♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 25, 2013

မိတောအကြောင်းတစေ့တစောင်း (မိတော review by မောင်မျိုး)

Filed under: မိတော, AMK Creation, letters from fans, စာအုပ်ခံစားချက် (Book Review) — အိမ့်ချမ်းမြေ့ @ 8:58 am

 mgmyo.JPG

စာအုပ်တွေနဲ့ဝေးနေတော့ စာငတ်နေတာကြာပြီ။ ဆိုလိုတာကအွန်လိုင်းမှာဖတ်လို့ရနိုင်ပေမယ့် စာအုပ်ဆိုတာနဲ့ လက်ထဲကိုင်ဖတ်ချင်တဲ့စိတ်က ရှိနေတာမို့ပါ။ အဲ့တာမှ ပိုအရသာရှိသလားလို့။ မလေးရေးတဲ့ မိတောစာအုပ်လေး ထုတ်ဖြစ်မယ်ဆိုတာတော့ ကြားတော့ကြားတယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်နဲ့ သပ်သပ်ရပ်ရပ်ကလေးဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ အခုစာအုပ်ကလေးကအပြင်အဆင် အကြောင်းအရာအများကြီး လမင်းရှိုက်သံနဲ့ ကွာခြားနေတာခံစားလိုက်ရတယ်။ စာအုပ်မျက်နှာဖုံးလေးကလည်း ချစ်စရာကောင်းတယ်။ ပိုချစ်ဖို့ကောင်းတာက အတွင်းပန်းချီလေးတွေက တော်တော်ကိုလိုက်ဖက်တာ ပန်းချီဆရာကိုနော်ဆိုတဲ့သူ တော်တော် တော်တယ်။ စာအုပ်ဖတ်ရင်း မပြီးသေးတဲ့အခါ စာမျက်နှာတွေ ခေါက်ခေါက်ထားရတဲ့အခါ အဆင်မပြေမှုကို စာအုပ်စီစဉ်သူက ကြိုးကလေးနဲ့လုပ်ထားပေးတဲ့ အိုင်ဒီယာလေးမှာတော့ စာရေးသူနဲ့ စီစဉ်သူကြားက ခင်မင်ဂရုစိုက်မှုကို ပြလိုက်သလိုပါပဲ။

စာအုပ်လက်ဆောင် ၅ အုပ်ကြီးများတောင်ပေးတဲ့ မလေး၊ စာအုပ်တွေသိမ်းထားပေးတဲ့ ‘ကိုဏီ’ နဲ့ အတူတကူးတကဒီအထိအရောက် ပို့ပေးလူ ပင်ပန်းငွေအကုန်ကျပါခံလိုက်ရတဲ့ နာမည်လှလှနဲ့ ‘မသူ’ တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား ။ စာအုပ်ရီဗြူးရေးမယ် ရေးမယ်နဲ့ စာရေးပျင်းနေတဲ့အကြောက မသေသေးတော့၊ တစ်လုံးမှကို မရေးဖြစ်ဘူးရယ်။ အသိတစ်ယောက်ကပြောတယ် “အိမ့်ချမ်းမြေ့က စာအုပ်တော်တော်များများမှာရေးနေတာ မင်းကသူရေးသမျှစာတိုင်းရီဗြူးရေးနိုင်လို့လား” တဲ့။ အဲ့တာရွဲ့တား)။ အမှန်ကတော့ ခင်မင်မှုကြောင့်ရေးတာ။ ကောင်းပါတယ်ဆိုတဲ့ လန်ထွက်ပျံတက်နတဲ့ အွန်လိုင်းကဒိတ်ဒိတ်ကြဲတွေရဲ့ စာတွေကို ကောင်းပါတယ်ဆိုပြီး အားနာပါးနားရွှီးနေရမှာထပ်စာရင် ခင်မင်စွဲကြောင်း ဝေဖန်ရေး လေကန်ရေးလုပ်ရတာက ပိုအဆင်ပြေသလားလို့ပါ။

