♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 26, 2013

ဒီနေရာလေး

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 3:29 pm

♫ ♥●••·˙ကျမ….
ဒီနေရာလေးကိုလာတာ…
ဘယ်သူနဲ့မှလည်း မိတ်ဆွေဖွဲ့ဖို့ မဟုတ်သလို…
ဘယ်သူနဲ့မှလည်း ရန်သူလုပ်ဖို့ မဟုတ်ပါဘူး။

ကျမအတွက်
ဒီနေရာလေးဟာ..
ဘယ်သူနဲ့မှလည်း ခင်မင်ဖို့ မဟုတ်သလို
ဘယ်သူနဲ့မှလည်း ရတက်ပွားဖို့ မဟုတ်ပါဘူး…။

ကျမ အတွက်…
ဒီနေရာလေးဟာ…
ချစ်သူရှာဖို့လည်း မဟုတ်သလို…
မုန်းသူထားဖို့လည်း မဟုတ်ပါဘူး…..။

ကျမ.. အတွက်
ဒီနေရာလေးဟာ….
ဘယ်သူ့ကိုမှ ဖိတ်ခေါ်ဖို့ မဟုတ်သလို…
ဘယ်သူ့ကိုမှလည်း နှင်ထုတ်ဖို့ မဟုတ်ပါဘူး….။

ကျမ
ဘယ်သူ့ဆီကမှလည်း မမျှော်လင့်သလို…
ကျမ ဆီကလည်း…
ဘာကိုမှ မမျှော်လင့်စေချင်မိတော့တာ…..

ကျမ အတွက်…
ဒီနေရာလေးပါ…. ˙·••●♥♫

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

6 Comments »

  1. ကျမ
    ဘယ်သူ့ဆီကမှလည်း မမျှော်လင့်သလို…
    ကျမ ဆီကလည်း…
    ဘာကိုမှ မမျှော်လင့်စေချင်မိတော့တာ…..

    ကျမ အတွက်…
    ဒီနေရာလေးပါ…. ˙·••●♥♫ (Y)

    Comment by Crescent — August 26, 2013 @ 7:31 pm

  2. ဟုတ်တယ် ကျွန်မလဲ အဲဒီနေရာလေး တနေရာလိုချင်နေသူပါ……………..

    Comment by စံပယ်ချို — August 26, 2013 @ 7:50 pm

  3. မလေး အတွက် :)

    ဒီနေရာမှာ
    အတ္တ နဲ့  မာနတွေ မရှိသလို…
    သုခ တွေ ဒုက္ခတွေလည်းမရှိဘူးးး
    အနိုင်ရလိုမှုတွေ နဲ့  ထောက်ထားငဲ့ညှာစရာတွေလည်းမရှိဘူးး

    ဒီနေရာမှာ…
    အချစ် နဲ့. အမုန်း မရှိသလို…
    သံယောဇဉ်နဲ့ တိမ်းမူမှုတွေ မရှိဘူး…။
    မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
    ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။

    ဒီနေရာမှာ
    လူအထင်ကြီးအောင် ဟန်ဆောင်ရေးထားတာတွေမရှိသလို
    သနားစေလိုတဲ့ ဆန္ဒနဲ့  ကိုယ့်အကြောင်းကို ရေးခဲ့ဖူးတာတွေမရှိဘူး
    ကြွယ်ဝတဲ့ အရေးသားတွေမရှိသလို
    လူတက်ကြီးဆန်ဆန် အထက်စီးလေသံနဲ့  ပြောဆိုမှုတွေလည်းမရှိဘူးး…။

    ဒီနေရာမှာ
    အချစ်တွေ အနမ်းတွေနဲ့  ကာမညတွေမရှိသလို
    သူရဲဘောကြောင် ခေါင်းငုံ့ ခံဖို့ စိတ်ကူးတွေလည်းမရှိဘူးး
    ဟန်ဆောင်မှုတွေနဲ့  မခင်မင်တက်သလို
    အမှန်တရားပါဆိုပြီး စာကြီးပေကြီး ကာရန်ဖွဲ့ မှုတွေလည်းမရှိပါဘူးး…။

    ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ 
    ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့
    စာရေးသူ ဒေါ်အိမ့်ချမ်းမြေ့ပဲရှိတယ် ။

    Fighting MaLay

    Comment by မောင်မျိုး — August 26, 2013 @ 10:56 pm

  4. ဒီနေ၇ာလေး…အချစ်တွေလဲ..မ၇ှိဘူး….အမုန်းတွေလဲ မ၇ှိဘူး..မျှော်လင့်ချက်လဲကင်းဝေး..။
    မျှော်လင့်ချက်လဲကင်းဝေး…အလွမ်း နဲ့ အဆွေးဆိုတာ..ကြုံမ မကြုံ၇နိုင်တော့တာ..အင်မတန်အေးဆေး ..။
    အင်မတန်မှအေးဆေး…ဆွေးနွေးနေစ၇ာမ၇ှိ…အငြင်းပွားနေစ၇ာမ၇ှိ..အားလုံးဗလာနတ္တိ..။
    အားလုံးဗလာနတ္တိ..ဒါပေမဲ့..၇င်ထဲမှာအသိ၇ှိနေတယ်…၇င်ထဲမှာ..၇ှင်းလင်းနေတယ်…ဒီအခါ ဥာဏ်ဆိုတာ ကွန့်မြူးလာပေါ့…
    ဥာဏ်ဆိုတာကွန့်မြူးလာတော့…အသိ နဲ့ သတိကယှဉ်..ပဲ့ပြင်မှုက ထိမ်းလို့၇…အမှားဆိုတာ..ဘယ်၇ှိနိုင်ပါတော့မလဲ…..။
    အမှားဆိုတာ…ဘယ်လိုမ၇ှိမ မ၇ှိတော့တဲ့နိုင်တဲ့…ဒီနေ၇ာလေး..ဒီနေ၇ာလေး..။
    ဒီနေ၇ာလေးက….ဘယ်လောက်ဝေးသလဲဟင်.?

    Comment by kopouk — August 27, 2013 @ 2:58 am

  5. ဒီနေရာမှာ
    လူအထင်ကြီးအောင် ဟန်ဆောင်ရေးထားတာတွေမရှိသလို
    သနားစေလိုတဲ့ ဆန္ဒနဲ့  ကိုယ့်အကြောင်းကို ရေးခဲ့ဖူးတာတွေမရှိဘူး
    ကြွယ်ဝတဲ့ အရေးသားတွေမရှိသလို
    လူတက်ကြီးဆန်ဆန် အထက်စီးလေသံနဲ့  ပြောဆိုမှုတွေလည်းမရှိဘူးး

    Did I really say that? :P
    Ma Hmat mi taw buu.

    ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ 
    ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့
    စာရေးသူ ဒေါ်အိမ့်ချမ်းမြေ့ပဲရှိတယ်

    I think you included that last verse.. :))

    Comment by မလေး — August 27, 2013 @ 8:15 am

  6. တစ်ကယ့်ကို ဒီနေရာ လေးမှာ အားလုံး ကို အမြင်တွေ တစ်ထပ်တည်း ဖြစ်စေချင်မိတယ်။

    Comment by Thwin — August 27, 2013 @ 7:22 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------