်းပါပဲ၊ ထိပ်တန်းမြို့တွေ ဖြစ်တဲ့  သြဇီ နဲ့ ကနေဒါပေါ့။

Melbourne, Australia 97.5 ( NO. 1)
Vienna, Austria 97.4 ( NO. 2)
Vancouver, Canada 97.3
Toronto, Canada 97.2
Calgary, Canada 96.6
Adelaide, Australia 96.6
Sydney, Australia 96.1
Helsinki, Finland 96.0
Perth, Australia 95.9
Auckland, New Zealand 95.7
လေသန့်တယ်၊ ကျန်းမာရေးစနစ်တွေ ပညာရေးစနစ်တွေ ကောင်းတယ်…
အေးချမ်းသာယာတယ်.. infrastructure တွေ ကောင်းတယ်…
အကုန်ကောင်းနေတယ်…. အဲဒီတော့ကာ….
တရုတ်သူဌေးတွေက အိမ်တွေမြေတွေ လာလာဝယ်တော့…. အိမ်ဈေးတွေကတက်၊ မြေဈေးတွေကတက်…
အကုန်တက်ပါတယ်….

သူဌေးသားသမီးတွေ ကျောင်းလာနေတော့ ပညာရေးက ပြိုင်ဆိုင်မှုလည်း ပိုများလာတယ်…

ပညာရေးတင်လား ဆိုတော့ မဟုတ်ဘူး၊ စန္ဒယား၊ ကြက်တောင်၊ တဲနစ်၊ ရေကူး၊ မုန့်ဖုတ်၊ စတဲ့ အတတ်ပညာပေါင်းများစွာကိုလည်း တတ်ကြရသေးတယ်။ ကလေးတွေမှာ လူ့ကမ္ဘာရဲ့အတတ်ပညာပေါင်းများစွာကို အမှီလိုက်ကြရရှာတယ်…။ ပြောရင်းနဲ့ တော့ပစ်လွဲတော့မယ် ထင်ရဲ့…။

အကောင်းဆုံး မြို့တွေထဲမှာ..
အာရှမြို့တွေ၊ အာဖရိကမြို့တွေ မပါဘူး…
ဒါတွေကကော ဘယ်လောက်မှန်သလဲ လို့ပဲ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်မိတယ်…..။

ဘယ်သူတွေအတွက် ကောင်းတာလဲ၊ ကိုယ်က အပတ်စဉ် စကီးစီးနိုင်လား၊ ဟယ်လီကော့ပတာနဲ့ ရုံးသွားနိုင်လား၊ ကိုယ်ပိုင်သဘောင်္ပေါ်မှာ ညစာစားနိုင်လား အဲသလိုလူတွေအတွက်ကတော့ အရမ်းကို ကောင်းမှာပါ။

အဲလိုဆိုတော့ မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ လေတော့ တော်တော်လေးသန့်ပါတယ်။ ရေကလည်း သန့်ပါတယ်..။
ဒီလောက်ပဲ ပြောချင်ပါတယ်။ ဆက်လည်း မပြောရက်ပါဘူး။ ကောင်းတော့ကောင်းပါတယ်… ဒါပေမယ့် မကောင်းဘူးလို့ပဲ ပြောပါရစေ…

Vancouver က တတိယအကောင်းဆုံးမြို့ ဖြစ်တယ်ဆိုတာကို ကိုယ့်ဘာသာ အဓိပ္ပာယ်ဖွင့်ချင်တာကတော့….
Vancouver, the city where I live - the third most unaffordable city to live in the world.
လို့သာ ပြောလိုက်ချင်ပါတော့တယ်ရှင်…

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

4 Comments »

  1. အပြင်းအထန်ထောက်ခံသည်။ Sept: 7th at 5:30.

    Comment by ထိပ်ထား — August 29, 2013 @ 6:39 pm

  2. ဘာပဲဖြစ်ဖြစ် ကမ္ဘာအကောင်းဆုံးမြို ထဲကတခုမှာနေခွင့်ရတာ ကံကောင်းတာပေါ့ အိမ့်ရေ. တခါတလေကျတော့ အကောင်းဆုံးဆိုတဲ့ တန်ဖိုးဖြတ်မှုဟာ တယောက်နဲ့ တယောက်မတူကြဘူးနော်. တနှစ်တခါ ဘယ်မှခရီးမထွက်ပဲ ကိုယ့်အိမ်ကိုပြန်တဲ့တို့ ကို ရုံးကလူတွေမေးသလိုပေါ့. ဘာလို့  အရမ်းလှအရမ်းကောင်းတဲ့ နိုင်ငံတွေသွားမလည်ပဲ ဒီတနေရာထဲပဲသွားနေတာလဲတဲ့လေ

    Comment by တန်ခူး — August 30, 2013 @ 4:42 pm

  3. အဲဒါ သိပ်ဟုတ်တယ် မ (အစ်မတန်ခူး)…အဲဒီနေရာလေးကိုပဲ သွားချင်နေတာ…
    ဒီဘက်ကနေဆို ဟာဝိုင်ရီတို့ဘာတို့က ပိုဈေးသက်သာတယ်…ဒါပေမယ့် အဲဒီဘက်တွေ မသွားချင်ဘူးရယ်…
    ထိုနေရာလေးဆီပဲ သွားချင်တယ်… အဲဒီကိုသွားရမှာပဲ ရင်ခုန်တယ်…

    Comment by မလေး — August 30, 2013 @ 5:40 pm

  4. (ရုံးမှာ ရုပ်ရှင်သမားတွေလာတဲ့အခါ ဖြစ်တာလေးတွေ မိတော အနေနဲ့ ကြုံရင် ရေးပါဦးမယ်ရှင်) စောင့်နေပါတယ်ရှင်။ =)

    Comment by Adora — September 3, 2013 @ 7:06 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------