မလေးနဲ့ ခင်တာတော်တော်ကြာပါပြီ။ ဒါပေမယ့် သူ့အကြောင်းဘာမှမသိဘူးရယ်း)

မသိဆို…. ကျနော်တို့ဟာအွန်လိုင်းခင်မင် မှုအပြင် တစ်ခြားခင်မင်ရင်းနှီးဖို့ မရှိလို့ပါပဲ။ သူ့အာဘော် သူ့အရေးသားကို ခန့်မှန်းမိနေပေမယ့် မိတောကိုဖတ်လိုက်ရတဲ့ အခါမှာတော့ အရင်လိုလှိုင်းကြက်ခွက်ကလေးတွေလည်းပျောက်သွားတယ်။ ‘မောင်’ တွေ ‘ကျိုက်ကလော့စေတီတွေ’ နဲ့ နုအက်ဖုဖက်နေတဲ့ အရေးသားတွေလည်းပျောက်သွားတယ်။ စာအုပ်ဖတ်နေရင်း “တယ်ဟုတ်တဲ့ ငါ့အစ်မပါလား” လို့ဖြစ်သွားတယ်။ စာအုပ်ရုံးကိုရောက်တဲ့အချိန်ကနေ့လည်ပိုင်း၊ အဲ့နေ့ကခေါင်းနည်းနည်းမူးနေတော့ အပြင်ထွက်မစားဖြစ်ဘူး။ ရုံးကအစ်ကိုတစ်ယောက်နဲ့ အလုပ်ထဲမှာပဲစားဖြစ်ရင်း စာအုပ်ကလေးဖတ်နေလိုက်တာ သူကမေးတယ် ‘ဘာစာအုပ်လဲ၊ ဘယ်သူရေးတာလဲ’ တဲ့။ လွယ်လွယ်ပဲဖြေလိုက်တယ် ‘အချစ်စာအုပ် သူငယ်ချင်းရေးတာ’ လို့။ ခဏနေတော့ နွယ်ရီကိုဖတ်ပြီး တဟီးဟီးထရယ်နေတဲ့ ကိုယ့်ကိုအလုပ်ဖော် အစ်ကိုက ပြန်မေးတာက ‘မင်းသူငယ်ချင်းရေးတဲ့ အချစ်စာအုပ်ကရယ်ရတယ်လား’ တဲ့။ ကိုယ့်အဖြေနဲ့ကိုယ် ငြိလို့ ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး။

မိတောစီးရီးထဲက ၃-၄ ပုဒ်လောက်ပဲအွန်လိုင်းမှာဖတ်ဖူးတယ် ထင်တယ်။ သိပ်မမှတ်မိဘူး။ မှတ်မှတ်ရရရှိနေသေးတာတော့ သဲရယ် လို့ ခေါ်ခေါ်တတ်တဲ့ အဒေါ်ကြီးအကြောင်း၊ ပြီးတော့ ဆန်ပိုးနဲ့ အညိုရိပ် (၅၀) ကိုတော့ မှတ်မိနေတယ် ။ တကယ်ဆို မလေးကဟာသတွေ မရေးဖူးပါဘူး။ သူ့ဆိုဒ်တွေမှာ ဆိုဒ်ဘားတွေက လေဘယ်ထဲမှာ ဟာသဆိုတဲ့စာတောင် တစ်ခုမှမရှိဖူးဘူး။ ဒါပေမယ့် ဒီမိတော က လုံးဝကို အရေးသားကွဲထွက်ပြီး စာဖတ်သူကို တစ်ပြုံးပြုံးဖြစ်နေစေတော့တာ။ သေချာတယ် သူရေးတုန်းက သူကိုယ်တိုင်လည်းဒီစာတွေကို ၇ယ်စ၇ာဖြစ်စေတော့ရယ်လို့ေ၇းလိုက်တာမဟုတ်ပေမယ့် ဒီစာအုပ်ထဲကအကြောင်းရာတွေက ကိုယ်တိုင်အဖြစ်အပျက်တွေမို့ တမင်လုပ်ရေးတာမဟုတ်ဘဲ၊ အလွဲပေါင်းများစွာနဲ့ ရယ်စရာကောင်းနေတော့တာ။ စာအုပ်ပါ အကြောင်းရာထဲက ဇာတ်ပို့ဖြစ်ကြတဲ့ မိတောရဲ့ မေမေနဲ့ ကိုရင်သာအေးတို့ရဲ့ ရွှေပြည်အေးတရားစကားလေးတွေက စိတ်ကောက်စိတ်ဆိုးချင်တဲ့ မိတောရဲ့ စရိုက်နဲ့ လွဲလွဲကြီးကိုဆန့်ကျင်နေတတ်တဲ့ အပြုမူစကားပြောဟန်လေးတွေကလည်း တစ်မျိုးရသကလေးဖြစ်စေပြန်ပါတယ် ။

