♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 9, 2013

မျော…. လွင့်..

Filed under: ကဗျာ (Poems) — အိမ့်ချမ်းမြေ့ @ 9:42 am

river.jpg“မောင်” ….
လို့တောင် မခေါ်ရက်ဖူးကွယ်….

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

မောင့်အရိပ်အရောင်လေး ….
တိတ်တဆိတ် မျှော်ငေး
ကျမ….
နွမ်းရတဲ့ …..

အလွမ်းတွေကို သိမ်းထုပ်
နှုတ်ပိတ်လို့နေရင်း…..

ရင်ခုန်သံတွေကို
ပန်းဆီမီးမျောလေးတွေထဲ ထည့်လို့…..

“မောင့်”…. အပါး…
အရောက်မှာကြား ဖြစ်တယ် ဆိုရင်တောင်မှ
ကျမ….
ချစ်နေတယ် ဆိုတာကို
မောင်…..
မသိဟန်ဆောင်လို့
နေပေးပါရယ်…

မလေးအိမ့်ချမ်းမြေ့
August 9, 2013 at 8:38am

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

11 Comments »

  1. ဒီကဗျာလေးကို ချစ်တယ်. မောင်မသိအောင် တိတ်တိတ်လေး သိမ်းထားလိုက်ပြီအိမ့်ရေ.

    Comment by တန်ခူး — August 9, 2013 @ 4:58 pm

  2. အာပါး ဆွတ်ပျံ့ နုဖတ် နေပါလား
    ဘရာဗိုပါ မလေးခင်ဗျား :)))

    Comment by Moe Aung San — August 9, 2013 @ 9:12 pm

  3. Thanks Ako.

    Comment by မလေး — August 9, 2013 @ 9:13 pm

  4. ညှောင်

    Comment by Maung Myo — August 9, 2013 @ 9:13 pm

  5. ဒီလိုကဗျာမျိုးရေးဖို့ ဝိညာဉ်အချို့ တော်တော်လေး ဖဲ့ပေးလိုက်ရတာ….
    ညှောင်.. လို့ခေါ်တဲ့သူနဲ့ တွေ့ပါစေဟယ်… ဟုတ်တယ်…

    Comment by မလေး.. — August 9, 2013 @ 9:14 pm

  6. မလေးရေ့…

    ကဗျာလေး ကောင်းတယ်ရယ်…။ မနေ့ကတည်းက လာဖတ်ချင်နေတာ လာမရဘူးရယ်လေ…။ ကော်ကော်ဖျက်လို့…
    မလေးရေးထားတဲ့ ကဗျာအောက်မှာ ကြောင်အော် အော်သွားတဲ့ မောင်မျိုးကို တွေ့မှ မလေးအစား ကျွန်တော် ခေါင်းတစ်ချက် ဖြည်းဖြည်းလေးခေါက်ပေးမယ်… :P

    ခင်မင်ခြင်းအားဖြင့်…
    ဏီလင်းညို

    Comment by ဏီလင်းညို — August 9, 2013 @ 10:10 pm

  7. ဟုတ်တယ် မလေး ဆိုးတဲ့ မောင်မျိုးကို ပြောပလိုက်… ပြောပလိုက်…. :D :D :D

    Comment by သက်ဝေ — August 9, 2013 @ 10:27 pm

  8. ကိုဏီ… ဟုတ်တယ်… ဖြည်းဖြည်းမခေါက်နဲ့၊ နာနာခေါက်ပေးပါ…
    သူကလည်း ခေါင်းခေါက်တာတောင် ကဗျာဆန်ချင်နေသေးတယ်.. ဟွန်း..းD
    မသက်ဝေ… ချစ်မ… ဝိုင်းကူပြောပေးလေလို့…း))

    Comment by မလေး — August 9, 2013 @ 10:46 pm

  9. ကျွန်တော် တစ်ခုခုကို သတိရသွားတယ် ………..

    Comment by မျှားပြာ — August 10, 2013 @ 10:14 am

  10. ရင်ကိုရိုက်ခတ်စေတဲ့ နူးနူးညံ့ညံ့စာသားလေးတွေအပေါ်မှာ ဖတ်မိတဲ့မောင်လဲ
    မသိချင်ယောင်ဆောင်နိုင်မယ် မထင်ပါဘူး မလေးရေ…
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — August 11, 2013 @ 7:46 pm

  11. တိတ်တဆိတ် ချစ်ခြင်း အပြစ်ကင်းတယ် ဆိုတာ မောင် သိမယ်ထင်တယ်နော်။

    Comment by Thwin — August 27, 2013 @ 7:31 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------