♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 8, 2008

နွေမိုက်


moon2.png

♥●••.. မောင်….••●♥
သစ်ရွက်ခြောက်ကြွေသံတွေကြားမှာ
ငွေလရယ်က ခပ်တိုးတိုးသာ…
မေ့ပါးမှာ ဆံနွယ်ပွတ်တိုက်
တိမ်းခိုက်လေပြေ ပန်းငိုက်ကာကြွေ
မေ….
လွမ်းလှိုက်လို့နေပါတယ်လေ…

 

♥●••..မောင်…••●♥
တိမ်ညိုတွေကြား
မေ သနားမလားလို့ …
လကလေးပုန်းခို ညလေးနှုန်းစိုတော့
ငိုမလိုရွက်ကြွေတောမှာ
အခါခါစိတ်ရယ်ကစော
မေ….
ရွှေရင်မောလို့နေပါတယ်လေ…

 

moon1.png

♥●••..မောင်…••●♥
ကြည်အေးကဗျာကို
ရင်မှာလေ မေ ပိုက်လို့
ကြွေထိုက်တဲ့ပန်း
လေတိုက်လဲ မလန်းပါလေတော့
နွေမိုက်ကို ငြူစူရမယ်လား
သည်အပူကို ရင်မှာသိမ်းလို့
မေ…
စိမ်းပါရစေတော့လား…

www.veronicasart.com
မှ ပန်းချီကားကို ရယူပါသည်..။

15 Comments »

  1. တကယ်ကောင်းတယ်ဗျာ ရင်ထဲမှာဆွေးသွားအောင်ကို ရေးတတ်တယ်ဗျ

    Comment by upasaka — June 8, 2008 @ 3:55 am

  2. မလေး..,
    ကဗျာလေးကမိုက်တယ်…

    Soe Mya Nandar Thet Lwin

    Comment by Soe Mya Nandar Thet Lwin — June 8, 2008 @ 4:43 am

  3. နွေမိုက်အလွန် မှာ .. . စိမ်းကားမှာလား .. စိမ်းလန်းမှာလား ………..
    စိမ်းလန်းလာမယ် ဆိုတဲ့ အနဲ့ နဲ့ ပဲ စားသုံးသွားပါတယ်..

    Comment by မိုးထက်နေ — June 8, 2008 @ 5:14 am

  4. မြန်မာပြည်ဘာလို့ဒုက္ခရောက်…. http://yeyintnge.blogspot.com/2008/06/why-myanmar-is-in-trouble_08.html

    Comment by ရဲင့် — June 8, 2008 @ 3:48 pm

  5. ကဗျာလေး နုနုလေးနဲ့  ဆွေးဆွေးလေး :) ပန်ချီကားလေးတွေ အရမ်းလှတယ်ဗျ ။

    Comment by မောင်မျိုး — June 8, 2008 @ 7:20 pm

  6. မအိမ်ခြံမြေရေ
    မတွေ့ရတာတောင်ကြပေါ့၊ အမကဗျာလေးတွေ လာအားပေးသွားပါတယ်။

    Comment by balargout — June 9, 2008 @ 11:49 pm

  7. မလေးရဲ့ မောင် ကို မမြင်တာကြာပေါ့ … ခုမှပဲ မောင့်ကို မြင်ရတော့တယ်…။

    Comment by layma — June 11, 2008 @ 6:26 am

  8. အစ်မရေ… လွမ်းပုံလေးက အရမ်းသိမ်မွေ့တာပဲး) လှပတဲ့ ကဗျာလေးပါပဲ…

    Comment by ရွှေပြည်သူ — June 11, 2008 @ 5:13 pm

  9. အလွမ်းဆင့်ဆင့်လွမ်းနင့်နေသူကို အလွမ်းရင့်အောင် ဖန်စေပါတယ်ဗျာ

    Comment by ရွားသားလေးYTU — June 12, 2008 @ 8:31 am

  10. Ha ha … လာလွမ်းတာ .. ကြော်ငြာ က အရင် ရောက်နေတယ် … ဟိ …
    ပျော်ရွှင် အဆင်ပြေပါစေ ဗျို့ :P

    Comment by စိုးထက် - Soe Htet ! — June 13, 2008 @ 8:08 pm

  11. miss u.:)

    Comment by ပန်ဒိုရာ — June 14, 2008 @ 2:33 am

  12. ကဗျာလေး မိုက်တယ်။

    Comment by ဟန်သစ်ငြိမ် — June 14, 2008 @ 6:36 am

  13. ကျုပ်စိတ်တွေ လွန်ခဲ့တဲ့ အတိတ်ကို လွင့်သွားတယ်။

    ကဗျာမိတယ်ဗျာ။

    သင်ကာ

    Comment by thinker — July 8, 2008 @ 8:01 am

  14. ကဗျာလေးကိုကြိုက်တယ်….နောက်ဆုံးတစ်ပိုဒ်က ရင်ကိုပိုပြီး ထိမှန်စေတယ်………

    Comment by waing — December 8, 2008 @ 7:05 am

  15. တော်တော်ကောင်းပါတယ်ဗျို့ တစ်ကယ်ပြောတာ ရင်ထဲမှာနင့်သွားတာပဲ

    Comment by Anonymous — July 28, 2010 @ 8:33 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------