စာမူတစ်ပုဒ်ဆီတိုင်းကိုရေးဖို့ အဆင်မပြေတော့တာနဲ့ ကျနော်ကြိုက်တဲ့ မှတ်မှတ်ရရရှိနေတဲ့ အကြောင်းရာလေးတွေရေးပြပါရစေ။ ပြည်ပမှာအနေတော်တော်ကြာနေပေမယ့် မြန်မာမှု မြန်မာစာကိုချစ်တဲ့ မလေးမိတောစာအုပ်ကလေးမှာ မြန်မာစာအရေးအပြောအသုံးနှုန်းလေးတွေ ကြွယ်ဝလာတာ သတိထားမိတယ်။  လမင်းရှိုက်သံတုန်းက ကိုယ့်နီးစပ်ရာမိတ်ဆွေတွေကိုပေးဖတ်ပြီး ထင်မြင်ချက်တွေမေးမိတဲ့အခါ တစ်ချို့ စာကြောင်းတွေ သူတို့နားမလည်ဘူးတဲ့။ မလေးနဲ့ စကားပြောတော့ အဲ့အကြောင်းလေးအကြံပေးမိတယ်။ အကြံပေးရကျိုးနပ်စွာ ပဲမိတောမှာတော့ လက်တွေ့ဘ၀တွေနဲ့ အကြောင်းရာတွေကို လူတိုင်းဖတ်ပြီးနားလည်နိုင်လောက်မယ်ထင်ပါတယ်။ ကနေဒီယန် ကန်စွန်းရွက်များမှာ သတိထားမိတဲ့ စာကြောင်းလေးတစ်ကြောင်း (ကနေဒီယန် ကန်စွန်းရွက်ပင်များတောထနေအောင် ပေါက်နေသည့်သတင်းသည် နှစ်လုံးထီအတိတ်စိမ်းရသကဲ့သို့ဖြစ်လေ၏) ဆိုတဲ့ စာကြောင်းလေးမှာ တကယ့်အရပ်ထဲကစကားတွေအတိုင်း ချပြလိုက်တဲ့ ပြည်ပမှာနှစ်ရှည်လများနေထိုင်နေတဲ့ မလေးရဲ့ မြန်မာမှု အရေးသားတွေက လေးစားစရာ။

မိတောနဲ့ ရန်ကုန်မှာ အထာမကျမှုတွေကိုနားလည်ခံစားလို့ရစွာနဲ့ ကိုယ်တိုင်လည်းရန်ကုန်ဆိုတာကြီးမျာ ရောက်သွားရင် ကားပဲအနောက်က ၀င်တိုက်ခံရတော့မလိုလို၊ မှတ်တိုင်တွေမှာ အရှိန်နဲ့ မောင်းလာတဲ့ ဘတ်စ်စကားကြီးတွေ လူအုပ်ကြီးထဲပဲ ၀င်တိုးတော့မလိုလို၊ မနက်မနက်ကျ အမှိုက်တွေ အမှိုက်တွေ ဆိုပြီးလက်ကုန်အော်ကြတဲ့ တွန်းလှည်းနဲ့ အမှိုက်သည်တဲ့သူတွေရဲ့ ခပ်စူးစူးအော်သံတွေကို အထာမကျ မှုတွေဟာ မိတောရေးတဲ့ မိဘပြည်သူများဆိုတာကိုဖတ်ပြီး အေးလေဟုတ်လည်းဟုတ်တာပဲကို လို့ ထောက်ခံမိတဲ့အထိ။ မြန်မာပြည်မှာ တိတ်တိတ်ဆိတ်ဆိတ် ပွဲလမ်းသဘင် ဆိုလို့ ဘာမှမရှိလောက်ဘူးထင်တာပဲ။ မင်္ဂလာဆောင်ကလည်းလက်ကုန်ကို ဗြင်းတာ၊ မင်္ဂလာဆောင်သွားရင် သတို့သားသတို့သမီးက ၀အောင်စားနော် ဘာညာကွိကွ တွေ လာလုပ်တာလေးကိုတောင် ဆောင်းဘောက်အသံကြီးကိုကျော်အောင် နှုတ်ဆက်ဧည့်ဝတ်ပြုရတဲ့ ကိစ္စက တော်ရုံတန်ရုံတော့မဟုတ်လောက်ဘူး။ နွေရာသီဆို မီးဘေးသတိပေးချက် ကြားရတဲ့ ‘လုပ်သားပြည်သူများခင်ဗျား’ ဆိုတာကြီး ခဏခဏ ကြားရတိုင်းနာတွေအူလွန်းလို့။ တော်သေးတာပေါ့။ မိတောတစ်ယောက် နယ်မြို့တွေထဲက၊ ရပ်ကွက်ထဲက၊ အလှူခံဌာနတွေ မတွေ့သေးလို့ မဟုတ်ရင်တော့ အလှူ့ရှင်နာမည် တစ်ခါကြေငြာလိုက်  မြတ်စွာဘုရားကိုတိုင်တည်လိုက်နဲ့ဆိုတာ အလှူခံဌာန ပြီးသွားတဲ့အထိ ‘မြတ်စွာဘုရား မြတ်စွာဘုရား’ ဆိုတာကို သံရှည်စွဲပြီးအော်တဲ့ အသံကြီးကနားထဲစွဲကျန်ခဲ့တော့တာ ။

မိတောရဲ့စာအုပ်ရီဗြူးထက် စာရေးနေတဲ့ကျနော့်ရဲ့ အာဘော်က တော်တော်များနေတယ်။ ကြော်ငြာတာမဟုတ်ပါဘူး။ အကုန်သာတစ်ပုဒ်ဆီလိုက်ရေးပြလိုက်ရရင် စာအုပ်ဝယ်မဖတ်တော့မှာစိုးလို့။ မဖတ်ရသေးသောသူများ ၀ယ်ဖတ်ကြည့်ပါ။ မိတောဟာ နေ့စဉ်ဘ၀တွေထဲမှာ ခပ်လွဲလွဲနဲ့ အဖြစ်ပျက်စုံနေတဲ့ အိမ်ရှင်မတစ်ယောက်ကို စာဖတ်သူများတွေ့ပါလိမ့်မယ် ။

တစ်ခုထပ်ပြီးအာမခံပါရစေ။ မိတောကိုဖတ်ပြီး သင့်နှုတ်ခမ်းကလေးမကွေးညွတ်သွားပါဘူးဆိုရင် စာအုပ်ဖိုးကို ၃ဆ ပြန်လျော်ပါမယ်။ ကျနော်တော့မဟုတ်ဘူး။ မိတောရေးသူ ဒေါ်အိမ့်ချမ်းမြေ့ လျော်မှာပါ။

(မောင်မျိုး @ http://kyanaww.blogspot.ca )

မောင်မျိုးအား ကျေးဇူးတင်လျှက်…
မလေးအိမ့်ချမ်းမြေ့

10 Comments »

  1. သေသေချာချာ ဂရုတစိုက်လေး လာဖတ်သွားပါတယ်…ရေးတဲ့သူက တော်လိုက်တာ…

    Comment by ohnmarwin — July 25, 2013 @ 9:19 am

  2. ko myo, နောက် ဆုံး စာ ကြောင်း ကို အကြိုက် ဆုံး ဗျာ့….. မိတောကိုဖတ်ပြီး သင့်နှုတ်ခမ်းကလေးမကွေးညွတ်သွားပါဘူးဆိုရင် စာအုပ်ဖိုးကို ၃ဆ ပြန်လျော်ပါမယ်။ ကျနော်တော့မဟုတ်ဘူး။ မိတောရေးသူ ဒေါ်အိမ့်ချမ်းမြေ့ လျော်မှာပါ။..lol..

    Comment by van ruatta — July 25, 2013 @ 6:07 pm

  3. အလည်ရောက်ရင်း စာပုဒ်လေးကို အားပေးသွားပါတယ်။
    စာအုပ်ဖိုး ၃ ဆ အလျော်တောင်းစရာမလိုလို့မတောင်းပဲ ပြန်သွားပါပြီ မလေးရေ….
    မိတော စာအုပ်ဖတ်ပြီးလို့ နှုတ်ခမ်းလေးကွေးညွတ်ခလေးပဲ……
    ခင်တဲ့အန်တီလေးမေခင်

    Comment by အန်တီလေးမေခင် — July 26, 2013 @ 8:28 pm

  4. ဟဟဟ မောင်မျိုးတို့ကတော့လုပ်ပြီ အဲစာအုပ်ကိုဖတ်တုန်းက နှုတ်ခမ်းတွန့်ကွေးသွားရုံဘယ်ကမလဲ အသံထွက်ပါရယ်မိလို့ ဘေးနားမှာရှိတဲ့သူတွေ လှမ်းလှမ်းကြည့်တာခံရသေးတယ်..။ i love mi taw…

    Comment by မိုးငွေ့ — July 27, 2013 @ 3:06 am

  5. မောင်မျိုးတို့တော်ချက် … ဂိမ်မာလဲ မိတောဖြစ်နေပြီ မလေးရေ…
    နောက်တစ်ခေါက်အတွက်ပြင်ဆင်ထားအုံးနော် :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — July 29, 2013 @ 12:13 am

  6. မောင်မျိုးကို တကယ်မနာလိုဖြစ်တယ်… အိမ့်ဆီက စာအုပ်လက်ဆောင်ရလို့ လေ…

    Comment by တန်ခူး — July 30, 2013 @ 4:44 am

  7. နောက်လ ရန်ကုန်ပြန်ရောက်ရင် သွားဝယ်ဖတ်မယ်..း)

    Comment by Tommy — July 30, 2013 @ 1:08 pm

  8. စာလုံးပေါင်းတွေ ပြင်လိုက်လားး :)

    Comment by မောင်မျိုး — August 8, 2013 @ 8:49 pm

  9. yes… :)

    Comment by မလေး — August 9, 2013 @ 7:24 am

  10. မိတောကိုဖတ်ပြီး သင့်နှုတ်ခမ်းကလေးမကွေးညွတ်သွားပါဘူးဆိုရင် စာအုပ်ဖိုးကို ၃ဆ ပြန်လျော်ပါမယ်။ ကျနော်တော့မဟုတ်ဘူး။ မိတောရေးသူ ဒေါ်အိမ့်ချမ်းမြေ့ လျော်မှာပါ :D :D

    Comment by Adora — August 22, 2013 @ 2:54 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------